Showing posts with label US-Grand Canyon. Show all posts
Showing posts with label US-Grand Canyon. Show all posts

Wednesday, September 18, 2019

Antelope Canyon


မင်္ဂလာပါရှင်~~~
အများသူငါ Unicodeစနစ် ပြည်ထောင်စုဖေါင့်တွေပြောင်းလို့၊
ကိုယ့်မှာ လိုက်လုပ်ကြည့်တာ ဖတ်ဖတ်မောလို့..
ဖုံး ကွန်ပြူတာ တဂ်ပလက် ခေါင်းတွေဒေါင်ချာဆိုင်းလို့...
ကွန်ပြူတာမှာအမှန်မရဘူး..ဒါနဲ့
ပြန်ဖျက် ပြန်လုပ်နဲ့ ရက်တွေက လကုန်ရက်နီးလာပြီ.
.ဖြစ်ညှစ်ပြီး တပုဒ် တလေကလည်းထွက်စေချင်
ကဲ... Canyon တောထဲပြန်သွားမယ် 😁😉
Antelope Canyon ကိုဗမာစကားနဲ့နားလည်သလိုပြောရရင်
သဲမူန်တွေကနေ ရေလေတိုက်စားတာကြောင့်နှစ်ပေါင်းသန်းချီကြာပြီးမှ
ဖြစ်လာတဲ့ကျောဆောင်ကျောက်သားတွေလို့ ပြောရင် အနီးစပ်ဆုံးထင်တာပါဘဲ
ကျောက်တောင်ကြီးတွေကလည်း မြေပေါ်မှာထိုးထွက်နေတာမဟုတ်ဘဲ
ကမ္ဘာ့မြေမျက်နှာပြင်အောက်မှာဖြစ်နေတာက ထူးဆန်းတဲ့သဘာဝတရား..
အဲ့ဒီစခန်းကိုသွားလည်ဖို့ကြိုတင်ဘွတ်ကင်လုပ်ရတယ်..။
ဘယ်သူသွားသွးပါ သတ်မှတ်ထားတဲ့လူဦးရေထက်ပိုလက်မခံပါတဲ့။
လာသမျှထိုင်မှတ်တာ၊ လူကိုအထပ်ထပ်
ရည်တွက်ပြီးမှ တသုတ်ပြီးတသုတ်
သူတို့Local Guide နဲ့သွားရတာဗျ
ဘာမှအဆောက်အဦအကြီးကြီးလို့ မထင်ပါနဲ့..သဲတွေကြားထဲက
ရေအိမ်တန်းစီလို့...ယာယီအိမ်သာတွေပါ
ဓါတ်ပုံကဘယ်ရောက်နေမှန်းမသိ..
စားပြီးပုံဘဲတွေ့ 😉
အဲလေ ကိစ္စပြီးတဲ့ပုံ ခရီးဆက်ဖို့အဆင်သင့်ပါလေ
ထပ်သလဲလဲပြောတာက ဘာမှမယူရ ဖုံး ကင်မရာကလွဲလို့
အိတ်တွေ ဘာဆိုဘာမှပေးမယူပါ....နဲနဲလှမ်း
လျောက်ရတယ်..ပြီးမှ ဒီလိုအောက်ထဲဆင်းရတာ..
အဲ့နားထိုင်နေတဲ့ လူတွေကဆင်းသမျှ
လူထိုင်ရည်တွက်မှတ်နေတော့တာဘဲ..
အဲ့လိုမှတ်တာ ဂိုက်နံမည်ပါထည့်ရတယ်။
ဒီလိုမှတ်တဲ့နေရာနောက်၃နေရာရှိသေး
အဲ့နေရာတွေကို ဓါတ်ပုံပေးမရိုက်ပါ ရှေ့ကလူရိုက်တော့
အော်လိုက်တာ ဘာရမလဲ ဒီကလည်း ကမန်းကတန်းနှိပ်ပေါ့
😎
ဂိုက်ကတော့ ရှင်းပြပေးပါတယ်..ဘာပုံနဲ့တူတာ
အရင်ကဘာညာဘာညာပေါ့..
အောက်ဖက်က တာလီစာရေး...😆😅
သူတို့စုရပ်မှာလူမှတ်တာ တံဆိပ်တုံးထုပေးလိုက်တယ်လေ😝
ခရီးသွားဖော်ကြီးနဲ့ပေါ့လေ😜😘
နွေရာသီဆို အလင်းရောင်က ထိပ်ကနေတည့်တည့်ကျတော့ ပိုကြည့်လို့ကောင်းပါသတဲ့...
နွေဆိုရင် အပူချိန် တရာကျော်ဒီကရီရှိတယ်..ကျွဲနွားကျောင်းသူများ
ဒီအောက်ထဲလာနေကြသတဲ့..
ကျဉ်းကျဉ်းကြပ်ကြပ်  ကွေ့ခါဝှက်ခါနဲ့ လည်ပတ်သွားရ
 
သံလှေခါးနဲ့ တက်ရ...
ဂိုက်က တကမ္ဘာလုံးကလူတွေနဲ့ ထိတွေ့ဖူးတော့
သူတို့ဓါတ်ပုံရိုက်သိပ်ကျွမ်းတယ် ဖုံးတွေ ကင်မရာတွေ
သူတို့ကိုပေးလိုက်ဆက်တင်ချိန်ပြီး ရိုက်ပေးတာသိပ်လှတယ်
ကျောင်ဆောင်တွေကြားထဲက အလုံးတလုံးပြွတ်ထွက်လို့😅😆
ကိုယ်က ကင်မရာနဲ့ သူများပုံတွေဘဲရီုက်ပေးရ ကိုယ့်ပုံကြတော့ဆယ်ဖီမဆွဲတတ်..
အပြင်ရောက်ဖို့ အဲ့လိုကြားထဲကနေပြန်ထွက်လာရ
ထွက်ပေါက်ကအရမ်းအမိုက်စ်စားပါဆို.. အဲ့ထိပ်တည့်တည့်မှာ ကဒ်ထူပုံးအကြီးကြီးတခုချထား အထဲမှာအသံကြားလို့သေချာကြည့်တော့
တာလီစာရေးတဲ့...😄😂 လေတိုက်ပြီး အရမ်းအေးလို့
အထဲမှာကြံဖန်ပြီးနေတာတဲ့..
ကိုင်း..အောင်မြင်စွာ..ပြီးဆုံးပါပြီလေ.... ဖယားဖယား..
တနှစ်ပြည့်တော့မယ်..ခုထိဒီခရီးမပြီးသေး😝😆

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, August 30, 2019

Horseshoe Canyon


မင်္ဂလာပါရှင်~~~
မြန်မာလိုခေါင်းစဉ်တပ်သင့်တာပေါ့လေ..ဒါပေမဲ့လည်းနောက်ဆိုရင် ကိုယ်တို့တွေကဇော်ဂျီကိုပစ်ခွါ
သွားကြတော့မယ်တဲ့..နှောင်းလူတွေကိုယ်တို့ကြိုးစားပမ်းစား၁ဝနှစ်ကျော်ရေးထားတာ..ဖတ်လို့မရ
တော့ပြီလေ...ဒီတော့ ကျန်တဲ့အခွင့်အရေးနဲနဲအမှီပြုပြီး ဇော်ဂျီနဲ့ဘဲ Canyon ပြီးအောင်သုတ်သုတ်လေး
သွားမှ😁😀


အရင်ကတော့ Barrier Canyon လို့ခေါ်သတဲ့ "Barrier Canyon style rock art" ဆိုတာကျောက်တောင်
သားပေါ်မှာ ကျောက်တုံးတွေနဲ့ခြစ်ပြီး ပုံတွေရေးဆွဲထားတာ..။ တကယ်ဆိုရင်ကိုယ်ကအဲ့တာလေး
ကြည့်ချင်တာ။ Tour အုပ်စုနဲ့ဆိုအဆင်မပြေဘူး..။ ဒီတော့အပေါ်ကနေဘဲ လှည့်ပတ်ကြည့် လူတွေကများ
ကျောက်ဆောင်တန်းပေါ်ကနေပြုတ်ကျ မလာကီးသွားတာလည်းမနဲဆိုတော့ ကျားကျားတချိန်လုံးဟန့်
နေတာနဲ့ သိပ်ပုံကောင်းတွေမရခဲ့ပါဘူး

ကဲ...ဘတ်စ်ကားရပ်ပေးပြီး တန်းရောက်တယ်ထင်ရင်မှားမယ်ဗျို့..လှမ်းကြည့်လည်းဘာမှမမြင်ရတဲ့ ဟင်း
လင်းပြင်ကြီးဗျ...။

ပုံနဲ့သေချာပြထားတယ်..အဲ့လိုမရပ်ဖို့..ဒီခရီးကိုလာမယ်ဆိုရင် walking shoe ကအကောင်းဆုံးပါ..။ တချို့
တွေက lady shoeနဲ့ ညှပ်ဖိနပ်နဲ့..အဝတ်အစားတွေအားလုံးကသူ့နေရာနဲ့သူမှ အသုံးဝင်ပါတယ်လေ...။

 ဟိုးတောင်ထိပ်က ကနေဆင်းလျောက်ရတာ လမ်းတဝက်မှာနောက်ပြန်ရိုက်ထားတာ...။
ဟိုးအောက်ချိုင့်ထဲအထိသွားရအုံးမှာ..ကြားထဲတက်စီမှာရမလားလို့တားကြည့်တာလေ😂
ကိုယ်ကဟိုနောက်တဆင့်ဆင်းထိုင်ချင်သေး...ဆရာသမားလည်း အော်ဟစ်နေတာဘဲဆို..😕 ဒီတော့
မြင်းခွါတခြမ်းပုံနဲ့ဘဲကျေနပ်ရ😎

 ဒီ၃ပုံက အောက်ချိုင့်ထဲက နံရံပေါ်က ပန်းချီပုံတွေပါ...
 မသွားရလည်း ပုံနဲ့ဘဲကျေနပ်ရတာပေါ့လေ...

 လူတွေက ကြိတ်ကြိတ်တိုး..
ဟိုးထိပ်အထိ..ပြန်သွားရမယ်..ဖယားဖယား..ဆောင်းတွင်းမို့လို့ဘဲ..နွေဆိုရင် အပူချိန် ၁ဝဝ ကျော်တယ်တဲ့..
ဒါကတော့သူများတွေရိုက်ထားတဲ့ပုံပါ...
ခြေလှမ်းများစွာထဲကတလှမ်းပေါ့...ဘာနဲ့ဘဲလှမ်းလှမ်းပါလေ..ရှေ့ခရီးဆက်ဖို့ကအဓိက...
သူတို့လည်းလာလည်သူတွေကိုကျေးဇူးတင်..ကိုယ်လည်းဖတ်ရူပေးသူတွေကိုကျေးဇူးတင်ပါရစေရှင်....
သူတို့အမိုက်ကားကြီးကိုသဘောကျချက်.....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Sunday, August 11, 2019

Grand Canyon National Park

မင်္ဂလာပါရှင်~~~

ရဟတ်စီးပြီးတော့ Grand Canyon National Park ကိုသွားကြပါတယ်။ ဆောင်းတွင်းသွားတာကောင်းတယ်
ပြောရမှာဘဲ..။ 

ကားပေါ်ဆင်းခါနီး အနွေးထည်ပြန်ထပ် ဦးထုပ်ဆောင်း မာဖလာပတ် လက်အိတ်စွပ်နဲ့ ကရိကထတယ်များ
သကိုး...😁 နွေရာသီမှာ သွားလည်တဲ့တူမလေးပြောပြ အပူချိန် တရာကျော်ဆိုဘဲ...😱😵
အောင်မငီး..ကိုယ်နဲ့နေရောင်ရန်ဖြစ်ထားတော့ သွားမရတော့ဘူး..။

ကဲ.. ဆောင်းအချိန်ကကောင်းဆုံးဆိုတော့ လူများပါတယ်ရှင့်..။


ရူခင်းကလှသလို လူတွေကြိတ်ကြိတ်တိုးနဲ့ ထင်သလို ဓါတ်ပုံတွေမရတတ်ပါဘူး။ ဒီတော့ မယ်ငီးလည်း သူများပုံတွေဘဲရိုက်တော့တယ်😜

တကယ်ပါဘဲ..ငေးမောကြည့်ခံစားနေမိတာ..ဓါတ်ပုံရိုက်ဖို့မေ့..ကိုယ့်ကိုယ်လည်းသိပ်မရိုက်မိပါဘူး..။ မျက်
စိထဲမြင်မိတာတွေ ထာဝရကျန်အောင် တဝကြီးကြည့်နေတာက ပိုမိုက်ပါတယ်...။
အဲ့..ကျောက်တုံးပေါ်ကကိုယ်တော်..အောက်ကိုမဆင်းကြွနိုင်တော့ဘူး..လက်မြောက်လိုက် လက်ကားလိုက်
နဲ့..😖 ခဲနဲ့ကောက်ထုချင်ပါတယ်ဆို😝

 
အားချားဟဲတွေတော့ ကြွက်ကြွက်ညံ အော်ဟစ်ရိုက်ကြ တောင်စွန်းကနေဓါတ်ပုံရိုက်ရင်း 
ပြုတ်ကျသေဆုံးတာကလည်း နှစ်တိုင်းရှိတယ်ဆိုဘဲ.. 😲

ညနေစောင်းရောက်သွားကြတာ..
နေရောင်ကြဲကြဲတောက်ပေမဲ့..
လေတိုက်ပြီးအတော်အေးဗျား...
ချောက်ကမ်းပါးဖက်သံကာထားပေမဲ့..တချို့နေရာကာမထားလို့ ထပ်ခါထပ်ခါသတိပေး..အစွန်းအထိမသွား
ကြပါနဲ့တဲ့...


ကိုင်းတောင်စွယ်မှာနေကွယ်တော့မယ်... 
အဲ့..အချိန်မှသတိရ..ကိုယ်သိပ်ကြိုက်ခဲ့တဲ့ တောင်လေးနဲ့လဝန်းလေးပါအောင် သွားလေးဖြီး(အေးလွန်းလို့
ပါလေ) ဝမ်းတူးသရီး..လုပ်ခဲ့ရ😁
 ဆွဲရိုက်တာ လက်တုန်လို့လားမသိ..ပုံမကောင်းဘူး...
စမ်းချောင်းလေးကတော့ စိမ်းနေတာဘဲ 
ဒီတောင်ပိုင်းပြတ်လေးနဲ့လဝန်းလေးနဲ့...ပနံသင့်ချက်..😘

ဒါလေးအရမ်းသဘောကျမိ... 

မတတ်နိုင်တော့ဘူး..လေအေးနဲ့အရမ်းတုန်နေအောင်ချမ်း.. 
အမှတ်တရလက်ဆောင် ရောင်းတဲ့ဆိုင်ထဲပြေးရ..
ဆိုင်ပြင်ဆင်ထားတာဘဘောကျတယ်.. 
ကဲ...ခနနားပြီး..ကားထဲပြေးရတော့မယ်.. 
သူတို့ဒေသမြေပုံ ကြည့်ပြီး လည်သွားတာကမျက်စိ..😵😁😂...
နောက်နေ့ခရီးစဉ်တွေပိုတောင်လှပတယ်ဗျာ့...စကားမစပ်..လွန်ခဲ့တဲ့၆နှစ်ကရပ်မယ်ဆိုပြီး..မရပ်ဘဲ..တလ
တပုဒ်နူန်းနဲ့အသက်ဆက်နေတာ...ပြောရရင်လည်းရီစရာကြီးနော်...အချိန်တွေရှိမယ် မုဒ်လေးဝင်တယ်..
လက်ချောင်းတွေမကိုက်ခဲဘူးဆိုရင်..အမြဲလာပြီးရေးနေအုံးမှာပါ... အသက်ကြီးလည်းမပျက်စီးအောင်..
ဖြစ်နေတာတွေနဲ့နေတတ်အောင်ကြိုးစားနေဆဲပါလေ....

Happy birthday to me!!!
သူများပြောနားမထောင်တတ်
ခေါင်းမာသောလူသားတယောက်ပါလေ😁😂😜😝
OMG!!! 55 going to 56 😄
11 August ☺
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage