Wednesday, April 30, 2014

အဖေ့သမီးရဲ့ငါးထမင်း..

မင်္ဂလာပါရှင်~~~
အင်းသားသွေးတမတ်သားပါလည်း အင်းသားပါဘဲလေနော့်..အဖေချက်ကျွေးတတ်တဲ့ငါးထမင်း အလွှမ်း
ပြေလေးချက်စားတာပေါ့..အဖေ့နည်းက ရိုးရိုးရှင်းရှင်းလေးပါ..။ ဟိုဟာထည့်ပါလား..ဒီဟာထည့်ပါလားနဲ့ ကျမက ဘေးကနေလျှာရှည်တော့ လူခဲ အသာနေ ငါချက်ကျွေးတာဘဲစား စကားမများနဲ့..တဲ့ ^_^ 
ငါးထမင်းဆိုတော့ ငါးတမျိုးထဲပါဘဲ ပြီး ခရမ်းချဉ်သီး ဆား ဆီ ဆနွန်းမူန့်၊ အပေါ်ကနေဖြူးတာက ကြက်
သွန်မြိတ်လေးနဲနဲ ကြက်သွန်ဖြူကြော် ဆီချက်..ငရုတ်သီးထောင့်လှော် ဂျူးမြစ်..ဒါပါဘဲလေ..

ငါးကို အဖေတော့ နံနံပင်အမြစ်ရှိရင်လည်းထည့်ပြုတ်တတ်တယ်။ ကျမက ဘာမှမရှိလို့ ဂျင်းနဲ့ ကြက်သွန်ဖြူ
ထည့်ပြုတ်လိုက်တာပါ။ တခါထဲ ဆနွန်းမူန့်ပါထည့်လိုက်တယ်။ငါးတောင်မှ အမြီးပိုင်းနဲ့ခေါင်းနားက ကပ်နေ တဲ့အပိုင်းလေးဘဲ..တယောက်စားစာဘဲလေ..ဗျာ..

ပြီး..အိုးတောင်းဆေးစရာမလို ခရမ်းချဉ်သီး ၂လုံးထည့်ရေနဲနဲနဲ့ပြုတ်၊ အခွံဖယ်ပစ်ပြီး ချေလိုက်တယ်။ အဖေ့လိုဘဲ ဆီတခါထဲလောင်းထဲ့ ဆား ငံပြာရည်လေးထည့်..ခပ်ပစ်ပစ်လေးရတဲ့အထိတည်လိုက်တယ်..။
ဟော..အားလုံးပြီးမှ ထမင်းကိုနောက်ဆုံးတည်တာပိုကောင်းတယ်..။ ငါးထမင်းတို့ အလူးထမင်းတို့ရဲ့ အဓိက ထမင်းကျက်ခါစပူပူလေးပါဘဲ..။
 ခရမ်းချဉ်သီး တဇွန်း ငါးလေး နဲနဲ ဆား ငရုတ်ကောင်းနဲနဲ..ကဲ..အားပါးတရနယ်ပေတော့..
 ပူလွန်းလို့ ဇွန်းနဲ့ဘဲ ချေရတာ..ထမင်းစေ့ပျောက်အောင် နယ်မှစားကောင်းတာနော့်...
ဒီနေ့မိုးရွှာတယ်..မနေ့ကတည်းကဘဲ..မနက်ကျတော့ နောက်ကျတာနဲ့ ကမန်းကတန်းပြေးတာ ရေခဲ
သေတ္တာထဲက ထမင်းဗူးယူတာ ချဉ်ပေါင်တွေ ဝယ်လာပြီး အရင်လှော်သိမ်းထားတဲ့ ဗူးနဲ့မှားပြီးဆွဲချသွား
တယ်လေ..နေ့လည်စာ စားဖို့ဗူးဖွင့်မှ ချဉ်ပေါင်ပြဲပြဲလေးကမျက်စပစ်ပြနေတာ ဘာရမလဲနော့် ပိုက်ဆံ အိပ်ဖွင့် စက်ထဲကမုန့်တွေဘဲဝယ်စားလိုက်ရတယ်လေ။
အိမ်ပြန်တော့.ဗိုက်ကဆာ..ခပ်မြန်မြန်လေး..နယ်ဖတ်ပစ်လိုက်တယ်လေ..ဟီး..စိတ်ကသိပ်မရှည်
တတ်.. :P

ကိုင်း...ငါးလေးအပေါ်ကနေနဲနဲဖြူးလိုက်မယ်..အဖေဆိုရင်တော့ ဆီတွေအများကြီးထပ်ထည့်မှာ..ပြီး..ငါး
လည်းအများကြီးထည့်တယ်..ကိုယ်ကြိုက်သလို ကိုယ်စားကြတာပါဘဲလေ.. ဂျုးမြစ်မရှိတော့ ကြက်သွန်ဖြူ
တလုံးစားတယ် စပ်လိုက်တာ ဂရင်းတီးလေးနဲ့..ဖူး.ဖူး ပူတယ်ဗျို့  မိုးကလည်းကောင်း...ဒီမှာ ပျိုမေတကိုယ်
တည်း..ချစ်ချစ်ကြီး..ဆန်ဖရန်ဖက်သွားတယ်လေ...ဒီတော့အခါးရည်လေးသောက်..ဒူးလေးနန့်လို့ blog 
တခွင်ဗြဲဗြဲစင်လည်လည်သွားလိုက်အုံးမယ်... လေ.. ^_^

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Tuesday, April 29, 2014

ကြက်ပေါင် ၂ချောင်း..

မင်္ဂလာပါရှင်~~~
ကျမတို့မြို့မှာက ကြက်သားရောင်းရင် တခြားဒေသနဲ့ ပြည်မကလို အလေးချိန်နဲ့ချိန်တွယ်ပြီး ရောင်းတဲ့ ဓလေ့
မရှိခဲ့ပါဘူး။ ကြက်သားကို အထဲက ကလီစာတွေ ထုတ်ပြီး သပ်သပ်ပုံ ရောင်းတတ်ပါတယ်။ ပြီးမှ ကလီစာ မပါတဲ့ ကြက်တကောင်လုံးကို အကြီးအသေးအလိုက် ဈေးဖြတ်ပြီး ရောင်းတာပေါ့။ အရင်တုံးက မွေးမြူရေး
ကြက်မှမရှိတာ အားလုံးက အိမ်ကြက်တွေနေမှာပေါ့..။ တခြားသီးနှံတွေရောဘဲ တပုံစီပုံထားပြီး တပုံကို ဘယ်လောက်ဆိုတာမျိုး ပြောပြီးရောင်းချကြပါတယ်။ ဈေးတည့်သွားလို့ ဝယ်ခါမှ ကိုယ်ယူတဲ့ ပစ္စည်းတွေကို ပိန်းရွှက်၊ ဌက်ပျော်ရွှက်၊ အင်ဖက်ရွှက်တို့တွေနဲ့ ထုပ်ပေးလိုက်တာပေါ့ရှင်..။

credit to who up loader :)
ဒါကြောင့် ကိုယ်တို့ငယ်ငယ်က အလေးခိုးတာတို့ ဘာတို့ဆိုတာ သိပ်နားမလည်ဘူး။ ပုံရောင်းတာတွေနဲ့ဘဲ
ဝယ်စားခဲ့ကြတာဘဲ..။ အဲ..ဝက်သားတွေဘာတွေတော့ အသားရုံထဲမှာအလေးချိန်နဲ့ရောင်းတာပါ.. အပြင်
နေရာမှာတော့ ထုံးစံ..ပုံရောင်းတာပါဘဲ..။ အခုတော့လည်း ဒီလိုမဟုတ်တော့ပါဘူးလေ။ ပိသာချိန်တွေ အ

လေးချိန်တွေနဲ့ ရောင်းဝယ်ဖေါက်ကားနေကြတာတွေ့ခဲ့ရတယ်လေ..။ လာတဲ့ပစ္စည်းတွေဆိုတာလည်း မျိုး
စုံပါ ကြက်သားတွေဆိုလည်းထိုင်းကရေခဲရိုက်ယူလာရောင်းတယ်လေ..။ ပြည်မကပြောင်းရွှေ့လာနေတဲ့
သူတွေများလာလို့ ငါးပိ ငါးခြောက်ဆိုင်တန်းတွေလည်းအရှည်ကြီးပေါ့။ အရင်ကကြက်သားဆိုတာ ကျမတို့
တိုင်းပြည်မှာ သူဋ္ဌေးစားတဲ့ဟင်းတခွက် အဖြစ်သတ်မှတ်ခြင်းခံရလောက်အောင် သူ့ရဲ့ဈေးက တခြားအသား ငါးထက်ပိုကြီးခဲ့တယ်လေ။


ကဲ..ကျမကြက်ပေါင်ဇာတ်လမ်းအတွက် အစပြန်ကောက်ရမယ်ဆိုရင် အမေ့ညီမက ကျမတို့ရဲ့အဖွားအိမ်မှာ
အဖွားနဲ့အတူနေတယ်။ သူတို့မိသားစုက အစအစအရာရာ အဖွားကိုလုပ်ပေးရတယ်။ စားဖို့သောက်ဖို့ ဆေး
ဝါး..ကုန်ကျစရိတ်တွေကတော့ အမေကတာဝန်ယူတယ်လေ။ အဖွားကဝက်သားမစားဘူး။ ငါးနဲ့ ကြက်သား
ဘဲစားတယ်။ ၅ရက်တခါလောက်ကြက်သားဝယ်ပို့ပေးရတယ်။ ကျမတို့အိမ်က မိသားစုသိပ်အများကြီးမ ဟုတ်ပေမဲ့ စည်းကမ်းကြီးတဲ့အမေ ဟင်းစီမံရင် တိတိကျကျနဲ့ ချွေတာတတ်တယ်လေ။ဘာတခုမှဘုန်းဘော

လအော သုံးတယ်လို့မရှိဘူး။ ကြက်သားဝယ်လာရင် အိမ်ရောက်တာနဲ့ ပေါင်ကိုခုတ်ထစ်ပြီး အဖွားအိမ် တန်းပို့ရတာပါဘဲ။ ကျန်တဲ့ကြက်ကိုမှ တောင်ပံနဲ့ လည်ချောင်းအရိုးကို ဟင်းရည်အတွက်ပြုတ်၊ နောက်ဆုံး
ကျန်တဲ့ အသားတွေကိုမှ အာလူး ဂေါ်ရခါးသီး ဘူးသီး တခုခုပေါ ရောနှောချက်ပြုတ်ရတာ။


အရင်က ဆူဆူဖြိုးဖြိုးကြက်ဆိုတာ ဓါတ်ရှင်ထဲမှာ လူဆိုးတွေ ကြက်ပေါင်ကြီးတွေ ကိုက်ကိုက်စားပြတာဘဲ
မြင်ဘူးခဲ့တာ။ အရမ်းအဲလိုစားချင်လိုက်တာ..မပြောတော့နဲ့..။ ကျမတို့ဆီမှာတော့ sexyကြက်ဘဲရှိတယ်လေ

ပိန်ပိန်သေးသေးသွယ်လေး အဲဒါကိုမှ ဟိုကခုတ်ဒီကထစ်နဲ့ဆိုတော့ ဘာကျန်တော့မလဲ..။ ဒီတော့ ကျမတို့
ရဲ့အာလူးကြက်သားဟင်းခွက်ပုံစံလေးက အာလူးခင်းထဲ ခြေပေါင်ကျိုးကြက်တကောင်ဖြတ်ပြေးသလိုပါ့..။

အာလူးပင်လယ်ထဲမှာ ကြက်သားလေးတဖတ်တွေ့ဖို ဒိုင်ဗင်ထိုးရှာရတယ်။ အော်..အဲဒီတုံးက ခလေးဆို
တော့ငတ်ကြီးကျဖို့ကလွဲလို့ ဘာမှမသိဘူးလေ..။ မီးဖိုချောင်ကိစ္စနားမလည်တော့ ကြက်ပေါင်ကိုအဖွားဆီပို့ ထားမှန်းမသိခဲ့ဘူးလေ။ ထမင်းစားချိန်ဆိုကြက်ပေါင်ဘဲ လိုက်ရှာခဲ့တာပေါ့။ နောက်သိလာတော့ စိတ်ထဲမှာ
မကျေနပ်ပေမဲ့မပြောရဲဘူးလေ။ မကြာခဏတော့ အမေ့ကိုမေးတတ်တယ်တဲ့..။ "အမေကြက်ပေါင်သားဆို
တာစားလို့ကောင်းလား ဘယ်လိုအရသာလေးလဲဟင်" စသည်ဖြင့်ပေါ့..ခင်လျှာရှည်ပါဆို.... ^_^

အမေကတော့ အတူတူပါဘဲလို့ပြောပါတယ်။ အလူပွဲတွေသွားလို့ ကြက်သားဟင်းနဲ့ကျွေးတာများတိုးလို့
တော့ အနားမှာရှိတဲ့ လူကြီးကိုလက်ဆွဲပြီး ပြောတော့တာဘဲ သမီးပန်းကန်ထဲ ကြက်ပေါင်သားလေးထဲ့
ပေးပါလို့..။ အဟီး..ပေါ်တင်ဘဲ ကိုယ်တို့ကတော့.. ကျမတို့မောင်နှမ ၄ယောက်လုံး လူကြီးတွေနဲ့ထမင်းစား ရင် ဟင်းခွက်မနိုက်တတ်ဘူး။ သူများထဲ့ပေးမှ စားတတ်တယ်။ အမေအကျင့်လုပ်ထားတာလေ.. :P


နောက်တော့ အဖွားစားဖို့ချက်ပြုတ်ပေးရတဲ့ အမ (၂ဝမ်းကွဲတော်စပ်ပါတယ် သူတို့မိသားစုကများလို့အဒေါ်
တို့နဲ့လာနေတာ၊ သူ့နံမည်က နန်းပိန်းဆိုတော့ ကျမတို့က ပီပိန်းလို့ခေါ်ရတာပေါ့) ပီပိန်းနားကပ်မေးရတယ်။
အဖွားအတွက်ကြက်ပေါင် ၂ချောင်း ဘယ်လိုချက်ပြုတ်သလဲပေါ့။ အဖွားကတနေ့ကိုထမင်းတနပ်ဘဲစားတာ
ညနေဆို လက်ဖက်ရည် မုန့်တခုခု..ဒီလောက်ဘဲစားတတ်တယ်။ ဒီတော့ ကြက်သား ၂ပေါင်ကို ၂ရက် ၃ရက် လောက်စားရတာတဲ့။ ပီပိန်းကို ပြောထားရတယ် နောက်ဆုံးအဖွားစားမကုန်တဲ့ ကြက်သားကို ကျမ လာစားမယ်။ ချန်ထားပါ အဒေါ် သားသမီး ဝမ်းကွဲမောင်နှမတွေ မသိအောင် အကြောင်းကြားပါလို့ပေါ့..ဟီး

အဲဒီလောက် ငတ်ကြီးကျခဲ့ဖူးပါတယ်ဆို..။ နောက်အမေသိတော့ အဆူခံထိတာပေါ့။

ကျမအိမ်နဲ့ ကပ်ရပ်တရုတ်အိမ်မှာ သူငယ်ချင်းရှိတယ်။ ညီအမ၄ ယောက်တောင်ရှိတယ်။ ပျော်စရာကောင်း လို့သူတို့ဆီမြဲသွားကစားလေ့ရှိတယ်။ ကျမက ငယ်ငယ်တုံးက ပိန်ညောင်ရိုးလေး သူတို့အမေကမေးတယ်။
မယ်ငီးဘာဖြစ်လို့ ပိန်တာလဲတဲ့..ဒီကလည်း မဆိုင်းမတွဘဲဖြေပါတယ်.."ကြက်ပေါင်သားမစားရလို့" တဲ့။
နောက်တော့ အမေက လျှာရှည်တဲ့ ရွှေသမီးလေးရဲ့ ကြက်ပေါင်တမ်းခြင်း သိသွားတော့ သေသေချာချာပြော

ပြပါတယ်။ သမီးတဲ့..အဖွားကအသက်ကြီးပြီ အိုပြီ အသားပျော့ပျော့လေးနဲ့ တချို့အစားအစာတွေဘဲစားနိုင်
တော့တာ၊ သမီးတို့က ငယ်သေးတယ် ဘာစားစားရတာတဲ့ ..။ အိမ်မှာ ဘာစားစား ဦးဦးဖျားဖျားဆို အဖွား

ရယ်၊ ကမ္မဋ္ဌာန်းကျောင်းကဆရာတော်ရယ် ဆွမ်းတော်တင်ဖို့ရယ် ဖယ်ထားပေးရတယ်။ အစားမက်တဲ့ကိုယ်
တော့ ဝေစုနဲသွားမှာစိုးရိမ်လို့ အပြောရဲတာဘဲရှိတယ် ဘယ်ကြိုက်ခဲ့မလဲ..ခုတော့ နားလည်ပါပြီ..။


အမေက အိမ်က ဘုရားစင်ရယ်၊အဖွားရဲ့ဆရာတော် (အဖွားက ကျိုင်းတုံကမ္မဋ္ဌာန်းကျောင်းစတင်တည်
ထောင်သူတွေထဲကတယောက်ပေါ့အဖွားဆုံးခါနီးတော့ ဆရာတော် ကိုပင့်ပြီးတရားလာဟောပေးသေး တယ်။ဆရာတော်ပြန်သွားပြီး အဖွားမဆုံးသေးဘဲနဲ့ ဆရာတော်ကအရင် ပျံလွန်တော်မူတယ်။ မီးသဂြိုလ်

တော့ ဓါတ်လုံးတော်တွေရလို့ ကျိုင်းတုံမှာအရမ်းနံမည်ကြီးခဲ့ပါတယ်) ၊ ပြီး အဖွားကိုပေါ့..ဒီ ၃ခုကိုအရမ်း
အလေးထားခဲ့တာဘဲ။ အမေလုပ်ပုံကိုင်ပုံတွေကို အရင်ကသဘောမကျခဲ့ပေမဲ့ နောက်ပိုင်းလူလားမြောက်
လို့အရွှယ်ရောက်ခါမှ နားလည်သဘောပေါက်လာတယ်..။ ကျမတို့မောင်နှမတွေအတွက် အမေက စံပြမိခင်
ပါဘဲ။ လူတွေဟာ ကိုယ်စိုက်ထားတဲ့အသီး ကိုယ်ခူးစားရတယ်ဆိုတာအမှန်ပါဘဲ။ အမေ အခုတော့ သူ့စိုက် ခဲ့တဲ့အသီးခူးစားပြီးအေးချမ်းသာယာနေပါတယ်။ လူချစ်လူခင် ပေါများပြီး လာဘ်လာဘ တကယ်ရွှင်တာပါ။
ဟိုက ဒီက လာကန်တော့ကြတယ်။ ဘုန်းကြီးတွေကြွလာတတ်ပြီး အမေ့ကိုပေးကမ်းစွန့်ကြဲကြတယ်။ အမေလေဖြတ်ခါစ လူနာမေးလာကြတာ နို့ဆီ အိုဗာတင်း အချိုရည်ပုလင်းတွေ တမျိုးကို ၃ဝ-၄ဝ လောက်
ကိုရတာတဲ့။ စတိုးဆိုင်မှာ လိုချင်တဲ့ပစ္စည်းတွေနဲ့ သူတို့သွားလဲကြတယ်ဆိုဘဲ..။ 

အဖွားနဲ့ အမေ့မောင်လေး(ပြီးခဲ့တဲ့လကဆုံးသွားပြီ)
အမေ့သမီးလည်း အမေ့အတုယူရတယ်။ ဘယ်နေရာရောက်ရောက် ကိုးကွယ်ရာလို့ သတ်မှတ်ထားတဲ့ နေ
ရာလေးတခုကို သေသေချာချာစိတ်ပါလက်ပါနဲ့ ရေချမ်းဆီမီးကပ်လှူတယ်။ လူကြီးမိဘတွေကို ရိုသေစွာနဲ့
ပြုစုစောင့်ရှောက်တယ်။ အဖိုး၊အဖွား အရွှယ်တွေကိုကြည့်ပြီး သနားကရုဏာစိတ်ထားမိတယ်။ ကိုယ်အိုလာ ရင်လည်းဒီလိုဘဲ ကုန်းကုန်းကြီး ဖြစ်မှာဘဲ..မျက်စိမကောင်း နားမကြား ပြုစုမဲ့သူ မရှိခဲ့ရင်...ဘုရားဘုရား..
ဆက်မတွေးရဲဘူး..။


ခုတော့ ကြက်ပေါင်ကိုက်တိုင်း ငယ်ငယ်က မစားခဲ့ရတဲ့ ကြက်ပေါင်ပိန်ပိန်လေးကို ပြန်စဉ်းစားနေမိပါ တယ်လေ..။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး


Friday, April 25, 2014

ဖက်ရှင်....

မင်္ဂလာပါရှင်~~~
ခေါင်းစဉ်အတိုင်း ဖက်ရှင်အကြောင်းနဲနဲပါးပါးပြောချင်သား...၊ အဲ..ဒီအရွှယ်မှ ဘာစိတ်ကူးပေါက်ခါ သူငယ်
ပြန်ဖက်ရှင်အကြောင်းတွေဘာတွေနဲ့ပါလားလို့တော့မထင်ပါနဲ့အုံးလေ..။ဒီလိုရှိတယ် ကိုယ်နားလည်တဲ့ ဖက်ရှင်ဆိုတာက ကာလဒေသံအလိုက် သင့်လျှော်ပြီး သက်တောင့်သက်သာနဲ့ အဆင်ပြေစွာ(မြင်ရတဲ့
သူကော၊ဝတ်ဆင်သူအပါအဝင်ပေါ့) ဝတ်စားဆင်ယင်တတ်တာ ကိုဖက်ရှင်ကျတယ်လို့ထင်တာပါဘဲလေ..။


ကဲ..မိတ်ဆွေများကော..ဘယ်လိုအမြင်ရှိကြလည်း...ပြီးခဲ့တဲ့ အပတ်က မြင်ရတာတွေနဲ့ ကိုးကားပြီးပြော ကြားချင်လိုက်တာနော်။ ဘာရှိမလဲ..အော်..ရေသဘင်ပွဲတော်ပေါ့ရှင်..ပွတ်သဘင်မဟုတ်ပါဘူး..ရေသဘင်
တဲ့။ ကိုယ်တို့ခေတ်ခါတုံးက ရေပက်ခံထွက်ကြတော့ ပိတ်စထူထူတွေ ပန်းတွေပါတဲ့ ရေပက်ရင် အထဲက
အသားတွေကိုဖေါက်ထိုးမမြင်ရတဲ့ အစတွေနဲ့ ရန်ကုန်က ရေကစားကြတာမြင်ဘူးတာဘဲ။ ကိုယ်တို့ဆီမှာ
တော့ အပေါ်ကနေမိုးကာတွေထပ်ဝတ်ကြတယ်..။ ထူးဆန်းလေစွနော်..^_^


Thai ကျိုင်းမယ်မှာ အလုပ်လုပ်တော့ သင်္ကြန်ရက်လည်းလုပ်ရတာပါဘဲ။ နားချင်တဲ့မမတွေကိုကျမကလူစား
တောင်လုပ်ပေးသေးတာ။ သင်္ကြန်ကို သိပ်ရင်မခုန်တတ်တာငယ်ငယ်ကတည်းက။ သင်္ကြန်ရက်နီးလာရင်
အလုပ်မှာ အလုပ်ဝတ်စုံအစား ယောက်ကျားလေးဆိုရင် နက်ပြာရောင်ရှမ်းဘောင်းဘီ၊ လည်ကတုံးအိပ်ကပ် ၂ဖက်နဲ့ အဖိုးကြီးစတိုင်အင်္ကျီမိန်းမတွေကျတော့ ထမိန်၊ဇာအင်္ကျီတွေဝတ်ရတယ်။ ကျမတို့ အလုပ်တခု တည်းမဟုတ်ပါဘူး။ တမြို့လုံးပါဘဲ..ကျိုင်းမယ်မြို့ သွားလည်ရင် မြင်ရမှာပါ။ ရေပက်ခံထွက်ကစားကြတဲ့ သူတွေရောဘဲ..တမြို့လုံးနက်ပြာရောင် နီးပါးပေါ့..။ ကိုယ်တော့ မိန်းမထမိန်မဝတ်ဘူး၊ရှမ်းဘောင်းဘီတ ကားကားနဲ့ပေါ့။ဆိုလိုချင်တာ ရေပက်ခံတာ စိုရွှဲကြတာပေါ့။ ဒီတော့ ရာဘာဖိနပ်တို့ ကြက်ပေါင်ဖိနပ်တွေနဲ့ လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးပါဘဲ...။


ဟင်းဟင်း.ဘုတ်အုပ်ပေါ်မှာ တွေ့ရတဲ့ ဝတ်စားဆင်ယင်မူ့ဆိုတာ မြင်တော့ အိုးမိုင်ဂေါ့ ရပါတယ် ။ငါးဖမ်း
ပိုက်ခေါ်မလားခြင်ထောင်စလေလား..ပြီးBoot သားရေဖိနပ်နဲ့၊ ခရမ်းလွန်ရောင်ခြည်ဆိုတာ ခဏမေ့ထား
ကြပုံပါဘဲ။ ကုန်ဈေးနူးန်းတွေကြီးလို့လား..အပေါ်အင်္ကျီကိုမဝယ်နိုင်တော့တာလား..ဟီးဟီး..ပါကိုမပါတော့
တာ ဝေဖန်တဲ့သူ လေကန်တဲ့သူ ကြိုက်သူမကြိုက်သူများစွာနဲ့ ဓါတ်ပုံတွေတပုံတခေါင်းကြီးမြင် ရတော့ဒီက
လည်းပြောချင်လာတယ်..။ ဟီး..ဟိုမှာတော့ ဘယ်ပြောရဲမလဲ၊ ဒီမှာက ကိုယ့်ခွင်လေ..။သေချာတာတခုက
ပွတ်သဘင်ပွဲတက်တဲ့ အဲလေ ရေသဘင်ပွဲဆင်နွဲတဲ့သူတွေဆိုပါတော့ အသားတွေနီရဲနေ လောင်ပြီး ခရမ်း
လွန်ရောင်ခြည်ဒဏ်ဆိုတာနဲ့ ဒီအချိန်မှာ နပန်းလုံးနေလောက်ပါပြီ..နေလောင်ခံခရိမ် လား..သေချာတယ်..
တနေကုန်သူကနေမှာလား ပွတ်သဘင်ပါဆို ပွတ်တာနဲ့ကုန်သွားပေါ့..(ဟမ် @_@ )


ခြေထောက်တွေလည်း ခူနာတွေ ယားနာတွေ မပေါက်ကြဘူးလားမသိဘူး^_^တနေကုန်သားရေဖိနပ်နဲ့
ရေအုပ်ထားကြတာလေ..နူးပြီးပြဲလောက်ပြီပေါ့.. ။ FB ဓါတ်ပုံတွေမှာwalking shoe တွေနဲ့လည်းတွေ့ခဲ့ရ

လို့ပါ..။ ကိုယ်တို့တွေ့ကြုံဖူးခဲ့တာနဲ့ အတော်ကြီးခြားနားတော့ ရင်သပ်ရူမောမိတာအမှန်ပါဘဲ။ ခေတ်ကာလ
ဝတ်စားဆင်ယင်တာကို လက်ခံပါတယ်။ ရိုးရာယဉ်ကျေးမူ့ပွဲတော်ကိုအလေးမထားတတ်ကြတာကိုတော့
အသည်းယားတာအမှန်ပါဘဲ။ အဝတ်အစားတွေလည်းဝတ်တာလည်း ည club သွားတယ်ဆိုရင်တော့
လည်းမလွန်ပါဘူး..။ ခုလို ရေပက်ခံဖို့ဝတ်လာကြတာကိုဘဲ...ဟင်းဟင်း...ဖက်ရှင်ဖက်ကနေဘဲပြောပါ
တော့မယ်လေ..မှားနေကြတယ်လေကွယ် သမီးတို့ရယ်...။ ဒီတော့ အပြောခံရပြီပေါ့..။ (စက်ဆီ :P sexy
အတွက်ဆိုရင်တော့ မယ်ငီးဘွာတေး..ဗျို့... )


ဒီတနှစ်မှာလည်း ကိုယ်ကမပြန်နိုင်.သူများတွေပျော်နေကြတာ ငေးမော ကြည့်ရုံပါဘဲ..။ ကျမတို့ မြို့သင်္ကြန်
ရေကစားပုံတွေကို မိတ်ဆွေအားလုံးကိုခေါ်ပြချင်ပါတယ်...။ တကယ်ပါ... ရှမ်းတွေက သူတို့ကိုသူတို့ "တိုင်း" လို့ခေါ်ကြပါတယ်။မိတ်ဆွေများ google မှာ Shan သို့မဟုတ် Tai ဆိုတာလေးနဲ့ ရှာကြည့်ရင်
တွေ့မှာပါ၊ သူတို့ ရေကစားကြတာဘယ်လိုဝတ်စားဆင်ယင်ကြပါသလဲဆိုတာ..။ ဟီး.ဒီထက်ပိုပြောရင် မယ်ငီးထိပ်ထုခံရလို့ ပိုပုသွားနိုင်ပါတယ်..။မဝတ်တတ်တော့ ဖြဲသလို ကိစ္စကြီးခဏရပ်လို့ ဝတ်တတ်သူများ
တွေကို တချက်ကြည့်ရအောင်..။( အဲလိုမရေးရင်လည်း အဓိပ္ပါယ်ကွက်ကွက်ကွင်းကွင်းမမြင်နိုင် စကား
လုံးကြမ်းသွားပါက ခွှင့်လွှတ်ပါရန်... ဟိ )


ကဲ..အဝတ်အစားဆိုတာ သူ့ တံဆိပ်နံမည်ကြီးမှ အကောင်းစားဖြစ်မှ လှတာမဟုတ်ပါဘူးလေ..။ ကိုယ်နဲ့
ဘယ်လိုလိုက်ဖက်မူ့ရှိသလဲ ဘယ်လိုနေရာဒေသတွေမှာ သင့်တော်သလဲဆိုတာ ရွှေးချယ်တတ်ရင် ဖက်ရှင် ဆိုတာကျလို့ပေါ့..။ ဒီတပတ်မှာဖတ်ခဲ့ရတဲ့စာအုပ်ထဲက အဝတ်အစားလေးနဲ့ ကျမရဲ့ ဖက်ရှင်ကြီးကိုအဆုံး သတ်ပါမယ်လေ..။


စာအုပ်ထဲမှာ ပါတာက ဘောင်းဘီ ၄ထည်၊ ဂါဝန် ၂ထည်၊ စပို့ရှပ်လည်ကတုံးလေး ၊ဆွယ်တာ အပါးလေး၊ ဂျိုင်းပြတ်အင်္ကျီပါး၊ ကုတ်အင်္ကျီ၊ ဂျင်းရှပ် ၊စကဒ်၊ ဒါတွေကတထည်စီ၊

 
ပြီးဖိနပ် ၄၇ံ၊ ပါဝါ ၁ထည်၊ ခါးပတ်၁ ချောင်း...ဒါတွေပါဘဲ...ဈေးနူန်းလည်းသိပ်မကြီးဘူး..အကောင်းစားကြီး
သိပ်မဟုတ်ပါဘူး..။




ဒါတွေကိုဘဲ လှည့်ပါတ်ဝတ်သွားတာ ၂၄ မျိုး..ဝတ်နိုင်တယ်..ပေါ့ပေါ့ပါးပါးလွတ်လွတ်လပ်လပ်ကြော့ရှင်းနေ
တာဘဲ..တချို့တွေထင်တာက အမေရိကားတို့လို အနောက်နိုင်ငံတွေမှာ ဟိုဖော်ဒီဖော် ဝတ်ကြမယ်လို့ ၊။
ဒီလိုရိုးရိုးသားသားနေ့စဉ်သွားလာလူပ်ရှားနေကြတာ ရိုးရိုးဘဲဝတ်ကြတာပါ။ တချို့သော သက်မွှေးဝမ်း
ကြောင်းပြုသူတွေမှဘဲ ပြူးးပြူးပြဲပြဲ ဂူးဂူးဂဲဂဲတွေ ဝတ်ကြတာပါ့..။


အလုပ်တဖက်နဲ့ဆိုတော့ တနေ့နဲနဲနဲ့ ၃ရက်တောင် အချိန်ပေးရေးလိုက်ရပါတယ်ရှင်....။

အားလုံးဘဲဖက်ရှင်ကျကျ လှကြပါစေရှင်..
မီးမီး

ကျမတို့မြို့ကဒီနှစ်သင်္ကြန်ရေကစားကြပုံလေးပါ.... မိတ်ဆွေရဲ့ fbကနေယူလာပြီး ဒီကမိတ်ဆွေတွေကို...
ပြတာပါရှင်...ကွာခြားချက်တခုတော့တွေ့ရမှာပါလေ..။(မိုးကာအင်္ကျီတွေ့တယ်နော်း)
)))

Tuesday, April 8, 2014

ချက်စားဝယ်စား ၎

မင်္ဂလာပါရှင်~~~
ကျမ မိတ်ဆွေတယောက်က ကျမရေးတာတွေက ရသစာပေထဲမပါတဲ့ kitchen talk စာပေတဲ့။ ဒီလောက် စားကြောငမ်းတဲ့မယ်ငီး ရေးတာလည်း သာရေတမြားမြားနဲ့ရေးရတာ..ဂလောက်အရသာရှိတာကိုနော်..
အရသာစာပေလို့ မှတ်ယူကြပါကုန်.. ^_^

ကိုင်း..ဒီတခါတလည်း မီးဖိုချောင်အကြောင်း ဟင်းအကြောင်းဘာလေးညာလေး ပြောဆိုကြရအောင်...
ကညွှတ်တွေလတ်ဆတ်လို့ ခရုဆီနဲ့ကြက်သွန်ဖြူ  ပြောင်းဖူးမူန့်နဲနဲဖျော်ထည့်ပါလို့..ဒီလိုလုပ်စားလေ့ရှိတယ်
ကညွတ်ကိုတော့ ရေပူပူမှာခဏပြုတ်လိုက်ရင် ပိုကောင်းပါတယ်။ ဆားလေးနဲနဲခပ်ပေါ့..။ ပြီးမှ ကြက်သွန်ဖြူ
ဓါးပြားရိုက် ၂ခြမ်းနဲ့ ဆီပါလေရာလေးဒယ်အိုးပူပူမှာ ကြော်၊ ခရုဆီနဲ့ပြောင်းဖူးမူန့် ဖျော်လေးလောင်းထဲ့၊ ဆားနဲနဲ ငရုပ်ကောင်းဖြူးး ရေအေးစိမ်ထားတဲ့ ကညွတ်လေးပြန်ထည့်.. ခဏလေးပါဘဲ..စားကောင်းချက် ကတော့  ဘဲဒီးဘဲဒီး..ဂွတ်ရှယ်ပေါ့..

ဟိုတခါက ကိုယ့်ဖာသာကိုယ့်စိတ်နဲ့ ရန်တွေဖြစ်ပြီး ဝယ်လာတဲ့ကတက်ချဉ်လေးကို ရေအထပ်ထပ်ဆေး..၊
ကြက်သွန်ဖြူ ဆီချက်၊ဆား၊ကုလားအော်သီး၊ကြက်သွန်နီ၊ခရမ်းချဉ်သီးမီးဖုတ်၊ငံပြာရည်နဲနဲ၊မချဉ်လို့ သံပုရာ သီးညှစ်ရသေးတယ်လေ။ မြေပဲဆံထောင်းလေးကောမပါမဖြစ်...အိုးမိုင်...ဘယ်ပြောကောင်းလိမ့်မတုံး...
ပဲဟင်းပူပူလေး၊ငါးကြော်လေးနဲ့..ဂွတ်..

နောက်ပြီး ဒီငါးလေးကို ဓါတ်စာကျနေပါတယ်။ ငါးကိုသာကြိုက်တတ်တာ ငါးနံမည်တော့လာမမေးပါနဲ့ ဘာ
မှသိပ်သိတာမဟုတ်ဘူး၊ ငါးခူ ငါးရံ့ ဒီလောက်ဘဲသိတာ ဒီငါးကိုလည်းစိတ်ထဲမှာ ဝိုင်းဝိုင်းကြီး အသားထူလို့
ဝယ်လာတယ်  ငါးပုတ်ဆိုလား သူများကိုပြပြီးမေးတာ သူကဒီလိုဘဲပြောပါတယ်။ ဆား၊ငရုတ်ကောင်း၊ ပဲငံ
ပြာရည်၊ခရုဆီနယ်ဖတ်ပြီး oven ထဲထည့်လိုက်တာဘဲ..အထဲမှာတော့ ကုလားအော်သီး၊ကြက်သွန်ဖြူ ၊နံနံ့ ပင်ပါးပါးလှီးလို့ သွပ်ထားလိုက်တယ်၊ ဗိုက်သားပိတ်ဖို့က သွားကြားထိုးတံနဲ့လေ..ဟီး..ကဗျာမဆန်ချက်..

ဟော..အထဲကငါးအသားလေး....စပ်စပ်မွှေးမွှေးလေး...
အပြင်မှာကျတော့ ဒီလိုပုံပေါ့...
ဟင်းရည်ကျတော့ မုန်ညှင်းစော...ဒီတခါဂျပန်ကို ရှမ်းပြုလိုက်ပါတယ်လေ..
Miso ဆိုတဲ့သူတို့ဟင်းရည်အနှစ်ကိုဗူးလိုက်ဝယ်ထားပြီး ဘာဟင်းရည်ချက်ချက် ၂ဇွန်းလောက်ကလော် ထည့်လိုက်တယ် ချို နေတာဘဲ..သူမေးတော့ ဒါရှမ်းဟင်း...ချက်ရတာလွယ်လွန်းလို့..ဂျင်းကြက်သွန်ဖြူနီ
ခရမ်းချဉ်သီး ရောပစ်ထည့်ကြိုထားလိုက်ရုံပါဘဲ စားခါနီး ကြက်သွန်ဖြူဆီချက်အဖတ်ကိုနဲနဲခပ်ထည့် လိုက်တယ်လေ..။

နောက်တခါ ငါးကိုကျတော့ ကြော်လိုက်တယ်..ဆီနဲနဲနဲ့ဆိုတော့ လှော်တယ်ပြောလည်းရမယ်နဲ့တူ
တယ်..ဟီး...ပြီးမှ...
 
ပဲငါးပိကြက်သွန်ဖြူ ဆီသတ်ထည့်..အစိမ်းရောင်ရှိသောဘယ်အရွှက်မဆိုအုပ်လို့ရတယ်..

တခါတလေလည်း..အရွှက်တွေနဲ့ ဟိုလိုဒီလိုပေါ့...

ဂဏန်းတွေတိုးခွေ့လုဝယ်လို့ ဒီကလည်းအားကျမခံလုဝယ်လာခဲ့တယ် တခါမှမချက်ဖူးဘူး...
စမ်းသပ်ချက်လိုက်တော့လည်း..အိုး..မိုင်..တယ်တော်တဲ့..ငီးငီးပါလား...တရွှတ်ရွှတ်နဲ့ကိုက်စားရတာ ထမင်းစားပျက်တာ အမှန်ဘဲ..ဒီဟင်းကို ပဲငါးပိနဲ့ချက်တာ...
ဝယ်စားရင်တော့ဘာမှမတတ်ဘူး..အာချားဟဲဆိုင်...အာကျူးမားဆိုင်လောက်ဘဲထိုင်တတ်တာလေ...။အာ
ချားဟဲ ဒါန်ပေါက်ကလည်း ကြက်သွန်နဲ့ နံနံ့ပင်နဲ့...
ဒါလေးတော့မဆိုးဘူး...အဲဒီနေရာမှာ အာချားဟဲဆိုင်တွေ အများကြီးတနေရာထဲစုနေတာ..နံမည်ကြီးတဲ့. Iselin, New Jersey ဖက်မှာရှိတယ်။ တခါကကျမပြောဖူးတဲ့ အာချားဟဲအများကြီးရှိတယ်ဆိုတဲ့နေရာကပါ။
နောက်တဆိုင်ရဲ့..ဒါန်ပေါက်...
ကျမကဆိတ်သားဟင်းနဲ့စားကြည့်တာ...
 
ဒါကတော့ longisland NY ကနေရာဟောင်းဖက်မှာ ဘူဖေးတဲ့ တယောက် ၁၂ ကျပ်လောက်ပါဘဲ..ရှိသမျှ
ခူးခပ်ပြီးစားတာဘဲ..ဘာကဘာတွေမှန်းတောင်သေသေချာချာမသိဘူး..ဟီးး
 အာချားဟဲဆိုင်မထိုင်ရင်လည်..အာကျူးမားဆိုင်ပေါ့...

ဒီတခါ ဗီယက်နမ်ဆိုင်ခေါက်ဆွဲက စားကောင်းနေလို့....
 သူတို့ပင်လယ်စာခေါက်ဆွဲကြော်တဲ့...သူပြောတာတော့ သိပ်အကောင်းကြီးမဟုတ်ဘူးတဲ့....
ကျမက ရှည်တော်မူပြီး ဂျပန်အာလူး ကြက်သားမဆလာ ဆိုတာ(တခါက ဘယ်မှာလဲမသိစားဖူးတာ အရမ်းကောင်းဘဲ..လေ) မှာမိတယ်..ဒီလိုပြဲပြဲလေးဗျ..မကောင်းဘူး...
ကျမတို့အိမ်ရှင်မတွေကတော့ အိမ်မှာဟင်းကျန်ထမင်းကျန်ဆိုရင် ကြံဖန်ပြီးလုပ်စားကြရတာဘဲနော့်...။
အိမ်ကငါးက ကြီးလွန်းလို့ မကုန်ရင် ထမင်းကျန်နဲ့ ငါးထမင်း ဆိုပြီး အပ်ချလောင်း..ဖြစ်စေအောင် နှယ်
ဖတ်စားတတ်ပါတယ်။အဖေသာတွေ့ရင်အပြောခံရမှာ ထမင်းစေ့ကမပျောက်ဘူး..ငါးထမင်း အာလူးထမင်း ထမင်းချဉ် ထမင်းဝါအားလုံးပုံစံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တွေ့နေမြင်နေရတာက အားလုံးစုပေါင်းပြီးရှမ်း
ထမင်း ဆိုပြီး အပ်ချလောင်းပေါင်းကြိတ်ပေးလိုက်ကြတာဘဲ..ဘာဘဲဖြစ်ဖြစ် ဗိုက်ထဲ ရှောကနဲဝင်သွားဖို့ အဓိက.....လေနော်.. :P


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Friday, April 4, 2014

တခါကကမ္ဘာငယ်လေးတခုမှာ...

မင်္ဂလာပါရှင်~~~

ကမ္ဘာကြီးက လုံးတယ်ပြားတယ် ဆိုပြီးရှေးကတည်းက ငြင်းကြခုန်ကြ ဖူးပါသတဲ့။ နောက်တော့ လုံးတယ်

ဆိုတာသက်သေတွေနဲ့ပြနိုင်ခဲ့လို့ ပြားသမားတွေရူံးပါလေရော့လား..။ အယူအဆတွေကိုငြင်းခုန်ကြတာ
ရှေးခေတ်ကာလကနေ ခုထိပါဘဲ ။ ကိုယ့်အယူအဆမှန်တယ်လို့ လူတိုင်းကခံယူကြတာဘဲလေ။ ခုလည်း
မြင်ကြားသိနေကြရတာဘဲ။ ခံယူချက်ခြင်းမတူတာနဲ့ သတ်ဖြတ်ကြတဲ့အထိရှိလာကြတာ ရှေးခေတ်နဲ့ ဘာ
မှကွာခြားနေခြင်းမရှိသေးလှပါဘူး..တိုးတက်ပြောင်းလဲလာတယ်ဆိုတဲ့အယူအဆကို မယ်ငီး သဘောမတူ
ပါ...ဟီးဟီး..ဒါလည်းအယူအဆတခုပါဘဲ..ကဲ..ငြင်းခန်းတခုတော့ဖွင့်လို့ရပြီ...^_^


သူငယ်ချင်းထိုင်ဝမ်ကနေသူတို့ကျမကြိုက်ဖူးတဲ့ဟင်းပို့ပေးတာတဲ့(ဓါတ်ပုံထဲကနေပါ ဟီးဟီး)
ခုပြောပြ အာလူးဖုတ်မှာက ဒါဟုတ်ဘူးလေ..ကဲ..ပြန်အစကောက်မယ်...ဒီခေတ်မှာတော့ လေလိုင်းတွေနဲ့
တနေရာကနေ တနေရာ၊ တယောက်နဲ့တယောက် ဆက်သွယ်ဖို့ အလွန်လွယ်ကူလာတော့ ကမ္ဘာကြီးပြား
တယ်ဆိုပြီး တင်စားခေါ်ဝေါ်ပြန်ရော...ဗျာ..။ ဟင်းဟင်း..နှဲသမားပါးလိုဘဲ..ဖေါင်းလိုက်ပိန်လိုက်နဲ့ လိုချင် တာဆွဲပြောကြတာဘဲ။ အင်း..ကိုယ့်အတွက်ကတော့ကမ္ဘာကြီးက တကယ့်ကို ကျဉ်းကျဉ်းလေးနဲ့ လုံးကျစ်
လေးပါဘဲ။..မယုံရင် FB ထဲဝင်ကြည့်လေ..:P ဟိုလူနဲ့တွေ့ ဒီလိုနဲ့ပြန်တွေ့ သံသရာတလျှောက်လုံး ကြုံဆုံ
ဖူးခဲ့သောသူများ ပြန်ပြန်တွေ့မိတာမျိုး အားလုံးဖြစ်ဖူးကြမှာပါ။ FB မှာတော့ကိုယ့်အတွက်က ကွဲနေတဲ့ဆွေ
မျိုးသားချင်းတွေ ဝေးနေတဲ့မိတ်ဆွေတွေနဲ့ တွေ့ဆုံနူတ်ဆက် ဒါလောက်ပါဘဲ။ဒီထက်ပိုလို့တော့ ရင်ထဲ
ခေါင်းထဲပါမကျန်ပြောင်းဆန်သွားပါလိမ့်မယ်။ ဘာမှန်းမသိဘဲ ရူပ်နေတာ..ဘဲ..။ ပေများလေထွားနေလိုက်
တာလေ.. ပြောချင်တာကခုငယ်သူငယ်ချင်းဟောင်းတွေနဲ့ ပြန်တွေ့တာ တကယ့်ငယ်ဘဝ အချိန်တွေကိုပြန်
သတိရနေမိပါတယ်။


ကိုယ့်ဆွေမျိုးဆယ်ဝမ်းကွဲဆိုပါတော့..(မတော်ချင်ရင် ဆယ်ဝမ်းပစ်ကွဲလိုက်တယ် မှတ်ရော..:P)ကောင်
လေးတယောက်က ငယ်ဘဝပြန်တမ်းတတဲ့သူဟာ တသက်လုံးလူကြီးမဖြစ်ဘဲ ခလေးဆန်ပါတယ်တဲ့
သူ့ဒသန..ကတမျိုး..အသက် ၃ဝလောက်နဲ့ ၆ဝ ဝန်းကျင်အဖိုးကြီးတွေနဲ့မှပေါင်းချင်နေတာလေ..။ ကိုယ်
တော့အေးဆေးဘဲ..အကြောင်းတိုက်ဆိုင်ရင် တွေးမိမယ် စဉ်းစားတယ် သတိရတယ် တမ်းတမယ်။

ညညအိပ်ရာဝင်ချိန် စမြုံ့ ပြန်ကြည့်တယ်။ ဒီလောက်ကောင်းတဲ့ ခလေးဘဝကို ပိုက်ဆံပေးပြီး အတင်းမေ့
ခိုင်းရင်တောင် မေ့နိုင်ပေါင်တော်..ဘာမှစိတ်ညစ်စရာမရှိပျော်စရာအတိပြည့်နေတဲ့ ဘဝကို အားရင်ပြန်
တမ်းတမိတာနဲ့ ခလေးဆန်တယ်ဆိုရင်လည်း ဂျောင်းတော့ကိုယ်တော်ရေ့..ကျုပ်တော့ ဒူးနန့်ပြီးစမြုံ့ပြန်
ပြလိုက်အုံးမယ်.. ^_^


မွှေးရပ်မြေကအိမ်နဲ့ကပ်ရပ်မှာ တရုတ်မိသားစုတစုရှိတယ်။ သူတို့ထိုင်ဝမ် ပြောင်းသွားတာ နှစ်ပေါင်း ၃ဝ ကျော်ရှိပေါ့။ မောင်နှမ ၆ယောက်မှာ ညီအမက ၄ ယောက်ရှိတယ်။အဲထဲမှာ ဒုတိယတယောက်က ကျမနဲ့သက် တူရွှယ်တူ ရက်ပေါင်း၂ဝ ဘဲခြားတယ်။ ၂ယောက်လုံးဝမ်းဆွဲဆရာမနဲ့ညားပြီး အတူပေါက် ဖွားကြီးပြင်း လာခဲ့ကြတာ။ သူတို့ကအုပ်စုတောင့်တော့ ကျောင်းပိတ်ရက်ဆို စားချိန် အိပ်ချိန်ကလွဲလို့ အချိန်ပြည့် ငီးငီး တို့ကသူများအိမ်မှာ..။အိမ်နောက်ဖက်အုတ်တံတိုင်း ခြံစည်းရိုးကျော်ခွပြီး အရင်က
ဟော်ဟောင်း(စော်ဘွားမိန်းမများစွာထဲက တယောက်နေတာ)အခုလူမူဝန်ထမ်းခလေးထိန်းကျောင်း၊ အဲဒီမှာကစားလို့ဝပြီဆိုရင်သူ့အိမ်ထဲပြန်ဝင်တယ်။ သူက ပုံဆွဲဝါသနာပါတယ်။သူတို့တရုတ်စာသင်တဲ့အ

ခါသုံးတဲ့ နံရံကပ်သစ်သား သင်ပုန်းတချပ်ရှိတယ်။ အဲရှေ့မှာခွေးခြေ ၂ခုံချပြီး သူကမြေဖြူ  နဲ့တဝက်တိတိ တားပေးလိုက်တယ်။ ပြီးမြေဖြူချောင်းကိုယ်စီနဲ့ပုံတွေဆွဲကြတယ်။ သူကတော့ လှတပတပုံတွေ တရုတ် ကာတွန်း(များသောအားဖြင့် ဂျပန်ကာတွန်းကိုကူးချဆွဲထားတာဘဲလေ) အရုပ်မပုံလေးတွေဆွဲတာပေါ့။
ကိုယ်ကတော့ ဘယ်တတ်လိမ့်မတုံး တောင်ပုံ နေမင်းပုံ ဌက်ပုံ (ဒါကလွယ်တယ်လေ) ဆွဲလိုက်၊ ကပ်
ရပ်ကသူတို့ထမင်းချက် ချက်ပြုတ်နေတာသွားသွားချောင်းလိုက်ပေါ့.


ယူနန်တရုတ်တွေဆိုတော့  ဟင်းတွေကမုန်ညှင်းရွှက်အခြေခံအချဉ်အစပ်တွေများပါတယ်။ မုန်ညှင်းချဉ်နဲ့
ဝက်သား၃ထပ်သားပေါင်းဆိုရင် ..ဟင်းဟင်း..သူငယ်ချင်းကို တိုးတိုးစကားတွေမှာထားရပါတယ်။ငါထမင်း
စားချိန်ပြန်မယ်ဆိုရင် အတင်းဆွဲထားပါလို့...ထမင်းစားချိန်ရောက်လို့အိမ်ကအော်ခေါ်ရင် ဒီကလည်းပြန် အသံပြုရတယ်လေ" အော်ခါ..မားရောက်ခါ.."လာပါပြီရှင်ပေါ့..လက်တဖက်ကလည်းသူ့ကိုတို့ရသေးတယ်။

သူကမပြန်နဲ့ သူ့အမေကိုသွားပြောတာပေါ့ မယ်ငီးနဲ့ထမင်းစားမယ်ဆိုရင် လူကြီးတွေကခူးကျွေးရတာလေ။
အိမ်ဖက်ကိုလည်းအော်ဟစ်ပြောပေးရတယ်လေ..ဒီမှာဘဲ စားတော်ဖွင့်တော့မယ်ဆိုတဲ့အကြောင်း..။အဟီး
ဒီလိုအကွက်မျိုးတွေလည်း ကိုယ်တို့ကဖန်တီးတတ်ပါ့..။

တရုတ်တွေထမင်းစားရင် ပုဂံလုံးလေးနဲ့ စားရတာလေ..။ကိုယ်လည်း သူတို့လုပ်သလို တူကိုင် အဆင် သင့်ပြင် ပါးစပ်နဲ့ပုဂံတေ့ထားပြီး တရွှတ်ရွှတ်နဲ့ သွတ်သွင်းလိုက်တာဘဲ။ ဟင်းရည်ခပ်ဇွန်းကလည်း အကြီး ကြီးဘဲ တဇွန်းခပ်ထဲ့ပေးရင် ပုဂံအပြည့်ရတယ် ပြီးပုဂံလုံးလိုက်မော့သောက်ရတာ အရသာရှိလိုက်ပါဘိ..။
နောက်သူတို့အိမ်မှာအမဲလုံးခေါက်ဆွဲရောင်းသေးတယ်။ အမဲသားလုံးလုပ်ဖို့ အမဲသားတုံးကြီးကို သံချောင်း နဲ့စရိုက်ကတဲက မယ်ငီးတို့ထိုင်ကြည့်နေပြီ။ ပြီးလက်နဲ့အမဲသားကို ဆုပ်ယူပြီး ဖြစ်ညစ်လိုက်ပြီး လက်မနဲ့
လက်ညိုးကြားထဲက ပြွတ်ထွက်လာတဲ့ အလုံးကို ဇွန်းနဲ့ သပ်ချလိုက်ရင် ဗွက်ဗွက်ထနေတဲ့ရေပူထဲပလုံကနဲ
ကျသွားတာက ကိုယ့်အတွက်ကဗျာဆန်နေလိုက်တာ..ဟင်းဟင်း..း))) သူတို့အိမ်မကဘူး သူတို့ဆွေမျိုး အိမ်အထိသွားလည်တာ အလူသွားစားတာတွေလည်း ကိုယ်မကျန်ခဲ့ပါဘူး..။ပါလေရာပါဘဲ.။ဟိုကလည်း
လာဖိတ်ကတည်းက သူများအိမ်သားတွေနဲ့ရောယောင်စားသောက်နေတော့ မယ်ငီးကိုလည်းခေါ်လာပါ
ပြောရတော့တာပေါ့လေ..။ သူနဲ့ကိုယ်က ညအိပ်မှကွဲကြတာ ၂ဖက်အမျိုးတွေအားလုံးသိကြတယ်..။


ကျမတို့အဖွားအိမ်မှာ ငါးကန်သေးသေးလေးတခုရှိတယ်။ အဲဒီအပေါ်မှာ လင့်စင်တခုလုပ်ထားပြီး ရွှေပဲသီး
ပင်စိုက်ထားတယ်။ လင့်စင်ပေါ်ကတန်းလန်းလေးကျလာတဲ့ အသီးအရွှက်ခူးဖို့ ငါးကန်ပေါ်ကန်းလန့်ဖြတ် သစ်သားတန်းတခုထားထားတာပေါ့။ အမေခိုင်းလို့ အဖွားအိမ်သွားတော့သူလည်းပါခဲ့တယ်လေ..။ ၂ယောက်သား အဲဒီသစ်သားချောင်းပေါ်တက်ပြီး ခုန်ကြတယ်။တန်းလေးကအိအိလေးဖြစ်နေတော့ကြည့်
ဖူးတဲ့ဓါတ်ရှင်ထဲကလို သီချင်းတွေအော်ဟစ်ဆိုပြီး အားပါးတရခုန်လိုက်ရော ခွတ်ကနဲသစ်သားတန်းကျိုးပြီး
ကိုယ်တို့၂ယောက်ရေထဲပလုံမြည်လို့ယက်ကန်ယက်ကန်ပေါ့..အိုး..ဘယ်ပြောကောင်းမလဲအော်ဟစ်ကြ
ဆယ်ကြနဲ့၊ ဆူညံလို့ ၂ယောက်သားတော့ ရေစိုရွှဲလို့ ကုပ်ချောင်းကုပ်ချောင်းနဲ့ အိမ်ပြန်လာရတယ်လေ။
ကျောင်းကအပြန် အတူတူလမ်းလျှောက်ရင်လည်း သူနဲ့ကျမလက်ဝါးခြင်းဖြန့်ပြီး ကပ်ထားကြတယ် ပြီးသူက
လမ်းလျှောက်
ရင်း ပုခုံးတဖက်မြင့်လိုက်ရင် ကျမက အောက်ကိုလျှောနိမ့်ချလိုက်ရတယ်။ဒီတော့ လက်ဝါး ၂ခုကပွတ်တိုက်နေတာလေ..။ အဝေးကနေကြည့်ရင်တော့ အတော်ရီရမယ် လမ်းလျောက်တာကောင်း
ကောင်းမလျှောက်ဘူး။ ကစားပြီးနိမ့်တုံမြင့်တုံနဲ့လျှောက်နေကြတာလေ..။

တခါကြတော့ နှစ်ကုန်ခါနီးဆိုရင်ပြက္ခဒိန်တွေရောင်းကြတဲ့အချိန်ပေါ့..။အိမ်မရာက်ခင် ၂အိမ်ကျော်လောက်
မှာ ရောင်းဖို့ပြက္ခဒိန်တွေ  အပြည့်ချိတ်ထားတယ်ကိုး..ကျမတို့၂ယောက်လည်းဒီလိုနိမ့်မြင့်နဲ့လုပ်ပြီးလျှောက် လာလိုက်ကြတာ အဲနေ ရာရောက်တော့ ခေါင်းကဘေးကိုဘဲငေးတော့တာပေါ့..လူခန္ဓာကိုယ်ကြီးက

ရေမြောင်းဖုံးပေါ်တက်သွားတာကို သတိမထားလိုက်မိဘူး..။သွားရင်းကြည့်ရင်းနဲ့ ဝုန်းဆို ၂ယောက်လုံး
ရေမြောင်းထဲကျသွား ပါလေ ရော..။ရေမြောင်းကလည်းမြောင်းပုပ်ကြီး။ ခလေးဘဲရှိသေးတာ အဲ့ထဲမှာနစ်
နေတာပေါ့။ လူကြီးတွေ ဆွဲတက်တော့ တကိုယ်လုံးလွယ်အိတ်ရော ခေါင်းပါမကျန်မဲမှောင် ပုပ်ပွနံစော်

နေတာပေါ့..ဟီးဟီး..။အိမ်ကဆိုရင် အိမ်ရှေ့ကနေပေးမဝင်ဘူး၊လမ်းကြားတံခါးဖွင့်ပြီး ရေချိုးခန်းထဲ တရွှတ်
တိုက်ဆွဲချသွားတယ်။ဆောင်းတွင်းကြီး အရမ်းအေးတာ ရေနွေးလည်းမတည်ပေးနိုင်တာ့ဘူး။ ဒီအတိုင်း
ရေလောင်းလိုက်တယ်။ရှိသမျှရေမွှေးတွေတောင်ဆွတ်ပေးကြတာမှတ်မိသေးတယ်..။သူတို့အိမ်ကလည်း
အော်ဟစ်နေတာဘဲ..ကျမတို့အိမ်လည်းကမ္ဘာပျက်မတတ်အော်ဟစ်ဆူညံပွတ်လောရိုက်တာပေါ့..ဟူးး...
စာရင်းချုပ်တော့ ဖျားပေါ့ @_@ ^_^ :P


ခုမှသူ့နဲ့ပြန်တွေ့ရတာ။ ဖုံးဆက်ပြီးမာကြောင်းသာကြောင်းကို တရုတ်လိုရွှီးတတ်ပေမဲ့ များများလည်းမရဘူး။
ဆက်ရွှီးဖို့ကလည်း ရှိသမျှတရုတ်စကားကုန်သွားပြီ။ ဒီတော့ English လို chat ကြရတယ်။ရှမ်းလိုထစ်လို့
ဗမာစကားလည်း အီး အဲ..ဖြစ်နေတယ်လေ။ အေးလေ..နှစ်ပေါင်း ၃၆ နှစ်ဆိုတာလည်းနားလည်ပေးပါ
တယ်။ ငယ်ဘဝခံစားချက်ပြန်ပြောကြတာ အီးလိုမူတ်ရတော့ ခံစားချက်က ဆန့်ငင်ဆန့်ငင် တမ်းချင်းကြီး
ဖြစ်နေပါတယ်ဆို.....သူကတရုတ်လေကြောင်းလိုင်းတခုမှာ လေယာဉ်မယ်ဖြစ်နေတယ်တဲ့။ စပိန်စကား
နဲ့ကျောင်းပြီးတယ်ဆိုတော့ ဘာသာစကားများစွာနဲ့နှပန်းလုံးနေတာပေါ့လေ..။


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Tuesday, April 1, 2014

ကတက်ချဉ်၂စည်းနှင့်ရင်ထဲကဝေဒနာ..



မင်္ဂလာပါရှင်~~~

အစကတဲနားမယောင်ခဲ့ရင်လည်းကောင်းသား..။ နဂိုကတည်းက အီကိုယ်ကလည်း
သူများပြောတိုင်းယုံ ခေါင်းငြိမ့်၊ တတ်တဲ့လူတန်းစားထဲက။ကဲ..ခုတော့ စားလည်းခက်၊ ဝဲပစ်လိုက်ရအောင်လည်း ဒီက ၅ကျပ်လေဗျာ..။နှမြောတယ် ဒီမှာနေပြီးတခါခါ ကိန်း
ဂဏန်းတွေကို မြောက်စားပေါင်းနုတ် လုပ်နေတတ်သေးတာကလည်း မကောင်းတဲ့
အကျင့်။ အပြင်က ထုတ်ပိုးထားတာကလည်းစားချင့်စရာ မက်စရာတကွက်မရှိ၊
တဏာလောဘက အတောမတတ်နိုင်၊ နံမည်လေးကြားကတည်းက ငမ်းငမ်းတက်။ ဝယ်လာမိတာပေါ့..။ဒီတော့ ဒင်းကိုရေခဲသေတ္တာထဲကနေ ထုတ်လိုက် အယ်စေးဇင်း
နဲ့ အမျိုးတော်သလိုပေါ့ နှာခေါင်းနဲ့တရူံရူံနမ်းလိုက် ပြန်ထဲ့လိုက်နဲ့ ထုတ်ချီ သွင်းချီလုပ်
နေတာက တမနက်ခင်းလုံး...။

ပြီးခဲ့တဲ့အပတ်က ပန်းသီးမြို့ထဲဘုန်းကြီးကျောင်းဆွမ်းကပ်အလှူကို ဖိတ်ကြားခံရတာနဲ့
ခပ်သုတ်သုတ်လေး သွားပြီး ဝါးတီးဖွင့်ခဲ့တယ်လေ။ ပန်းသီးမြို့တော်သူတပိုင်းဖြစ်နေတဲ့
ညီမတော်လေးကရွှေနိုင်ငံထွက် အစားအစာရောင်းတာတွေ ဒီအနီးအနားမှာရှိတယ်ဆို
တော့ ချီတက်ကြတာပေါ့..တွေ့ပါပြီ။ တံခါးပိတ် ကြိတ်ပြီးရောင်းကြတာကိုး...။
ကဲပါလေ...ကိုယ်လည်းတိုးတိုးတိတ်တိတ်ဘဲ အားပေးခဲ့ပါတယ်။ ဈေးနူန်းလား ဘာတ
ခုမှမမှတ်မိပါ။ ကိုင်လိုက်ရင် ဒါက ၂ထုတ် ၁ဝ ပါ။ ယူပါ ဒါက ၂ထုတ် ၅ ကျပ်ပါ။ ဈေးနူန်း
မကပ်ထားပါဘူး..။ရောင်းတဲ့ ကောင်မလေးကချစ်စရာလေး....။ ဒါတော့မှတ်မိတယ်။
ဟိုနဲနဲ ဒီနဲနဲနဲ့ ၅ရ ကျပ်
တဲ့..။(ဒီကငွေကိုအလွှမ်းပြေလေး "ကျပ်" တပ်ခေါ်တာပေါ့)  ကျမ
တို့လိုအိမ်ဝေးသူတွေအားလုံးက အိမ်အလွှမ်းပြေအစားအစာအတွက် ပေးရတာနှမျှော
တွန့်တိုခြင်းမရှိကြတာ သဘာဝကျပါတယ်။

အိမ်ခန်းမှောင်မှောင်လေးထဲမှာ ကျမတို့ရဲ့ အသည်းစွဲအစားအစာတွေ ကုပ်ချောင်းကုပ်
ချောင်းလေးနေရာယူနေကြတာကိုက စမြင်မိတဲ့ကိုယ့်အတွက် ပထမဆုံး ဝေဒနာ..။
ကမ္ဘာပေါ်မှာ အကောင်းဆုံးအစားအစာတွေတစုတည်းရနိုင်တဲ့ နယူးယောက်လိုမြို့မှာ
ကိုယ်တို့လျှာက ပုံးရည်ကြီးသုတ်လောက်စားနေရတာကိုက နတ်သုဒ္ဓာလို့ထင်နေမိတာ။
ဒင်းတို့ဟာတွေ ကမ္ဘာမကလို့ စင်္ကြာဝဋ္ဌာဘဲ ကျော်ကြားအုံး..လျှာရင်းမမျက်တတ်ပါရှင်။

ဒါပေတည့်...ဒီလိုမျိုးနဲ့ရောင်းဝယ်ကြမယ်လို့လည်း မထင်ထားသလို၊ တခါမှလည်းမမြင်မိ
ဖူးခဲ့ပါ။ ဆိုင်ဆိုတော့ အနဲဆုံး ဆိုင်ခန်းကျဉ်းကျဉ်းလေးဘဲဖြစ်စေတော့ ဆိုင်နဲ့ကျကျနန
ရောင်းတယ်လို့ထင်ခဲ့တာပါ။ သူတို့လည်း တရားဝင်သွင်းလာတာမဟုတ်ဘူးတဲ့။ ဒီလိုဘဲ
ကိုယ့်နည်းကိုယ့်ဟန်နဲ့ ယူလာရောင်းချကြတာပေါ့။ ဒီမှာ မြန်မာနိုင်ငံသားတွေသောင်း
ဂဏန်းမကရှိတယ်ထင်တာဘဲ..။ ကျမလိုဘဲတိုးတိုးတိတ်ကြိတ်အားပေးသူလည်းများ
ကြမှာဘဲ။ နဂိုကတည်းက အစားအသောက်ဇီဇာကြောင်တဲ့ အကျင့်ကဖျောက်မရဘူး။
စဉ်းစားခန်းရှည်တော်မူရတော့တာပေါ့..။

ကဲ..ဒီကတက်ချဉ်ကိုဘဲကြည့်...။ မမလေးကရှိတယ်ပြောပြီးထုတ်ပြတော့ စားချင်စိတ်က
တားမရစီးမရ...။ ငတ်ကြောထပါ၏။ ဘာလိုစားကြသလဲလို့စပ်စုမေးလိုက်တော့လည်း
သုတ်စားပါတယ် ဆေးစရာမလို..တဲ့..။

 အိမ်ရောက်မှ အနီးကပ်ကြည့်၊ ထောင်ကြည့်၊ ပက်လက်လှန်ကြည့်...မလှတာသိပါ၏။
 ဒီကလည်းအသုတ်ကြိုက်တာပေါ့တော်...။
ဟူး..သက်ပြင်းခါခါချကာ..ကြက်ရိုးပြုတ်ပြီး တစည်းကိုတော့ရေနဲ့သေသေချာချာဆေးချ
လိုက်တယ်ပြီးခပ်ပါးပါးလေးလှီးဖြတ်ပြီးကတက်ချဉ်ကြက်သားဟင်းရည်တခွက် ဖန်တည်း
လိုက်တယ်။ကိုင်း..ကျန်တဲ့တစည်းတော့ သုတ်မှဖြစ်မယ်...သင်္ကြန်ချိန်ခါမှာ ကျမတို့
ရှမ်းတွေရဲ့မပါမဖြစ်တဲ့ဟင်း..ကုံလုံကြွယ်ဝခြင်းကိုဆောင်တယ်ဆိုပြီး သင်္ကြန်အတက်
နေ့မှာ ဘုန်းကြီးကျောင်းလည်းပို့ စားလည်းစားရတဲ့ဟင်းး။

ကြည့်ရတာလည်း နှီးနဲ့တုတ်တယ်ဆိုတော့ သေချာတာက မြန်မာပြည်ကနေလာတယ်။
ဒါပေမဲ့ဘယ်နေ့ဘယ်ရက်ကလုပ်တာလည်း ဘယ်နှစ်ရက်အထိခံလည်း ငီးငီးမသိ ^_^
ဘာနဲ့လုပ်တာလည်း ဘယ်နေရာကလုပ်တာလည်း ဘာနဲ့ချဉ်လည်း..သေချာလား....
ဘာမှမသိဘဲ ဒီလိုအိယောင်ဝါးကို စားရဲတဲ့ ငီးငီး..ငတ်ကြောကြီးပုံ...ကိုယ့်လိုသူများတွေ
ကောဒီလိုဘဲနေမှာ..ရန်ကုန်မှာလည်း စားစရာတွေကိုသာသတိရမိပေမဲ့ ငယ်ငယ်ကလို
လေးပန်း လမ်းဘေးဆိုင်မထိုင်ရဲတော့ဘူး...ခြင်တလောင်းလောင်းမက ဘာနဲ့ စီမံထား
သလဲဆိုတာ ခေါင်းထဲအရင်ဝင်ဝင်လာတယ်...။

ကင်ဆာဆိုတာ ကမ္ဘာ့ထိပ်တန်း အဖြစ်အများဆုံးစာရင်းဝင်လာပြီ..။ အားလုံးစားစရာ ကနေအခြေခံတာလေ..။ကျမတို့လည်းကိုယ့်ဆီကအစားအစာတွေကို သူများတွေဆီ
ကလို သပ်သပ်ရပ်ရပ် ထုတ်ပိုးပြီး သန့်ရှင်းလတ်ဆတ် တဲ့အစားအစာအဖြစ် ရောင်းချ
နေကြတာဘဲမြင်ချင်တယ်။ ဒီလို နိုင်ငံမှာလာနေကြပြီးတောင် ကျမတို့ကိုယ်တိုင်က
လည်းတိုးတိတ်အားပေးနေသေးတော့ ဒီလိုအဆင့်ကနေတက်မလာကြသေးဘူး..။
အခွန်ဈေးကြီးတယ် ဘာညာပြောနေပေမဲ့ ကျမတို့လည်းလျှော့ပေးပြီးမဝယ်ရပါဘူး။
ဈေးနူန်းကလည်း ဒီကနဲ့သိပ်မခြားပါဘူး..။ အနောက်ဖက်ကမ်းခြေဖက်မှာတော့
မြန်မာစတိုးဆိုင်တွေရှိတယ်လို့ပြောတာဘဲ ကိုယ်ကမရောက်ဖူးတော့မသိပါ။
မြန်မာ
အစားအသောက်တွေကို ဒီနိုင်ငံတင်သွင်းရင် ဈေးကွက်ကောင်းရှိတယ်

ချို့ နေရာမှာမြန်မာပေါ်ဆန်းမွှေးတွေရနိုင်တယ်ပြောတာဘဲ..။ဝယ်လိုအား
ခိုင်မာတယ်။စားဖို့လူတိုင်းပေးနိုင်တယ်။ လျှာကိုအလိုလိုက်နိုင်တယ်။ အားလုံးက
အိမ်သတိရလူတန်းစားတွေချဉ်းပါဘဲလေ..။ ထုတ်လုပ်ရင်သာ သန့်ရှင်းပြီးမှန်
ကန်ပါစေလေ။ အပြင်ကအဝတ်အစားအတွက်က brand name သိပ်အရေးမ
ကြီးပါဘူး..။ဗိုက်ထဲထဲ့ရတဲ့ အစားအစာတွေက သေသေချာချာသိမှစားလို့ရတဲ့
ခေတ်ကိုရောက်နေလို့ပါ.။...ဝေဒနာတွေခံစားလာရမှာကို ခုကတဲကမြင်ပြီး ရင်ထဲမှာဝေဒနာတရပ်ဖြစ်ပေါ်နေပါတယ်။

"၂၁ရာစုတောင်ရောက်လာပြီ" ကျမတို့လူနေမူ့အဆင့်အတန်းကို ကျမတို့ 
ကိုယ်တိုင်ကဘဲမြင့်လို့ရမှာ သူများလာမလုပ်ပေးဘူးလေ..။ လက်မထောင်
ပြီး Made inMyanmar မြန်မာပြည်တွင်ပြုလုပ်သည် ဆိုတဲ့စားသောက်ဖွယ်
ရာလေးတွေ ပွင့်လင်းစွာနဲ့ဝယ်စားချင်တဲ့ဝေဒနာ ခဏလောက်သိမ်းထားအုံး
မယ်လေ။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး