Friday, September 30, 2011
Fall......
မင်္ဂလာပါရှင်~~~
Elangen,Germany
Fall ဆိုတာ ရွက်ကြွေချိန်၊
စိမ်းလန်းဖူးပွင့်ခဲ့တဲ့ သစ်ရွက်လေးတွေ၊
အိုမင်းဝါရင့်ပြီးမြေမှာခတဲ့အချိန်၊
ကျမတို့ က၊ သစ်ရွက်ရောင်စုံလေးတွေနဲ့ လှပနေလိုက်တာလို့ ၊
ခံစားသိမြင်ပြီးတကူးတကနဲ့ ဓါတ်ပုံရိုက် မှတ်တမ်းတင်ကြတယ်။
သစ်ရွက်လေးတွေရဲ့ အလှတရားရှာဖွေကြတယ်။
မြေပေါ်ကြွေကျလည်း လှတယ်၊
အပင်ပေါ်မှာလည်းလှတယ်၊
Elangen,Germany
Elangen,Germany
Elangen,Germany
လူတွေလူ့ ဘ၀ကနေကြွေလွင့်သွားကြတဲ့အချိန်မှာတော့.....
အလှတရားတွေလည်း မရှိတော့ပါဘူး၊
ဝမ်းနဲပူဆွေးကြေကွဲလိုက်ရတာ။
မှတ်တမ်းဓါတ်ပုံဆိုတာလည်း ကြည့်တိုင်းရင်နာရတယ်။
 ဒီသစ်ရွက်ကြွေချိန် ဆောင်းအချိန်တွေမှာဘဲ၊
ကျမရဲ့ အရင်းနှီးဆုံးအချစ်ဆုံးတွေ ကြွေလွင့်သွားကြပါတယ်။
၂၀၀ရ ဖေဖော်ဝါရီလ မှာ အဖေ၊
၂၀၁၀ နိုဝင်ဘာလမှာ အကိုငယ်၊
၂၀၁၁ စက်တင်ဘာလ မှာအကိုကြီး၊
အသီးသီး ကွယ်လွန်သွားကြတယ်။
အဖေရဲ့ ကြီးမားလှတဲ့မေတ္တာတရား၊
အကို ၂ ယောက်ရဲ့ အေးချမ်းလှတဲ့ ချစ်ခြင်းမေတ္တာတရားတွေကို၊
(အဝေးရောက်နေတော့ ဓါတ်ပုံလေးနဲ့ ဘဲဖြေသိမ့်ရတယ်လေ)။
ကျမရှာဖွေပြီးရင်ထဲမှာ ထာဝရသိမ်းထားလိုက်ပါတယ်။
သူတို့ တွေသက်ရှိထင်ရှားရှိစဉ်တုံးကလည်း၊
ကျမအတွက် အားကိုးအားထား နွဲ့ ဆိုးဆိုး လို့ ရတဲ့၊
ကျမအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပါ၊
အဖေလက်ကိုင်ပြီးစက်ဘီးစီးသင်ပေးခဲ့တာ၊
နောက်ပြန်လှည့်ကြည့်လို့ လက်လွှတ်လိုက်တာသိတာနဲ့ ၊
ချက်ချင်းလဲကျတဲ့ သမီး...
အဖေ.. သမီးလေ၊
အဖေ မရှိပေမဲ့ဒီခရီးအထိ စီးလာနိုင်ပြီ..အဖေ~~~~
တက္ကသိုလ် ၄ နှစ်လုံးတက်တာ ကျောင်းသားရေးရာ၊
ကျောင်းလခဆိုတာ ဘယ်လိုထည့်ရမှန်းတောင်သိခဲ့ဘူး။
အားလုံးအကို၂ ယောက်ဘဲလုပ်ပေးခဲ့တာ။
၁၀ နှစ်သမီးဘ၀ ကတဲက တောင်ကြီးမှာကျောင်းတက်တော့၊
တနှစ်ကိုတခါ ကျိုင်းတုံပြန်ရတာ။
အ၀တ်အိတ်ကို အမေပြင်ပေးတယ်။
လေယာဉ်ကွင်းရောက်တော့ ထိုင်ခိုင်းတဲ့နေရာမှာဘဲ ၊
ကုတ်ကုတ်လေးစောင့်နေရတယ်။
အားလုံးပြီးမှ လေယာဉ်ပေါ်တက်ဆိုတက်လိုက်တာဘဲလေ။
အစစအရာရာ လိုက်လုပ်ပေးလို့ ၊
ဘာတခုမှ မလုပ်တတ်၊မသိတတ်ဘူး၊
ခုထိ ပြန်ရင်လာကြိုဖို့ တကူးတက သူတို့ မြို့ ကနေလာရတယ်။
ခုတော့ ကိုကို ညီညီ....ညီမလေး ကိုကြိုပေးမဲ့သူရှိတော့ဘူး။
အချိန်မှီ မရာက်ပေမဲ့ ညီမလေးပြန်လာပြီး၊
အမေနဲ့ မမ(အမကလည်းမုဆိုးမ)ကိုစောင့်ရှောက်မယ်~~~
Fall ဆိုတာ ကြွေလွှင့်တာတဲ့နော်......
မီးမီး
Monday, September 26, 2011
ဂျာစီကကုလားပြည်လေးရဲ့ ဒန်ပေါက်ကြက်ဥပြုတ်
မင်္ဂလာပါရှင်~~~
ဂျာစီ ဆိုတာနယူးဂျာစီပြည်နယ်ပါ။
အဲဒီနေရာကနေ၊နယူးယောက်ကိုလှမ်းမြင်ရတယ်
နယူးယောက်နဲ့ နီးနီးလေးပါ။
ကျမရဲ့ အမျိုးသားကအလုပ်ကိစ္စနဲ့ တလ ၂ခေါက်၃ ခေါက်လောက်သွားရပါတယ်။
၂ ညကနေ တခါတလေ ၅ညအထိနေရပါတယ်။
ကျမတော့ကပ်မြောင် အနေနဲ့ လိုက်သွားတာပါ။
တည်းဖို့ ကတော့ သူတို့ ကုမ္မဏီကဘဲ စီစဉ်ပေးတာပါ။
Holiday Inn,Hampton,Comfort Suite ခုနောက်ဆုံး Hilton Hotel စသည်ဖြင့်၊
အမျိုးမျိုး လှည့်ပတ်ပြီးပို့ ပေးတာပါဘဲ။
အဲ..ပြသာနာက Hilton ကစတာပါဘဲ။
ဟော်တယ်လေးကောင်းသလောက် မနက်စာ ပါဘူးဗျ။
ကိုယ့်ဖာသာကိုယ် မှာစားပြီးရှင်းပေါ့။
ရွှေယောက်ယောက်ကလည်း မိန်းမကိုဟော်တယ်ပို့ ပြီးအလုပ်ကိုသွားပြီလေ။
ဟား..တောသားလည်း Pan Cake ကလွဲလို့ ဘာမှမစားတတ်ဘူး။
၂ ရက်လောက်တော့ စားနိုင်ပေမဲ့ ရက်ကြာရင် အပြင်ကို စနည်းစနာထွက်ရပြီပေါ့။
အပေါ်ကနေကြည့်တာပတ်ပတ်လည် တောအုပ်တွေ ရုံးခန်းအဆောက်အဦတွေဘဲတွေ့ တယ်။
တွေ့ တဲ့ရူခင်းရူကွက် တွေကိုလည်းလှမ်းမီသလောက် ဓါတ်ပုံရိုက်တာဘဲ။
အဟဲ..ဘာအလုပ်မှမရှိတာ။
စားဖို့ ဆိုင်တွေလိုက်ရှာတာလဲ တွေ့ ဘူး။
ဟိုတယ်ထဲ မှာတော့ စားသောက်ဆိုင်ရှိပါတယ်။(ဈေးကြီးတယ်လေ :P)
ဘူတာရုံ  တော့တွေ့ တယ်။
ကပ်ရပ်မှာ Microsoft ရုံးအဆောက်အဦနဲ့ အရှေ့ဖက်မှာတော့ Siemens ရုံးအဆောက်အဦရှိတယ်။
အဲဒီ မြင်ရတဲ့သင်ချိုင်းကုန်းနားကလမ်းထဲဝင်လိုက်မှ၊
တွေ့ ရတော့တယ်။ဆိုင်တွေ အိမ်တွေ apartments တွေ ပန်းခြံတွေ၊
အားလုံး ကုလား အိန္ဒိယ စာတွေနဲ့ ၊လမ်းပေါ်မှာ လမ်းလျောက်နေတာဦးကုလား၊
ပန်းခြံထဲမှာ ကစားနေတာ ကုလားလေး၊ ဈေးဝယ်နေတဲ့ အချားဟဲမမ၊
ကုလားဆာရီဆိုင်၊မင်္ဂလာဆောင် အခန်းအနားစီစဉ်ပေးတဲ့ရုံး၊ဟာလာအသားရောင်းဆိုင်၊
ဝပ်ရှော့လည်း ကုလား၊သူတို့ အခေါ်တိုဆာ(ကျမတို့ က တိုရှည်)ဆိုင်မှာလည်း သူတို့ တအုပ်လုံး။
အဲဒီတော့ ဒီဒေသကို (Wood bridge,Adv South Iselin) ကျမက နာမည်ပေးတာ၊
ကုလားပြည်လေး~~
ညနေ ရုံးဆင်းတော့ အဲဒီကုမ္မဏီကြီးတွေမှာ အလုပ်လုပ်တဲ့လူတွေဆင်းလာတာ၊
ကိုကုလားလေးတွေ၊ မအိန္ဒိယတွေ၊က ၆၀%လောက်ပါတယ်။
တန်းစီပြီးဆင်းလာကြတယ်။
ဘွတ်နဲ့ ဆုနဲ့ ကွန်ပြူတာကျောပိုးအိတ်နဲ့ ၊
ဘူတာရုံမှာလည်းသူတို့ တွေဘဲ။
တချို့ တ၀က်ကျော်ကျော်က နယူးယောက်မက်ဟဲတန်မှာသွားအလုပ်ဆင်းကြတာတဲ့။
နယူးယောက်မက်ဟဲတန် မှာဆိုနေရာဈေးကြီးတော့ ဒီမှာနေကြတာတဲ့။
ကဲ...နေရာတော့ တွေ့ ပြီ၊ညစာစားဖို့ ကုလားဆိုင်တွေဖက်ဘဲသွားလိုက်ပါတယ်။
မေနူးမှာလည်းဒန်ပေါက်မျိုးစုံ၊ကြက်ဥဒန်ပေါက်တောင်ပါသေးတယ်။
ကြက်သားဒန်ပေါက်ဘဲမှာပေမဲ့ ကြက်ဥပြုတ် ၂ ခြမ်းပေးပါတယ်။
တိုဆာဆိုတာလဲစမ်းစားကြည့်တယ်။
နောက်နေ့ ပုဇွန်ဒန်ပေါက်ဆိုတာစားဖြစ်တယ်။
ပုဇွန်လေးတွေက သေးသေးလေးဘဲ။
ဒါပေမဲ့ မြန်မာပြည်ကလိုဆီတွေအများကြီးမပါဘူး၊မအီဘူးစားကောင်းပါတယ်။
(ဓါတ်ပုံတွေလည်း ဟိုဖက်ကွန်ပြူတာ ထဲမှာပါသွားတယ်)
နောက်ရက်တော့ ထိုင်းဆိုင် တရုတ်ဆိုင်ဖက်ဘဲ ပြန်သွားရပါတယ်။
အောက်က ၃ ပုံကတော့ ခေါင်းစဉ် နဲ့ မဆိုင်ပါဘူး။
နဲနဲလေး ကပ်ရွှီးပြီး ကြွားမိတာပါ....:p
ပုဇွန်ပင်စိမ်းရွက်
ပုဇွန် နာနတ်သီးထမင်းကြော်
မက်စီကန်အစားအစာ...ဆိုလားဘဲ
အားလုံးဘဲ အေးချမ်းရွှင်လန်းကြပါစေ။
ခင်မင်တဲ့
မီးမီး
Wednesday, September 21, 2011
ဘတ်ဂျက် ညစာတနပ်
မင်္ဂလာပါရှင်~~
ခဏခဏ ခရီးထွက်တော့ ဒီအတိုင်းအ၀တ်အိပ်ထဲထိုးသိပ်ထည့်သွားတာလေ။
အနိစ္စသဘောနဲ့ ကိစ္စချောသွားပြီလေ။
အရင်ကတော့ အိတ်နဲ့ သပ်သပ်ကိုင်တယ်။
အသစ်ဝယ်တာ Toshiba ကိုclearance  ဈေး ၄၁၇ $တဲ့။
ငါးစာဘဲတွေ့ တဲ့ငါမိုက်သားလေးပါ။
တကယ်တမ်းရှင်းတော့ ၈၉၀ $ ကျတယ်လေ။
anti virus software,window 7software, 2 years warranty,(window တင်တာ ၁၀၀ ပါသေး)။ကျမအတွက်တော့  ဈေးကြီးတယ် နှမျောတယ်။
ဒီ၎ နှစ်အတွင်းမှာ ကွန်ပြူတာကောင်းကောင်းကလိတာ။
ဘလော့လေးလုပ်၊မြန်မာစာလေးရိုက်၊
ဟိုဖတ်ဒီဖတ် နဲ့ ကွန်ပြူတာကိုအားရပါးရဖျက်စီးတာလေ၊
အခုအသစ်နဲ့ ဆို ၃ လုံးမြောက်ဘဲ။
ဘန်ကောက်ရောက်မှပြင်မယ်။
ဒီမှာဈေးကြီးတယ်တဲ့ ။
ကဲပါလေ၊ဒီတော့ စားစရိတ်လေးကို ချွေတာလိုက်မယ်ပေါ့။
တနေကုန် ကွန်ပြူတာလိုက်ရှာနေတာနဲ့ အဲဒီနေ့ က ကြက်ကင်ဘဲစားလိုက်ရတယ်။
ကြက်ကင် ၀ယ်စားရင်၊များသောအားဖြင့်အရေခွံအရိုးတွေဖယ်ထုတ်ကြတယ်လေ။
ဒီတခါတော့ အရိုးကိုအသားများများချန်ပြီးထွင်လိုက်တယ်။ 
ပြီးချင်းလက်၂ ဆစ်လောက်ထည့် ပြုတ် ။
 အပေါ်ကအဆီပြင်ကိုအားလုံးဖယ်ထုတ်လိုက်ပါ။
နို့ မို့ ရင်ဟင်းရည်သောက်ရတာ ရှတတ ဖြစ်နေတတ်တယ်။
အိမ်မှာကျန်နေတဲ့ဟိုနဲနဲ ဒီနဲနဲ ဟင်းရွက်ပေါင်းစုံထည့်တာ(ပြောင်းဖူးပါရင်ပိုကောင်းတယ်)။
ရှမ်းဟင်းကတော့ အသီးအနှံ (၉)မျိုးထည့်တယ်။
ပဲတောင့်ရှည်၊ရွှေဖရုံသီး၊မို၊ဂေါ်ရခါးသီး၊ပဲလိပ်ပြာ၊ပြောင်းဖူး၊~~~~
(ကိန်(မ်)လာမ်) လို့ ခေါ်ပါတယ်။
ဝက်ခေါက်ကြော်ပါထည့်တယ်။နောက်မွှေးမွှေးသစ်ခေါက်တပိုင်းလည်းထည့်သေးတယ်။
ကျမ မရှိတော့၊ရှိတာနဲ့ ချက်တာပါ။
အရည်စပ်စပ်လေးနဲ့ သောက်ရတာ၊ဒါကသူ့ အတွက်။
ကျန်တဲ့အသားပြုတ်ကိုတော့ ဗူးဗိန္နဲသီးနဲ့ ရှမ်းလိုချက်ပါတယ်။
ဒါကကျမအတွက်။
ကြက်သွန်ဖြူနီဂျင်း ဆီသတ်ပြီး (ပဲပုတ်နဲနဲထည့်ပါတယ်)ဗိန္နဲသီး ရော၊မွှေးလာရင်၊
ရေလေးနဲ့ အဖုံးလေးပိတ်ပြီး ခဏဆိုရပါတယ်။
အားလုံးကပြုတ်ပြီးသားတွေလေ။
ရေစပ်စပ်လေးနဲ့ ကောင်းတယ်။
ကဲဟင်းရည်ပြီးရင် အသားဟင်းအတွက် ကြက်ဆင်တောက်တောက်စင်းထားတာကို ကုန်းဘောင်ကြော်မယ်။
အဲဒီအထဲမှာကြက်သွန်နီ၊ငရုတ်သီးစိမ်းအပွ၊ကြက်ဥ၊ဆား၊ငရုတ်ကောင်း၊ပဲငံပြာရည်အကြည် အနောက်၊ခရုဆီ၊တရုတ်ဟင်းချက်အရက်~~~~
အိုး~...အများကြီးထဲ့ချလိုက်တယ်။မွှေးအောင်လို့ ။
ကျမထုံးစံကတော့ကင်တာပါ။
ဆီကြောက်လို့ ပါ။ကြော်ရင်ပိုကောင်းပါတယ်။
စိတ်ကူးပေါက်လာလို့ အသီးလေးနဲနဲလောက်ထည့်ချက်လိုက်ပါသေးတယ်။
ချက်ရင်းနဲ့ ဘဲဓါတ်ပုံရိုက်တာပါ။
ပုဂံထဲခူးပြီးစားခါနီးကျတော့ ကင်မရာတကားကားနဲ့ ကိုယ့်ဖာသာကိုယ်ရီချင်တယ်။
အော် ၀ါသနာလေနော်.... 
အဲ..ကိုယ်တိုင်လုပ်ဗူးနာနတ်သီးဖျော်နဲ့ ဗီဇာကျန်သေးတယ်။
နောက်မှ ...နော်...ခုတော်တော်ရှည်သွားပြီ။
အေးချမ်းရွှင်လန်းကြပါစေ၊
ခင်မင်တဲ့
မီးမီး
Wednesday, September 14, 2011
ချိုမွှေးမဟူရာခရမ်းသီးကြော်
မင်္ဂလာပါရှင်~~~
အရောင်ကမဲလို့ မဟူရာလို့ အမည်ပေးတာ။
ကြက်သားက မထည့်လည်းရပါတယ်
ခရုဆီ၊ပြောင်းဖူးမူန့် နဲ့ ပုံထဲကပါတဲ့ပုလင်းတွေထဲကအစာပလာနဲ့ ၊ကိုယ့်စိတ်ကြိုက်ပုဂံထဲမှာရောစပ်လိုက်ပါတယ်။
အစပ်ဓါတ်ပါအောင် ငရုတ်သီးလေး တတောင့်ထည့်တယ်။
ကြက်သွန်ဖြူ ၊ဂျင်း ဆီသတ်။
ပြီးကြက်သားငရုတ်သီးရော၊မွှေးလာမှခရမ်းသီးထည့်ရမှာ။
ကျမက ဟင်းချက်လိုက် ဓါတ်ပုံရိုက်လိုက်နဲ့ .... ဟီး ^_^ တခါထည်းရောမိသွားတယ်။
ပြီးအဆာပလာအရည်လောင်းထည့်လိုက်တာပါဘဲ။
နူးနူးလေးကြိုက်ရင်အဖုံးလေးနဲ့ မီးအေးအေးလေးဆက်တည်ထားပေါ့။
ပြီးနံနံပင်လေးအုပ်လိုက်ရင် ရသာချိုမွှေး(ငရုတ်သီးအနံ၊နှမ်းဆီအနံ)လေး၊
ခရမ်းသီးဆိုရင် အရင်ကနှပ်တာရယ်၊မီးဖုတ်သုတ်တာရယ် ၂မျိုးဘဲချက်တတ်တာ။
တရုတ်ဟင်းချက်နည်းထဲကကြည့်ပြီးချက်တာ အရမ်းကြီးကိုစားကောင်းလို့ ။
ဆီကြောက်တဲ့သူ၊ဟင်းသီးဟင်းရွက်ဘဲအဓိကစားတတ်တဲ့၊
ကျမအတွက်ဟင်းကောင်းလေးတခွက်ပါရှင်။
အိုးထဲ မုန်ညင်း ဂျင်း ကြက်သွန်ဖြူ နီ၊ဆား၊ခရမ်းချဉ်သီး၊မကျဉ်းသီး၊
ရေ ကြက်ပေါင်၂ တုံးလောက်တက်ခြမ်းခွဲထည့် ၁နာရီလောက်မီးအေးအေးလေးနဲ့ တည်လိုက်ဆို၊ရပြီလေ။ 
သူများတွေက နံနံပင် ငရုတ်သီးစိမ်းလေးခပ်ကြတာပေါ့။
ပဲပုပ်မူန့် လေးနဲ့ ဆိုပိုကောင်းပါတယ်။
ကဲ. .ဟင်းရည်ကအချဉ်၊ဟင်းပွဲက ချိုစပ်၊ ကြက်ဥကြော်နဲ့ ။
ဒီတနပ်တော့ စားကောင်းတဲ့ ညစာတနပ်လေးဖြစ်သွားပါတယ်။
ရွှင်လန်းအေးချမ်းကြပါစေနော်။
ခင်မင်တတ်တဲ့
မီးမီး
Tuesday, September 13, 2011
ကျမ်းမာရေးအတွက်ကကြရအောင်၊
မင်္ဂလာပါရှင်၊
ကျမတို့ တွေ(အထူးသဖြင့်မြန်မာ အမျိုးသမီးတွေ) အသက်လေး၃၀ ကျော်လို့ ၄၀နားရောက်လာရင်၊
အောက်ပိုင်းလေးလာကြပြီလေ ။ တင်ပါးကားကားကြီးကြီးနဲ့ လုံချည်တွေထမိန်တွေ၊၄ တောင်ကျော်
ကွင်းဆိုက်ရှာဝယ်ရပြီ။ကျမတို့ ကခါးကိုတင်းတင်းပတ်ပြီးဝတ်လာ တာကြာတော့၊ခါးကသေး
တင်ကကား ဆိုတဲ့အချိုးအစားကိုယ်လုံးမျိုးရှိကြတယ်လေ။ဝလာတဲ့အခါ ဘောင်းဘီဝတ်ရင် ကြည့်ရတာ
အဆင်မပြေဘူး။အသက်ကြီးလာတော့ အစားကလည်းပိုကြီးလာတယ်။ကျမတော့အစားအသောက်
ပုံတွေ၊ဘလောက်တွေမှာတွေ့ ရင် အငမ်းမရ ဖွင့်တယ်။ဖတ်တယ်၊(ငတ်ကြီးကျတာလေ :P )
လိုက်ချက်တယ်စားတယ်။ရလဒ်ကတော့ ဗိုက်ကြီးပူလာတယ် ... :((
အဲဒါနဲ့ ဒီ Zumba ဆိုတာလေးဖွင့်ပြီးလိုက်ကကြည့်တာ၊ဗိုက်လေးနဲနဲပြန်ချပ်သွားတယ်လို့ ၊
မိတ်ဆွေ များကိုလက်တို့ လိုက်ပြီနော်~~
အရင်တုံးက ဗီဒီယိုဖိုင်တင်ထားတာပါ..
နောက်ပိုင်းပြန်ကြည့်တော့ ဖွင့်မရတာတွေ့ လို့ ..ခု ယောဂကျင့်တာလေးတင်ပေးလိုက်ပါတယ်ရှင်....
အေးချမ်းရွှင်လန်းကြပါစေ၊
ခင်မင်တတ်တဲ့
မီးမီး
Friday, September 9, 2011
နှစ် ၆၀၀ပြည့်ကျိုင်းတုံမြို့ အပိုင်း(၂)
မင်္ဂလာပါရှင်၊
ကျိုင်းတုံသင်္ကြန်ဓါတ်ပုံတွေပါ။
ဖားစည်တင်ဖို့ အဆင်သင့်ပြင်ထားတာ၊
ကျိုင်းတုံစော်ဘွားဟော်။
ဒီနှစ်သိကြားမင်းတော့မြင်းစီးဆင်းလာတာ။
အဲဒီအနီရောင်ဝတ်ထားတဲ့သူတွေစည်တီးရတာ။
လူကြီးတွေကိုလက်ဆောင်၊မုန့် ပေးတာ၊။
နတ်ဒေ၀ါတွေကိုပူဇော် ပသတောင်းဆိုရတာတဲ့။
ဒါးသိုင်းကပြီးစည်တီးတာ။ဒုတိယမြောက်ကတဲ့အကိုကြီး၊
ရှမ်းဘောင်းဘီကျွတ်ကျသွားတယ်။ဟီး..ခါးဝတ်လေးပြေသွားတာပါ၊
ကွင်းလုံးဟုတ်ဘူး:P
၁၃ ရက်နေ့ ညနေပိုင်းလူအုပ်ကြီးကိုမတိုးနိုင်လို့ ၁၄ရက်မနက်မှသွားလောင်းရတယ်
သိကြားမင်းလည်းရေဒဏ်ကိုမခံနိုင်ရှာဘူးဘဲ။
အပြင်ကသိကြားမင်း..ဟီး။
အရုပ်သိကြားမင်း၊ခါတိုင်းလူကထမ်းပြီးသွားတာ၊ခုတော့ MRTV 3 ဆိုလား
မှတ်တမ်းတင်ရိုက်လို့ မြင်ကွင်းကောင်းအောင်လုပ်ရတယ်တဲ့။
စည်တော်လည်းကားနဲ့ လည်ရတယ်။
နောက်ကလိုက်တဲ့လူအုပ်။
တခါထဲမြို့ ပြင်ကိုထွက်ပြီးသူတို့ ရွာတန်းပြန်ရပါတယ်။
တမြို့ လုံးပါးလိုက်တဲ့တနှစ်စာမကောင်းဆိုးဝါး ကံအညံ့တွေ၊ ယူသွားတော့ သူတို့ လည်းထုံးစံကို
ခေါင်းလျှော်ရေချိုးကြပါတယ်။ အညစ်အကြေးအားလုံးကုန်အောင် သန့် စင်လိုက်တယ်ပေါ့။
ကျမတော့ သဲချောင်းအထိလိုက်ဖို့ အခွင့်မသာပါဘူး။
အဲဒီဓါတ်ပုံတွေရိုက်ပြီး လေယာဉ်ကွင်းတန်းပြေးရတယ်လေ။ နောက်၃ ရက်လောက် လေယာဉ်
ခရီးစဉ် ရှိတော့ဘူး။
နှစ်ဆန်းတရက်နေ့ မှာ ကျမပြန်ထွက်လာရလို့ ပါ။ အရမ်းပျော်ခဲ့တယ်။
ဖွင့်ပွဲလုပ်တဲ့နေ့ ကသေသေချာချာမရိုက်လိုက်ရပါဘူး။
အမေနဲ့ အမေ့ မောင်နှမတွေ၊ဦးလေး၊အဒေါ်၊ကြီးကြီးတွေကို ထမင်းချိုင့်ပို့ ဖို့ ချက်နေလို့ ။
ထောပတ်ထမင်း ကြက်သားဟင်းနဲ့ လူကြီးတွေကိုကတော့ခဲ့တယ်။
ကျမသိထားသလောက်မျှဝေတာပါ။ မှားတာတွေပါသွားရင်လည်း၊မျက်စိမိတ်၊စဉ်းစားပေးလိုက်ပါ။
တော်တော်တုံးတဲ့မယ်မီးပါလားလို့ ။  အဟီး :D
ကျမ ဇာတိမြေနဲ့ ဝေးတာ နှစ်ပေါင်း ၂၀ ကျော်ပါပြီ။ ပြန်လည်ဖို့ ကြုံတာ ၄-၅ ခါဘဲရှိသေးတာ။ 
မရောက်ဖူးတဲ့သူရှိရင်လည်း မြင်ဖူးသွားတာပေါ့။ ရောက်ခဲ့ ကြုံခဲ့ဖူးတဲ့ သူဆိုလည်း လွှမ်းရတာပေါ့။
ရွှင်လန်းအေးချမ်းကြပါစေ~~
ခင်မင်တဲ့
မီးမီး