Monday, August 29, 2011

ကျိုင်းတုံ သားရေစာ(နေမကောင်းတဲ့အခါတမ်းတမိတာ)

မိုးအေးအေးနဲ့ နေမကောင်းတဲ့အခါမျိုး နှာပိတ်နှာစေးတဲ့အခါမျိုးမှာ၊
မြန်မာပြည်ကလူတွေ ရှောက်သီးသုပ် တမ်းတ ကြသလိုပါဘဲ၊
ကျမတို့ လည်းချဉ်ငံစပ်လို့ ခေါ်တဲ့ ခေါက်လန်ဖွန်း(ဆန်ထိုဖူးသုပ်)ကို၊
အရမ်းလွမ်းတယ်။ ချဉ်ချဉ်ငံငံစပ်စပ်လေး စားပြီးရင်၊ အားလုံးပွင့်ထွက်သွားပါတယ်။
ပဲကြော်လေးနဲ့ စားလည်းကောင်းတယ်။
အသုပ်ဆိုပေမဲ့ကျမတို့ က အရည်လေးနဲ့ ဆမ်းစားလေ့ရှိတယ်။
အချိုရည်(ကြံသကာရည်)၊ အချည်ရည်(ကြံသကာနဲ့ အချည်ဖေါက်တာပါ)၊
ခရမ်းချဉ်သီးပြုတ်ရည်၊ ကြိုက်တာနဲ့ ထည့်စားလို့ ရပါတယ်။
ပဲပုပ်ချဉ်ရည် ငရုတ်သီးကြော် ဆား ဂျင်းထောင်းအရည် နံနံပင် ကော်ဖီထုပ်ပါးပါးလေးလှီး နဲ့ ဆို...
အိုး.... ဂွတ်မှဂွတ်.....
ဟို မုန့် တီဖတ်အရည်နဲ့ က ကျိုင်းတုံခေါက်ဆိန့် မဟုတ်ပါဘူး။
ကျမတို့ အခေါ် ခေါက်ဆန့် နမ့်ဆေ့(အသုပ်သဘောပါဘဲ သပ်သပ်လွတ်ပါ)။

ဒါကတော့ မြေပဲဆံနဲ့ လုပ်ထားတဲ့မြေပဲဆန်ထိုဖူး( ခေါက်လန်ဖွန်းထိုလင်)ပါ။
သူကျတော့ ပဲပုပ်ချဉ်ရည် မထဲ့ရပါဘူး။ ကြက်သွန်ဖြူဆီကျက်နဲ့ ပဲငံပြာရည်၊
ဆား ငရုတ်သီး အချိုရည် အချဉ်ရည် ကြိုက်တာထဲ့ကြတာပေါ့~~~

ဒါက ကျိုင်းတုံတရုတ်ကွမ်ရင်ကျောင်းက သက်သတ်လွတ် ခေါက်ဆွဲ၊ (ကျိုင်းတုံကလူတွေ အရမ်းအချိုမူန့် ကြိုက်ကြတယ်၊ဘေးမှာချထားတဲ့ ဟင်းချိုမူန့် ပုဂံလေးကိုဘဲကြည့်ပါ။) ဟီး...
ကျမက လုံးဝ မစားတတ်ဘူး ငယ်ငယ်ကတဲက၊
ပါးစပ်မှာ ချဉ်တဲ့အရသာဖြစ်လို့ ပါ။

ဈေးနားက ၀ယ်စားတဲ့ ခေါက်ဆွဲ၊(မုန့် တီဖတ်ကုန်နေလို့ ညှပ်ခေါက်ဆွဲနဲ့ ရောထဲ့ပေးတယ်လေ)

ဒါက အူတုံခေါက်ဆွဲကို ကျိုင်းတုံခေါက်ဆိန့် အဖြစ်ကျမချက်ထားတာ..။
ကြာပါပြီ နယ်သာလန်ကတည်းက ချက်စားတာ။

အောက်ဆုံး ၂ ပုံကတော့ အဒေါ်နဲ့ ဦးလေးအိမ်က ထမင်းစားဖိတ်တုံးက တီးခဲ့တာတွေ(ဘာစားချင်လည်းပြောဆိုတော့ အကြိုက်ဆုံးဖြစ်တဲ့ မုန်ညင်းစော(အချို) အိုစွမ်းသုပ် မရမ်းချဉ်သီးထောင်း ဝက်သားပေါင်း ဝက်သားကျောက်ကျော အရွက်အစုံအလင်ပေါ့....

အော်..နေမကောင်းတဲ့အခါ ကိုယ်တိုင်လည်းမလုပ်တတ်၊
ဓါတ်ပုံလေးကြည့် ပြီး ခေါက်ဆွဲပြုတ်နဲ့  ဘဲနှစ်ပါးသွားလိုက်ရပါကြောင်း:)) အဟိ....

"စာကြွင်း" သူများစာတွေလိုက်ဖတ်မှသိရတာ ကိုယ့်ဆီကို လူလာ မလာစစ်လို့ ရဆိုဘဲ၊
ကျမက ဂျာမဏီက သူငယ်ချင်း ၃-၄ ယောက်နဲ့ စင်ကာပူက ညီမလေးတယောက်ဘဲ ဖတ်တယ်လို့ ထင်နေတာ...။တုံးလိုက်တာလေ...:)))
(အရမ်းကြီးကိုဖတ်ပါဖတ်ပါနဲ့ လိုက်ပြောထားလို့ ပါ)။
တကယ်ဘဲ မသိတဲ့ သူတွေလည်းလာတာတွေ့ ရတယ်။တခါမှ မစစ်ခဲ့မသိခဲ့ဖူးလို့ ပါ။
နောက်ဆိုရင် မင်္ဂလာပါဆိုပြီး  နူတ်ဆက်ပါတော့ မယ်။

အားလုံးဘဲ မင်္ဂလာပါရှင်~~
ခင်မင်တတ်တဲ့
မီးမီး

Tuesday, August 23, 2011

ချောကလက်-ဘရာဇီယာ

အိုး..ပေါက်ပေါက်ရှာရှာ ရေးတယ်လို့ မထင်ပါနဲ့ ။
တကယ်ပါ Germany မှာနေတုံး TV အစီအစဉ်တခုမှာတွေ့ ဖူးတာပါ။
ကမန်းကတန်း ဓါတ်ပုံရိုက်ထားမိတယ်။
အဲဒီအဖြူရောင်ဝတ်စုံနဲ့ အမျိုးသမီးကချောကလက်-ဘရာဇီယာလုပ်ပြီး၊
ပြင်ဆင် ဝတ်ဆင်ပေးတာ။
ချောကလက်-ဘရာဇီယာ ၀တ်ဆင်ထားတဲ့ကောင်မလေးက၊
ဘားတခုထဲဝင်လာတော့ အဲဒီမှာရှိတဲ့ဘယ်သူမဆို၊
ကိုင်ကြည့် စမ်းကြည့် စားကြည့် လို့ ရတာဆိုဘဲ။
အဲ..အဲ :D အတော် ဆန်းပြားချင်တဲ့ ဂျာမာန်တွေပါဘဲနော် ;P
နောက်ဆုံးပုံကတော့ အင်တာနက်ထဲကနေယူတာပါ။
ဂါဂါ ရဲ့  အသားလွှာဝတ်စုံထက်စာရင်၊
တော်ပါသေးရဲ့ နော်။

Wednesday, August 17, 2011

လန်ဒန်က ညစာ

Europe Tour ဆိုတာကလည်း ကျမတို့ အာရှTour တွေလိုဟုတ်ဘူး။
လန်ဒန် ၄ည၅ရက်ခရီးကို သတ်မှတ်တဲ့ဈေးနဲ့ ဝယ်ထားပေမဲ့၊တကယ်တမ်း ခရီးစလို့ ဘတ်စ် ကားပေါ်ရောက်ရင်၊ပြတိုက်ဝင်ကြေး ညစာ တခြားပြပွဲ မြစ်ထဲမှာသဘောင်္စီးတာတို့ 
ကိုတော့ guide နဲ့ လိုက်မှာလား လို့ မေးတယ်။လိုက်ရင် နောက်ထပ် ပိုက်ဆံထပ်ကောက်ပါတယ်။
(သူတို့ ဆီကဈေးကလည်းကြီးတာကိုး)
အဲဒီ အခကြေးငွေက ၀ယ်ခဲ့တဲ့Tour price ထက်ကိုပိုများနေတတ်ပါတယ်။
မလိုက်ရင်သတ်မှတ်ထားတဲ့နေရာမှာချထားခဲ့တယ်။အချိန်တခုပြန်ချိန်းပြီး ပြန်လာခေါ်ပါတယ်။
နေရာမသိလို့  Tour ၀ယ်ပြီးလိုက်လာမှတော့guideဘယ်သွားသွားကျမတို့ တော့လိုက်တာပါဘဲ။

ဒါကတော့ The Medieval Banquet dinner ပါ။
တယောက်ကို ၅၅ ပေါင်လား ၆၀ ပေါင်လား သေသေချာချာမမှတ်မိတော့ဘူး။ 


ဆိုင်ရှေ့ မှာပဲများနေတုံးပိုးကောင် မျက်နှာဝင်ကပ်သွားတာ ဟီး :)) 
King Henry VIII နဲ့ သူ့ ရဲ့ နန်းတော်သူနန်းတော်သား၊ မျက်လှည့်ဆရာ၊သန်လျက်ဓားအဖွဲ့ သား၊အစုံအလင် ပါဘဲ။
အဲဒီခေတ်က အ၀တ်အစားဝတ်ပြီးကပြဖျော်ဖြေ တာပါ။
စားပွဲထိုးခလေးမလေးတွေ ဟင်းတမျိုးလာချလိုက်၊ကလိုက်နဲ့ ကြည့်လို့ ကောင်းလိုက်တာ။ 

အစားအသောက် က ၄ မျိုးနဲ့  ဘီယာ ၀ိုင်စိတ်ကြိုက်သောက်နိုင်ပါတယ်။
သုံးတဲ့ ပုဂံခွက်တွေကလည်း ရှေးကအတိုင်းသံထည် သံခွက် သံချိင့်တွေနဲ့ ပါ။(ဒန်ထည်မဟုတ်ဘူးနော် :) )

ဗန်းလိုက်စားပွဲထိပ်မှာလာချသွားပေးတယ်။
လက်ဆင့်ကမ်းကြစားကြတာပေါ့။
ငါးနဲ့  ချိစ်ဆော့ဆိုလားဘဲ။

ဘဲသားကင် ပဲသီးပြုတ် မုန်လာဥနီပြုတ်
ချိစ်ကိတ်။
ပြီးသူတို့ တွေနဲ့ ဧည့်သည်အမျိုးသမီးတွေဝိုင်းကရသေးတယ်။
မြေအောက်ထပ်မှောင်မှောင် မီးရောင်မှိန်မှိန် လူတွေလည်းအများကြီးပါဘဲ။
မြန်မာနိုင်ငံက ကရ၀ိတ်ဘူဖေးပုံစံပေါ့။နိုင်ငံခြားသားတွေဆီက ပိုက်ဆံယူနည်းတမျိုးပါ။
နောက်ရက်ကြတော့ Diana နဲ့  Charles တို့ မင်္ဂလာဆောင်တဲ့ St Paul's Cathedral နားကပ်ရပ်လမ်းတဖက်ခြားက အီတလီဆိုင်မှာ စားရပါတယ်။


ကျမကနဲနဲနေမကောင်းဖြစ်နေပြီ(အေးလွန်းလို့ အဲဒီအချိန်မှာပါဘဲ၊
Europe တခုလုံးနှင်းမုန်တိုင်းတွေစဖြစ်လို့ လေယာဉ်ကွင်းတွေပိတ်တဲ့အချိန်ပါ)။
ဒါနဲ့  onion soup မှာတာ၊သိပ်အကြိုက်ကြီးတော့ ဟုတ်ပါဘူးလေ။
တူးနားဆလပ်။

ကြက်သားအစပ်လို့ ပြောတာပါဘဲ ထမင်းနဲ့ ။

အချိုပွဲ ကရေခဲမုန့် ။
ဒါကတော့ မိုနဲ့ ချိစ်။

ဂဏန်းနဲ့ ဆလပ်သုပ်။

ကောင်းတယ်ဆိုပြီးကျန်တဲ့ ဒတ်ခ်ျလူကြီးမင်းများက တောင်းဆိုလို့ 
နောက်ရက်လည်းသွားကြသေးတယ်။

ဂုံးတွေမှာစားပြီး တညလုံးအန် အဖျားတွေတက်တာပါဘဲ။

သူ့ ရဲ့ ကြက်သားကင်။

သူတို့ soup တွေဆိုရင် ဘယ်တော့မှသေသေချာချာကိုမကြိုက်ခဲ့မိဘူး။

Monday, August 15, 2011

Bus tour to London

ပြီးခဲ့တဲ့နှစ် ၂၀၁၀ ဒီဇင်ဘာလလယ်လောက်ကလန်ဒန်ကို Bus Tour နဲ့ ဒတ်ခ်ျ Tourist
(အားလုံးကပင်စင်စားတွေများတယ်) ကြားထဲမှာ.ကျမတို့ ၂ယောက် လိုက်လည်ခဲ့ပါတယ်။
Netherlands ကနေ Belgium-France ဖြတ်ပြီး France ကူးတို့ ဆိပ်ကတဆင့် Ferry နဲ့ ပင်လယ်သမုဒ္ဒရာဖြတ်သွားရတာပါ။
အဲဒီလို အတွေ့ အကြုံလေးလိုချင်လို့ ဒတ်ခ်ျ တလုံးမှမတတ်ဘဲနဲ့ လိုက်သွားကြတာ ပြန်စဉ်းစားရင်တော့
တကယ့်ကို အူကြောင်ကြားပါ။ Guide ကတော့ သဘောကောင်းတာနဲ့ 
သူ့ အုပ်စုကို ဒတ်ခ်ျရှင်းပြပြီးရင်English လိုကျမတို့ ၂ ယောက်ကို ပြန်ပြီးရှင်းပြပေးတယ်။


ဒါကတဖက်ကမ်းကိုကူးမဲ့၊ ပြင်သစ်ဖက်ကမ်းက ဆိပ်ကမ်းပါ။
အဲဒီမှာ အင်္ဂလန်ဖက်ကလူတွေရဲ့ လ ၀ ကရုံးရှိပါတယ်။အားလုံးက ယူရိုပီယံတွေဆိုတော့ passportကိစ္စဘာမှထွေထူးမရှိပေမဲ့ကျမတို့ ၂ ယောက်တော့ရှိတယ်ဗျ။
ကျမအမျိုးသားနံမည် ကသူတို့ နိုင်ငံထဲဝင်ဖို့ ဘမ်းထားတဲ့ ဗိုလ်ချုပ်တယောက်ရဲ့ နံမည်နဲ့ တူနေလို့ :))
ထိပ်ဆုံးကနေ ၀င်သွားတာ အားလုံးပြီးသွားတာတောင်ကျမတို့ ၂ ယောက်တော်တော်နဲ့ မပြီးပါဘူး။
စာအုပ်အသစ်လှဲထားတာတွေ့ လို့ ၊နောက်ပြီးစာအုပ်ဟောင်းတွေပြလိုက်လို့ ၊ထွက်လာခဲ့တာကြာမှန်းသိလို့ 
( ၂၀ နှစ်လောက်ရှိတော့မယ်)။
ဒါတောင်ဟိုမေးဒီမေးနဲ့ နောက်မှဒိုင်း..ဆိုပြီးတံဆိပ်တုံးကြီးထုပေးလိုက်ပါတယ်။
ကံကောင်းလို့ Muti entry visa နဲ့ ရထားပေလို့ ဘဲလေ...။

ကားတွေ ဘတ်စ်တွေ ကုန်ကားတွေအများကြီး သူ့ လိုင်းနဲ့ သူစောင့်ရတယ်။
အဲဒီဖယ်ရီကြီးနဲ့ ကားထားတာတောင် ၂ထပ်ရှိတာ။

ကျမတို့ ရဲ့ ကားဆရာအရပ်ကလည်းမိုးထိုးလောက်အောင်ရှည်တာ:(
guideကပြောထားတယ် ကိုယ်ကားပေါ်ကဆင်းပြီး
အပေါ်ကိုတက်တဲ့အပေါက်ရဲ့ အရောင်နဲ့ နံပါတ်ကိုမှတ်ထားရမယ်။
ဒါမှအပြန်ကျရင် ဆင်းလာရမဲ့ လှေခါးကိုမှတ်မိပြီးကားရှာရတာလွယ်မယ်တဲ့ ။
ဘတ်စ် ကားကြီးတွေက အစီးပေါင်း ၂၀-၃၀ လောက်ရှိမယ်နဲ့ တူတယ်။

အဲဒီထဲမှာ ပိုက်ဆံလှဲတဲ့နေရာ ဘဏ် စားသောက်ဆိုင် ကာစီနို စုံလို့ ပေါ့။
အပြင်ကိုထွက်ကြည့် လို့ မရဘူး။မှန်တွေကာထားတာလည်း ဓါတ်ပုံရိုက်တော့ သိပ်မကြည်ဘူး။

ဆောင်းနေ၀င်ချိန်လေး လှပနေတာ။ချာတိတ်လေးက ကျမကင်မရာတကိုင်ကိုင်နဲ့ ဆိုတော့
သူလည်းဘဲသူ့ ကင်မရာလေးနဲ့ ကျမကိုဓါတ်ပုံရိုက်ပါတယ်။
အော်..တောသားခရီးသွားကို၊ခလေးတောင်မျက်စိနောက်သွားတယ်:((
ဒါက အင်္ဂလန်ဖက်ကမ်းတက်တာ.ကားက အသားကုန်အမြန်မောင်းတာ..။
လက်တွေတုန်တော့ပုံတွေလည်းမူန်ကုန်တာ။

ဒါကတော့ အင်္ဂလန်ဖက်ဆိပ်ကမ်းကပါ။

အပြန်ခရီးမှာရိုက်ယူတာ။

ခုတလော အင်္ဂလန် အကြောင်းဘဲသတင်းထဲမှာမြင်တော့ ပြန်ပြီးသတိရလာလို့ 
ခရီးစဉ်လေးဟောင်းသွားပေမဲ့လည်း အမှတ်တရပေါ့။