Wednesday, September 21, 2011
ဘတ်ဂျက် ညစာတနပ်
မင်္ဂလာပါရှင်~~
ခဏခဏ ခရီးထွက်တော့ ဒီအတိုင်းအ၀တ်အိပ်ထဲထိုးသိပ်ထည့်သွားတာလေ။
အနိစ္စသဘောနဲ့ ကိစ္စချောသွားပြီလေ။
အရင်ကတော့ အိတ်နဲ့ သပ်သပ်ကိုင်တယ်။
အသစ်ဝယ်တာ Toshiba ကိုclearance  ဈေး ၄၁၇ $တဲ့။
ငါးစာဘဲတွေ့ တဲ့ငါမိုက်သားလေးပါ။
တကယ်တမ်းရှင်းတော့ ၈၉၀ $ ကျတယ်လေ။
anti virus software,window 7software, 2 years warranty,(window တင်တာ ၁၀၀ ပါသေး)။ကျမအတွက်တော့  ဈေးကြီးတယ် နှမျောတယ်။
ဒီ၎ နှစ်အတွင်းမှာ ကွန်ပြူတာကောင်းကောင်းကလိတာ။
ဘလော့လေးလုပ်၊မြန်မာစာလေးရိုက်၊
ဟိုဖတ်ဒီဖတ် နဲ့ ကွန်ပြူတာကိုအားရပါးရဖျက်စီးတာလေ၊
အခုအသစ်နဲ့ ဆို ၃ လုံးမြောက်ဘဲ။
ဘန်ကောက်ရောက်မှပြင်မယ်။
ဒီမှာဈေးကြီးတယ်တဲ့ ။
ကဲပါလေ၊ဒီတော့ စားစရိတ်လေးကို ချွေတာလိုက်မယ်ပေါ့။
တနေကုန် ကွန်ပြူတာလိုက်ရှာနေတာနဲ့ အဲဒီနေ့ က ကြက်ကင်ဘဲစားလိုက်ရတယ်။
ကြက်ကင် ၀ယ်စားရင်၊များသောအားဖြင့်အရေခွံအရိုးတွေဖယ်ထုတ်ကြတယ်လေ။
ဒီတခါတော့ အရိုးကိုအသားများများချန်ပြီးထွင်လိုက်တယ်။ 
ပြီးချင်းလက်၂ ဆစ်လောက်ထည့် ပြုတ် ။
 အပေါ်ကအဆီပြင်ကိုအားလုံးဖယ်ထုတ်လိုက်ပါ။
နို့ မို့ ရင်ဟင်းရည်သောက်ရတာ ရှတတ ဖြစ်နေတတ်တယ်။
အိမ်မှာကျန်နေတဲ့ဟိုနဲနဲ ဒီနဲနဲ ဟင်းရွက်ပေါင်းစုံထည့်တာ(ပြောင်းဖူးပါရင်ပိုကောင်းတယ်)။
ရှမ်းဟင်းကတော့ အသီးအနှံ (၉)မျိုးထည့်တယ်။
ပဲတောင့်ရှည်၊ရွှေဖရုံသီး၊မို၊ဂေါ်ရခါးသီး၊ပဲလိပ်ပြာ၊ပြောင်းဖူး၊~~~~
(ကိန်(မ်)လာမ်) လို့ ခေါ်ပါတယ်။
ဝက်ခေါက်ကြော်ပါထည့်တယ်။နောက်မွှေးမွှေးသစ်ခေါက်တပိုင်းလည်းထည့်သေးတယ်။
ကျမ မရှိတော့၊ရှိတာနဲ့ ချက်တာပါ။
အရည်စပ်စပ်လေးနဲ့ သောက်ရတာ၊ဒါကသူ့ အတွက်။
ကျန်တဲ့အသားပြုတ်ကိုတော့ ဗူးဗိန္နဲသီးနဲ့ ရှမ်းလိုချက်ပါတယ်။
ဒါကကျမအတွက်။
ကြက်သွန်ဖြူနီဂျင်း ဆီသတ်ပြီး (ပဲပုတ်နဲနဲထည့်ပါတယ်)ဗိန္နဲသီး ရော၊မွှေးလာရင်၊
ရေလေးနဲ့ အဖုံးလေးပိတ်ပြီး ခဏဆိုရပါတယ်။
အားလုံးကပြုတ်ပြီးသားတွေလေ။
ရေစပ်စပ်လေးနဲ့ ကောင်းတယ်။
ကဲဟင်းရည်ပြီးရင် အသားဟင်းအတွက် ကြက်ဆင်တောက်တောက်စင်းထားတာကို ကုန်းဘောင်ကြော်မယ်။
အဲဒီအထဲမှာကြက်သွန်နီ၊ငရုတ်သီးစိမ်းအပွ၊ကြက်ဥ၊ဆား၊ငရုတ်ကောင်း၊ပဲငံပြာရည်အကြည် အနောက်၊ခရုဆီ၊တရုတ်ဟင်းချက်အရက်~~~~
အိုး~...အများကြီးထဲ့ချလိုက်တယ်။မွှေးအောင်လို့ ။
ကျမထုံးစံကတော့ကင်တာပါ။
ဆီကြောက်လို့ ပါ။ကြော်ရင်ပိုကောင်းပါတယ်။
စိတ်ကူးပေါက်လာလို့ အသီးလေးနဲနဲလောက်ထည့်ချက်လိုက်ပါသေးတယ်။
ချက်ရင်းနဲ့ ဘဲဓါတ်ပုံရိုက်တာပါ။
ပုဂံထဲခူးပြီးစားခါနီးကျတော့ ကင်မရာတကားကားနဲ့ ကိုယ့်ဖာသာကိုယ်ရီချင်တယ်။
အော် ၀ါသနာလေနော်.... 
အဲ..ကိုယ်တိုင်လုပ်ဗူးနာနတ်သီးဖျော်နဲ့ ဗီဇာကျန်သေးတယ်။
နောက်မှ ...နော်...ခုတော်တော်ရှည်သွားပြီ။
အေးချမ်းရွှင်လန်းကြပါစေ၊
ခင်မင်တဲ့
မီးမီး
7 comments:
  1. ပိုက်ဆံထွက်သွားလို့စိတ်မကောင်းပါဘူး
    အသစ်ရတယ်ပဲမှတ်လိုက်ပါ... ဟိ..
    နက်ဖြန် ပိန္နဲသီးချက်စားမယ်... အိမ်မှာရှိတယ်
    ပဲပုပ်လည်းရှိတယ်
    ခုတောင်ဗိုက်ဆာလာပြီ
    ဒီနေ့ဘာမှစားစရာမရှိဘူး
    ပါမုန့်လေးပဲစားထားတာ :(
    Mandy
    ReplyDelete
  2. ဟင်းတွေကြည့်ရတာဘတ်ဂျက်ထက်ကျော်နေပြီထင်
    တယ်။အကုန်လုံးကစားချင်စရာတွေဘဲ။နဲနဲစီမြည်း
    သွားပါပြီ။အားလုံးကြိုက်။
    ReplyDelete
  3. ဘတ်ဂျက်ညစာဆိုပေလို့ ပဲ။ ဟင်းတွေက ကောင်းမှကောင်း
    အသစ်ရတာပဲ...ပိုက်ဆံကုန်ပါစေ။ ကိုယ့်အတွက်ပဲဟာ။
    ReplyDelete
  4. Mandy ရေ.
    ဟင်း....အသစ်နဲ့ ကအားလုံးပြန်စနေရတာ၊
    သိပ်မဟန်ဘူး။ ကွန်ပြူတာပညာကလည်း ဟိုးဘိတ်ဆုံးက။
    ပိန္နဲသီးချက်ပြီးရင် ဆူးပုတ်ရွက်လေးခပ်လိုက်အုံး။
    ပြီးရင် နဲနဲခွဲပေးအုံးနော်:P
    Aunty Oo ရေ.
    တကယ်ဘတ်ဂျက်ပါ၊အိမ်ကကျန်တဲ့
    ဟင်းရွက်တွေနဲ့  ချက်တာလေ။
    ကြက်ဆင်သားဆို
    ၃နပ်တောင်ချက်တာ။
    ဒီမနက်ကြက်ဆင်သား၊ပင်စိမ်းရွက်၊
    ငရုတ်သီးနဲ့ ထိုင်းလိုကြော်ပြီးထမင်းဗူး
    ထည့်ပေးလိုက်တယ်လေ။
    ဒေါ်ကြီးရေ.
    အေးပါ၊ အသစ်ရတယ်ဆိုပြီး နဲနဲတော့ပျော်ပါတယ်။
    ပိုက်ပိုက်ကုန်တာတော့ ပျော်ဘူး..ဟီး။
    ReplyDelete
  5. link လေးယူသွားတယ်နော် cbox ရှာမတွေ့လို့ ပိုစ့်ထဲမှာ အော်ခဲ့တယ် ကင်မရာတကားကားနဲ့ ကိုယ့်ဖာသာကိုယ်ရီချင်တယ်တဲ့ တူတူပဲ မီးငယ်လေးရေ ဗိုက်ကဆာ ဘလော့မှာတင်ချင်လို့ တဖျက်ဖျက်နဲ့ရိုက်သေးတာ နည်းနည်းလောက်မြည့်မယ်ဆိုရင်တောင် ပေးမြည်းမခံဖူး အလှပျက်သွားမှာဆိုးလို့ ဟီးဟီးးးး
    ReplyDelete
  6. QuuTe ရေ..
    ကျမက ဘလော့တာလုပ်တာ၊
    လင့်တွေချိတ်တာ ဘယ်လိုလုပ်ရမှန်းတောင်သိဘူး။
    ရမ်းသမ်းပြီး ချနေတာ။
    ဟိုကဖတ်ဒီကဖတ်နဲ့ ခုထိတော့ဟုတ်နေတုံးဘဲ။
    စာရေးတာတော့ ညံတယ်..ဟီး။
    ဘဲဘဲကြီးပြောသလို အလုပ်မရှိကြောင်သန်းရှာတဲ့။
    စာလည်းဖြောင့်အောင်ရေးတတ်တာလဲဟုတ်ဘူး။
    ဗဟုသုတလည်းစေ့စေ့စပ်စပ်သိတာဟုတ်ဘဲနဲ့ ၊
    လေကျယ်နေတာလေ။
    ဘာဘဲဖြစ်ဖြစ် စိတ်ချမ်းသာတယ်လေနော်။
    လင့်ချိတ်ထားပေးတာကျေးဇူးနော်။ :P
    ReplyDelete
  7. ဘတ်ဂျတ်ဆိုပြီးရှယ်တွေချက်နေပြီးတော့..ပိန္နဲသီးဟင်းစားချင်တယ်..ဂလု..စု
    ReplyDelete