Monday, November 30, 2015

ကျိုင်းတုံကကဗျာင်္သချိုင်းတဲ့...


မင်္ဂလာပါရှင်~~~
ပြီးခဲ့တဲ့နှစ်ဆန်းပိုင်းကတဲကမြန်မာပြည်ပြန်ဖြစ်တာ မိတ်ဆွေများကိုဖောက်သည်ချဖို့ အာလူးပေးဖို့သတိရနေ
ပေမဲ့ စာမရေးဖြစ်တာပါ။ ခုလည်းမြန်မာပြည်သွားဖို့ လမ်းခုလတ်ကြီးများတောင်ရောက်နေပြန်ပြီလေ..။
ကဲ..ကျိုင်းတုံက အကြောင်းအရာလေး နဲနဲလောက်ပြန်ပြီးအာလူးပေးအုံးမှ..း))))

ဒီတခါသွားတော့ ဝစီပိတ်ဆရာတော်မွေးနေ့နဲ့ကြုံတယ်..ကျမတော့ပထမဦးဆုံးကြားဖူးခြင်းပါ။ ဆရာတော်က
နံမည်ကြီး( အကောင်ကြီးများကိုးကွယ်ကြတယ်လို့ ဆိုပါတယ်)။ ဆရာတော်ရဲ့ ကျောင်းက မြို့ပြင်နားလောက် ကတောင်ပေါ်မှာပါ။တောင်စောင်းတောင်တန်းတွေကြားထဲမှာ ပန်းပင်တွေလက်ဖက်စိုက်ခင်းနဲ့ အထူးသဖြင့်
ကဗျာသင်ချိုင်းဆိုတာ အရမ်းထင်ပေါ်ကျော်ကြားသတဲ့ရှင်။ကဗျာတွေ စာတိုလေးတွေ ဆုံးမစာတွေ အဲဒါတွေ ကိုကဗျည်းအက္ခရာတင်ပြီး အုတ်ဂူငယ်လေးတွေတန်းစီထားတာပါ...။



တခုခြင်းစီလိုက်ဖတ်မှတ်နေရင် တော်တော်အချိန်ယူရမှာပါဘဲ...
ဆရာတော်ရဲ့လက်ဖက်စိုက်ခင်းက မေလနေပူပူထဲမှာတော့ စိမ်းစိုနေတာအမှန်ဘဲ...
ဟိုး..တောင်အောက်ဖက်လှမ်းကြည့်လိုက်တာ မသိရင်.နိုင်ငံခြားတိုင်းပြည်လားထင်ရတယ်လှတယ်နော်
ကိုယ်တို့မွေးရပ်မြေပေါ့ရှင်...

တောင်အောက်ကရပ်ကွက်ကအရင် လယ်ကွက်တွေများပါတယ်..ခုတော့ မြို့သစ်တဲ့...ကျိုင်းတုံမြို့တွင်းက
တော့ ဟိုးမြင်ရတဲ့ မူန်ပြပြလေးပေါ့...
ဆရာတော်မွေးနေ့ကို ဒုသမတ ကတော်ရော စစ်ဖက်ကအရာကြီးလာကြတယ်တဲ့.. ကျမတို့က မွေးနေ့ပြီး
နောက်တရက်မှာသွားတာပါ...လက်ဆောင်ရတဲ့ ကားကြီးတဲ့...( ၃စင်းတောင်တွေ့ခဲ့တယ် :P )

ဧပြီမေလဆိုရင် ကျမတို့ဆီမှာ တောင်ယာတွေမီးရို့လို့ မီးခိုးမြူတွေနဲ့ အသက်ရူရခက်တဲ့အချိန်ပေါ့ရှင်..
( ရာသီဥတုဖေါက်ပြန်တာ ကမ္ဘာကြီးပူနွေးလာတာ သူတို့တွေလည်း အဓိကတရားခံတွေဘဲ.. တချိန်လုံး

တောင်ယာခုတ် မီးရို့ ၂နှစ်တခါလောက်နေရာပြောင်းပြောင်းပြီးစိုက်နေတာ..တောင်ပေါ်က အားခါ လီရှော လူမျိုးတွေကို ထိုင်းကနံမည်ပေးထားတာက တောစားဘီလူးတဲ့...)
ဌက်ပျောဖူးက ခရမ်းရောင်..မမြင်ဖူးလို့...
ဝစီပိတ်ဆရာတော်ရဲ့ကျောင်း...အဝင်ဝ
ဒါကဘေးတံခါး...အဝင်ဝက တံခါး ၃ချပ်အောက်က တချပ် ဘေးက တချပ်..သေသေချာချာကြည့်ခဲ့တယ်...
ကျွန်းသားအပြားကြီးမှကြီး..ပန်းတွေဖော်ထားတာ...အိုး..လာ လား...မိုက်တယ်...နောက်ဆိုရင်တော့
(လာဘ်စားခြင်းများကင်းစင်သွားတဲ့အခါပေါ့ စဉ်းစားမိတာပါ မောင်မင်းကြီးသားများလည်း ဒီလို သိန်း ထောင်
သောင်းချီပြီး မလူနိုင်လောက်တော့ဘူးပေါ့နော်..ဟီး..)
 ငယ်ငယ်တုံးက မြင်ခဲ့ဖူးတဲ့ ရူခင်းနဲ့မတူတာအမှန်....သစ်ပင်ကြီးကြီးမားမားတွေ ထင်းဘဝရောက်ကုန်တာ
လား ဘယ်တိုင်းပြည်ရောက်ကုန်လဲ မသိ!!!!
 တောင်ကိုဖေါက်ပြီးရေသွယ်တာလား..လမ်းဖေါက်တာလား..မသိ...
တောင်ကတုံးမှာ မောင်ဖုန်းကိုရှာ...ကျိုင်းတုံပတ်လည် တောင်ကတုံးချည့်ချည့်ဘဲ...စိတ်ပျက်တယ်ဗျာ..
 ဒီပုံကိုမြင်ပြီး စိတ်ထဲမသက်တာတာအမှန်...ကွမ်ရင်မယ်တော်က ဘုရားနဲ့တတန်းထဲ..ဗျ...

နောက်ခံကနှင်းဆီတောင်ပေါ့...နှင်းဆီတွေမထွက်သေးဘူး...လက်ဖက်စိုက်ခင်းအစပ်ကနေ လက်ဖက်ခူး
သမအသစ်ကလေး..ဟီး..ပေါ်မလာဆိုတာကပျင်းနေတာရယ်ဘာတွေနဲ့ရူပ်မှန်းမသိရူပ်နေတာအမှန်ပါဘဲ
ရှင် တလလုံးတပုဒ်တလေလောက်တော့ရေးသင့်တယ်လေ...ကြိုးစားပြီး ညနက်သန်းခေါင်ကမန်းကတန်း ဘလော့ကလေးကို အသက်ဆက်ပေးလိုက်ပါတယ်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး