Tuesday, August 9, 2011
အသွင်ပြောင်းရမဲ့ဟင်းတွေ
ကျမနေတဲ့နေရာတ၀ိုက်မှာတော့ ကိုးရီးယားလူမျိုးအင်မတန်မှများတာ။
Korea church ဘဲ (ရ)ခုတောင်တွေ့ တယ်။
ဒီတော့ သူတို့ ကုန်စုံဆိုင် H&Y ဆိုတာလည်းအကြီးကြီးပါဘဲ။
Japanese အစားအစာ လည်းနဲနဲပါးပါးရှိတယ်။
တရုတ်ကုန်စုံဆိုင်ထက်စာရင် ပိုပြီးသန့် ရှင်းလတ်ဆပ်လို့ အဲဒီမှာဘဲ
ဓါတ်ကျနေတယ်။
စနေ တနင်္ဂနွေလိုနေ့  မျိုးဆိုရင် အမြည်းsample ကောင်တာက ၉၊၁၀ ခုလောက်ရှိတယ်လေ(အဲဒါကိုပိုကြိုက်တယ်လေ :) အလကားရအားလုံးစား.ဟား..မိုက်တယ်)။
ခေါက်ဆွဲအေးဆိုတာ အမြဲစားခဲ့ပေမဲ့တခါမှမ၀ယ်ခဲ့ဘူး။
ဒီအထုပ်လေးက ထမင်းနဲ့ နယ်ပြီးထမင်းလုံးလေးမြည်းခဲ့ရတော့..
စားလို့ ကောင်းတယ်။
ဒါကတော့ဟင်းသီးဟင်းရွက်နဲ့ အရသာ။ငါးနဲ့ လည်းရှိတယ်။
ကျမတော့ ဒီကကင်ချီလေးပါဝယ်ပြီး ပါးပါးလေးလှီးနူနူတ်လေးစင်းပြီး
ထမင်းလုံးအဆာသွပ်အဖြစ်အသွင်ပြောင်းဖို့ စိတ်ကူးထားပါတယ်;)။
ဒါကတော့ဂျပန်မျှစ်..အင်းဒင်းကိုတော့.. ငါးနဲ့ မျှစ်ချဉ်(မကျည်းမှည့်လေးကူပေးရမှာပေါ့) ..
အသွင်ပြောင်းပစ်မယ်။
အူတုန်..ဒါကကျမရဲ့အသံထွက်ပေါ့။
စားတာကောင်းလို့ အူတောင်တုန်သွားရတယ်လေ...ဟဲ:)
နန်းကြီးသုပ်အတွက်သင့်လျော်ပါပေတယ်။
ဒါလေးတော့ ရိုးရိုးပါဘဲထိုဖူးဖြူဟင်းအနှစ်ထုပ်ပါ။
သူများတွေတော့ အမဲသားဝက်သားနဲ့ ချက်ကြတာပါ။
ကျမတော့ ၂ ခါခွဲချက်ရမယ်ဆိုတော့ ကြက်သားနဲ့ ဟောဒီလိုလေးတခါ။
ငါးနဲ့ တခါ အသွင်ပြောင်းပေးလိုက်ပါတယ်။
ဟား..ဒါလေးတော့ အခုပြုတ်ကြော်လေးလုပ်ပြီး. စားလိုက် ရေးလိုက်နဲ့ လေ။
ပြီးရင်ဘာမှလုပ်စရာမလိုတော့တဲ့ ကျွတ်ကျွတ်လေးဝါးရုံပါဘဲ။
:P
6 comments:
  1. ကောင်းတယ်..ခေါက်ဆွဲဗူးလေးက ဟန်ကျတယ်နော်။ စားချင်စရာလေး။ ကိုးရီးယားအစားအသောက်တော့ သိပ်မရင်းနှီးဘူး။ ကင်မ်ချီနဲ့ ရေညှိထုပ် ကလွဲလို့ ဘာမှမသိတာ
    ReplyDelete
  2. ဟုတ်တယ် ကိုယ်လည်းဆိုင်ထဲဝင်သွားတာနဲ့ 
    အညာဇီးယို ဆိုလားဘဲ
    အော်အော်နေကြတာဘဲသိတယ်
    ဟင်းသီးဟင်းရွက်လေးတွေ
    ဘဲဝယ်ဖြစ်တာပါ
    သူတို့ ဖက်ထုပ်လေးတွေကောင်းတယ်
    ကြာဇံ တုပ်တုပ်ကြီး
    (နန်းကြီးလုံးလောက်ရှိတယ်)
    ဘယ်လိုလုပ်ရမလဲမသိသေးဘူး:(
    ReplyDelete
  3. သူကြီးရေ... လာမြည်းသွားပါတယ်။
    ReplyDelete
  4. အဟဲ..ဒေါ်ကြီးကလည်း
    သွားခါနီးလေး.
    ဟိုရာက်မှ အးရပါးရချက်စားခဲ့နော်.
    သူကြီးလည်း စိတ်ကူးပေါက်ရာ.
    ရေးတာပါ..
    :)
    ReplyDelete
  5. အူဒုံခေါက်ဆွဲက ကြော်စား၊ပြုတ်စား(ဟင်းချို) အရမ်းကောင်းစ်..ကြော်ရင်ခရုဆီလေးနဲ့ မုန်လာဥနီတို့ဘာညာတို့ထည့် ပုဇွန်၊ရေဘ၀ဲ၊အသား ကြိုက်တာနဲ့စား...ကင်မ်ချီကို ထမင်းထဲထည့် ဆီတို့ဖူးရှိရင်နဲနဲထည့်နာနာနယ် ကြက်ဥကြော် သို့ အသား(ရိုးရိုးကြော်)မကြွတ်မပျော့လေးနဲ့စား..ကောင်းစ်..စု
    ReplyDelete
  6.ိတီတီစုလေး..
    ပြောတဲ့အတိုင်း အူတုံ အုံတူကြီးကို
    စမ်းလိုက်ပါအုံးမယ်
    :)
    ReplyDelete