အန်ကောဝပ်ခရီးစဉ်မှာ ဒီအကြောင်းလေးတခုကွက်ကျန်သွားတယ်...။
ဒီတော့...ပြောစရာအကြောင်းတခုရှိသွားပြီ...ပေါ့လေ...:)
.jpg)
ကမ္မောဒီးယား ဘုရားကျောင်းကန်တွေထဲမှာ ဒီတခုဘဲ ဘုရင်ကြီးတွေတည်ထားခဲ့တာမဟုတ်ပါဘူးတဲ့။
Angkor ဧရိယာထဲမှာရှိပေမဲ့ နောက်ထပ်အရှေ့ မြောက်ဖက် ၃၅ ကီလိုမီတာလောက် ထပ်သွားရပါသေး တယ်။ ဟိန္ဒူနတ်ဘုရား ပူဇော်ပသတဲ့ ဒီဘုရားကျောင်းလေးဟာ နေရာလည်း အကျယ်ကြီး မဟုတ်ပါဘူး။
ဒါပေမဲ့ သူ့ ရဲ့ သဲကျောက်(ဟင်း...ဟင်း Sandstone ကနေတိုက်ရိုက်ဘာသာပြန်ထဲ့လိုက်တာဘဲ ) ^_^ များသောအားဖြင့်ဆိုပါတော့ Sandstone ဆိုတာ quartz နဲ့  feldspar ပေါင်းစပ်ထားတဲ့ အရောင်
မျိုးစုံတွေ့ နိုင်တဲ့ သဲကျောက်မြေတမျိုးပါ။ ဒီဘုရားကျောင်းမှာတော့ ပန်းရင့်ရောင်တောက်တောက်လို့ 
ခေါ်ရမလားမပြောတတ်ဘူး..ဒီလိုအရောင်နဲ့ တည်ဆောက်ထားတာကိုက အမြင်ဆန်းနဲ့ ချစ်စရာလှပနေလို့ 
Ladies Templeဆိုပြီးနာမည်ကြီးတာပေါ့..။
အဝေးကနေလာရပြီး အပြင်ကနေကြည့်ရင်လည်းမမြင်ရဘူး...။ကားရပ်တဲ့နေရာမှာ ဈေးဆိုင်တန်းတွေ
အများကြီးနဲ့ လှည့်ပတ်ကွေ့ ဝှက်ပြီးသွားမှ..အော်...ဂလိုကိုး...နေရာတော်တော်များများကပြိုပျက်စီးနေပါပြီ။
မြင်ရတဲ့နေရာဘဲ ကြည့်ရတာကိုက အန်မတန်မှ အနုစိတ်လှပလိုက်တာ...လွန်ခဲ့တဲ့ ၁ဝ ရာစုနှစ်ကတဲကဆို
နှစ်ပေါင်းမနဲတော့ဘူး..ရာသီဥတုဒဏ်နဲ့ ပြိုပျက်နေတာကိုဘဲ ဒီအတိုင်းလေးနဲ့ နိုင်ငံခြားသားခရီးသွားတွေ ကိုဆွဲဆောင်နိုင်တာဘဲ။(ထုံးစံအတိုင်း..နှိုင်းယဉ်ပြီးမစဉ်းစားမိအောင်ကြိုးစားလည်း ပြန်စဉ်းစားမိတာပါဘဲ)
ပုဂံကစေတီတွေ ထုံးသုတ် နံပါတ်တပ် ကျုပ်တို့ မြို့ ကနှစ်ပေါင်း ၁ဝဝ နီးပါးရှိတော့မဲ့ စော်ဘွားဟော်ကို လည်းဘူဒိုဇာနဲ့ တိုက်ဖျက်ပြီး Guest house သာသာအဆင့်ရှိတဲ့အဆောက်အဦနဲ့  ဟော်တယ်ဆိုပြီး
လုပ်တယ်လေ..ဒီလိုလုပ်ချင်ရာတွေလုပ်တတ်တဲ့ ဘဘကြီးတသိုက်ကိုရှင်းပြချင်ပါတယ်..အဆောက် အဦဟောင်းတွေအသစ်ပြင်မဲ့အစား ဘဘတို့ ရဲ့ တွေးခေါ်ပုံလေးတွေဘဲအသစ်အရင်ပြင်ပေးပါလို့ ...:P
(ကြုံတိုင်းပြောတတ်တဲ့ မယ်မီးလေ...:)
ဒီတခုတော့တော်တော်ကောင်းကောင်းရှိနေပါသေးတယ်။
ခံနေလောက်ပြီ။
ဒီနေရာမှာ ကိုးရီးယားလူမျိုးတွေနဲ့ သိပ်မတွေ့ ဖြစ်ဘဲ ထူထူးခြားခြား ထိုင်းတသိုက်နဲ့ တိုးပါတယ်။
ကျမတို့ အာရှထုံးစံဆူညံသံတင်မကပါဘူး။ ဓါတ်ပုံရိုက်ကွက်တွေကရင်သပ်ရူမောဘွယ်ရာအကွက်တွေပါ
တွေ့ ရတယ်...အဟဲ...
အားလုံးထဲမှာဒီတပုံကိုတော့ တို့ မြန်မာနိုင်ငံသားများအတုယူလိုက်ရိုက်ကြမယ်မထင်ပါဘူး...။ သူ့ မျက်နှာပေးကိုလည်းသေသေချာချာကြည့်ပါအုံး..တကယ်ဘဲ စိတ်လေပါတယ် ပေါက်ပေါက်ရှာရှာ.နော်။
များသောအားဖြင့် အင်တာနက်ပေါ်မှာ မသိတဲ့သူပုံတွေပါရင် သူများတွေက မျက်နှာဖျက်ပြီးတင်ကြတယ်။
ကိုယ်တော့...ခပ်တည်တည်ဘဲ..(လာမေးရင် ဂူးဂလ်နဲ့ ရှာတွေ့ လို့ ...ဖြေလိုက်မှာ..ဟီး)
ခဲ့ပါတယ်..။ မေးမြန်းစပ်စုတာပေါ့...။ သူ့ အဖေအမေက ခမာနီတွေတဲ့။ ကျမတို့ မြန်မာလိုခမာနီလို့ ခေါ်ကြ
ပြီး Khmer Rouge လို့ သိကြတဲ့ကွန်မြူနစ်တွေပေါ့။ ကျမတို့ ခလေးလေးဘဝက ကြားဖူးခဲ့ကြတာဘဲ။ ကွန်
မြူနစ်တွေဆိုတော့လည်း..လုပ်ချင်ရာလုပ်တာဘဲ ထုံးစံအတိုင်း ထူးဆန်းတဲ့ ဥပဒေတွေ ထုံးတမ်းဓလေ့တွေ
နဲ့ ပေါ့...ပါတီဝင်တွေတိုးပွားလာအောင် ယောက်ကျားမိန်မ တန်းစီပြီး ပေးစားတယ်တဲ့။ သိသိမသိသိဆိုဘဲ။ စစ်ဖြစ်နေတဲ့ကာလမှာဆိုတော့ တစ်ည ကနေ သုံးည အထိဘဲနေခိုင်းပြီး စစ်ထွက်ရတယ်ဆို ဘဲ.. အင်း...တိရစ္ဆာန်သားဖေါက်တာကျနေတာဘဲ..@_@ (ကန်တော့ပါရဲ့ မနိုင်းကောင်းပါဘူး...) ဒီတော့ စာရင်းချုပ်တော့ သူ့ အဖေက သူ့ အမေကိုမချစ်ဘူးတဲ့။
နောက်တိုင်းပြည်ကြီးငြိမ်းချမ်းရေးရလာတဲ့အချိန်မှာ ခိုးပြီးနောက်မိန်းမတယောက်ယူထားတယ်တဲ့..။
နောက်မိန်းမနဲ့ ရလာတဲ့သား မင်္ဂလာဆောင်တော့ သူ့ အဖေကိုလာစေချင်တာနဲ့ ဖိတ်စာပို့ တယ်တဲ့။
ဒီဖက်ကလူတွေ သွားကြမှသိရတယ်..အိုး...သားက အဖေ့မျက်ခွက်နဲ့ ချွတ်စွတ်ဆိုပါလား....။
ဆိုင်တိုင်းထန်းရည်တွေကျိုလို့ ၊ နေ့ မွန်းမတည့်ခင်တုံးကတော့ ထန်းရည်ချိုချိုတွေ ဝယ်သောက်ခဲ့ ပါသေးတယ်။
လက်မှု့ ထည်တွေလည်း အာရှတခွင်အားလုံးနီးပါးတူကြတာဘဲနော်...။
လယ်ကွင်းတွေထဲမှာ ကျွဲနွားပိန်ပိန်လေးတွေတွေ့ တော့ ကျမမေးမိတယ်..ဘာဖြစ်လို့ တိရစ္ဆာန်တွေ သေးပိန်
နေကြတာလဲလို့ ..တကယ်ပါ..ကျမတို့ နိုင်ငံထက်သေးပြီး မဲခြောက်နေတာဘဲ။ သူကပြောပါတယ်..အဟီး
သူတို့  ခမာလူမျိုးတွေက လူတွေသာ sexy ဖြစ်သာဟုတ်ဘူး ကျွဲနွားတွေလည်း sexy ကိုယ်လုံးလေးတဲ့ :P
သူ့ အစိုးရအကြောင်း ဒီခရီးသွားလုပ်ငန်းလေးဖြစ်ထွန်းလာလို့ သူတို့ ဒေသက စားပေါက်တွေ နဲနဲချောင် လည်လာကြတဲ့အကြောင်း ပြောပြပါတယ်။(သူကပြောလိုက် ကိုယ်က ငိုက်လိုက်နဲ့ လေ..အားနာလို့ မျက်စိ
အသားကုန်ပြူးထားပြီး နားထောင်ခဲ့ပါတယ်.. :))) ဒါပေမဲ့ လာမဲ့ ၃ နှစ်ဆိုလား နောက်နှစ်ဆိုလား..
(ကြာတော့ မေ့ချင်နေပြီ။ ) အန်ကောဝပ်ခရီးသွားလုပ်ငန်းတခုလုံးကို ပုဂ္ဂလိကကုမ္မဏီကြီးတဦးတည်း
လုပ်ကိုင်ဖို့ အခွင့်ပေးလိုက်တယ်လို့ ပြောပြတယ်..။ တနှစ် နိုင်ငံခြားသား ၁ဝသန်းကျော်လာတဲ့ ဒေသနော်
တကယ့်အကွက်ကောင်း။အော်...ဂလိုလည်း...ငါတို့ နဲ့ တူတာပါဘဲ..ဟယ်...ကောင်းတဲ့ ဆီဦးထောပတ်ဆို
ဘဘတို့ နဲ့ အပေါင်းပါ တသိုက်ဘဲစားတာပါ..အရိုးအရင်းလေးတောင် ကိုက်ခွင့်မရှိပါဘူး...၂၁ ရာစုနှစ်မှာ ဖယောင်းတိုင်လေးနဲ့ ငတ်တလှည့်ပြတ်တလှည့် နဲ့ အကြွေးကထူသေးပါတယ်ကွယ်....( ဟုတ်တယ်ဟုတ်)
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး
အန်ကောဝပ်နဲ့ ပတ်သက်သမျှ...
Angkor Wat Adventure
Tonle Sap Lake
အံမခန်းအနုပညာလက်ရာနဲ့ ခမာတို့ ရဲ့ ယဉ်ကျေးမှု့ 
ခမာတို့ ရဲ့ အစားအစာများ
သစ်ပုတ်ပင်တွေကစေတီပုထိုးတွေကိုဝါးမြိုလို့ 
.jpg)
.jpg)
.jpg)
.jpg)
.jpg)