မင်္ဂလာပါရှင်~~~
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ကကုလားကုန်စုံဆိုင်ကိုသွားတာ၊ကံကောင်းထောက်မစွာလို့ ပြောရမှာလား၊
ထီပေါက်တယ်လို့ ၊ ပြောရမှာလား မသိပါဘူး ချဉ်ပေါင်ရွက် တွေတွေ့ တယ်။
ထီပေါက်တယ်လို့ ၊ ပြောရမှာလား မသိပါဘူး ချဉ်ပေါင်ရွက် တွေတွေ့ တယ်။
၎စည်းဘဲတွေ့ လို့ အားလုံးယူလိုက်ပါတယ်။
ကျမတော့ ၄-၅ နှစ်ရှိပြီ၊တခါမှချဉ်ပေါင်ရောင်းတဲ့ဆိုင်ကိုရှာမတွေ့ တတ်ဘူး။
အဲဒီအချိန်မှာဘဲ ဆာရီအ၀ါဝတ်ထားတဲ့ ဒေါ်ကုလားမ ကြီးကလည်း၊ရောက်လာပြီးသူလည်းလိုချင်လို့ တဲ့။
ကျမနားမှာဘဲပတ်ပြီး မေးနေတော့တာဘဲ။ဘယ်လိုချက်စားလဲ၊ဘာလဲညာလဲပေါ့၊
သူ့ မျက်လုံးကိုကြည့်မိတော့သနားသွားမိပါတယ်။ အဲဒါနဲ့ တစည်းခွဲပေးတာ၊
အိုး..ကိုယ့်လူက အကောင်းဆုံးကိုရွှေးပြီး၊နောက်တစည်းပါပေးပါတဲ့၊ ဗုဒ္ဓမြတ်စွာဘုရား ....။
ကြားဖူးခဲ့တဲ့ သဲကန္တရကုလားအုတ်ပုံပြင် ဆိုတာတကယ်နော်။
သနားလို့  ကုလားအုတ်ကိုတဲထဲခေါင်းထဲ့ထားပေးမိတာနဲ့ ၊
သနားလို့  ကုလားအုတ်ကိုတဲထဲခေါင်းထဲ့ထားပေးမိတာနဲ့ ၊
တဲရှင်လည်း နောက်ဆုံးကန်ထုတ်ခြင်းခံရတာလေ။
ကျမလည်း ၁ စည်းထဲပေးပြီးလစ်တော့ တာပါဘဲ..ဟီး
အိမ်ရောက်တော့ ကျေးဇူးရှင်ကလည်း ချဉ်ပေါင်ရွက်ဟင်းရည်၊သူချက်မယ်ဆိုဘဲ။
ကျမက မျှစ်နဲ့ ကြော်မယ်ပေါ့ ၊နောက်တော့ တယောက်တ၀က်နူန်းချက်ကြမယ်ဆိုပြီး
သဘောတူညီမူ့ ရသွားပါတယ်။သူ့ ဟင်းကို အရင်စားရမယ်ဆိုတာတော့ အဲဒီတနပ်ကို၊
ကိုယ်အားလုံးကြည့်စီစဉ် မယ်တဲ့။
အိုးထဲမှာအားလုံးစုပေါင်းထည့်လိုက်တာပါဘဲ ခက်တာမှတ်လို့ 
လွယ်လိုက်တာ ကြက်ကင်နဲ့ ၊ကျမကအသီးအရွက်တခုဆိုတော့ ဘေဘီမုန်လာဥနီ။:((((
အရွက်သင်တာတောင် ကိုယ်တိုင်သင်တာဗျ~။
စားနေတုံး လျှာရှည်ပြီးမေးလိုက်မိပါသေးတယ် အဲဒါတောချက်နည်းလားဟင်..လို့ ၊
မျက်စောင်းထိုးခြင်းတော့ခံလိုက်ရတာပေါ့ ..ဟီး။
ကုလားပဲမူန့် စစ်စစ်ရလာတယ်၊ soya bean အမူန့် ကိုတော့ ထိုဖူးနွေးလုပ်စားရင်ပဲမူန့် နဲ့  ရောဖို့ ။
ထပ်တရာ နံပြား ပလာတာ အစုံရတယ်ဗျာ...ဆိုင်ထဲကိုတော့ ကင်မရာတကားကားနဲ့ ရိုက်ရဲဘူး။
ဖုံးနဲ့ ဆိုတော့ ခပ်မူံမူံလေးပေါ့ :))
စာကလေးခွေတခုဘဲသိတယ် |
သူတို့ လူမျိုးတွေကြီးဘဲ |
မိတ်အင် အိန္ဒိယ..ကွ |
မုန့် ပုံးကြီးတွေ |
ဖွင့်ကြည့်မြည်းကြည့်တာပေါ့ |
ဘယာကြော် |
စမူဆာ |
ဘာမုန့် လဲသိဘူးတော့ |
အေးချမ်းရွင်လန်းကြပါစေနော်~~~~
ခင်မင်တဲ့
မီးမီး
ရှမ်းတိုဖူးသုတ်စားချင်လို့ (တိုဖူးကကြည်ကြည်ပျော့ပျော့လေးလေ၊ ကြာညို့ချိုချိုလေးနဲ့ သံပုရာသီးလေးထည့်)အဲ့ဒါ ကုလားပဲတစ်ထုပ်ဝယ်ပြီးကြိုလိုက်တာ အေးလဲအေးရော အရမ်းမာနေပြီး မြန်မာတွေရောင်းတဲ့ တိုဖူးသုတ် တိုဖူးဖြစ်သွားတယ်...ဒွတ်ခ..ဒွတ်ခ...နှစ်ပြန်တွေ သုံးပြန်တွေပဲကြော်စားလိုက်ရတယ်..စု
ReplyDeleteကောင်းလိုက်တာ ချဉ်ပေါင်ရွက်။ ဒီမှာတော့ တခါမှမတွေ့သေးဘူး။ ကိုယ်ကပဲ မနှံ့လို့လားတော့မသိဘူး။ ကုလားဆိုင်တော့ရှိတယ်။ သိပ်ကြီးခဏခဏမသွားဖြစ်ဘူး။ အဲလိုဆိုင်ကြီးမျိုးရှိရင်ကောင်းမယ်။ နယူးယောက်မှာ ကုလားတွေများတယ်ဆို။ တရုတ်တွေလည်းများတော့အတော်ပဲ ဘာစားချင်ချင်ရှာရလွယ်တာပေါ့နော်
ReplyDeleteMandy
မောင်တအိုးမယ်တအိုးချက်ကျတာပျော်စ၇ာကြီး။အိမ်က
ReplyDeleteလူကြီးကတော.ချက်ဖို.နေနေသာသာစားအောင်တောင်
မနည်းကျွေးနေ၇တယ်။အာ၇ှတိုက်သားတွေပေါတဲ.နေ
၇ာမှာနေ၇တာလည်းကောင်းတယ်။လိုချင်တာအကုန်၇ှာ
၇လွယ်တယ်။ကျမနေတဲ.မြို.ကအာ၇ှတိုက်သားနည်း
တော.ကုလားဆိုင်၊တ၇ုတ်ဆိုင်တွေက၇ှိတော.၇ှိတယ်အ
စုံမ၇ဘူး။ချဉ်ပေါင်၇ွက်ကတော.ဒီမြို.ကတဦးတည်းသော
ဗမာအန်တီကြီး၇ဲ.ကျေးဇူးကြောင်.ဝယ်စားစ၇ာကိုမလို
ဘူး။သူကကိုယ်တိုင်စိုက်တာလေ။florida မှာကချဉ်ပေါင်
စိုက်၇င်ဖြစ်တယ်.....
ဒေါ်ကြီးစုရေ.. သိပ်ညောင်စေးကျအောင်ကျိုနဲ့ လေ၊
ReplyDeleteထိုဖူးသုတ် သံပုရာသီးနဲ့ ဆို၊ အနံအရသာကြီးကတမျိုးကြီး
ဖြစ်နေမလားလို့ :)
Mandy ရေ..
မြို့ ထဲမှာတော့တရုတ်တွေများမှများ၊
တရုတ်တကမ္ဘာလုံး
ဒီရောက်နေလားလို့ တောင်ထင်မိတယ်..
Queen ဖက်မှာတော့ဗမာ ကုလား တရုတ် အာရှတွေများတယ်။
ကုလားတော့ နေရာတကာဘဲ၊
တက်စီမောင်းတဲ့လူဆိုရင် ကုလားချည်းဘဲ။
ဆရာဝန်ဆိုလည်းသူတို့ ဘဲ။
အဲဒီဆိုင်ကိုဆရာဝန်
လိုက်ရှာရင်းတွေ့ တာလေ။
ကျမတို့ ဖက်မှာကိုးရီးယား ကုလား ဂျုးပိုများတယ်လေ၊
ဆိုင်က တရုတ်ဆိုင်ထက်စာရင် အများကြီးသန့် ရှင်းတယ်။
;P
Jewel ရေ..
ယောက်ကျားတော့ ညကြီးမင်းကြီးလက်နှိပ်ဓါတ်မီးနဲ့ ၊
အိမ်ပြုတင်းပေါက်အပြင်ဖက်
အောက်နားကမြေကွက်လပ်မှာ
ချဉ်ပေါင်ရိုးတွေသွားစိုက်ထားပြီးပြီလေ။
ကိုယ်ပိုင်မြေလည်းဟုတ်ဘူး။
apartment ပိုင်မြေတွေ။
ဘယ်တော့သူများလာနုတ်မလဲ
မသိပါဘူး:)
သူလည်းဒီတခါနဲ့ ပေါင်းမှ
၃ခါဘဲချက်ဖူးတာ။
အထင်မကြီးနဲ့ ..အဟိ..