Showing posts with label Thailand. Show all posts
Showing posts with label Thailand. Show all posts

Wednesday, July 8, 2015

ထိုင်းတို့ရဲ့ရှင်ပြု ရဟန်းခံမင်္ဂလာအခမ်းအနား..

မင်္ဂလာပါရှင်~~~
ဘန်ကောက်ရောက်ခဲ့တဲ့အအချိန်က မတ် ဧပြီလ ဆိုတော့ ကျမတို့မြန်မာပြည်လိုဘဲ၊ရှင်ပြု ရဟန်းခံအလူ
တွေများပါတယ်။ ကျမသူငယ်ချင်းနေတဲ့ ဘန်ကောက် လေယာဉ်ကွင်းအသစ်ပတ်ဝန်းကျင်ဒေသကလူတွေ
အလှူအဒါန်းလည်းရက်ရောကြပါတယ်။ အခမ်းအနားပွဲတွေကို အပတ်စဉ်မအားရဘူး။ ကျမတော့ ၂ ခုဘဲသွား ခဲ့တာ။အဲဒီအထဲက ဒီ ရဟန်းခံပွဲကပုံရိပ်လေးတွေနဲ့ ပြောပြရအုံးမယ်..မိတ်ဆွေတို့ရေ..
အလှူမသွားခင် ခြံရှေ့မှာ မနက်စောစော ဆွမ်းခံကြွတဲ့ဘုန်းကြီးကို တွေ့ရတာက ကြည်နူးစရာ............
က်မနေခဲ့ဖူးတဲ့ ၉နှစ် ကာလတခါမှ မသွားခဲ့ဖူးတဲ့ မကြုံခဲ့ဖူးတဲ့ ရဟန်းခံပွဲတခုပါ...။
ပြီးခဲ့တဲ့အပတ်ကမောင်ရှင်လောင်းအလှူတခုတော့ မလိုက်သွားဖြစ်ဘူး..အံသြစရာကောင်းတာက ညစာကို တရုတ်ထမင်းစားဝိုင်းနဲ့ကျွေးတယ်တဲ့။ ဘတ်သိန်းချီအကုန်ခံတယ်ဆိုဘဲ..ဝိုင်းပေါင်း ၃ဝဝ ကျော်တယ်..
စတိတ်ရိူးပွဲလည်းပါတယ်။
ကျမကျိုင်းမယ်မှာနေတုံးကသူငယ်ချင်းမင်္ဂလာဆောင်တော့ ရွှာဖက်ပိုင်းကပါ.. ကောက်ညှင်းပေါင်းဆန်၂အိပ်တောင်ကုန်တယ်ဆိုဘဲ..ကျိုင်းမယ်ကထိုင်းတွေက ကောက်ညှင်းဘဲစားကြတာများတယ်လေ။
စတိတ်ရိူးနဲ့ ပွဲဈေးတန်းနဲ့အရမ်းစည်ဘဲ..တရွှာလုံးမီးခိုးတိတ်လာကြတာ.. ၃ ရက်တိတိကျွေးတယ်..😄

ခုလည်း ခပ်ဆန်းဆန်း ရဟန်းခံပွဲတခုခေါ်သွားမယ်လေ...(အပေါ်ကဓါတ်ပုံတွေက အလှူပွဲတွေ သင်္ကန်း
ပရိက္ခရာတွေပြင်ဆင်ထားတာပါ..)
ဘန်ကောက်မြို့လို့ ဆိုပေမဲ့တောအလှူလို့လည်းပြောလို့ရတယ်။ အဲ့ဒီနေရာက နဲနဲကျေးလက်ဆန်တယ်..
ပျော်စရာကောင်းလှပါတယ်။အလှူ ကျင်းပရာ ဘုန်းကြီးကျောင်းထဲဝင်ဖို့ ကားထားတဲ့နေရာမှာလည်း ဗာလံ
တီယာ ကိုကိုကြီးတွေကဝီစီ..တရွှီးရွှီးနဲ့မူတ်လို့..လူတွေအများကြီးဘဲ..
ရောက်တာနဲ့ ရဟန်းလောင်းလျှာတွေကိုဆံစဖြတ်နေပြီ။
ထိပ်ဆုံးကတော့ ဘုန်းကြီးတွေက စပါတယ်..လာသမျှလူတွေကို ဝေဖို့ ကပ်ကျေးအသေးလေးတွေ ခြင်း
ငယ်လေးထဲမှာ ထည့်ထားတာတွေ့ရတယ်..။
 ပြီးတော့ ရဟန်းလောင်းတွေရဲ့မိဘဆွေမျိုးတွေပေါ့..အားလုံးတန်းစီရတယ်..
ဘာယဉ်ကျေးမူ့ထုံးစံလည်း မယ်ငီးမသိ..သူငယ်ချင်းကိုမေးတော့လည်း..ဒီလိုဘဲလုပ်ကြတယ်..တဲ့..
 ရဟန်းခံမဲ့ (ဆံဖြတ်ခံ)ပုဂ္ဂိိုလ်ဘေးမှာ ကြာဖက်နဲ့ လူတယောက်စီ ကိုင်ပြီးစောင့်နေပါတယ်..။
သူတို့ကလက်အုပ်လေးတွေချီလို့..

 ဆံဖြတ်မဲ့သူလည်း လက်အုပ်ချီ ခွင့်တောင်းပြီးဖြတ်..ပြီးဆုတောင်းပေးကြရပါတယ်..
 လူ ၃ဝလောက်ရှိမယ်နဲ့တူတယ်..တခါရှိခိုးလိုက်..
နဲနဲစတိလောက်ဖြတ်လိုက်..နဲ့ပေါ့၊ နောက်မှ ဆံပင်ကိုရိတ်ကြပါတယ်တဲ့..။ ကျမကတော့နောက်ဆုံးအချိန် အထိနေပြီးစောင့်ကြည့်ချင်တာပေါ့...သူငယ်ချင်းကပြန်မယ်ဆိုတော့လည်း..ပြန်လာခဲ့ရတာ..။
ဟော..ကိုကိုတို့..ဆံပင်ပုံလေး..ဂလိုဖြစ်သွားလေရော..ဟယ်..ကျမတခါမှမကြုံဖူးခဲ့ပါ။ ပထမဦးဆုံးအတွေ့
အကြုံပါဘဲရှင်..။
အဟမ်းဟမ်း..ပြီးတော့ ဘူဖေးမနက်စာပေါ့..ထမင်းကြိုက်သလောက်ခူးခဲ့..ဘာဟင်းတွေကြိုက်လည်းပြော
အားလုံးခပ်ထည့်ပေးလိုက်မယ်..။
 မုန့်တီလည်းရှိတယ်..။ကျမတော့ မုန့်တီဘဲတီးခဲ့ပါတယ်..ငါးနဲ့လုပ်တာ ..နမ့်ယာ လို့ခေါ်တယ်လေ.။
ပြီးရင်..အအေး..ဇီးဖျော်ရည် ချဉ်ပေါင်းသီးရည် ပန်းပွင့်ရည် အိုး..ထိုင်းအရည်ဖျော်မျိုးစုံ..ရေခဲမုန့်လည်း
ပါသေးတယ်ဗျား..
မနက် ရနာရီကျော်ဘဲရှိသေးပေမဲ့လည်း..အရမ်းပူတာဘဲ...
တရားနာရေစက်ချ ကနေ့လည်မှဆိုတော့ သူငယ်ချင်းတို့က သွားစရာရှိတာနဲ့ ..အောင်မြင်စွာနဲ့ တပ်ခေါက်ပြန်လာကြပါတယ်..
ထိုင်းဇရပ်ကတော့ ဘယ်အချိန်ကြည့်ကြည့်အလွန်လှပနေတာအမှန်ပါဘဲ...

ကဲ...တနေ့နဲနဲပေါ့နော်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Saturday, June 27, 2015

အိမ်နဲ့ဝေးနေသေးတဲ့သူတို့တတွေ...

မင်္ဂလာပါရှင်~~~
ကျမတို့လူသားအားလုံးတွေမှာအခိုက်အတန့်ဖြစ်ဖြစ် အမြဲတမ်းဘဲဖြစ်ဖြစ် တချိန်တခါတော့ အိမ်နဲ့ဝေးနေရ
တဲ့အဖြစ်မျိုးကြုံဖူးကြတာချည်းပါဘဲ..။ ခဏတဖြုတ်လေး ခရီးထွက်လာတာတောင် အိမ်ပြန်ရမဲ့အချိန်ဆိုရင်
တက်ကြွနေတာဘဲပေါ့..။အိမ်ရောက်လို့ ပါလာတဲ့အထုတ်လေးချ အိမ်ပတ်ပတ်လည်မကြည့်အားသေးဘူး
နီးရာထိုင်ခုံပေါ်ထိုင်ချလိုက်ရတယ်ဆိုရင်ဘဲ ရေလေးတခွက်လောက်သောက်စရာမလိုတဲ့အမောပြေခြင်းကို ခံစားရတာအမှန်ဘဲ..။

တချိန်လုံးခရီးထွက်ခြင်း ပြောင်းရွှေ့ခြင်းများစွာနဲ့ အပေါင်းအသင်းဖွဲ့နေရတဲ့ မယ်ငီးတော့ သွားရင်းလာရင်းနဲ့
အပေါင်းအသင်းရှာဖွေခြင်း ပညာကိုတော်တော်တတ်နေပြီဆိုပါတော့..ဒီတခါ အိမ်အပြန်လမ်းမှာ ၃လကြာ သွားခဲ့ပါတယ်။ ထိုင်းမှာဘဲ ၄၅ ရက်နေခဲ့ရပါသေးတယ်။ ကိစ္စများမြောင်လူတို့ဘောင် ဆိုတဲ့အတိုင်း ဘန်
ကောက်မှာလည်း ငြိမ်ငြိမ်လေးဘယ်နေရလို့လည်း..ဟိုသွားဒီသွားနဲ့ ထိုင်းသူငယ်ချင်းရှိတဲ့ စက်ရုံဖက်ကိုရွှေ
ဧည့်သည်အဖြစ် ခဏခဏသွားအိပ်ပါတယ်။ သူ့စက်ရုံက သုဝဏ္ဏဘူမိလို့ခေါ်တဲ့ဘန်ကောက်ကလေယာဉ် ကွင်းအသစ်ဖက်မှာပါ။ သူတို့လည်း စက်မူ့ဇုံတွေကအများသား..အများသိကြတဲ့တဲ့အတိုင်း စက်ရုံလုပ်သား
အားလုံးရဲ့ ၅ဝ % ကျော်က မြန်မာပြည်ကများလားတောင်ပြောရမလောက်ပါဘဲ..။ စကားမစပ်ကျမသူငယ် ချင်းစက်ရုံအကြောင်းတခါက ဒီမှာ
 ရေးဖူးပါသေးတယ်။ သူငယ်ချင်းက သူကလည်းအတင်းခေါ်တယ်။ ပြီး
ဘယ်တော့မှမအားဘူး..မယ်ငီးကတော့ သူ့သူငယ်ချင်းတွေနဲ့ အဲ့ပတ်ဝန်းကျင်မှာ တရွှာလုံးပတ်လည်နေတာ
ပေါ့...။အနီးအနားက ဈေးသွားတယ် တခြားစက်ရုံတွေခြေဆန့်တယ် ပတ်ဝန်းကျင်တဝိုက်က မြန်မာနိုင်ငံ ကလာတယ်ဆိုတဲ့ အဆောင် အခန်းတွေ လိုက်လည်တယ်..။သွားလေးဖြီးပြပြီး အတင်းဝင်ရောတယ်..။
အင်တာဗျုးတွေ ဗျုးခဲ့တာပေါ့...။
တချို့အကြောင်းအရာတွေလည်း မျက်ရည်လေးလည်ပြီး နားထောင်ခဲ့သလို။ တချို့အကြောင်းအရာတွေကို
လည်း လိုက်မမှီနားမလည်ခဲ့ပါဘူး။ သူတို့တွေရဲ့ ရည်မှန်းချက်လည်း များများစားစားမရှိကြပါဘူး..။နေနိုင်သ
လောက်တော့နေကြမယ်..ဆိုတာချည်းပါဘဲ..။ ဘန်ကောက်ကိုလာဖို့ နယ်စပ်ကို လမ်းလျောက်ပြီး ၃ရက် လာရတာတို့ဘာတို့က အများဆုံးပါဘဲ..။ နေထိုင်ခွင့်လက်မှတ်ရဖို့ ပွဲစားဘတ်ခြင်းခံရသူများ ပွဲစားကူညီလို့
ဒီလိုဖြစ်လာတယ်ဆိုသူများလည်းမရှားပါ။ ပွဲစားဆိုတာကလည်း ကိုယ့်နိုင်ငံသားအချင်းချင်းပါဘဲ..။တခုပြော
စရာရှိတာက ကျမကို ဘာလူမျိုးလည်းမေးပြီး ရှမ်းလို့သိထားပေမဲ့၊ သူတို့ပြောပြောနေတဲ့ရှမ်းဆိုတာက ဒီက
ထိုင်းတွေကိုခေါ်နေတာဖြစ်ပြန်ရော...ကျုပ်မယ်ငီးတော့ နားတွေပါးတွေလည်ကုန်ပေါ့...။
များသောအားဖြင့် နယ်စပ်က တိုင်းရင်းသားတွေများပါတယ်..။ရခိုင်တွေလည်းရှိတယ်။ ကိုယ့်တူရာတူရာ
တိုင်းရင်းသားအချင်းချင်းစုနေကြတာဘဲ။ ဟို..ဖက်စက်ရုံက ကရင်တွေ၊ ဒီအောက်ဖက်က မွန်တွေ၊ ဒီလို
ပြောတတ်ညွှန်းတတ်ကြပါတယ်။ ကျမတို့နိုင်ငံ ဆိုတာကလည်း တိုင်းရင်းသားပေါင်း ၁၃ဝ ကျော်တောင်ရှိ တာဆိုတော့ စည်းလုံးညီညွတ်မူ့မရှိကြဘူးလို့ ပြောရခက်ပါတယ်။ အထူးသဖြင့် မွေးရပ်မြေကနေ တမိုင်
လောက်ဝေးတာနဲ့ တူရာမျိုးနွယ်စုချင်းဘဲ ပေါင်းသင်းဆက်ဆံတတ်ကြတာ တက္ကသိုလ်ကောလိပ်တက်ဖူး
ကြတဲ့သူတွေပိုသိမှာပါ..။ ကျောင်းတုံးကဆို ဟိုရှမ်းအုပ်စုလေ..ဒီချင်းအုပ်စုလေ..နဲ့ဒီလိုပါဘဲအုပ်စုလိုက်ဖွဲ့
နေခဲ့ဖူးကြတာချည်းပါဘဲ။
ကျမသူငယ်ချင်းစက်ရုံက မြန်မာနိုင်ငံသားတွေပါ
သူတို့တွေကျမကိုတွေ့တွေ့ချင်းမေးတတ်ကြတဲ့ မေးခွန်းက ခင်ဗျားဘာစာအုပ်နဲ့နေတာလဲ..တဲ့။ တရားဝင်အ လုပ်လုပ်ခွင့်လက်မှတ် ပတ်စ်ပို့ကိုပြောတာနေမှာ..။ သူတို့စာအုပ်အကြောင်းကို အားပါးတရ ရှင်းပြနေကြပါ
တယ်။ သက်တမ်းတိုးကတော့ ပွဲစားနဲ့ဘဲတိုးခိုင်းတယ်ဆိုတဲ့ အကြောင်း၊ ထိုင်းအစိုးရ ဆက်ခွင့်မပြုရင်တော့
ပြန်ရမှာပေါ့..လို့ဆိုပါတယ်။ သူ့အခန်းအနီးနားက စာအုပ်နီကိုင်ထားတဲ့ သူတို့ထက် အဆင်ပြေနေတဲ့ လူ ၃
ယောက်ကိုလည်း လိုက်ပြပါတယ်။ သူတို့က အဆင်ပြေမှာပေါ့..ကိုယ်ပိုင် လက်တွန်းလှည်းနဲ့လမ်းတကာ
မုန့်လိုက်ရောင်းနေတဲ့ အချားဟဲတွေကိုး..။ သူတို့ကြတော့ တမျိုး နဲနဲအဆင်ပြေတာနဲ့ သူတို့အမျိုးတွေကို
လှမ်းခေါ်လိုက်ပြီ..။ သူကတခြားအဆင့်တက်သွားရင် သူ့နေရာကို သူ့အမျိုးအနွယ်တွေကိုဘဲ ပေးထားခဲ့တာ
လေ။ ဒါကြတော့ ကျမတို့ မြန်မာနိုင်ငံသား တိုင်းရင်းသား ၁၃ဝကျော်တွေမှာ မရှိတတ်တဲ့ အလေ့အကျင့်တ
ခုနေမှာပေါ့နော်...။
သူတို့တော့ ပျော်ရွှင်နေကြပါတယ် သူဋ္ဌေးသဘောကောင်းတယ်တဲ့


တရားဝင်စာရင်းအရ ထိုင်းမှာမြန်မာနိုင်ငံသား ၂သန်းကျော်ရှိတယ်တဲ့။ အင်း..အတွေ့အကြုံအရ တရားမဝင်
စာရင်းလို့မယ်ငီး ပြောပါရစေ.. ၄ သန်းလောက်ရှိမှာ။ဒါနဲ့..သူတို့မဲကပေးတဲ့ကိစ္စ ဘဘတို့ဘယ်လို စီစဉ် ထားကြကြောင်း..သိချင်သား..ဟီး...။ သူတို့ ဘဝတွေကိုဆိုင်ရာတာဝန်ရှိကြီးများ အရေးတယူ ဆောင်ရွှက်
ပေးဖို့ခေါင်းထဲမရှိပေမဲ့၊ မဲကိစ္စမှာတော့ ပြီးတောင်ပြီးလောက်ပြီနဲ့တူတယ်..အဟီး..နဲနဲလောက်ရှည်ကြည့်
တာပါ.. း)))) ထားပါလေ..ပြန်ဆက်ကြည့်ရအောင်..ဘာဖြစ်လို့မယ်ငီးက ၄သန်းလို့ပြောတာလဲ..ဆိုတော့
အဲ့နားပတ်ဝန်းကျင်က အိမ်ယာစခန်းအကြီးကြီးပါဘဲ..ဆောက်လုပ်ရေးခွင်တခုမှာ မြန်မာလုပ်သားချည်းဘဲ
၄၅ဝ ကျော်ပါတယ်။ သွပ်မိုး သွပ်ကာ တန်းလျားရှည်ထဲမှာ ခလေးရောခွေးရော ဆိုသလိုပါဘဲ..ပြွတ်သိတ်
နေကြရတယ်။ ညနေအလုပ်ဆင်းရင် ပစ်ကပ်ကားနောက်က ကုန်ပစ္စည်းများစွာနဲ့ ရောင်းချတဲ့ ကုန်စုံဆိုင်
ကား ၄-၅ စင်းက ဆိုက်လို့။ သူတို့လေးတွေက တိုးဝှေ့လုပ်ယက်ဝယ်နေကြတယ်..။ မြင်ခဲ့ ဓါတ်ပုံရိုက်
ခဲ့ပေမဲ့ မတင်ချင်ဘူး..ရင်ထဲမှာမကောင်းဘူး..။ တန်းတူညီတူ အခွင့်အရေး လူ့အခွင့်အရေး ဆိုတာ ကိုယ့်
နိုင်ငံမှာ အများနဲ့အတူမရကြတာ..ခုလို သူများနယ်မြေမှာ အနှိမ်ခံ လူတန်းစားတရပ်အနေနဲ့ မြင်တွေ့ရတာ
တော့ တကယ်ဘဲ သနားတယ် ကိုယ်ချင်းစာတယ်။ တခြားလှေဆိပ် ကမ်းနားက ငါးဖမ်းသဘောၤပေါ်မှာ
လုပ်ရတဲ့သူတွေဆိုပိုဆိုးတယ်..တဲ့။
ကျမသူငယ်ချင်းက နေ့လည်စာထမင်းချက်ကျွေးတယ်လေ ကောင်မလေးတွေပျော်တာပေါ့

ဆောက်လုပ်ရေးခွင်မှာလုပ်နေတဲ့ အကိုလေး ၂ယောက်နဲ့စကားပြောဖြစ်ခဲ့သေးတယ်..။ သူဋ္ဌေးက ကမ္ဘော
ဒီးယားဖက်မှာ ကန်တရိုက်ရတော့ သူ့ကိုပါ အဲ့ဖက်ခေါ်သွားတယ်တဲ့ နောက်မြန်မာနိုင်ငံသားတယောက်နဲ့
ပေါ့..။ နယ်စပ်မှာဘဲ လှည့်ပြန်လာခဲ့ရတယ်လေ..။ သူတို့စာအုပ်က ဒီနိုင်ငံတွင်းမှာဘဲ လုပ်ရမှာမို့လို့တဲ့...။
သူတို့တွေ အားလုံး တလဘတ် တစ်သောင်းဝန်းကျင်လောက်ဘဲရတာ..။ မြန်မာငွေနဲ့ ၃သိန်းလောက်နေ
မှာပေါ့..။ တချို့လည်း မြန်မာပြည် ပြန်လာကြတယ်..။ လယ်လုပ်ခြံလုပ်နဲ့ ပါလာတဲ့ပိုက်ဆံပြောင်သွားလို့
ဒုံရင်းနေရာကိုဘဲ ပြန်ရောက်လာကြတဲ့သူလည်းမရှား..။ ခလေးမွေးပြီး အဖိုးအဖွားနားအပ်ထားလို့..ပြန်လာ
ကြတဲ့လူလည်းရှိတယ်။

တနေ့နဲနဲလောက်နဲ့ ဆက်ကြသေးတာပေါ့..ရှင်.......


ဒီအပေါ်ပုံက ကျောက်မျက်သွေးတဲ့နေရာပါ..အလုပ်သမားထောင်ချီပြီးရှိတယ်..။ ဝင်းကြီးက ကြီးမားကျယ်
ဝန်းလှပါတယ်..။

ရှေ့တည့်တည့်မှာတော့ ဈေးတခုရှိပါတယ်။ တချို့ဆိုင်မှာ..မြန်မာစာနဲ့တောင်ရေးကပ်ထားတာတွေ့ရတယ်

ကျမတောင် ချည်ပေါင်ပင်တွေဝယ်ခဲ့ပါသေးတယ်..၁ဝ ဘတ်မှ ၃စည်းတောင်ရတာ..ဈေးချိုလိုက်တာ...

သူတို့တွေလည်း အိမ်နဲ့ဝေးနေကြသေးသလို ကျမလည်း အိမ်နဲ့ဝေးနေပါသေးတယ်...တနေ့တော့ တနေ့ပေါ့
ကိုယ်တို့ရဲ့..တနေ့တော့ ရောက်လာမယ်ဆိုပြီး လျောက်လှမ်းနေကြတဲ့သူချည်းပါဘဲလေ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Sunday, March 22, 2015

ခေါင်မိုးမလုံတော့..

မင်္ဂလာပါရှင်~~~
တနှစ်တခါထိုင်းကိုရောက်ရင်အမြဲမြင်ရကြားရအဖန်တရာတေနေပါပြီ။ ထုံးစံအတိုင်းကိုယ်တို့ဆီကနဲ့နိူင်းယှဉ်မိတာပေါ့။ ဟိုး.အဝေးကြီးက တိုးတက်နေတဲ့ နိုင်ငံတွေ အနောက်နိုင်ငံတွေ နဲ့ မယှဉ်ကြည့်ရဲပါဘူး။မမျှော်လင့် မော်ဝင့်လို့တောင်မကြည့်ရဲခဲ့ပါဘူး။ စိတ်ထဲဆင်းရဲလွန်းလို့ပါ။ လူချင်းတူပေမဲ့ ဘာလို့များ ငါတို့ကအနှိမ်ခံ အားငယ်သိမ်ငယ်နေရတာလည်း..ဒါကိုလည်း အမြဲအတွေးဝင်မိပါတယ်။

ကဲ..တနှစ်တခါလောက်တော့ မြင်တာလေး နိူင်းယှဉ်ပြောပြမယ်လေ။ဒီလို..ရှင့်..။ ကျမတို့ အမေရိကားကနေ ထိုင်းကို Non immigrant visa multiple re entry permit နဲ့ဝင်လာတာပါ။ အရင်တုံးကတော့ ထိုင်းမှာ Permanent resident ကြီးပေါ့လေ။ ခုတော့ ဟိုးဖက်က resident ဆိုတော့ ဒီဖက်ကိုဖြုတ်လိုက်တာနောက်မှ ပြန်လိုချင်လို့ ပြန်လျှောက်တယ်ဆိုပါတော့..။ အဝင်တုံးက ၃ လထုပေးလိုက်တော့ ဒီဖက်မှာ visa status ချက်ချင်းပြောင်းလို့မရဘူးတဲ့။ အနဲဆုံး visa ၄၅ ရက်ကျန်မှ စလုပ်ပေးနိုင်တယ်ဆိုတော့ နွေပူပူမှာ မယ်ငီးလည်း ဟတ်ကော့ကြီး ဒီမှာသောင်တင်နေပါတယ်။ အရင်တုံးကဟာတွေလည်း အနိစ္စသဘော
ကိစ္စချောသွားပြီဆိုတော့ စာရွှက်စာတမ်းအစကနေပြန်လုပ်ရတာပေါ့လေသူတို့အစိုးရရုံးတွေ ပြေးရတာပေါ့။ 

ကျမတို့က တခြားနိုင်ငံမှာ(ယောက်ကျားရဲ့အလုပ်လိုအပ်ချက်အရ)သွားနေရပေမဲ့ ထိုင်းမှာ ထိုင်း visa extension တနှစ်တခါလုပ်ရတယ်။ သူကထိုင်းအခြေစိုက် အနောက်နိုင်ငံတခုရဲ့ကုမ္မဏီမှာအလုပ် လုပ်တာကိုး..။ သက်တမ်းတိုးဖို့ one-stop services center ကိုသွားရပါတယ်။ သူတို့ကုမ္မဏီ HR ဖက်ကအားလုံးစီစဉ်ပေးရပါတယ်။ အားလုံးပြီးမှ ကျမတို့ကိုချိန်းပြီး အဲ့နေရာကိုလာခိုင်းတာပါ။ သူတို့ကုမ္မဏီက ကုမ္မဏီကြီးဆိုတော့ ကျမတို့အပြင် တခြားနိုင်ငံခြားသားတွေလည်း အများကြီးရှိတယ်။ လိုက်ပါဆောင်ရွှက်ပေးတဲ့လူမှာတောင် လက်ထောက်ကပါရသေးတယ်။ စာရွှက်စာတမ်းတပုံတခေါင်းပါတဲ့ ကျောပိုးအိတ်ကြီးထမ်း 
လို့ပေါ့။ ဟင်း...အဲ့ဒီတုံးက ဓါတ်ပုံရိုက်ထားဖို့မေ့သွားတယ်။ အဲ့ ဒီနေရာက ရင်းနှီးမြုပ်နှံမူ့ကြီးမားတဲ့ ဘတ် သန်းပေါင်း ၃ဝ အထက် ရှိတဲ့ ကုမ္မဏီတွေကိုမှဝနဆောင်မူ့ပေးတာပါ။ သူတို့ပြတဲ့စာရွှက်စာတမ်းနေရာမှာ လက်မှတ်ထိုးပေးပြီး ထိုင်စောင့်နေရုံပါဘဲ။ 
one stop service center
လေအေးစက်တွေစိမ့်အောင်အေးလို့ အနံမရှိသော ရေအိမ်တွေသပ်သပ်ရပ်ရပ်( ဒါကအရမ်းအရေးကြီးတယ်လေ) နဲ့ ကွန်ပြူတာတွေရှေ့မှာ အလုပ်ရူပ်နေတဲ့လူဝင်မူ့ကြီးကြပ်ရေးဌာနကဝန်ထမ်းတွေကလည်း ဗျူဌာစွာဖော်ရွှေပြီးအပြုံးမျက်နှာလေး
တွေနဲ့ အားလုံးကိုဆက်ဆံပါတယ်။ အဲ့ဒီမှာ နိုင်ငံခြားသား မိသားစုတွေအများကြီး ဆိုင်ရာဆိုင်ရာ Company HRတွေနဲ့ လာကြတာပေါ့လေ။အမျိုးသား Company HR ကလူ အရင်ကြိုရောက်ပြီး Queue တိုကင်နံပါတ် ယူထားပေးတယ်လေ။ ကိုယ့်အလှည့်ရောက်မှ လဝက အရာရှိ ကိုဝင်တွေ့ရပါတယ်။ 

အဲ့ဒီမှာ တခုပြောပြချင်တာ..ကျမတို့စာရွှက်စာတမ်းထဲက အရေးကြီးတာတခုကလက်ထပ်စာချုပ်ပါမူရင်းမြန်မာရော နိုကြီလုပ်ဘာသာပြန်ထားတဲ့ မြန်မာ့နိုင်ငံခြားရေးဝန်ကြီးဌာနကတံဆိပ်တုံးကြီးခပ်နှိပ်ထားတဲ့စာရွှက်ပေါ့။ ကျမမိတ်ဆွေများမြင်ဘူးကြမှာပါ A4 size မဟုတ်တဲ့ ခပ်ရှည်ရှည်နဲ့ခေါက်ရခက်တဲ့ legal size 216mmx340mm( 8.4"x14") စာရွှက်ပါ။ ထိုင်းမှာရှိတဲ့မြန်မာသံရုံးကလည်း လက်မှတ်ထိုးတံဆိပ်တုံး ထုထားရပါသေးတယ်။တနိုင်ငံသွားတိုင်း ဘာ
သာတခုပြောင်း နိုတြီလုပ်လိုက် ဟိုကတုံးထု ဒီကတုံးထုနဲ့ အ မြဲတမ်းလုပ်လွန်းလို့ မူရင်းစာရွှက်လေးကလည်း ခပ်နွမ်းနွမ်းနဲ့ အောက်အနားတွေလည်းဖွာလံကြဲနေပေါ့။ 
ရှင်းရှင်းပြောရရင် စုတ်ပြတ်သတ်လို့ပေါ့ရှင်..😁

ပထမဆုံး အရာရှိမမလေးရဲ့ အခန်းထဲဝင်တော့ (ဘယ်နေရာသွားသွား HR ဖက်ကထိုင်းတယောက်လိုက်ပေးတယ်လေ) အရာရှိမကလည်း အဲဒီထိုင်းနဲ့ဘဲ စကားပြောတာပါ။ ကျမတို့ကိုတော့ ပြုံးပြတခုဘဲလုပ်တာပါ။ သူကစာရွှက်စာတမ်းတွေတပုံတခေါင်းကိုလှန်လှော်ကြည့်ရူလက်မှတ်တွေထိုးပေးရတယ်လေ။ သူကကျမရဲ့ ချိနဲ့နေတဲ့စာရွှက်လေးကို တရိုတသေလေးကိုင်တွယ်ရင်း HRကောင်လေးကို လှမ်းပြောပါတယ်။ ဒီလိုအနေအထားစာရွှက်ဆိုရင် ဘယ်နိုင်ငံကဘဲဖြစ်ဖြစ် ငါတို့လက်မခံနိုင်ပါဘူး။ ဒါပေမဲ့ မြန်မာပြည်ကတော့ငါလက်ခံတယ်။ ဒီလို စာရွှက်လေးရဖို့ ရန်ကုန်ကနေတဆင့် (လွန်ခဲ့သော ၁ဝနှစ်နီးပါးကအချိန်ပါ)လူကိုယ်တိုင်သွားရတာတဲ့။ နေပြည်တော်ဆိုတဲ့နေရာတခုကို တနေကုန်ကားစီးပြီးသွားရသေးတယ်တဲ့ ။ တနေ့ထဲနဲ့ လည်းမရဘူးလို့ ဆိုပါသတဲ့။ ခုနက စာရွှက်စာတမ်းညစ်ပတ်နေလို့ ဂျပန်တတွဲကိုအသစ်ပြန်တောင်းခိုင်း လိုက်တယ်လို့ဆိုတယ်။

ဟင်း...ဒီလဝက မမ ဘယ်လိုလုပ်အားလုံးကို သိနေ လည်းမသိဘူး ..နောက်ဆုံးတခွန်းက နားထဲကနေ ထွက်ကိုမထွက်ဘူး"သူတို့ဘဝတွေက သနားစရာကောင်း
လိုက်တာ"..တဲ့။ မယ်ငီးထိုင်းစကားတတ်တာ
မပြောခဲ့သလို သွားလေးဖြီးလို့ ပြန်ထွက်လာခဲ့တာပေါ့လေ..။ အစကတော့ တကဲ့ကုမ္မဏီကြီးတွေမို့ စပယ်ရှယ်(ဒီ..
ရှယ်ဆိုတဲ့စကားက ကိုယ်တို့ဆီမှာ အန်မတန်မှ အသုံးများတာကိုး..) ဝန်ဆောင်မူ့ပေးတယ်လို့ထင်ခဲ့တာ..။ လူသိပ်မရူပ်တဲ့ရုံးနဲ့ကုမ္မဏီကြီးတွေကိုသူတို့ကတရက်ထဲနဲ့အပြီးလုပ်ပေးတဲ့နေရာတဲ့။နောက် အမျိူးသားက အမေရိကားဖက်က ဌာနကိုပြောင်းရွှေ့သွားတော့ ကိုယ်တို့လည်း အဲ့နေရာကိုတာတာလုပ်ခဲ့ပါတယ်။ ကျမတို့ ၄နှစ်အတွက် ၄ခါလောက်သွားလိုက်ရပါတယ်။ 

(အော်..နေပူတော်က နိုင်ငံခြားရေးဌာနမှာ တံဆပ်တုံးသွားထုတာကိုတော့ တခါက တနေရာမှာ ပါးပါးလေးပြောဖူးပါတယ်ခုလည်းကြုံတုံး ထပ်ပြောပြအုံးမယ်) 
ကဲ..ပြီးခဲ့တဲ့နှစ်ကတည်းက ဒီလိုvisa extension ကိစ္စနဲ့ ပတ်သက်ပြီး နောက်အစိုးရရုံးထပ်သွားရပါတယ်။ဒီတခါတော့ one stop service မဟုတ်တော့ဘူး။ ဒီကအလုပ်နဲ့မသက်ဆိုင်တော့ဘူးလေ။ ကိုယ့်ဖာသာ ကိုယ်ဆိုတော့ အများသူဌာတွေ အသုံးပြုတဲ့ရိုးရိုး လဝကကို ဘဲသွားတာပါ။ ထိုင်းမှာနေတဲ့သူတွေအားလုံး
တော့သိကြမှာပါ။ Government complex Bangkok ဆိုတာလေ။ Chaeng Watthana လမ်းမပေါ်မှာရှိတော့ Chaeng Watthana Government Complex လို့လည်းခေါ်ကြပါတယ်။ ထိုင်းဘုရင့်သက်တော်၈ဝပြည့်နှစ်အတွက်အမှတ်တရ သက်ဆင်အစိုးရလက်ထက်မှာဆောက်လုပ်ခဲ့တာပါ။ 
အဆောက်အဦရဲ့အတွင်းပိုင်း
မြေအကျယ်(929,800 m2)ပေါ်မှာ စုစုပေါင်းဆောက်လုပ်ချိန်၃နှစ် နဲ့ ဘတ်သန်းပေါင်း ၂သောင်းကုန်ကျခဲ့တယ်တဲ့။ ထိုင်းလို rai ဆိုတာဗမာလိုမြေဧကကိုဆိုလိုတယ်ထင်တာဘဲ။ ဒါဆိုရင် မြေဧကပေါင်း ၃၄၉ ဧကကျယ်ဝန်းတယ်ပေါ့။ အဆောက်အဦနေရာကိုဇုံ ၃ဇုံနဲ့ခွဲခြားသတ်မှတ်ထားပြီး ဇုံအေ Zone A(110 rai ) Zone B(197 rai) Zone C(152 rai) စီရှိကြပါတယ်။ A နဲ့ B ကိုအစိုးရရုံးဋ္ဌာနတွေအတွက်သုံးပြီး ကျန်တဲ့C ကိုတော့နောက်ပိုင်းတိုးချဲ့လာမဲ့ နေရာနေအတွက်လျှာထားပါတယ်။

မယ်ငီးဘာတွေများလျှောက်ပြောနေပါလိမ့်လို့မထင်ပါနဲ့။အထူးသဖြင့်ရွှေမြို့တော်
ထဲမှာအစိုးရရုံးတွေအတွက်နေရာအခက်အခဲရှိတာ နိုင်ငံတိုင်းမှာပါ။ တဖြေးဖြေးနဲ့ စီစဉ်ပြီးပြောင်းရွှေ့ယူကြရတာချည်းပါဘဲ။ နယ်သာလန်နိုင်ငံမှာအစိုးရရုံးရောအ
ထူးသဖြင့် ပုဂ္ဂလိကရုံးခန်းကုမ္မဏီတွေပေါ့ သတ်မှတ်ထားတဲ့လူဦးရေ(ဒါလည်း 
ဆယ်ဂဏန်းလောက်ပါဘဲ) ထက်ပိုရင်ဂိုးထူ မြို့ပြင်ပါဘဲ။ ဆင်ခြေဖုံးရပ်ကွက်တခုမှာ အားလုံးတစုတစည်းမှာဖွင့်ကြရပါတယ်။ of course !!! အမှန်ဘဲပေါ့ရှင် သွားရေးလာရေးအတွက်လည်း ဘတ်စ်ကား ရထားအရမ်းလွယ်ကူချောမောစွာ အစိုးရကစီမံပေးထားပါတယ်။ လူတိုင်း ရုံးပြင်ကန်းနားမသွားချင်ကြပေမဲ့လည်းဆက်သွယ်မူ့တခုစီအတွက်အလုပ်ကိစ္စများပေါ်လာရင်လည်း ပြေးရတာပါဘဲ။ တိုင်း
ပြည်တခုမှာ လူဦးရေသန်းပေါင်းများစွာရှိတော့ တယောက်ကို တခါဘဲလာရတယ်ထား..တွက်ကြည့်ပါရှင်..။ အုပ်ချုပ်သူအစိုးရ များကလည်း မိဘပြည်သူများကို (အဟိ..ပြောကြည့်တာ)ပြည်သူများအတွက် အစအစအရာရာ အဆင်ပြေအောင်
တွက်ချက်ပြီး အများပြည်သူတွေဆက်သွယ်လာနိုင်တဲ့ရုံးတွေကို စနစ်တကျ တည်ဆောက်ပေးကြပါ တယ်။ အဟား..နဲနဲအဝေးရောက်သွားပြန်ပြီ..ပြန်လာပါ...နီးနီးနားနားလေးထိုင်းမှာဘဲကြည့်ရအောင်...


ကဲ..နိုင်ငံခြားသားတွေ ဗီဇာတွေဘာတွေသက်တမ်းတိုးမယ် နိုင်ငံသားတွေ ပတ်စ်ပို့လုပ်မယ်..အားလုံးဒီကိုလာရတာပေါ့။ မြို့နဲ့နဲနဲလှမ်းပေမဲ့ ဘတ်စ်ကားတွေ အဆင်ပြေပါတယ်။ BTS လို့ခေါ်တဲ့မိုးပျံရထားလိုင်းလည်းအကြီးအကျယ်ချဲ့ဆောက်နေပါပြီ။ ဒါကတပိုင်း..အထဲဝင်သွားတော့ အပြင်က ပူလောင်တာတွေ ခဏမေ့ထားလို့ရတယ်..အဲးယားကွန်းကြီးက အေးစက်လို့ စားသောက်ဆိုင်က သပ်သပ်ရပ်ရပ် လူတွေနားနေဖို့စောင့်နေဖို့နေရာထိုင်ခင်းတွေက စီစီရီရီ..။ လဝက ထဲဝင်လိုက်ရင်လည်း သူ့ကောင်တာနဲ့သူ တိုကင်လေး ယူထိုင်စောင့် ကိုယ့်နံပါတ်နဲ့ကိုယ်။ ကြီးမားခန်းနားလှတဲ့အဆောက်အဦထဲမှာတော့ အကြောင်း
ကြောင်း ကိစ္စများစွာအတွက်လာရောက်ဆက်သွယ်ကြတဲ့ ပြည်သူတွေလည်း စိတ်လက်ပေါ့ပါးစွာ သွားလာနေကြတာပါဘဲ။ အရေးကြီးဆုံးတခုကဝန်ထမ်းတွေရဲ့ဆက်ဆံရေးပါ။ လူတွေကိုမအော် မငေါက်ပါဘူး မျက်နှာကြီးရှစ်ခေါက်မချိုးထားတာတော့ အမှန်ပါဘဲ..ဟိုးတုံးက one stop center က စပယ်ရှယ်နေရာမို့လို့ထင် ခဲ့တာ။ ဒီမှာလည်း အိုကေစိုပြေစွာပါဘဲရှင်။

နေပူတော် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနမှာ ထောက်ခံစာတို့ တံဆိပ်ခပ်တာတို့သွားလုပ်တုံးက သတိရတယ်..အပေါက်သေးသေးလေးရှေ့မှာ စုပုံတိုးခွေ့ ဘာမှန်းမသိ နေရာမရှိ သစ်ပင်အောက်ဖိနပ်ခုထိုင် မနက်ဖေါင်တင်ပြီးရင် တကယ်ဖင်ထောင်စောင့်ပေတော့။ ထမင်းသွားစားချင်ရင် ကယ်ရီဆိုင်ကယ်နဲ့သွား ပိုက်ပိုက်ကုန်
ဘယ်သွားလို့ ဘယ်နားနေရမှန်းမသိ။ ကျမရန်ကုန်ကနေတူလေးတယောက်ကားမောင်းပို့ပေးတာ မနက်၅နာရီကတဲကထလာရတယ်။ လူကအိပ်ချင်မူးတူးနဲ့။ သူ့က အီအား(ရှမ်းလို အဖေ့ညီမကိုအဒေါ်လို့ခေါ်တာ)ရောက်ပြီပြောတော့ အဲ..တိုက်ပေါ်တီကိုတည့်တည့်သာမောင်း..ဘယ့်နှယ်အိမ်သာရှေ့လာရပ်တာလည်းလို့
ပြောတော့ သူကဟုတ်ဖူးတဲ့။ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာနဂိတ်ပေါက်စောင့်တဲလား..လို့ကျမကပြောတော့ သူက ပြုံးစိစိ..ဆင်းပါအီအား..ဖေါင်အရင်ပြေးတင်..ဆိုတော့ ဖေါင်ကြီးတင်ဖို့ ဖင်ကြီးထောင်လို့ ဟီး..အူယားဖား ယားပြေးရတယ်လေ..ဖယားဖယား....စာဖတ်နေသူကျမမိတ်ဆွေများ ရောက်ဖူးတဲ့သူ လက်ညိုးထောင် !!

အိမ်သာရနံ့နဲ့သင်းထုံနေတဲ့ ပတ်ဝန်းကျင်အတွင်းမှာ ဇရပ်သာသာနေရာလေးတခုထဲက အခန်းငယ်..(အင်း ၅ပေပတ်လည်တောင်မရှိလောက်ဘူးနဲ့တူတယ်)တခုရှိပြီး အပေါက်ငယ်လေးလျှာထိုးတံခါးလေးလို လုပ်ထားတာ တွေ့ရပါလိမ့်မယ်..။ အပေါက်မှာ လူတွေကစုပုံလို့ပေါ့..ဘာလာလုပ်တာလည်း အစ်မလေး...အမြန်လား..အပြည့်စုံပါရဲ့လား..ဘလားဘလားနဲ့ ကပ်ပြီးလာမေးတဲ့သူလည်းမရှားပေါ့။ လက်မှတ်ထိုးဆိုတော့ ဘာမှန်းမသိလက်မှတ်ထိုးပေးလိုက်တယ်။ နောက်မှသိရတာ ဖောင်တင်ပြီးရင်ပြန်ပေးတဲ့အချိန်မှာ မှတ်ပုံတင်နဲ့တိုက်ပြီးကိုယ်ကဘဲပြန်ယူရမှာတဲ့။ ဇာတ်လမ်းတွေတော့အများကြီးပေါ့။ စျေးသက်သာချင်ရင်ရန်ကုန်ကနေ ညကတဲက ဘတ်စ်ကားစီး ရထားစီးလာ မနက်အစောကြီးရောက် ကားဂိတ် ဆိုင်ကယ်ဂိတ်ရုံးပေါက်ဝမှာ စောင့်ပေတော့ ရုံးချိန်ဖွင့်တဲ့အထိ။ ပြီးရင် ဆိုင်ကယ် ကားဌားပြီး ကားဂိတ်ဆီအမြန်ပြေးပေတော့နို့မို့ရင် ကားမမှီ ညအိပ်ရရင် ဟော်တယ် တည်းခိုခန်းခကုန်ရအုံးမယ်။ လူသက်သာချင်ရင်တော့ ကား စီးလုံးမနက်ကတဲကဌားလာ ညနေစောင်းမှပြီးရင် ရန်ကုန်အမြန်ပြန်မောင်းသွား။ ကျမတော့၂ခါကြုံဖူးတယ်။ ပထမ တခါတော့ ကိုယ်ကအချဉ်လေ.. ၃သိန်းကျပ်တိတိကားခပေးရပါတယ်..။ ဆိုလိုချင်တာက မလွယ်ဘူး ဆိုတာပါရှင်။

အစိုးရဝန်ကြီးဋ္ဌာနရဲ့လိုအပ်ချက်ရှိနေသူတွေအားလုံး ပြည်သူတွေအားလုံးဆိုပါတော့ အချိန်ကုန်လူပမ်း ရန်ကုန်ကနေ များသောအားဖြင့်လည်း ရန်ကုန်ကနေလာကြတာကိုး..(မြန်မာနိုင်ငံလူသားအားလုံးနေပူတော်မှာမနေကြပါဘူးရှင်) တဆင့်လာကြရတာ လူတဦးချင်းရဲ့ အချိန်တွေလုပ်အားခ ငွေကြေးတွက်ချက်ပြီး 
တနှစ်ဘယ်လောက်ဆုံးရူံးသွားတယ်ဆိုတဲ့ စာရင်းလေးတခုတောင်ထုတ်ပြန်ပေးလိုက်ချင်ပါရဲ့။ ရန်ကုန်ဆိုတာ အစိုးရကိစ္စနဲ့ဘဲလာလာ စီးပွားရေးကိစ္စဘဲဖြစ်ဖြစ် ရောက်ခဲ့ရင်ရွှေတိဂုံဘုရားဖူးမယ် တခြားအထင်ဂရနေရာတွေမှ အများကြီး။ ဒီ..ပူတော်ကြီးကိုတော့ ဟွန့်..ဆက်မပြောချင်တော့ပါဘု့..ရွှေညဏ်တော်စူး
ရောက်သောလူသားကြီးများရဲ့မဟာဦးနှောက်လေးကိုဘဲ ဂွနဲ့ဂလှော်ပြီး ဖွင့်ကြည့်ချင်ထှာ..အေ...

နောက်..ပြီးခဲ့တဲ့အပတ်ကတော့ သူတို့ရဲ့  နိုင်ငံခြားရေးရုံးကိုရောက်ခဲ့တယ်။ အဲဒီမှာ ထိုင်းတွေ ပတ်ပို့စ် လုပ်နေကြတာ တွေ့ခဲ့ရတယ်။ ဟင်းဟင်း...မြန်မာနိုင်ငံမှာ လွန်ခဲ့သော ၂ဝနှစ်..ဝေးလွန်းပါတယ်လေ..၁ဝနှစ်ဘဲထား..။ အဲဒီအချိန်မှာ ပတ်စ်ပို့တွေလုပ်ဖူးကြတယ်မူတ်လား..ဘယ်လိုလေးလဲ..စိမ့်စိမ့်လေးအဝါးခံရ အတီးခံရ အပေါ်တက် အောက်ဆင်း ဟိုလူ့ အဘခေါ်ရ ဒီလူ့အစ်မခေါ်ရနဲ့ ထိုင်မရှိခိုးရုံတမယ်..လူသားတွေ ရုံးပေါ်မှာ အာဏာပါဝါတွေရှိလိုက်ကြတာလေ..။ ကဲပါလေ..
အားလုံးသိပြီးသားကို ချေးခြောက်ရေနူးမနေတော့ပါဘူး..။ ဒီကဟာတွေဘဲ ပြောပြမယ်..။
ဒီပုံကတော့ သူတို့ပတ်စ်ပို့လုပ်ရင် ပထမဆုံးဖေါင်တင်တဲ့နေရာပါ...
 
အပြာရောင်ခေါင်းစည်းထားတဲ့ နေရာမှာ မသိလျှင်မေး..အားလုံးသေသေချာချာပြောပြတယ်..ဘယ်လိုလုပ်ဖို့ကမ္ဘာပေါ်မှာ ဘယ်နေရာဘယ်ဋ္ဌာနမဆို customer service ဆိုတဲ့ ဧည့်ဝန်ဆောင်မူ့ကောင်တာတခုက ရှိကိုရှိကြပါတယ်။ ဝင်လာပြီး ဘာလုပ်ရမှန်းမသိ ဘယ်သွားရမှန်းမသိ ကူညီပေးဖို့လေ.။ ရွှေပြည်ကြီးရဲ့ဇရပ်ထဲ
မှာတော့ ပွဲစားဆိုတဲ့လူတန်းစားတွေဘဲ တန်းစီကူညီဆောင်ရွှက်ပေးတာတွေ့ခဲ့ရပါတယ်။ ပြီးလက်ဖက်ရည်ဖိုးလေးပေါ့ရှင်..တခွက် ၅ဝဝတွက်ပြီးပေးရင် မယ်ငီးအတီးခံရမယ်..သောင်းဂဏန်း ထောင်ဂဏန်းတောင်းတာပါ..တော်သေး.. ၃သိန်းမဟုတ်လို့... ဖယားဖယား..

အော်..ပြောချင်တာတွေများနေလို့အရေးကြီးဆုံးတချက်ကိုမေ့သွားတော့မလို့
ကျမတို့ကမြန်မာသံရုံးထုတ်ပေးတဲ့ထောက်ခံစာတစောင်ကိုထိုင်းနိုင်ငံခြားရေးဝန်ကြီးဋ္ဌာနတံဆိပ်ထုထောက်ခံချက်လာယူတာပါ။မနက်၉နာရီလောက်ရောက်
တိုကင်ယူပြီး အမြန်ကြေးနဲ့လုပ်လည်းရ ရိုးရိုးလည်းရတယ်တဲ့။ စာနဲ့ရေးကပ် ထားတာပါ။ နေ့ချင်းပြီးတာပါဘဲ။ အမြန်ကြေးနဲ့လုပ်ရင်တော့နေ့ဝက်နဲ့ပြီးတယ်တဲ့။ ကျမတို့က မြန်မာသံရုံးစာဆိုတာနဲ့ အမြန်ကြေးမရပါဘူးတဲ့။ ကဲပါလေပိုက်
ဆံသက်သာတယ်ထိုင်စောင့်ကြတာပေါ့ဆိုပြီးရိုးရိုးလုပ်ပါတယ်။ သူတို့ကကောင်း
ကောင်းရှင်းပြပါတယ်။ မြန်မာသံရုံးကိုဖုံးခေါ်ပြီး မေးရမှာဖြစ်တဲ့အတွက်ကြောင့်
တဲ့..။ဖုံးလေးတခါဆက် ဘာဖြစ်လည်းနော့်..အော်..မိုးကျရွှေကိုကိုတွေက အမြဲဖုံးမကိုင်ဘူးတဲ့ 😁၉နာရီကနေဆက်လိုက်တာ ၁ဝ နာရီအထိ မြင်နေရတယ်ကောင်
မလေးတွေ ဆက်ပေးတာ ၅ ခေါက်လောက်ရှိတယ်။ နောက်ကျမတို့ကိုခေါ်ပြီးပြောပြပါတယ်။ ဟိုဖက်က တာဝန်ရှိသောပုဂ္ဂိုလ်ကြီးလေယာဉ် ကွင်းသွားနေလို့ပါတဲ့။ နေ့လည်၂နာရီလောက်ပြန်ဆက်ပါတဲ့။ ဒီတော့လည်းစောင့်ပေါ့ရှင်။ နေ့လည် 
၂နာရီဆက်တော့ ကိုကိုကြီးမကိုင်ပါဘူးတဲ့ရှင်...။ ၃နာရီကျမှ အစည်းအဝေးခန်းမထဲရောက်နေလို့ပါတဲ့။သူပြန်ဆက်ပါ့မယ်တဲ့..။ ကဲ..စာရေးမတွေအားလုံးကိုယ်တို့ ၂ယောက်ကို ဝိုင်းကြည့်ကြတယ်။ သူများတွေတော့ ပြန်ကုန်ပြီ လိုတာတွေရလို့ပေါ့..ကိုယ်တို့ ၂ယောက်က ဒီကစောင့်နေသူသီချင်းဆိုနေတုံး။ နောက်ကျမကို
ခေါ်ပြီးပြောပြတယ် သူတို့ကြောင့်တနေကုန်စောင့်ရတာမဟုတ်ဘူးနော်တဲ့..ဟိုကဖုံးမကိုင်လို့ပါ..တဲ့နောက်ဆုံး ရုံးပိတ်ခါနီးလေး..မှမိုးကျရွှေကိုယ်တော်လေး ပြန်ဖုံးခေါ်ပေးတယ်လေ။ ကျမတို့လည်း ကဲ....ပိုက်ဆံသွင်း..အချိန်လည်းမရှိတော့ဘူး..
စာရွှက်ကိုတော့ နောက်နေ့မှာပြန်လာယူပါ..တဲ့။ ကဲ..ထပ်ကုန်ရပြီ တက်စီခ...
ဘတ် ၃ဝဝကျော်  တနေကုန်ညောင်းညာ...ဘယ်ကြောင့်လဲ!!!!!!


လူတွေအများကြီးလာတော့ ခုံတွေအများကြီးချထားပေးပါတယ်။ တဆင့်ပြီးဆင့် တခန်းပြီးတခန်းသွားရုံပါပဲ။အောက်ဆုံးထပ်က စားသောက်ဆိုင်မှာ မြန်မာက
လေးတွေတွေ့ခဲ့တယ်။သနားစရာကောင်းတယ် လခနည်းတယ်တဲ့ လက်မှတ်လည်းရှိဘူးတဲ့။ကဲ..မိုးရွှာတိုင်း မိုးယိုတဲ့ဒဏ်ကိုတော့ခံရအုံးမှာပေါ့။ခေါင်မိုးကမှ
မလုံတာ.....😔😒

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~
#meemeenage

Saturday, January 10, 2015

သူတို့တတွေပေါ့ (၂)..

မင်္ဂလာပါရှင်~~~
ဒီတခါတော့ လေဖမ်းဒန်းစီး အိ..ယောင်ဝါးလုပ်ခဲ့ဖူးတာတွေပေါ့ရှင်...။ တခါခါကျမတို့အားလုံးဘဲ ဒီလိုအခြေ
အနေမျိုးတွေနဲ့ရင်ဆိုင် ဖြတ်ကျော်ခဲ့ကြဖူးမှာပါလေ..။ နဂိုလ်ကတဲက ခင်ခင်ကြောင်ဖြစ်တဲ့ ကိုယ်တို့ကတော့
ကမောက်ကမတွေဖြစ်ကိုဖြစ်ခဲ့ရပါသေးတယ်။

ထိုင်းမှာပါဘဲ..။ထိုင်းစကားသင်ယူနေတဲ့အချိန်ဆိုတော့ သတင်းတို့ တီဗီမှာလာသမျှမလွှတ်တမ်းကြည့်နေ တဲ့အချိန်ပေါ့။ သူတို့ပြောတာ လိုက်ပြီးဆိုနေတတ်တယ်လေ။ သီချင်းလည်း ၂၄ နာရီပတ်လုံး နားကျပ်တပ် ပြီးဆိုတယ်။ (ဘာသာစကားအသစ်လေ့လာမယ်ဆိုရင် အဲလိုသီချင်းနဲ့သတင်းကနေစတာ ပိုမြန်တယ်နော့
ကိုယ်ရဲ့အတွေ့အကြုံအရပါ) ထိုင်းစကားနဲ့ ရှမ်းစကားက ဆင်ဆင်တူပေမဲ့ ရှမ်းတွေပြောတဲ့ထိုင်းစကားဝဲတာ
ပိုပြီးဆိုးတယ်တဲ့..သူများတွေပြောကြတာပါလေ။ ထားပါတော့ ..။
ဒီလိုမတတ်တခေါက်နဲ့ ရှိနေတုံး တနေ့အလုပ်ထဲမှာ (ဒုတိယအလုပ်ပါ။ ပထမက ထိုင်းဗိုလ်ချုပ်ရဲ့ဇနီးဆိုင် မှာ..အဲ့..ဆိုင်က ထိုင်းအထက်တန်းလွှာတွေကြားထဲနံမည်ကြီးတာ..ဒုတိယအလုပ်ကြတော့ Tourist
တွေကိုအဓိကထားရောင်းတဲ့ ဆိုင်မှာ) ပေါင်မုန့်ကားခေါ်တဲ့ကားမျိုး..ဒါပေမဲ့ခပ်ကြီးကြီးပြားပြား ခန်းစီးတွေ
ကာလို့ လာဆိုက်ပါတယ်။ အဲဒီကာလအချိန်က ၁၉၉ဝခုနှစ်ကျော်လောက်အချိန်ဖြစ်ပါတယ်..။ (မနဲပြန်စဉ်းစားရတယ် 😁အရောင်းစာရေးမချည်းဘဲ ၅ဝ ကျော်ရှိတယ်လေ။ ကိုယ့်အလှည့်နဲ့ကိုယ် ဧည့်သည်တွေကို တာဝန်ယူရှင်းပြရတယ်။ ဒီတခါတော့ မယ်ငီးအလှည့်ပေါ့..။ ကားတံခါးဖွင့်ပြီး သူတို့ခြေချတာနဲ့ ဧည့်သည် ကိုစက်ရုံသွားကြည့်မလားလို့ပြောရတယ်လေ။ သာမာန်ကစက်ရုံကိုဧည့်သည်တွေအရင် ကြည့်ပြီးမှ
showroom ထဲလာကြတာလေ။ Bronze cutlery ကြေးထည် ဇွန်းခရင်းဓါးတွေ , Jade factory ကျောက်
စိမ်းရုပ်ထုတွေထုတာ နဲ့ Lacquer  ယွန်းထည်ပစ္စည်းတွေလုပ်တဲ့ အလုပ်ရုံအကြီးကြီး ၃ခုရှိတယ်။နောက်
တော့ ယွန်းထည်အလုပ်ရုံကိုပိတ်လိုက်တယ် ပစ္စည်းဘဲရောင်းတော့တာ။ အရောင်းစာရေးရော အလုပ်ရုံက
အလုပ်သမားရော ပေါင်းလူရာကျော်ရှိတာပေါ့။ တချိန်တခါက ကျိုင်းမယ်မှာ နံမည်အကြီးဆုံးဆိုင်ဖြစ်ခဲ့ဘူး
တယ်တဲ့။ ဘုရင့်သားတော်နဲ့ပတ်သက်ပြီး သြဇာအာဏာရှိတယ်ဆိုပါတော့။

တကမ္ဘာလုံးဧည့်သည်တွေဆိုတော့ ကိုယ်တို့အရောင်းတွေလည်း ဘာသာစကားအလိုက်ခွဲခြားထားရတယ်
လေ။ တရုတ်ကတော့အများဆုံးဘဲ ၂ဝ နီးပါးလောက်တောင်ရှိမယ်။ ကျန်တာတော့ ဂျပန် ပြင်သစ် ဂျာမဏီ စပိန် အီတလီ နဲ့အင်္ဂလိတ်ပေါ့..လူလည်ကြီးသားသမီးဖြစ်တဲ့ မယ်ငီးကတော့ တေထေးမကြီးကို ညာတီးပြီး ဘာသာစကား ၃မျိုးအထက်တတ်တယ်ဆိုပြီး လုပ်ထားတာလေ..ဟီး..ဘာသာစကားတမျိုးထဲတတ်ရင် လခ ကအနဲ ဆုံးဘဲ။ ၃ မျိုးအထက်ဆိုရင် စူပါဗိုက်ဆာ အဆင့်တွေဘာတွေပေါ့ရှင်။ လခလည်းများ လာသမျှဧည့် သည်ကိုရောင်းပိုင်ခွင့်ရှိ ကော်မရှင်များများရ..အိုး..ကောင်းမှကောင်း။ ဒီတော့ သူဋ္ဌေးမရှေ့မှာအလွှတ် ကျက်
ထားတဲ့ပြင်သစ်စကား အခွန်း ၂ဝလောက် အပြန်ပြန်အလှန်လြှန်မန်မြန်ပြောပြလိုက်တယ်။ သူက..ဟော..
မယ်ငီး ပြင်သစ်လိုရတာဘဲတဲ့..အဲ..နောက် ဂျာမာန်ကျောင်း Goethe institut တက်နေတဲ့အချိန်ဆိုတော့..
ဂျာမန်လည်းရနေတယ်လေ။ ကျန်တာ "နိဟောင်မား"..တို့ "အရီးကတို့""ကိုစိုင်းမတ်"တို့ကလည်း တမျိုး ၁ဝခွန်းစီဆိုပါတော့ ဒီလိုရောကြိတ်ပြီး ခပ်တည်တည်နဲ့ လူတတ်ကြီးလုပ်ခဲ့ဖူးတယ်လေ.. @_@ အီတလီနဲ့ စပိန်ကလည်းတခုနဲ့တခု အရမ်းဆင်တူတာကြီးကို ရှမ်းနဲ့ ထိုင်းလိုပါဘဲရောကြိတ်လို့ရပါသေးတယ်။
ဧည့်သည်တွေက ပြင်သစ်များပါတယ်။ သူတို့နဲ့ စကားပြောရင် ပြောသမျှ ပြုံးပြုံးလေး နားထောင်ပြီး"ဝါးလား"
"ဝှီးဝှီး"ဗြန်းဗြန်း" "ဒါးကော" ဒီလို ဖောလိုလေးလိုက်ပေးရုံဘဲ..အဟဲ :P အနဲဆုံးရေမွှေးပုလင်းသေးသေး
လေးတပုလင်း ဘောပင် တချောင်းလောက် တခါတလေလည်း tip money လေး ဘာလေးပေါ့..အရမ်း ရတတ်တာဘဲ။ လေရှည်နေလိုက်တာ..လိုရင်းမရောက်ပြန်တော့ဘူး.. ^_^


ကိုင်း..ပေါင်မုန့်ကားနဲ့လာတဲ့လူကြီးဆီ ပြန်သွားရအောင်..။ သူက ကုတ်နဲ့ ဘွတ်စ်နဲ့။ ကိုယ်တို့အတွေ့အကြုံ
အရ အဲလိုဝတ်တတ်တာက ဂျပန်တွေများတယ်။ မျက်စိလေးကမှေးမှေး အသားကဖြူဖြူဆိုတော့ စမ်းပြီးသာ
ဆဝပ်ဒီခ ရတယ်။ စိတ်ထဲမယ် ဂျပန်အဖိုးကြီးလို့ဘဲထင်တာ။ လက်အုပ်ပြန်ချီပြီး ဆဝပ်ဒီပြန်လုပ်တယ်။
ဒါနဲ့ သူ့အသားအရည်လည်းကောင်းတယ်(စကားမစပ် တချို့သောသူများ ရုပ်ရည်လှပတာကိုမဆိုလိုပါဘူး တခါတလေ အသားအရည်ကအစ သန့်ရှင်းကြည်လင်နေတာမြင်ဖူးတယ်ဟုတ်၊ အဆင့်အတန်းမြင့်မြင့်
လာတယ်ဆိုလို့ခေါ်ရမလားဘဲလေ) သူက Showroom ဖက်ကို ဦးဆောင်တက်သွားရင်းစကားပြော ပါတယ်။ သူနဲ့ပြောနေရင်း စိတ်ထဲမှာမြင်ဖူးသလိုဖြစ်လာတယ်လေ။ သူကလည်းမေးပါတယ်။ သူ့ကိုသိလား
တဲ့..။ ဒီကလည်း မဆိုင်းမတွဘဲဖြေတာပေါ့..သိတာပေါ့..အနုပညာသမားဘဲဟာ..ပေါ့..အဖိုးကြီးပြုံးနေ
တယ်။ မယ်ငီးဆို့များစကားအမျှင်မပြတ်ဘူး..ကျမကရုပ်ရှင်အမြဲတမ်းကြည့်တာလေ..တဲ့..။ လာချေသေး တယ်..သိတာလည်းဟုတ်ဘဲနဲ့ ရမ်းတုတ်နေတာလေ..။ မန်နေဂျာမကြီး အဝေးကနေပြေးထွက်လာတယ်။
ခေါင်းညွတ်လို့ ခါးကျိုးမတတ် ဆဝပ်ဒီခ့ါ..တဲ့။ ပြီးငါသူဋ္ဌေးမကို ပြေးခေါ်လိုက်အုံးမယ်ဆိုပြီး အပြေးထွက် သွားတယ်လေ။ ကျန်တဲ့ သူငယ်ချင်းထိုင်းမတွေလည်း ကွက်ကြည့်ကွက်ကြည့်နဲ့ ဒီကတော့ ဇွတ် အာချောင်
နေတုံးပါဘဲ..သူက ကြေးထည် ပစ္စည်းလေးလက်ဆောင်ပေးချင်လို့နဲနဲလာဝယ်တာ..တဲ့။ ကိုယ့်ကိုလည်း
နံမည်မေးပါတယ်။ ရောင်းကောင်းပါစေလို့ဆုတောင်းပေးသွားလေရဲ့။

အဖိုးကြီးကားပေါ်တက်သွားမှ သူငယ်ချင်းများက ဝိုင်းမေးကြပါတယ်။ နင်သူနဲ့ဘာတွေပြောသလဲတဲ့။ ငါက
သူ့ရုပ်ရှင်တွေကြည့်ဖူးတယ်လို့ပြောလိုက်တယ်လေ..ဆိုတော့..မယ်ငီးကို ဝိုင်းထောင်းကြပါတယ်..အဲဒါ
အဲ့ခေတ်က အဆိုတော်ရုပ်ရှင်မင်းသမီး Nantida Kaewbuasai นันทิดา แก้วบัวสาย  ရဲ့ယောက္ခထီးနိုင်
နိုငံခြားရေးဝန်ကြီးတဲ့..အဟိ..ဝန်ကြီးကို ရုပ်ရှင်သရုပ်ဆောင်ဆိုပြီး မယ်ငီး ခပ်တည်တည်နဲ့ရောကြိတ်ချ
လိုက်တာဘဲ.. ဟီး....သတင်းထဲမြင်ဖူးတာကိုလည်း ရှပ်ရုင်သရုပ်ဆောင်လုပ်ချလိုက်တာပေါ့ကွ..မယ်ငီး
နော်..တကယ်ရီရတယ်..ပြန်စဉ်းစားရင် ရှက်လည်းမရှက်တတ်ခဲ့ဖူး.. 😅

အဖိုးကြီးက ချမ်းလည်းချမ်းသာတယ်။ နံမည်ကြီးနိုင်ငံရေးသမားကြီးတဲ့။ အခုတော့ ပြည်ထဲရေးဝန်ကြီး ဘဝနဲ့ လာဘ်ပေးလာဘ်ယူအမူတွေဖြစ်ပြီး ပြည်ပြေးဖြစ်နေပါတယ်။ ပိုင်ဆိုင်မူ့တွေလည်း အများကြီးပေါ့..။ သူတို့နိုင်ငံရေး ကလည်းခပ်ရူပ်ရူပ်တွေပါ။ ခုတော့ မကာအိုမှာနေတယ်ဆိုလားဘဲ။ ကမ္ဘာနေရာများစွာက ကာစီနိုကြီးတွေလည်း အများကြီးပိုင်တယ်တဲ့။သူ့သားလည်း အဆိုတော်မမကြီးကိုပစ်လို့ ခပ်ငယ်ငယ်မင်း သမီးတယောက်နဲ့ လက်ထပ်လိုက်တယ်။ သူ့သီချင်းတွေကမြန်မာလိုပြန်ဆိုထားတာတွေအများကြီးပါဘဲ။ သူတို့ဇာတ်လမ်းက ခုထိုင်းမှာ နံမည်ကြီး သတင်းထူးတွေပေါ့..။

ကဲ..တနေ့နဲနဲနဲ့ မိတ်ဆွေများအပြင်းပြေအတွေ့အကြုံလေးဘာလေးနဲ့ အာလူးလာဖုတ်တာပါလေ..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Tuesday, January 6, 2015

သူတို့တွေပေါ့..

မင်္ဂလာပါရှင်~~~
ကိုယ့်အကြောင်းမဟုတ်ရင် သူတို့အကြောင်းတွေဘဲရှိတာဘဲလေ..။ သူတို့တွေရှိနေလို့ဘဲ ကိုယ်တို့ဘဝ
ကြီးသာယာလှပနေတာမဟုတ်လား.. ^_^ ။ကဲ..သူတို့တွေဆီသွားကြည့်ကြရအောင်..။ 😂
တကယ်ဆိုရင် ကျိုင်းမယ်အကြောင်းပြန်ပြောတဲ့အခါ ခေါင်းထဲမမေ့နိုင်တာလေးတွေ ပေါ်လာလေးတွေ စဉ်းစားပြီး ရေးချလိုက်တာဘဲ။ ဒီတော့ တောရောက်တောင်ရောက်နဲ့ စိတ်ဝင်စားစရာမကောင်းလှပါဘူး
ဟီး..။ ခုတလောလည်း အရင်တုံးက သူငယ်ချင်းတွေ လသာ ၂ ဘော်ဒါတက်တုံးကကောလိပ်ကျောင်း
သူဘဝ တက္ကသိုလ်အဆောင်က ကျောင်းထဲက သူငယ်ချင်းတွေ အများကြီးနဲ့ ပြန်တွေ့နေတဲ့အချိန်ပေါ့။
ဇူဇကာဘတ်ကြီးကျေးဇူးပေါ့လေဟယ်..။( ဘီရုမာလိုပြန်ပြီး ဒင်းနံမည်ဖျက်ပေးမှ 😁စိတ်တွေလည်း
ငယ်ဘဝကိုပြန်ရောက်သွားသလိုလို ခုမှဆယ်ကျော်သက်လိုလို.. ကျင်လည်ခဲ့ဖူးတဲ့နယ်ပယ်များစွာထဲက
အပေါင်းအသင်းရောင်းရင်းတွေ ပြန်တွေ့ရတာကတော့ တကယ်ပျော်စရာကောင်းပါတယ်။ ဒါပေမဲ့
ကျိုင်း မယ်မှာ နေခဲ့တဲ့ ၉နှစ်ကာလက သူငယ်ချင်းများစွာထဲက အနဲအကျဉ်းဘဲပြန်တွေ့ရသေးတယ်။ အဲ့ဒီအချိန်က
ကျောင်းပြီးခါစ အလုပ်လုပ်ရင်းလည်း ပညာသင်နေတဲ့ အရွှယ်ဆိုတော့ ပိုပြီးပျော်စရာကောင်းနေသေးတဲ့အချိန် ပိုဘရုတ်ကျခဲ့တဲ့ကာလတွေဆိုပါတော့..။

ညနေ၅ နာရီဆိုရင် ကုမ္မဏီရဲ့ အရောင်းပြခန်းတံခါးကြီးပိတ်တယ်လေ။ အထဲရောက်နေတဲ့လူရှိရင်တော့
မပိတ်ရသေးဘူးပေါ့။ မယ်ငီးက ၅နာရီအလုပ်ပြီးရင် ညကျောင်းပြေးရတာလေ။ ၆နာရီတိတိကျောင်းစတက်
ခေါင်းလောင်းထိုးတာ။ အလုပ်ဆင်းမှ ကျောင်းအင်္ကျီအဝတ်အစားလှဲရတာလေ။ ဆိုင်ကယ်နဲ့ ပြေးရတာ။
နဲနဲဝေးတယ် မြို့ထဲမှာ ကားကျပ်တာနဲ့ ခဏခဏကျောင်းနောက်ကျတယ်လေ။

တခုသောညနေခင်းမှာ ဆိုင်ပိတ်ခါနီးမှ ခရစ်ယာန်မယ်သီလရှင် ၃-၄ ယောက်နဲ့ နဲနဲတောင်ပေါ်သားမျက်နှာ
လိုမျိုးအဆစ်အပေါက်(တိုတိုပြောတောသား တိုင်းရင်းသားတွေလိုလိုပေါ့လေ) အုပ်စုလိုက်ဝင်လာတယ်။
သူတို့တွေက ဝယ်တာလည်းမဟုတ်ပါဘူး။ တောကြည့်တောင်ကြည့်နဲ့ ကားမောင်းပို့ပေးတဲ့ ဒါရိုင်ဘာတွေ
ရဲ့သားကောင်ဆိုပါတော့..ထိုင်းကို Tour ထွက်ဖူးရင်တော့ သိကြမှာပါ။ ဒီလိုရတနာဆိုင်ကြီးတွေကိုဧည့်သည်
ပို့ပေးရင် ပိုက်ဆံရတာကိုး..။မယ်ငီးက စိတ်မရှည်ချင်ဘူး..နောက်ကျတော့မှာကိုး..။ အဲ့..ဧည့်သည်
တွေကို ဧည့်ခံနေတဲ့ မယ်ငီးလိုဘဲ ရန်ကုန်က ကုလားမလေး ညီအမ ၂ယောက်ရှိတယ်(သူတို့မိဘများက ကနိုင်ငံရေးနဲ့ ပတ်သက်တာပါ..အဲ့..ခေတ်အခေါ်တောခို..တဲ့) ဧည့်သည်တွေရှေ့မှာဘဲ..သူငယ်ချင်းမလေး
က လှမ်းပြောတယ်..ဘီရုမာစကားကြီးနဲ့ပေါ့."ဟေ့..မီးမီး..နင်..ဒီနေ့လည်းကျောင်းနောက်ကျအုံးမယ်ပေါ့"
တဲ့..ခင်ခင်ရှည်ကလည်း..သိတဲ့အတိုင်း..ဒီ..အဝတ်အစားဝတ်ပြီး ဘုရားကျောင်းမှာဘဲ ဝတ်ပြုနေပါ့လား..
ဘာလာရှည်တာလဲမသိ..နဲ့ အစချီပြီး ဘလားဘလား..နဲ့ပြန်ပြောနေတာ..ဗြုံး..ဆို မယ်သီလရှင်မလေးက
ဘာပြန်ပြောလည်း၊သိလား..အန်မတန်မှ ပီသလှစွာသော ဗမာစကားနဲ့ "ကျမတို့ကြည့်လို့မရဘူးလားရှင်
မဝယ်ပါဘူးဗဟုသုတအဖြစ်ကြည့်ချင်လို့ပါ "တဲ့...

တိန်..မယ်ငီး..ထွက်ပြေးတာ..တန်းနေတာဘဲ..အိမ်သာထဲမှာ ကျောင်းအဝတ်အစားသွားလှဲနေလိုက်တော့
တယ်..ဟီး...

ရှေ့ပြောနောက်ကြည့်..ဆိုလား..အပြောမတော်တော့ ဆဲသလို..ဆိုရမှာလား..ဂလိုမျိုးတော့ ကျုပ်တို့ခဏခဏ ကြုံဖူးတာပေါ့..တော်... :P ^_^ @_@ :)
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Monday, May 21, 2012

ဘန်ကောက်-ယူအက်စ်သံရုံးက Amazing Thailand

မင်္ဂလာပါရှင်~~~
ဒီတခါတော့ တကယ့်ကိုမမျော်လင့်တဲ့နေရာမှာမမျော်လင့်ဘဲနဲ့ ၊
မမျော်လင့်တဲ့အဖြစ်အပျက်လေးတခု ဆိုပါတော့ရှင်။
ကျမတို့ အတွက် မဟာ Amazing Thailand ပါ။
ဒီဇာတ်လမ်းမှာတော့သူကပင်တိုင်မင်းသားပေါ့။
ကျမက တွန်းပို့ လောကသားလေး ဇာတ်ရံပါဘဲ။
အဲဒီနှစ်ကNYအသွားလေယာဉ်ကွင်းမှာမြန်မာတိုင်းရင်းသားတွေနဲ့ တွေ့ ခဲ့တယ်၊
သူတို့ ကမြန်မာစကားမတတ်ကြဘူး၊စကားသွားပြောတာပြန်မပြောဘူး။

ဒီအကြောင်းကိုပြောရမယ်ဆိုရင်တော့လည်း ဒေါ်မီးအထုတ်လေးနဲနဲဖြေပြရတော့မယ်ပေါ့လေ။
ဟီးးးးကိုင်းလေလုံးတွေပစ်သွင်းနေပြီလို့ မထင်ပါနဲ့ နော်..။
ကျမတို့ က မြန်မာနိုင်ငံပတ်ပို့ စ်ကိုဘဲ ကိုင်ထားတဲ့မြန်မာနိုင်ငံသားတွေပါ။
ကျမအမျိုးသားအလုပ်အကိုင်ကလည်းပြောင်းရွှေ့ သွားလာနေရတာ။
တခါတလေတော့လည်းဒီအနီရောင်စာအုပ်နဲ့ ပတ်သက်ပြီးကသိကအောက်ဖြစ်စရာတွေ၊
အများသားဘဲနော်။တွေ့ ဖူး ကြုံဖူး ကြမှာပါဘဲလေ။

အခုဒီယူအက်စ်မှာကျမတို့ က L1 Visa နေပါတယ်။ ကျမကမှီခိုဆိုတော့ L2 Visa ပေါ့။
သူ့ အလုပ်ပရောဂျက်ကာလ တခုအထိနေတာပါ။L1 Visa က ၃နှစ် ကနေ ရနှစ် အထိ ပေးပါတယ်။
အဲဒီဗီဇာကလည်း ကျမကြားဖူးတဲ့  H1 Visa နဲ့ ကွာခြားမယ်နဲ့ တူပါတယ်။ 
အဆင့်တွေများပြီး စာရွက်စာတမ်းတွေတလှေလောက်ကိုလိုပါတယ်။
အဲဒီ L1 မှာလည်း၂ မျိုးထပ်ခွဲထားပါသေးတယ်။L-1 ရိုးရိုးနဲ့ Blanket L-1 ဒုတိယအမျိုးအစားကလျောက်လွှာတင်ပြီးစောင့်စရာမလိုဘဲ ၊
သူတို့ ယူအက်စ်ဖက်ကပို့ လာပေးတဲ့ Blanket L-1 Petitions  ၃စောင်ကို၊
ရောက်နေတဲ့နေရာမှာ ရှိတဲ့ယူအက်စ်သံရုံးမှာ၊သွားတင်ပြီးဗီဇာလျောက်ရုံပါဘဲ။
အဲဒီစာရွက်တွေစစ်ဆေးခဆိုပြီး ဒေါ်လာ ၅၀၀ သပ်သပ် သွင်းရပါတယ်။

ဗီဇာကြေးကသပ်သပ်ပါ။ တခြားဘာညာဘာညာ စာရွက်လည်းတပုံတခေါင်းကြီးပေါ့။
အဲဒီအချိန်မှာမှ သံအရာရှိက Blanket L-1 Petitions ၃စောင်ကိုဆိုင်းထိုးတံဆိပ်တုံးထုပေးတာပေါ့။
၃ စောင်လုံးပြန်ယူလာရပါတယ်။တစောင်ကလေယာဉ်ကွင်းမှာပေးရပါတယ်။
နောက်၂ စောင်က ဒီရောက်ပြီးရင် သူတို့ HR ရုံးကစီစဉ်ပေးတဲ့အတိုင်း၊
ဟိုရုံးဒီရုံးတို့ ပေါ့ဗျာပေးရတင်ရသေးတယ်။.ဒီလိုရှုပ်နင်းကီး ကိစ္စတွေကိုဒေါ်မီးလည်း၊
သိပ်နားမလည်လှပါဘူးလေ။သူပြောပြလို့ သာအော်..ဂလိုလားပေါ့။
(ကျမ visa type အရတရားဝင်အလုပ်လုပ်ခွင့် ရတယ်ဆိုတာဘဲသိတယ်။အဟဲ.....)

အဲ..ရလာတဲ့ visa က ၃ နှစ်၊ဒီကပရောဂျက်မပြီးမချင်းဒီမှာသက်တမ်းတိုးလို့ ရတယ်။ ရနှစ်အထိပေါ့။
ဒါပေမဲ့ကျမတို့ က အနီရောင်စာအုပ်လေးတွေရဲ့ သားကောင်တွေလေ(သူတို့ က Ban ထားတာတွေရှိတယ်လေ၊အခုမှသာပြန်ဖွင့်တာတို့ ဘာတို့ ကဖြစ်လာတာကိုးးး) ။
လေယာဉ်ကွင်းမှာသူတို့ ဥပဒေလုပ်နည်းအရ ကျမတို့ စာအုပ်ထဲမှာ ၁ နှစ်ဘဲတုံးထုပေးပါတယ်။
အလုပ်မပြီးမချင်းတော့နေလို့ ရတာပေါ့။ ရုံးကတိုးပေးမှာလေ။
ဒါပေမဲ့လည်း အိမ်လွှမ်းသူကျမတို့ ၂ယောက်ကတော့တနှစ်တခါဒိုးကြပါတယ်။
ပြီးခဲ့တဲ့ဧပြီလကတဲဒီကိုလာတော့ ဒီမတ်လထဲပြန်တာနဲ့ စာအုပ်ထဲက visa ကကုန်ပြီလေ။
သူတို့ လုပ်နည်းအရ ပြန်ဝင်ရင် သံရုံးမှာအ၀င်တုံးဘဲပြန်သွားထုရတယ်။
( visa ကြေးတော့ပေးရတာပေါ့ ဟို ၅၀၀ $ဆိုတာပေးဖို့ လိုတော့ဘူးလေ)။
အစအဆုံးပြန်လျောက်စရာမလိုဘူးတဲ့။
ကျမအမျိုးသား စုစုပေါင်း ၄ နှစ်လောက်နေတာ ၇ ခါအ၀င်အထွက်လုပ်ဖူးခဲ့ပါတယ်။
ကျမတော့ ၄ ခါထဲပါ။ ဒီတော့ သံရုံးမှာအ၀င်ပြဖို့ တုံးလေးတွေလည်း ထုဖူးတာပေါ့ ဗျာ..။
ထိုင်းမှာလည်းတခါ ထုဖူးခဲ့ပါတယ်။ကျန်တာတော့ယူရိုဖက်မှာ..။

ကိုင်း..သံရုံးကိုထုမလို့ ..အဲဟုတ်ပေါင်..။
စာအုပ်ထဲတံဆိပ်တုံးထုတာကိုပြောတာ..အဟဲ။
ချိန်းထားတဲ့ မနက် ၇ နာရီ ၄၅ မိနစ်ဆိုတာကို ၇ နာရီ ၁၅မိနစ်ကတဲက ရောက်ရတာပေါ့။
(ရက်ချိန်းကိုတော့အွန်လိုင်းကနေ ပိုက်ဆံသွင်းပြီးယူရသေးတယ်လေ)
လုပ်နည်းတွေက တနိုင်ငံနဲ့ တနိုင်ငံကွာတာတော့အမှန်ဘဲ။မြန်မာပြည်မှာတော့ဒီလိုဟုတ်ဖူး။
ဈေးအချိုဆုံးဘဲ..။ယူရိုဖက်ဆိုပိုတောင်ဈေးကြီးသေးတယ်။
ဖုံးနဲ့ ရက်ချိန်းယူတာ၊ဖုံးထဲမှာ ကိုယ့်ဘဏ်ကဒ်နံပါတ်တန်းပြောပေးရတယ်။
ဖုံးခဖြတ်တာလေ။အလကားစကားလက်ခံမပြောနိုင်ဘူးတဲ့ဒင်းတို့ က..ဟွန့် ။ 
ထားပါလေ..လိုရင်းရောက်သေးဘူးးး။
အပါးပါး...လက်ညောင်းလိုက်တာ၊အားလူးကလည်းဖုတ်ချင်နေတယ်လေ..ဟီး။

စကားမစပ်...(ပြောပါရစေနော့်..ဒီထိုင်းမမတွေလေ၊တော်တော်ကပြားများတယ်။
ယူအက်သံရုံး၊ဂျာမဏီသံရုံး၊နယ်သာလင်သံရုံး မှာ visa လာလျောက်တာ ကပြားတွေချည်းဘဲ။
ပြေးနေတဲ့ကလေးလည်းကပြား၊တွန်းလည်းထဲမှာလည်းပြား၊မကြီးတကြီးတွေလည်းပြား၊
ဗိုက်ကြီးသည်တွေလည်းသူတို့ ခင်ပွန်းသည်ဦးဖြူဖြူလက်လေးကိုင်လို့  ....၊
တွေ့ လိုက်ရင်တန်းကြီးတွေအရှည်ကြီးဘဲ၊ရာနီးပါးလောက်တောင်ရှိမယ်)။
အပြင်မှာရပ်နေရတာက ၄၅မိနစ်လောက်။ လူနံမည်ခေါ်ခြံဝင်းထဲသွင်း၊
လုံခြုံရေးဂိတ်မှာစစ်ခံပြီးအထဲမှာပြန်တန်းစီပေါ့။စာရွက်စာတမ်းတွေစုံမစုံစစ်၊
ပြီးနံပါတ်လေးပေးနောက်ဆုံးမှ၊အဆောက်အဦထဲဝင်ရတယ်။
သူတို့ လည်းအဆောက်အဦပြင်ဆောက်နေတော့၊ဒီလူအုပ်နဲ့ အခန်းကျဉ်းလေးထဲမှာ၊
စဉ်းစားသာကြည့်ပေတော့။ ထိုင်စရာမလောက်တော့မတ်တပ်လေးတွေနဲ့ လေစောင့်ရတာပါ့။
သူတို့ လေယာဉ်တက်ဖို့ စောင့်နေကြတာလေ
အထဲမှာတော့ နံပါတ်လေးတွေက visa type အရခွဲပြီးပေးပါတယ်။
ကျမတို့ အလှည့်တော်တော်နဲ့ မရောက်ဘူး။ကောင်တာလည်း ၆ခုလောက်တွေ့ မိပါတယ်။
အင်တာဗျုးက ၄ခုနဲ့ ၂ ခုကစာရွက်စာတမ်းတွေကြည့်ရူစစ်ဆေးတာပေါ့။
စာရွက်တွေစစ်တာက ထိုင်းမမတွေပါ။ကျမတို့ စာရွက်ကိုစစ်တဲ့ကောင်မလေးက ကိုယ်ဝန်သည်ပါ။
ဂွတ်ထမောနင်း..ကနေစရတာပေါ့။ဘာဗီဇာလည်းမေးပြီး Blanket Petition စာရွက် ၃စောင်တန်းတောင်းတော့တာပါဘဲ။ ကျမအမျိုးသားရှင်းပြနေတဲ့ စကားကိုလုံးဝနားမထောင်ပါဘူး။
မိုက်နားမှာကပ်ပြီးကုန်းအော်နေတော့တာဘဲ။ ကျမအမျိုးသားကအဲဒီစာရွက်ကို ကော်ပီကူးထားတာတစောင်၊
ဘဲတင်ထားတယ်လေ။ ရှင်းပြတာကိုသူနားမထောင်တာကိုတကယ်အံသြပါတယ်။
ကျမတို့ အ၀င်တုံး အတွက်ဘဲလာယူတာပါ။ဒီ L1 visa ပြန်လျောက်တာဟုတ်ပါဘူးလို့ ပြောတာ။
ဒီဗီဇာဆိုတာ Blanket Petition ၃ စောင်ယူပြီးတင်ရမယ်ဆိုတာမသိဘူးလား..တဲ့။ ကဲ...စပြီလေ...။

ကျမတို့ ဘယ်လာတဲ့စာရွက်တလှေကြီးတွေ တခုပြီးတခုပေးလိုက်တော့၊
ရွှေညဏ်တော်စူးရောက်တဲ့ (စကားလိမ်လေးနဲ့ ဖတ်ပါရန်"စူးရောက်"...):P
ထိုင်းမမက ကော်ပီ ၂စောင်နဲ့ (ပြီးခဲ့တဲ့နှစ်ဝင်တုံးက လေဆိပ်ကလူကမယူထားမိတဲ့ အစစ်စောင်)၊
ပေါင်း ၃စောင်ယူထားပြီးကျန်တာပြန်ပေးပါတယ်။
(ကိုင်း...ဒီမှာပြောကြည့်ရအောင်၊ကျမတို့ ခဏခဏကြုံဖူးကြမှာပါ။အလုပ်နယ်ပယ်အသီးသီးမှာ၊
တကယ်တန်းသူတို့ ဂဂနနမသိဘဲ နဲနဲသိတာလေး ဗဟုသုတဘောင်ကျဉ်းကျဉ်းလေးထဲမှာ၊
သူတို့ ရယူထားတဲ့နေရာ၊ရာထူးနဲ့ မတန်တဲ့သူတွေ အများကြီးရှိနေကြတယ်ဆိုတာလေ..။
လက်ခံပါသလားစာဖတ်ပိတ်သတ်ကြီးများးးးး))))

ကျမအမျိုးသားကကျမကိုမြန်မာလိုပြောပါတယ် ...။
အင်းး....စာရွက်ဟောင်းတွေတံဆိပ်တုံးထုပြီးသားစာရွက်တွေကို၊
ခပ်တည်တည်နဲ့ ဒင်းယူထားလိုက်ပြီ။ဘာတွေဆက်ဖြစ်အုံးမလဲမသိဘူးတဲ့..။
နောက်တော့လည်းထင်တဲ့အတိုင်းပါဘဲ...၅၀၀ ဒေါ်လာသွင်းပါတဲ့။
ဟိုနယ်သာလင်မှာ တင်တုံးကသွင်းပြီးပြီ။အခုအစအဆုံးလျောက်တာဟုတ်ဘူးး၊
အမျိုးသားဓါတ်ပြားဟောင်းပြန်ဖွင့်နေရပြန်ပြီလေ။
ဒီတော့..ကျမနဲနဲတော့ရှည်ရမဲ့အချိန်ကျရောက်လာပြီလေ..။
မင်းရဲ့ အထက် Supervisor ကိုမေးပါလားဒီဗီဇာနဲ့ ပတ်သက်ပြီးအတွေ့ အကြုံမရှိရင်..
လို့ ပြောလိုက်ပါတယ်။ ထိုင်းမမလား ထုံမမလားတော့မသိပါဘူး...ရွှေမျက်စောင်းကြီးခဲပြီး၊
ပေစောင်းစောင်းနဲ့ ထွက်သွားပါတယ်။

ကျမတွေ့ တာ သူသွားမေးတာလည်း ထိုင်းအဖွားကြီးတယာက်ပါဘဲ။
ပြန်လာပြောပါတယ်။နယ်သာလန်မှာသွင်းတာက ဟိုမှာဘဲတဲ့ ။ဒီမှာလည်းသွင်းရမယ်တဲ့။
ဗီဇာကြေးသွင်းတာတော့သွင်းရမှန်းသိပါတယ်။ဒါပေမဲ့ဒီ ၅၀၀ ဆိုတာ L1 အတွက်ကမတင်တဲ့အတွက်သွင်းစရာမလိုဘူးလို့ ပြောတာ ..မရပါဘူး။
လွန်ခဲ့တဲ့ ၃ နှစ်ကလည်း ဒီမှာလာတုံးထုဖူးတယ်။အဲဒီတုံးကလည်းသွင်းစရာမလိုခဲ့ဘူးလို့ ပြောလည်းမရ။
ထိုင်းအဖွားကြီးဆီပြန်သွား..ဟာ..နောက်ကလူတန်းကြီးကလည်းအရှည်ကြီး..။
E လိုပြောကြပေမဲ့ ဒေါသထွက်တော့ကျမတို့ ၂ ယောက်လုံးအသံအကျယ်ကြီးဘဲ..။
အားလုံးဝိုင်းကြည့်နေကြတာ..ရှက်စရာကြီး။
ဂျပန်လေယာဉ်ကွင်းမှာ
ဒီတခါ..အဖွားကြီးထလာပါတယ်။အက်ကျုမီဆိုပြီးးးးဆြာ မင်းပိုက်ဆံမသွင်းရင် အမေရိကားထဲဝင်လို့ မရဘူး..ဆိုပြီးမိုက်ထဲကနေအော်ပြောလိုက်ပါတယ်။
ကျမဒေါသအလိပ်လိုက်ထွက်လာတယ်..။ငယ်ထိပ်ကို..ဒိုင်းကနဲဘဲ။
ကျမအမျိုးသားက ရှက်လို့ အိုကေအိုကေ ဆိုပြီး၊တခြားကောင်တာမှာပိုက်ဆံသွားသွင်းဖို့ ပြင်ပါတယ်။
ကျမသူတို့ ကိုစေ့စေ့ကြည့်နေတာ ထိုင်းမ ၂ယောက်တယောက်မျက်နှာတယောက်ကြည့်ပြီး။
မျက်နှာအမှုအယာနဲ့ နှုတ်ခမ်းမဲ့လို့ ...။
ကဲ..နောက်တော့လည်းပေးရတာဘဲပိုက်ဆံကို..ဆိုတဲ့အပေါက်နေမှာပေါ့။
ကျမလုပ်လို့ ရရင်တော့...ပြေးပြီးဆွဲဆုတ်လိုက်ချင်တယ်...မျက်ခွက်တွေကို..။
(အကုသိုလ်တွေလေ...ပွားတတ်တာ...)

ကျမလေ..အခန်းထဲမှာထားတဲ့ကွန်ပြူတာ ၂လုံးနားသွားတယ်။
ကျမ အသည်းအသန် Blanket Petition L1 visa နဲ့ ပတ်သက်တာအွန်လိုင်းမှာလိုက်ရှာနေမိပါတယ်။
ကျမအမျိုးသားကလည်း စိတ်တွေကတို၊စိတ်ကရှုပ်(သူ့ အနာကလည်းမခွဲရသေးဘူး)၊
ပါးစပ်ကပွစိပွစိနဲ့ ပြောရှာပါတယ်။ငွေ ၅၀၀ ကပြန်ရမှာဟုတ်ဘူး။
(သံရုံးထုံးစံဆိုတာသွင်းပြီးပိုက်ဆံဘယ်တော့မှပြန်မရပါဘူး)
(ကုန်ကျစရိတ်ကိုများသောအားဖြင့် ရုံးကကုန်ပေးတာလေ.။ဒါပေမဲ့ဒီပြသာနာကတော့ ရမှာဟုတ်ဘူးသေချာတယ်)။ကျမလည်း...၊
မြန်မာလိုပြောရင် သူများနားမလည်မှာစိုးလို့  ဘို လိုအော်အော်ပြောရသေးတယ်။ 
"ဒီကိစ္စ ဒီမှာမပြီးဘူး။ဒီ ၅၀၀ ပြန်မရလည်း ဒင်းတို့ အကျိုးဆက်ကို သိကိုသိရမယ်။
ဒါ ကမ္ဘာကြီးပြားတယ်ဆိုတဲ့ခေတ်"...ဌဲဌဲ..ဆိုလိုချင်တာက ဂလိုပေါ့။(ဘာသာပြန်ပြီး နားလည်ပေးပါရန်.)။
ဟို..ကင်မရာတပ်ထားတဲ့နေရာမှာလူးလာခပ်ပြနေခဲ့တာ၊ ဒေါ်မီးပေါ့...။
လူအုပ်ကြီးက ကျုပ်ကိုကြည့်လို့ အရုးမကြီးလို့ ထင်လည်းတကယ်ဂဂုမစိုက်ခဲ့ဘူး..။

တော်တော်ကြာမှ ကျမတို့ ကိုပြန်ခေါ်ပါတယ်။ဒီတခါတော့အင်တာဗျုးဖို့ ပေါ့..။ အမေရိကန်အမျိုးသမီးပါ..။ဟောင်းအာယူးတဲ့...၂ ယောက်လုံးဖြေတာတူတယ်ဗျို့ ..။
We are not fine ကနေစလိုက်ပါတယ်။အမျိုးသားလည်းပြောကျမလည်းပြော..။
သံအရာရှိမမ မျက်စိတောင်လည်သွားတယ်။
ကျမအမျိုးသားပြောတာကျမမကြားဘူး၊ကျမကတော့ ဟိုထိုင်းအမျိုးသမီးကျမတို့ ကိုဆက်ဆံတာ၊
မကြိုက်ဘူးဆိုတာဘဲပြောပါတယ်။ပိုက်ဆံသွင်းခိုင်းတယ်။မသွင်းရင်ရင် မ၀င်ရဘူးဆိုတဲ့အကြောင်းး။
သူစာရွက်ကိုကြည့်ပြီး၊မျက်လုံးပြူးသွားပါတယ်။ငါဆိုင်းဖို့ နေရာမှာဘယ်သူလာထိုးထားလဲတဲ့။
နေရာကြည့်လိုက်တော့ နယ်သာလန်..ပြီးမေးတယ်ဘယ်တော့နယ်သာလန်ပြန်မလဲတဲ့...။
ကဲ...ကျမပြောတာမှန်ဘူးလား...။ခပ်ကြောင်ကြောင်လူတွေလောကမှာများပါတယ်လို့ ..။
ပိုက်ဆံသွင်းထားတဲ့ချာလံပြပါတဲ့..။ပိုက်ဆံမသွင်းရင်ဘယ်သံရုံးကမှ အဲဒီစာမထုတ်ပေးဘူးလို့ ပြောမှငြိမ်သွားတာ။ ဒီတခါတော့ ဘဲကြီးလည်းပြောပြီလေ၊
ကမ္ဘာအနှံဘဲသွားလာခဲ့တာပြသာနာဖြစ်ရင် ဒီ ထိုင်းမှာဘဲဖြစ်နေတာဘဲ။
ငါလည်း ငတုံးကြီးဟုတ်ဘူး။သိလို့ ပြောနေတာတဲ့။
ဘယ်လိုလူတွေနဲ့ ဆက်ဆံနေရမှန်းတောင်ငါမသိဘူး။
ဗီဇာဆက်ရှင် ဆိုပြီးပိုနားလည်တတ်ကျွမ်းရမှာပေါ့....တဲ့။

အစအဆုံးရှင်းပြန်ရှင်းပြနေရတာ၊ မွေးကတဲကအခြေအနေတွေပြန်မတင်ပြရတာကိုဘဲကံကောင်း..။ 
သူကလေးပြောတာမှပိုမိုက်ပါတယ်။ပိုက်ဆံကိုနင်တို့ ကုမ္မဏီမှာပြန်တောင်းလေတဲ့..။
အရင်ကလာတော့ မပေးရတာကဘာဖြစ်လို့ လဲမေးလည်း..အင်းးအီး..အဲ..။
မှားလို့ ဖြစ်ပါလိမ့်မယ်တဲ့...။ဥပဒေတွေက ပြောင်းတတ်တယ်တဲ့။
အမျိုးသားက..ဒါဖြင့်ရင်ဘယ်တုံးကပြောင်းလဲ။ အဲဒီဥပဒေ ကိုprint ထုတ်ပေးပါလို့ ပြောတယ်။
ကျမကလည်း ဟိုအရာရှိကိုရှင်က မှားလုပ်ခဲ့တယ်လို့ ဆိုလိုတာလားလို့ မေးတယ်။ 
သူ အခြေအနေမဟန်ဘူးဆိုတာတော့ ခဏနေအုံးဆို သွားပြန်တယ်။
နောက်တခြား ၃ယောက်လောက်ထပ်ရောက်လာတယ်။
ကျမတို့ စာအုပ်တွေကြည့်ပြီး ပြောဆိုနေကြတာပေါ့။
ထိုင်းအဖွားကြီးလည်းသူတို့ ကိုရှင်းပြနေတာ၊အဲဒီအချိန်မှ သူ့ တို့ ရဲ့ အရာရှိမမဖြစ်မယ်၊
ခပ်ဖိုင့်ဖိုင့်အဖြူအဖွားကြီးရောက်လာတယ်။
သူစာရွက်ကိုယူကြည့်ပြီး ပြောနေတာ၊အားလုံးက သူ့ ကိုနားထောင်နေတာ။
(အသံလည်းမကြားရပါဘူး။ကျမလှမ်းမြင်ရတာတွေပါ)။
အားလုံးကျမတို့ ကိုလှန်းကြည့်ကြပါတယ်ပြီးကျမတို့ ကိုလာပြောပါတယ်။
ထိုင်စောင့်ပေးပါတဲ့။ပြန်ခေါ်ပါမယ်ဆိုဘဲ။
ထိုင်ပါဘူး..။ဒင်းတို့ ဘယ်လိုလုပ်သလဲဆိုတာသိချင်လို့ အဲနားမှာဘဲပေကပ်ပြီးရပ်ကြည့်နေခဲ့တယ်။
ကောင်တာလည်းကျမတို့ ၂ ယောက်ဘဲရှိတယ်။
နောက်ကလိုင်းရှည်ကိုနေရာရွှေ့ လိုက်တယ်လေ။

အကြာကြီး..ဖုံးဆက်လိုက် ပြောလိုက်နဲ့ ၊လူ ၄ ယောက်လောက်ရှုပ်နေကြတာ။
နောက်မှ ကျမတို့ ကိုခေါ်ပြီး တောင်းပန်ပါတယ်။
သူတို့ မှားပြီးပိုက်ဆံကောက်မိပါတယ်။ပိုက်ဆံကောင်တာမှာ ပိုက်ဆံကဒ်ထဲကိုပြန်သွင်းပေးမယ်။
အဖြူအရာရှိ ၂ ယောက်ကတောင်းပန်တယ်။ မနက်ဖန်စာအုပ်ကို စာတိုက်မှာသွားထုတ်လို့ ရပါတယ်တဲ့။
တုံးထုပေးလိုက်ပါ့မယ် ဗီဇာကြေးတော့သွင်းပါတဲ့...ကဲ.....။
ရာထူးကြီးတဲ့အဖွားကြီးက ထိုင်းအဖွားကြီးကို အဲဒီနေရာမှာဘဲ သူ့ အမှားအတွက်၊
ပြောနေပါတယ်။ ထိုင်းအဖွားကြီးမျက်စိမျက်နှာပျက်လို့ ။
ကျမက သူကျမတို့ ကိုပြန်တောင်းပန်စေချင်တယ်။မြန်မာနိုင်ငံသား စာအုပ်ကိုင်တာနဲ့ သူတို့ ထိုင်းတွေ၊
လူကို တခြားဂြိုလ်သားလိုမြင်တဲ့အမြင်မျိုးတော့ လုံးဝလက်မခံဘူး။
အမျိုးသားက ကျမကိုပိုက်ဆံသွင်းတဲ့ကောင်တာဆီဆွဲခေါ်သွားလို့ ၊
သူ့ မိန်းမအကြောရှည်တာသိတယ်လေ..။ဒါတောင် ကပ်ရပ်ကောင်တာက ဗိုက်ကြီးသည်မကိုတော့၊
ကုန်းပြီးပြုံးပြခဲ့ပါသေးတယ်။သူကတော့မျက်လွှာလေးချ ခေါင်းကြီးငုံလို့ ..။
အော် ဆာဝါဒီခ လုပ်တော့ဘူးလားရှင်......။
(အနောက်နိုင်ငံ ကြီးသားတို့ တော့မှားရင်လည်းတောင်းပန်တတ်ပါတယ်)
အပြင်ရောက်တော့ နေ့ လည် ၁နာရီကျော်ပါပြီ။၅ နာရီနီးပါးငြင်းခုံအော်ဟစ်နေရတယ်လေ။
ပြန်ရလာတဲ့ စာရွက်တွေလည်းဆိုင်းတွေထိုးထားတာကို ပြန်ဖျက်ထားတာတွေနဲ့ ရှုပ်ပွနေတာ၊
ဒီမှာပြသာနာဖြစ်လို့ ကတော့ဟိုက မမတွေ နာဖို့ တာပြင်....။

လူလူချင်း အချင်းချင်း ချိုးနှိမ်ဆက်ဆံခြင်းမှ ကင်းဝေးကြပါစေ။
မီးမီး
"ဓါတ်ပုံနဲ့ စာနဲ့ ဘာမှမဆိုင်ပါဘူးးးးး။စာရှည်ဖတ်ပြီး ပျင်းမှာစိုးလို့ ...အဟဲ။၎ရက်တောင်ရေးယူရတာနော့်"

Sunday, May 13, 2012

ဘန်ကောက်ဆေးရုံက Amazing Thailand

မင်္ဂလာပါရှင်~~~

ဒီတခါတော့ နဲနဲအတင်းတုတ်အာလူးဖုတ်ရအုံးမယ်။
ကျမတော့  Amazing Thailand ကိုထိုင်းမှာအဆင်မပြေ၊ပြသာနာဖြစ်ရင်၊
မှတ်ချက်ချတဲ့အနေနဲ့ ရွဲ့ သုံးတတ်ပါတယ်။
ဘန်ကောက်ဆေးရုံတော့ လူတိုင်းကြားဖူးကြမှာပါ။
မြန်မာကလူတွေအများကြီးဆေးလာကုတာတွေ့ ရတယ်။
ဒီတခါကျမတို့ ပြန်တော့ ကျမအမျိုးသားသူ့ ရဲ့ တင်ပါးကအသားပိုစလေးကိုခွဲဖို့ ရောက်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၃နှစ်လောက်ကလည်းသူခွဲဖူးပါတယ်။အဲဒီဆေးရုံမှာပါဘဲ။
ဒီတခါလည်း ခရီးရှည်(၂၁ နာရီကျော်လေယာဉ်စီးလာတဲ့ဒဏ်၊ဖိမိတာကြောင့်ဖြစ်ပါလိမ့်မယ်) ၊
သူ့ အသားပိုစလေးက ယောင်လာတယ်လေ။
သေးသေးလေးပါ(အင်းးးနှိုင်းပြရရင်တော့လက်သန်းဆစ်မရောက်တရောက်ပေါ့၊
ဘောပင်နှိပ်စေ့လိုမျိုးရှည်ရှည်လေးပေါ့)။
ရန်ကုန်မှာ ၄ ရက်ဘဲနေပြီးပြန်လာရတယ်။ဆေးရုံပြချင်လွန်းလို့ လေ။
ဆေးရုံရောက်တော့ သူခွဲနေကျဆရာဝန်ကမရှိဘူးတဲ့။
ဒါပေမဲ့ကျမက ခွဲဖူးတဲ့ဆရာဝန်နဲ့ ဘဲပြချင်တယ်ပြောလို့ စီစဉ်ပေးပါတယ်။
၄၅မိနစ်လောက်စောင့်ရတာပေါ့လေ။

ဆရာဝန်ရောက်လာတော့ ကျမကလိုက်ဝင်မယ်ဆို အမျိုးသားကမ၀င်နဲ့ တဲ့။
သူကရှက်နေတာလေ။
နောက်ပြီး..တခါလည်းခွဲဖူးတယ်ဆိုတော့၊ကျမလည်းဆိုဖာမှာအိပ်စောင့်တာပေါ့။
ခဏလေးဘဲ ဆရာဝန်ကကျမကိုလာပြောပါတယ်။
Ultrasound ရိုက်ဖို့ လိုတယ်တဲ့။ ၆၀၀၀ ဘတ်လောက်ကျမယ်တဲ့။
အိုကေပေါ့..။ဘယ်တတ်နိုင်မလဲ။ခုခေတ်ကအဖုအကြိတ်ကနေကင်ဆာတို့ ဘာတို့ ဖြစ်တာသိရတာကိုး။
ဒါနဲ့ နောက်တခန်းကိုပြောင်းပေါ့ စောင့်တာပေါ့။   
ြ့ပီးတော့ဆရာဝန်ဆီပြန်လာ။ သူက အိုကေတဲ့။ အဲ..ဘာအိုကေလဲ။
ဟိုကဖြင့်ထိုင်တောင်မထိုင်နိုင်ပါဘူးနာလို့ ။
ဆေးပေးမယ်တဲ့။အဲဒီအခါမှ ရွှေယောက်ကျားက မိန်းမကိုခေါ်ပါတယ်။
ကျမကထိုင်းစကားတတ်တယ်လေ။(တတ်မှာပေါ့ကျမတို့ ရှမ်းစကားနဲ့ ၆၅% တူတာကိုး)
ကျမလည်းမေးတယ်။ဘာဖြစ်လို့ မခွဲပေးတာလဲလို့ ။
သူကခွဲစရာမလိုပါဘူးတဲ့။နာရင်ဆေးသောက်ပါလို့ ဘဲပြောပါတယ်။
ကျမအမျိုးသားကဘယ်လိုပျောက်မှာလဲပိန်ရုံသွားမှာလားတဲ့မေးလိုက်ပါသေးတယ်။
ဆရာဝန်ကိုမေးလိုက်ဗမာပြန်လိုက်ထိုင်းပြောလိုက်နဲ့ နောက်ဆုံးဆေးဝယ်အိမ်ပြန်လာရပါတယ်။
ဘတ် ၆၀၀၀ ကျော် ရ၀၀၀နီးပါး ပေါ့ပေးလိုက်ရပါတယ်လေ။
1 Thai baht = 0.0321 US dollars ဆိုတော့ ဒေါ်လာ၂၀၀ နီးပါးပေါ့။
လူလည်းသိပ်မရှိတဲ့ ဌာနပါ

တလမ်းလုံးပွစိပွစိနဲ့ လေ..သူက။ခွဲပေးစေချင်နေတာလေ..။
အိမ်ရောက်တာနဲ့ ကျမသူ့ ကိုသေသေချာချာပြောလိုက်တယ်။
ကဲ..ကိုယ်တော်ကျုပ်ကိုလှန်ပြမှ ကြည့်ပြီးပြောလို့ ရမယ်။(သီးခံပါရှင်..ရှင်းအောင်ရေးရတာပေါ့နော်)။
ရှင်နာတယ်ပြောနေတာဘယ်လိုလုပ်သိမှာလဲ၊မမြင်ရဘဲနဲ့ ..လို့ ။
ကိုင်း...လှန်တယ်။ကြည့်တယ်။မြင်တယ်။
အိုး..သူတို့ ကမှင်ပြာကြီးနဲ့ ကွင်းထားတာလေ။
သူ့ အနာနဲ့ မှင်ပြာကွင်းထားတဲ့နေရာက လက်တထွာကျော်ကျော်ကွာနေပါတယ်ရှင်။

ပြသာနာကစလာပြီလေ...။
ကျမသူ့ ကိုမေးတယ်မှင်နဲ့ ကွင်းတာဓါတ်မှန်ဌာနကလား ဆရာဝန်လားပေါ့။
ဆရာဝန်တဲ့..။ဓါတ်မှန်ဌာနကဘယ်နေရာရိုက်ရမှန်းမသိလို့ ၊
သူ့ ကိုလှန်ခိုင်းထားပြီးဆရာဝန်ကိုလှန်းမေးနေရသေးတယ်လို့ သူကပြောပါတယ်။
ဆေးရုံကိုကျမဖုံးဆက်တယ်။
ဆရာဝန်နဲ့ ပြောမယ်ဆိုတာမပေးပြောပါဘူး။
သူတို့ အရှေ့ ကတာဝန်ခံနာ့စ်မလေးတွေနဲ့ ဘဲပြောရပါတယ်။
ကျမဒေါပွလို့ တ်ာတော်အော်လိုက်တယ်။နားလည်မှု့ လွဲတာပါတဲ့။
ဆရာဝန်ကလူနာလက်လက်ညှိုးထိုးပြတဲ့နေရာကိုကြည့်ပေးတာတဲ့။
ဘယ့်နှယ်ရှင်..လူနာကမှောက်အိပ်နေတော့၊လက်နဲ့ လှမ်းပြီးတော့ထိုးပြလိုက်တာဘဲလေ။
သူက ဆရာဝန်၊ပြီးကျတော့တခါလည်း၊ခွဲဖူးတယ်။
တင်ပါးမှာဘဲ။ သူသိရမယ်လေ။မှတ်တမ်းတွေလှန်ကြည့်လေ။
လူနာဟောင်းက ဒီဆရာဝန်ကိုတောင်းဆိုလို့ ဘဲ၊သူလာရတယ်လေ။
ထားပါတော့လေ..။ကျမတို့ ကတခြားရုံးကိစ္စရှိလို့ နောက်၂ ရက်မှပြန်လာနိုင်မယ်။
မနက် ၉နာရီခွဲမယ်ဆိုပြီးဖုံးမှာ နာရီဝက်လောက်ပြောဆိုပြီး ရက်ချိန်းထားလိုက်ပါတယ်။

ခွဲခန်းရှေ့ ကဖျော်ဖြေစင်

ကိုင်း...နောက်၂ ရက်ကျတော့၉နာရီမဒေါင်ခင်ကတဲက ရောက်နှင့်ရပြီပေါ့။
ကောင်တာက နာ့စ်မလေးတွေက ကျမတို့ ကိုသိနေပြီလေ။
ငြင်းခုံထားတာကိုး..။
လာပါ ကြွပါရှင်.ပေါ့..(ကျမနဲ့ ထိုင်းလိုဘဲပြောတာပါ)။
ဆရာဝန်ရောက်လာတော့ စစ်ဆေးပြီး၊
ကျမဆီကို နာ့စ်မလေးကကဒ်ပြားလေးမှာလက်မှတ်လာထိုးခိုင်းပါတယ်။
ခွဲစတ်ခ ၁၃၀၀၀ ဘတ်လောက်ကျမယ်တဲ့။ခွဲဖို့ သဘောတူမတူပေါ့။
ကျမက အပြင်မှာဘဲထိုင်စောင့်နေတာလေ။
အိုကေ..ခွဲဖို့ လာတာဘဲ၊ခွဲမယ်။ဒါပေမဲ့ အရင် Ultrasound ရိုက်ထားတဲ့ ၆၀၀၀ ဆိုတာကော၊
ဘယ်လိုလုပ်ပေးမှာလဲ။ မှားပြီးရိုက်တာဘဲ..၊လို့ ပြောလိုက်ပါတယ်။
ကျမကိုခဏဆိုပြီးပြန်သွားပါတယ်။ဖုံးတွေဆက် ဆရာဝန်နဲ့ ပြောဆိုပြီးပြန်လာတယ်။
ဆေးရုံထုံးစံက ဈေးလျှော့လို့ မရပါဘူးတဲ့။ဒေါ်လာနဲ့ ဆို $ ၄၀၀ ကျနေပြီလေ။
ကဲ....ကျမကမှ ဒေါသမထွက်ဘူးဆိုရင် ကျမငတုံးငအလို့ ဘဲမှတ်ယူစရာရှိတော့တယ်။

လာစမ်း..ဒီ..ယပက်လက်ဆိုတာ...။
ကျကျနန မောင်းတင်ပြီး..ရင်ခေါင်းထဲကအသံနဲ့ ကိုအော်ပြောလိုက်တယ်။
ကျမတို့ ကမှားတာလား။ဆေးရုံဖက်ကမှားတာလား မနေ့ က ရိုက်တဲ့ကိစ္စမှာ။
နောက်ပြီးလူနာက ၂ ရက်ထိုင်လို့ မရ ကွတတနဲ့ နေရတာ။ဒါမျိုးဖြစ်သင့်သလား။
ကျမတို့ ၂ ယောက်ရဲ့ မှတ်တမ်းကိုပြန်ကြည့်ပါ။
ဒီ၅ နှစ်ထဲမှာဘဲ သိန်းချီရှိနေတယ်ပြီ။ဒါမင်းတို့ ဖောက်သည်ကို ဆက်ဆံတဲ့နည်းလား။
ဆေးရုံတွေ အများကြီးရှိတယ်။ငါဆေးရုံပြောင်းရမှာလား...။ဘာလားနဲ့ ပေါ့။
(ဘာရမလဲ..ဟုတ်တာကော မဟုတ်တာကောအသာထား၊ပြောနိုင်တုံးတော့ဒလစပ်ပြောလိုက်တာဘဲ)
ဟီး...ဖြစ်ချင်တော့။ကပ်ရပ်ထိုင်နေတာမြန်မာမိသားစု။
သူတို့ ကျမကိုကြည့်နေကြတာ။ဂြိုလ်သားတယောက်လို့ ထင်နေလားမသိပါဘူး။
ဒီထိုင်းတွေက ဖားမာ့ ဖားမာ့လို့ မြန်မာပြည်ကလူကိုခေါ်တယ်။
ပြီး...နှိပ်ကွပ်ချင်တယ်။နှိမ်ချင်တယ်လေ။ဖိဟောက်ပေးလိုက်ရင်..ကုပ်နေတာဘဲ။

ချထားတဲ့ရေဗူး ၃ ဗူးလောက်ကိုတကွပ်ကွပ်မော့လိုက်ရတယ်။
ဒေါသမောဟတွေလေ..။
နောက်ပြန်လာတယ်...ဆရာဝန်နဲ့ ကျမဘာမှမပြောရသေးဘူး။
နာ့စ်မတွေ သူတို့ ခေါင်းဆောင်မတွေနဲ့ ဘဲပြောနေရသေးတာ။
ဆရာဝန်ကပြောတယ်တဲ့ သူ့ ခွဲစိတ်ခ ၃၀၀၀ မယူဘဲခွဲပေးမယ်၊သဘောတူပါသလား တဲ့။
ကျမတခွန်းဘဲပြောလိုက်တယ်။ ခွပ်ခွန်း(ကျေးဇူးတင်တယ်)လို့ ။
(မောနေပြီလေ..ဘေးပတ်ဝန်းကျင်ကြည့်ပြီးလည်းရှက်လာတယ်)။

နောက်နာ့စ်မလာပြောပါတယ်။သူတို့ ရဲ့ စကားပြန်နဲ့ သုံးချင်ပါတယ်။
ခွင့်ပြုတဲ့။အိုကေ..ခေါ်လာလေ..။(ကျမတို့ သွားတိုင်းစကားပြန်လိုမလိုမေးပါတယ်။
သူတို ဆီကစကားပြန်ကိုကျမမြင်ဖူးတာက(ကောင်မလေးတယောက်ပါ)
ငယ်လည်းငယ်သေးကြပါတယ်လေ၊ဆေးရုံအသုံးအနူန်း
ဆေးပညာဝေါ်ဟာရတောင် သေသေချာချာမသိဘူး)ထားပါတော့လေ။
ဒါကသူတို့ ပြသာနာ။ဒီတခါခေါ်လာပေးတဲ့ကောင်လေးကလည်းငယ်ငယ်လူရည်သန့် လေး။
အန်တီ၊အန်ကယ်နဲ့ ပေါ့။ဘာဖြစ်တာလဲပေါ့။(ဆရာဝန်အခန်းထဲရောက်နေကြပြီလေ)။
ဆရာဝန်က ထိုင်းလိုသူ့ ကိုပြောပြတော့၊သူက အင်္ဂလိပ်လိုဘဲပြောပါ။ သူမြန်မာလိုပြန်ပေးမယ်တဲ့။
ကဲ...လူလေး ၃ယောက်တပိုင်းထဲနဲ့ ကပ်ရူပ်နေပြန်ပြီလေ။
ကျမကမြန်မာလိုပြောတာ။ကောင်လေးက အင်္ဂလိပ်လိုပြန်ပါတယ်။
ဘယ်လောက်မောလဲ...။
လာအုံး...ဒေါ်မီးချဲအုံးမယ်။

ဆရာဝန်ကျမကိုပြောပြောမပြောပြော၊ကျမကဆရာဝန် E လိုပြောရင်  E လိုမှုတ်ပြန်မှုတ်လိုက်တယ်။
ထိုင်းလိုပြောရင်ထိုင်းလိုပြန်ပြောတယ်။
ကောင်လေးကိုတော့..သားရေ ခဏနော်ပေါ့။
ဘယ်လိုဖြစ်ချင်လဲလို့ ဒီတခါမှဆရာဝန်က ကျမကိုကြည့်ပြီးမေးပါတယ်။
ကျမက အနာသက်သာချင်တယ်။လူနာစိတ်ချမ်းသာစေချင်တယ်။
ငွေရေးကြေးရေးကို အဓိကမထားလို့ ဒီလိုဆေးရုံမျိုးကိုရောက်လာတာ။
အဆင်မပြေဖြစ်ခဲ့ရင် ပြေအောင်ညှိနှိုင်းပေးရမှာလေ။
ကျမလည်း ကမ္ဘာပတ်ခဲ့တာဘဲ။အားလုံးကိုနားလည်ပါတယ်။ 
ကျမတို့ ကိုဒီလိုမျိုးမဆက်ဆံနဲ့ လေ။(ဟုတ်တယ် မြန်မာဆိုပြီးနှိမ်လို့ ကတော့..ဟင်းးးး)
ကောင်လေးနားလည်အောင်လို့ ကျမ E လိုလည်းမှုတ်ပေးခဲ့ပါတယ်။
ဟွန်းးးးး(ကျမ ထိုင်းမှာ ၉ နှစ်နေခဲ့ဖူးပါတယ်၊နိုင်ငံခြားသားတွေနဲ့ ဘဲအလုပ်လုပ်ခဲ့တာ၊
ညဆိုရင်ထိုင်းကျောင်းတက်ပါတယ်။AUA ဆိုတဲ့E ကျောင်းတက်ပါသည်။
Goethe ဆိုတဲ့ဂျာမာန်ကျောင်းလည်းတက်ပါသည်။ရန်ကုန်မှာတောင်ထိုင်းဆရာမလုပ်သေးဗျားးး
ခပ်တည်တည်နှင့် ကပ်ကြွားပါသည်...:P)
သူများတွေလိုတော့ ပရောဖက်ရှင်နယ်ကြီးဘယ်ဟုတ်မလဲ။
ဘ၀ ပင်လယ်ပြင်ကျယ်ကြီးထဲတော့ လက်ပစ်ကူးနိုင်လာခဲ့တာဘဲလေ။ :)))

ကျမရဲ့ ဆန္ဒက သူတို့ ဖက်ကမှားရင် မှားတယ်လို့ ဝန်ခံပြောစေချင်တာပါ။
မသေသောဆေးသမား၊မမှားသောရှေ့ နေ ဆိုတာလည်းနားလည်ပါတယ်။
အဲဒါကို လူနာလက်ညိုးညွန်တဲ့အတိုင်းဘဲလုပ်ပါတယ်၊
ဆိုပြီးဇွတ်ကြီးပြောနေတာကိုလုံးဝလက်မခံပါဘူး။
သူဖတ်လေ..မှတ်တမ်းတွေကို။
သူဘဲခွဲပေးဖူးတယ်လေ..ဒီလိုအဖုလေးဘဲဟာ။
အသားပြောင်ကြီးပေါ်မှာ Ultrasoundရိုက်ခိုင်းတော့ဘာတွေ့ မှာလဲ...။

ကျမအမျိုးသားကတော့ဆရာဝန်ကိုသနားလို့ မျက်နှာမကောင်းဘူး ၃၀၀၀ ပေးလိုက်ပါတဲ့။
ကျမကိုကပ်ပြီးပြောနေတယ်။(ဆရာဝန်ကခွဲပေးနေတုံးကျမအမျိုးသားကိုမေးတယ်တဲ့။
မင်းမိန်းမကဘာလူမျိုးလဲတဲ့.....အဟိ....ရှမ်းမကွ)
ကျမက ဆရာဝန်မှတ်မိသွားအောင် နောက်မပေါ့အောင် နားလည်သွားအောင် လို့ ။
လုံးဝ သဘောမတူခဲ့ပါဘူး။
စကားပြန်ကောင်လေးလည်းအပြင်ရောက်တော့လာပြောပါတယ်။
ခုလိုကျမပြန်ပြောတာသဘောကျတယ်တဲ့။ 
မြန်မာဆိုပြီး အဖြူတွေနဲ့ တန်းတူဈေးယူပြီး နဲနဲခွဲခြားတတ်တယ်တဲ့။
ကျေးဇူးတင်ပါတယ်တဲ့။
အပြင်က မြန်မာမိသားစုလည်း အူဆိုလားအစာအိမ်ဆိုလားခွဲတာ။
ပိုးဝင်ပြီး ယောင်လို့ မပြန်နိုင်သေးဘဲစောင့်နေရတယ်တဲ့။
စကားလည်းမတတ်တော့ စကားပြန်နဲ့ ဘဲစခန်းသွားရတယ်။
ပိုးဝင်တယ်ဆိုတာခွဲခန်းမှာပြသာနာရှိလို့ တဲ့။
သားကတခြားနိုင်ငံကဆရာဝန်ဆိုတော့ ဟိုကနေလှမ်းပြီးပြောပြတယ်လေ..။

ကဲ....။
နောက်ဆုံးကျမဘယ်လောက်ရှင်းရလဲသိလား...၄၀၀၀ ဘတ်။
နောက်ချုပ်ရိုးဖြေ အနာဆေး က ၂၀၀၀ နီးပါးးးးး။
စုစုပေါင်းတော့လည်း ၁၃၀၀၀ ကျော်ကျတာပါဘဲလေ...။
ကိုင်းးးးကျမရဲ့ ဘန်ကောက်ဆေးရုံက Amazing Thailand..ပေါ့။
ကျမပြောတတ်သလိုပြောပြတာပါ။

နောက်တခုကပိုပြီးတောင် မိုက်သေးတယ်။
အမေရိကားသံရုံး(ဘန်ကောက်မှာ)..နောက်ဆုံး အရာရှိတွေကကျမတို့ ကိုပြန်တောင်းပန်ကြတယ်။
အဲဒါလည်း ထိုင်းမမတွေကစတာပါဘဲ။
ဒီအကြောင်းကိုနောက်မှအာလူးဖုတ်အုံးမယ်လေ..။

ပျော်ပျော်ပါးပါးပေါ့နော်
မီးမီး