Showing posts with label Thailand-Phuket. Show all posts
Showing posts with label Thailand-Phuket. Show all posts

Friday, July 3, 2015

ဖူးခက်တခွင်..

မင်္ဂလာပါရှင်~~~
ပင်လယ်ကမ်းခြေမှာနေ့လည်တနေကုန်လောက်ရေကစားပြီးတာနဲ့ လူတွေဟာညကျရင် စားဖို့သောက် ဖို့ပြင်ဆင်ရပြီလေ.. ခုလောလောဆယ်တော့ ထိုင်းက ဖူးခက်နဲ့ မြန်မာငွေဆောင်ကမ်းခြေ ဆက်တိုက် သွားမိသူတယောက်အတွက်တော့ နိူင်းယှဉ်တာလေးတွေ မြင်မိတာလေးတွေ ပြောပြချင်ထှာ..နော်..
Jungceylon shopping mall က Phuket မှာတော့ နံမည်ကြီး အထူးသဖြင့်ကိုယ်တို့လို ခရီးသွားတွေ အတွက် စားဖို့သောက်ဖို့ရွှေးချယ်စရာအများကြီးရှိတယ်ဆိုတော့ အချိန်ပြည့်စည်ကားနေတာပါဘဲ။

ဟော်တယ်နဲ့အနီးအနားရှိတဲ့ဆိုင်တွေမှာ ညတိုင်းစားတာ ငြီးငွေ့လာလို့ မြေပုံကြည့်ပြီး Mallကိုချီတက်လာကြပါတယ်..နီးနီးလေးကို ခပ်တည်တည်နဲ့ မသိဘဲနဲ့သုံးဘီးတားစီးပြီး လာတာ ၁၅ဝ ဘတ်ပေးရပါတယ်..ကားသမားလည်းလူလည်ပါ..Mall တခုလုံးကို ပတ်မောင်းပြီး ဒေါင့်မှာချထားပေးလိုက်တယ်လေ....
အေးရော.. လမ်းလျောက်ရင် ၅မိနစ်ခရီးလေး..ဟီးဟီး..တောသားနှပ်ပစ်ခံရတာ..
အပေါ်ထပ်တက်တဲ့ဓါတ်လှေခါးနားက မုန်းလူမျိုး ကရင် လူမျိုးတွေရဲ့ အဝတ်အစားတွေနဲ့ အလှပြထားတာတွေ့လို့..ကိုယ်ကတော့ချည်ထည်သားတွေဘဲ ဝတ်တတ်တဲ့သူဆိုတော့ ချည်ထည်တွေ့ရင်မနေနိုင်ဘူးစိတ်
ဝင်စားတယ်..။လှတယ်မဟုတ်လား..
Mall ကိုအလှဆင်ထားတာတွေ ရေသံကြားနေရတော့ ပူတာနဲနဲတောင်လျော့သွားသလို...ပင်လယ်ကမ်းစပ်မြို့တွေမှာ ဧည့်သည်တွေ ညညဈေးဝယ်ထွက်ဖို့ ညစာစားဖို့ နေရာလေးတွေဖန်တီးထားပေးတာ နိုင်ငံတိုင်းပါဘဲ..ငွေဆောင်မှာ ညစာကိုရွှာထဲ(သူတို့အပြောပါ) ကိုသွားရတယ်။ ဆိုင်လေးတွေလည်း အားလုံးကပြည့်နေပါတယ်။ တခုတည်းသောလမ်းမလည်း ဖုံတသောသောနဲ့ ပိုဆိုးတာက လူကြီးမင်း(တချိန်လုံး ကိုယ်တို့ ကိုအမိခေါ်လိုက် အဘခေါ်လိုက်လုပ်သောသူကြီးပေါ့) ကလည်းလာတဲ့အချိန်တဲ့၊ လမ်းလည်းကျဉ်းကျဉ်းမှာဘယ်ညာဖက်မှာရပ်ထားတဲ့ကားနဲ့ ဘတ်စ်ကားကြီးကလည်း ဝင်လာတယ်..အိုး..ရှေ့ပိတ်နောက်ပိတ်နဲ့..ဘယ်ပြောကောင်းမလဲ..ငုတ်တုတ်ကြီးပိတ်မိနေကြတယ်လေ..လမ်းပြပုလိပ်ဆိုတာလည်း မတွေ့မိပါဘူး..ဖုန်သောသောထူနေတဲ့လမ်းမပေါ်က ဆိုင်တွေမှာ စားပြီးမယ်ငီး အဲ့ညမှာဘဲ...၁၃ခါ အန်းပီး..အီးပန်း ၄ခါလောက်အော့အန်လို့ ဆရာဝန်ဆီကြွမြန်းလိုက်ရပါတယ်လေ... ကွင်းပြင်ကျယ်ကျယ်တခုမှာ ရိုးရာတဲလေးတွေနဲ့ စုပေါင်းရောင်းချတဲ့စားသောက်ဆိုင်တန်းကြီးတွေပေါ်လာရင်ကောင်းမှာ မီးမရှိလည်းရပါတယ်..အဲကွန်းမလိုပါဘူး..လေတဟူးဟူးတိုးနေမှာဘဲဟာ..အမိုးမြင့်မြင့်..ကျယ်ကျယ်ဝန်းဝန်းနဲ့ အသက်ရုလို့ကောင်းမဲ့နေရာတခုဘဲလိုတာပါ...ကိုယ်တို့စားခဲ့တဲ့ဆိုင်မှာက ပန်ကာ လည်းမလုံလောက် ပူကပူ အိုက်ကအိုက် လူကများ..ဟူး.....
 
ကိုင်း..ခုတော့ ဒီဖူးခက်မှာဘဲ..ဆက်သွားရအောင်..ဒီတခါ MK ဆိုင်ပေါ့..ခါတိုင်းလည်းစားနေကြဆိုတော့စဉ်းစားမနေတော့ဘူး..တန်းဝင်လိုက်တာ..ဒီတခါကြတော့ Gold MK တဲ့၊ ဘာကွာလည်းဆိုတော့ ဟင်းတပွဲလာချပေးလိုက်တခါရွှတ်ပြလိုက် ဆလံတင်လိုက် ရှိခိုးပြလိုက်နဲ့ ပြင်ဆင်ထားတဲ့ပွဲပုံစံလေးတွေ ပိုသားနား
တယ်..ဒီလောက်ပါဘဲ..အဟီး.ဈေးကတော့ အတော်ကြီးကွာတာပေါ့..ဈေးကြီးတယ်ဆိုပါတော့..

စားပွဲထိုး ကိုကိုမမတွေ ဖြတ်ဖြတ်လူးလာမေးပါလိမ့်မယ်.. ပြည့်စုံပြီလာပေါ့...
ဘာမှအလကားမရဘူး..ရိုးရိုးဆိုင်မှာက ရေနွေးကြမ်းအလကားရသေးတယ်..
ဘဲကင်က သိပ်အရသာကွာလှတာတော့မဟုတ်ပါဘူး..ပြင်ဆင်တာလေးဘဲ..
ကွာတာ..
လာချထားပေးတဲ့ ပုဂံလေးတွေက စင်လေးနဲ့ပေါ့..
ကော်ပြန့်ပုဇွန်လိပ်ပေါင်း..တဲ့
ကျောက်စိမ်းခေါက်ဆွဲကကြိုက်လို့အမြဲစားလေ့ရှိပါတယ်..

အဟဲ..အားလုံးအပြောင်စားတာ..တန်အောင်လို့..ချန်ထားကျန်ထားခဲ့ရင် မယ်ငီးအာကီးစိတ်ဆိုးလယ်..ဝေ့း)
ကဲ..စားပြီးသောက်ပြီး..ပဲပေးအမှတ်တရလေး..ပေါ့...
နောက်နေ့နေ့လည်လည်း နောက်တခေါက်လာကြသေးတယ်လေ..မပါမဖြစ်က ဆိုဘာခေါက်ဆွဲပေါ့
ဒီတခါတော့ ဂျပန်ဆိုင်မှာဘဲ..ဝါးတီးဖွင့်ကြတယ်..ပဲအနက်နဲ့ကန်စွမ်းဥပေါင်း..တဲ့
ငါးကင်..တခြမ်းထဲပေးတာဗျ....
ဆလပ်ကလည်း တတုံးဆို ပါးစပ်ထဲဝင်ဖို့မနဲသွားဖြဲရတာ..ဟီး
အူတုံ..ခေါက်ဆွဲ..တဲ့..တကယ်ဆိုရင်တကမ္ဘာလုံးခေါက်ဆွဲအားလုံး ထဲမှာ
ရှမ်းခေါက်ဆွဲကအကောင်းဆုံး..
ဒီပန်းကန်ကသနားစရာကောင်းတယ်.. ၃လုပ်ထဲနဲ့ ကုန်သွားပါတယ်ဆို...မိူခေါက်ဆွဲတဲ့..
ပြီးတော့ ခရုကမ္ဘာခေါ်မလား...ဟိုဟိုဒီဒီလျောက်ငမ်းကြတာပေါ့..

တခါမှအပြင်မှာမမြင်ဖူးတဲ့ ခရုတွေပါ..
ဒါတွေတော့ မြင်ဖူးပါတယ်..
နံမည်တွေတော့မသိပါဘူး..
ဟိုကြည့်..ဒီကြည့်.
တောင်ရိုက်မြောက်ရိုက်ပေါ့..လေ..
ဒါလေးကတော့ လှလို့..
window shopping ကြိုက်တတ်တဲ့ အိမ်ရှင်မတွေရဲ့ အလုပ်က လျောက်သွားမယ်ငမ်းမယ်လေ..
သူ့ကိုရုပ်ရှင်ရုံရှေ့ခဏထားခဲ့တာ..ဒီလိုဆန့်ဆန့်ကြီးစောင့်နေပါတယ်..ဟီး..ရုပ်ရှင်ကြည့်မလို့ဟာ..အချိန်ကကန့်လန့်ကြီးဖြစ်နေတာ ..ပြပြီး ၄၅မိနစ်လောက်တောင်ရှိပြီလေ..

ကိုယ်တော့ ကုသိုလ်ကောင်းမူ့ပြုလိုက်ရသေးတယ်..ဘုရားရေသပါယ်တာ..
ဟော်တယ်နားကစားသောက်ဆိုင်..စားလို့ကောင်းတယ်..ဒါပေမဲ့ အရမ်းစောင့်ရတာဘဲ..မြန်မာအလုပ်သမားလေးတွေလည်းအများကြီးဘဲ..

ပြန်မဲ့ညက လေယာဉ်ကွင်းကစားသောက်ဆိုင်..ထိုင်းပင်စိမ်းပုဇွန်ပေါ့..တခါတလေလည်းသူတို့ကပဲသီးတွေထည့်ကြော်တတ်တယ်..

ငပိလူးထမင်းတဲ့...
ကော်ရည်ခေါက်ဆွဲ..ခေါက်ဆွဲဖတ်ကို..ရှာမတွေ့ဘူး... ကော်ရည်များလွန်းတယ်..
လမ်းဘေးကအကြော်ဆိုင်တခု...
ကိုယ်တို့တည်းခဲ့တဲ့ဟော်တယ်....
ကဲ..ဒီတခါ..တကယ်ပြန်ပြီ...
လေယာဉ်ကွင်းမှာလည်း..ဆွေးမျိုးပေါက်ဖော်တွေချည်းဘဲ...
ဒီဖူးခက်ကြီးကို..တကယ်နူတ်ဆက်လိုက်ပြီနော့..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Saturday, June 13, 2015

တောင်ပေါ်ကဘုရားနှင့်ဖူးခက်ရောက်မြန်မာပြည်သားများ


မင်္ဂလာပါရှင်~~~

ဧပြီလ ၁၄ရက်နေ့ဆိုရင်မြန်မာနိုင်ငံမှာရေတွေကစားကြဘုန်းကြီးကျောင်းတွေမှာဥပုဓ်သီလစောင့်တည်
ကြတဲ့အချိန်နေမှာပေါ့..ကျမလည်း ဖူးခက်ရောက်တုံး ဒီကဘုရားဖူးလို့ လိပ်ဥလည်းတူးရင်းကမ်းခြေအား လုံးကားတပတ်စီးပြီးလည်လည်ထွက်ခဲ့ပါတယ်။
 views point တွေနားရပ်လိုက် ဓါတ်ပုံတွေရိုက်..
 ရူမျှော်ခင်းတွေကြည့်လိုက်နဲ့ အပန်းဖြေခြင်း ဆိုတဲ့အဓိပ္ပါယ်ကို နဲနဲနားလည်လာသလိုပါဘဲ...
နောက်ဆုံးတော့ တောင်ပေါ်ကဘုရားကိုရောက်လာပြီပေါ့...ဖူးခက်မှာတော့ အမြင့်ဆုံးတောင်ထိပ်က အ
ကြီးဆုံးဘုရားတဆူပါဘဲ..တဲ့ ကားဆရာကပြောပြပါတယ် ဘုရားသွားချင်တယ်ပြောလို့ သူကပြောပြတာပါ
မြန်မာလူမျိုးတွေရဲ့ချစ်စရာကောင်းတဲ့ဓလေ့ပါဘဲ..တဲ့ ဘုရားမှာလည်း ခင်ဗျားတို့ရဲ့ မြန်မာတွေဘဲမြင်ရမှာပါ
ဆိုဘဲ..ထိုင်းတွေတော့ ညကရေကစားသောက်စားမူးရူးလို့မထနိုင်ကြသေးပါဘူး..တဲ့...
ဟုတ်မှာပေါ့..ရောက်ရောက်ချင်း ဘုရားရေသပ္ပါယ်နေတဲ့ မွန်ခလေး ၂ယောက်တွေ့ရတယ်..
ဘုရားကဆောက်လက်စပါ မပြီးသေးပါဘူး..ကြာလည်းကြာပါပြီ..အလူရှင်တွေလာလူတဲ့ငွေနဲ့တဖြေးဖြေး
ဆောက်နေကြပါတယ်..တဲ့ ဘုရားပုံက ကြာပန်းပေါ်စံမြန်းနေတဲ့ပုံသဏ္ဍန်ပါ..
ဖူးခက်မှာ မြန်မာနိုင်ငံသား ၂သိန်းကျော်ရှိတယ်လေ..ဘယ်နေရာရောက်ရောက် မြန်မာစကားနဲ့သာပြော
ကြည့်ပါ သူတို့ပြန်ပြောကြပါတယ်..တချို့တလေတော့သိပ်မပြောချင်ကြဘူး..စားသောက်ဆိုင်တွေ ဟိုတယ်
မိုတယ် ကမ်းစပ်မှာစပိဘုတ်တွေဌားတာ..အားလုံးမြန်မာနိုင်ငံသားတွေချည်းပါဘဲ..ဗမာလိုအသံဝဲဝဲနဲ့ပြော ရင်သေချာတယ် မွန်ပြည်နယ်ဖက်က...း)) တွေ့သမျှအားလုံးသဘောကောင်းကြတယ်..

ဘုန်းကြီးက လက်ဖွဲ့ချည်မျှင်ပေးတော့ တန်းစီပြီး အထူးသဖြင့် နိုင်ငံခြားသားတွေ သွားယူကြတာပေါ့..ကိုယ်
တွေလည်းဘယ်လက်လွှတ်ခံမလဲ..နော့်
ဖူးခက်က သဘောအကျဆုံးအရာတခုမှာ အလူခံသေတ္တာကြီးပါဘဲ..မီးခံသေတ္တာကြီးနဲ့ဆိုတော့ ပြီးရောဘဲ
ရန်သူမျိုး ၅ပါးရန်က ကင်းရောပေါ့...
မာဘယ်ကျောက်ဖြူပြားသေးသေးလေးတွေ တချပ် ဘတ်၃ဝဝနဲ့ အလူငွေထဲ့ပြီး စာရေးကမည်းအက္ခရာတင် ထားလို့ရပါတယ်တဲ့..ဘုရားပုံတော်နဲ့ အောက်ခြေဖက်မှာကပ်ဖို့ပါ..အဲ..စကားဖြတ်ပြီးထပ်ပြောရ ရင်တော့ ဘုရားကကျောက်ဖြူနဲ့ထွင်းလုပ်ထားတာမဟုတ်ပါဘူး။(ကျောက်ပြားတွေအလူငွေထဲ့တဲ့နေရာမှာစောင့်နေ
တာလည်းမြန်မာအဖိုးကြီးတယောက်ပါ..)

ဘုရားအနီးကပ်ရိုက်ကြည့်ရင်တော့ ဒီလိုတွေ့မှာပါ..ကျောက်ပြားသေးသေးလေးတွေနဲ့ အင်္ဂတေပေါ်ကပ်ပြီး
ဘုရားကိုထုလုပ်ထားတာပါ...ဒီပုံကတော့ကျမရိုက်တာမဟုတ်ပါဘူး.သူများဆီကကူးလာတာပါ..း)
ရှင်ပြုအလူတခုလည်းတွေ့ခဲ့ပါတယ်..ဆွမ်းစားချိန်နီးတော့ ကိုရင်ငယ်အသစ်လေးတွေ ဘုရားစာမြန်မြန်ဆို
ပြီးပြေးလွှားဆွမ်းဘုန်းပေးတာတွေ့ခဲ့ပါတယ်..
 
တောင်ပေါ်ကနေကြည့်ရင် ကိုယ်တို့ဖီဖီကျွန်းသွားဖို့ သဘောင်္စီးတဲ့ မော်တော်ဆိပ်ကိုတောင်လှမ်းမြင်ရပါ တယ်။
မွန်ခလေးတသိုက်ကို ခပ်တည်တည်နဲ့ဓါတ်ပုံရီုက်ပေးပြီး ဘယ်ကိုပို့ပေးရမှန်းမသိပါဘူး...ဒီမှာဘဲတင်ပေး
လိုက်တော့မယ်..ဝမ်းမနာသားသမီးတသိုက်ရေ့...
ခေါင်းလောင်းကြီးက ဘယ့်နှာကြောင့် တရုတ်စာနဲ့ရှိတာလည်းတော့ မသိပါဘူး..
ခေါင်းလောင်းတွေလည်း အများကြီးပါဘဲ...
သူများတွေလူဒါန်းထားပြီး ကမည်းတင်းစာရေးထားတဲ့ စကျင်ကျောက်ဖြူတွေ..တောင်ပုံရာပုံ..
ဘုရားကိုယ်ထည်အောက်ခြေထဲကတိုင်တွေကိုလည်း ကျောက်ပြားတွေနဲ့ကပ်ပါတယ်..
ဘယ်နားကြည့်ကြည့်ထမိန်လေးတွေနဲ့ ကိုယ်တို့နိုင်ငံသားတွေပါဆို..
တကယ်တန်းသေသေချာချာဘုရားထိုင်ရှိခိုးဖို့ ဘုရားဖူးတွေထိုင်ဖို့နားဖို့ နေရာမရှိသလိုပါဘဲလေ..သူတော့
အဲ့လို..ရှိခိုးခဲ့တာဘဲ..

ပြန်အထွက်နေရာက ထိုင်ခုံတွေ..သဘာဝသစ်ပင်အတိုင်း ထိုင်ခုံလုပ်ထားတာ အရမ်းလက်ရာမြောက်တာ
ဘဲ..

နောက်ထပ်တနေရာကတော့ သူတို့ထိုင်းတွေနဲ့ တရုတ်တွေအရမ်းသွားကြတဲ့နေရာပါ.. အနီးစပ်ဆုံး အဓိပ္ပါယ်ပြန်ကြည့်ရင် Wat Chalong ကို အောင်ပွဲခံဘုရား..ဆိုပြီး ကျမတော့နားလည်လိုက်ပါတယ်။
တကယ့်ဘုရားအမည်ရင်းတော့ ဒီလိုမဟုတ်ပါဘူး..။

ဘုရားပုံရှိတဲ့နေရာထက် ဒီဘုန်းကြီး ၃ပါးရုပ်ထုရှိတဲ့နေရာမှာတော့ လူတွေကကြိတ်ကြိတ်တိုးစည်ကားပါ
တယ်။ ရွှေကပ် တုတ်ချောင်းတွေချောက်ချပ်ချပ်နဲ့ အဓိဌာန်ပြီး ဆုတောင်း ကျလာတဲ့တုတ်ချောင်းနံပါတ်ပါ
တဲ့စာတွေသွားယူကြဖတ်ကြ..တာပေါ့..ဆုတောင်းပြည့် တယ်ဆိုပြီး တရုတ်နွယ်ထိုင်းနိုင်ငံသားတွေအရမ်း
ကိုးကွယ်ကြပါတယ်တဲ့..။

အဲ့လိုမျိုးအချိန်မှာဆူညံတဲ့ဗျောက်သံတွေ ကြားရင်မလန့်ပါနဲ့..ကံကောင်းအောင်ဖေါက်တာပါတဲ့..
ဖေါက်တဲ့နေရာတောင်သေသေချာချာလုပ်ထားတာ..သေချာတာကတော့ ထီသည်တွေပေါ့ရှင်...
တန်းစီပြီးကိုရောင်းတာ..ဆုတောင်းပြီးထီထိုး..ထီထိုးပြီးဆုတောင်း..ဘဝသံသာရာဆိုတာ..အဲ့ဒါပါဘဲ...

ဟိုး..ဘုရားဆီကိုသွားဖို့ကြတော့ ကားသမားကနဲနဲလောနေပြီလေ...အဝေးကနေဘဲဖူးခဲ့ရပါတယ်..
နေ့လည်စာကို ဖူးခက်ကနံမည်ကြီး မြန်မာစာရေးဆရာတဦးနဲ့ချိန်းထားလို့ပါ...ကျမကသူ့ရဲ့မြန်မာကုန်စုံဆိုင်
ကိုအရမ်းသွားလည်ချင်တာ..အချိန်မရှိလို့..စကားပြောအတူတူထမင်းစားပြီးပြန်ခဲ့ရပါတယ်..

အမှတ်တရအရောင်းဆိုင်လည်း..မဝင်နိုင်တော့ဘူး..
ကဲ..တာတာ..လုပ်ရတော့မယ်..
သစ်ပင်အောက်မှာတော့ နေပူကြဲကြဲဒဏ်မခံနိုင်လို့ ခဏတဖြိုက်ဝင်နားကြတဲ့သူတွေနဲ့ပေါ့..ကိုယ်တို့လည်း
ဒီလိုပါဘဲ..နေပူရင် ခဏနား..နေအေးရင် ပြန်ဆက်လျှောက်နဲ့..ဆက်လက်ချီတက်နေကြတာပါဘဲ..

မီးမီး