Saturday, June 27, 2015

အိမ်နဲ့ဝေးနေသေးတဲ့သူတို့တတွေ...

မင်္ဂလာပါရှင်~~~
ကျမတို့လူသားအားလုံးတွေမှာအခိုက်အတန့်ဖြစ်ဖြစ် အမြဲတမ်းဘဲဖြစ်ဖြစ် တချိန်တခါတော့ အိမ်နဲ့ဝေးနေရ
တဲ့အဖြစ်မျိုးကြုံဖူးကြတာချည်းပါဘဲ..။ ခဏတဖြုတ်လေး ခရီးထွက်လာတာတောင် အိမ်ပြန်ရမဲ့အချိန်ဆိုရင်
တက်ကြွနေတာဘဲပေါ့..။အိမ်ရောက်လို့ ပါလာတဲ့အထုတ်လေးချ အိမ်ပတ်ပတ်လည်မကြည့်အားသေးဘူး
နီးရာထိုင်ခုံပေါ်ထိုင်ချလိုက်ရတယ်ဆိုရင်ဘဲ ရေလေးတခွက်လောက်သောက်စရာမလိုတဲ့အမောပြေခြင်းကို ခံစားရတာအမှန်ဘဲ..။


တချိန်လုံးခရီးထွက်ခြင်း ပြောင်းရွှေ့ခြင်းများစွာနဲ့ အပေါင်းအသင်းဖွဲ့နေရတဲ့ မယ်ငီးတော့ သွားရင်းလာရင်းနဲ့
အပေါင်းအသင်းရှာဖွေခြင်း ပညာကိုတော်တော်တတ်နေပြီဆိုပါတော့..ဒီတခါ အိမ်အပြန်လမ်းမှာ ၃လကြာ သွားခဲ့ပါတယ်။ ထိုင်းမှာဘဲ ၄၅ ရက်နေခဲ့ရပါသေးတယ်။ ကိစ္စများမြောင်လူတို့ဘောင် ဆိုတဲ့အတိုင်း ဘန်
ကောက်မှာလည်း ငြိမ်ငြိမ်လေးဘယ်နေရလို့လည်း..ဟိုသွားဒီသွားနဲ့ ထိုင်းသူငယ်ချင်းရှိတဲ့ စက်ရုံဖက်ကိုရွှေ
ဧည့်သည်အဖြစ် ခဏခဏသွားအိပ်ပါတယ်။ သူ့စက်ရုံက သုဝဏ္ဏဘူမိလို့ခေါ်တဲ့ဘန်ကောက်ကလေယာဉ် ကွင်းအသစ်ဖက်မှာပါ။ သူတို့လည်း စက်မူ့ဇုံတွေကအများသား..အများသိကြတဲ့တဲ့အတိုင်း စက်ရုံလုပ်သား
အားလုံးရဲ့ ၅ဝ % ကျော်က မြန်မာပြည်ကများလားတောင်ပြောရမလောက်ပါဘဲ..။ စကားမစပ်ကျမသူငယ် ချင်းစက်ရုံအကြောင်းတခါက ဒီမှာ ရေးဖူးပါသေးတယ်။ သူငယ်ချင်းက သူကလည်းအတင်းခေါ်တယ်။ ပြီး
ဘယ်တော့မှမအားဘူး..မယ်ငီးကတော့ သူ့သူငယ်ချင်းတွေနဲ့ အဲ့ပတ်ဝန်းကျင်မှာ တရွှာလုံးပတ်လည်နေတာ
ပေါ့...။အနီးအနားက ဈေးသွားတယ် တခြားစက်ရုံတွေခြေဆန့်တယ် ပတ်ဝန်းကျင်တဝိုက်က မြန်မာနိုင်ငံ ကလာတယ်ဆိုတဲ့ အဆောင် အခန်းတွေ လိုက်လည်တယ်..။သွားလေးဖြီးပြပြီး အတင်းဝင်ရောတယ်..။
အင်တာဗျုးတွေ ဗျုးခဲ့တာပေါ့...။

တချို့အကြောင်းအရာတွေလည်း မျက်ရည်လေးလည်ပြီး နားထောင်ခဲ့သလို။ တချို့အကြောင်းအရာတွေကို
လည်း လိုက်မမှီနားမလည်ခဲ့ပါဘူး။ သူတို့တွေရဲ့ ရည်မှန်းချက်လည်း များများစားစားမရှိကြပါဘူး..။နေနိုင်သ
လောက်တော့နေကြမယ်..ဆိုတာချည်းပါဘဲ..။ ဘန်ကောက်ကိုလာဖို့ နယ်စပ်ကို လမ်းလျောက်ပြီး ၃ရက် လာရတာတို့ဘာတို့က အများဆုံးပါဘဲ..။ နေထိုင်ခွင့်လက်မှတ်ရဖို့ ပွဲစားဘတ်ခြင်းခံရသူများ ပွဲစားကူညီလို့
ဒီလိုဖြစ်လာတယ်ဆိုသူများလည်းမရှားပါ။ ပွဲစားဆိုတာကလည်း ကိုယ့်နိုင်ငံသားအချင်းချင်းပါဘဲ..။တခုပြော
စရာရှိတာက ကျမကို ဘာလူမျိုးလည်းမေးပြီး ရှမ်းလို့သိထားပေမဲ့၊ သူတို့ပြောပြောနေတဲ့ရှမ်းဆိုတာက ဒီက
ထိုင်းတွေကိုခေါ်နေတာဖြစ်ပြန်ရော...ကျုပ်မယ်ငီးတော့ နားတွေပါးတွေလည်ကုန်ပေါ့...။

များသောအားဖြင့် နယ်စပ်က တိုင်းရင်းသားတွေများပါတယ်..။ရခိုင်တွေလည်းရှိတယ်။ ကိုယ့်တူရာတူရာ
တိုင်းရင်းသားအချင်းချင်းစုနေကြတာဘဲ။ ဟို..ဖက်စက်ရုံက ကရင်တွေ၊ ဒီအောက်ဖက်က မွန်တွေ၊ ဒီလို
ပြောတတ်ညွှန်းတတ်ကြပါတယ်။ ကျမတို့နိုင်ငံ ဆိုတာကလည်း တိုင်းရင်းသားပေါင်း ၁၃ဝ ကျော်တောင်ရှိ တာဆိုတော့ စည်းလုံးညီညွတ်မူ့မရှိကြဘူးလို့ ပြောရခက်ပါတယ်။ အထူးသဖြင့် မွေးရပ်မြေကနေ တမိုင်

လောက်ဝေးတာနဲ့ တူရာမျိုးနွယ်စုချင်းဘဲ ပေါင်းသင်းဆက်ဆံတတ်ကြတာ တက္ကသိုလ်ကောလိပ်တက်ဖူး
ကြတဲ့သူတွေပိုသိမှာပါ..။ ကျောင်းတုံးကဆို ဟိုရှမ်းအုပ်စုလေ..ဒီချင်းအုပ်စုလေ..နဲ့ဒီလိုပါဘဲအုပ်စုလိုက်ဖွဲ့
နေခဲ့ဖူးကြတာချည်းပါဘဲ။

ကျမသူငယ်ချင်းစက်ရုံက မြန်မာနိုင်ငံသားတွေပါ
သူတို့တွေကျမကိုတွေ့တွေ့ချင်းမေးတတ်ကြတဲ့ မေးခွန်းက ခင်ဗျားဘာစာအုပ်နဲ့နေတာလဲ..တဲ့။ တရားဝင်အ လုပ်လုပ်ခွင့်လက်မှတ် ပတ်စ်ပို့ကိုပြောတာနေမှာ..။ သူတို့စာအုပ်အကြောင်းကို အားပါးတရ ရှင်းပြနေကြပါ
တယ်။ သက်တမ်းတိုးကတော့ ပွဲစားနဲ့ဘဲတိုးခိုင်းတယ်ဆိုတဲ့ အကြောင်း၊ ထိုင်းအစိုးရ ဆက်ခွင့်မပြုရင်တော့
ပြန်ရမှာပေါ့..လို့ဆိုပါတယ်။ သူ့အခန်းအနီးနားက စာအုပ်နီကိုင်ထားတဲ့ သူတို့ထက် အဆင်ပြေနေတဲ့ လူ ၃
ယောက်ကိုလည်း လိုက်ပြပါတယ်။ သူတို့က အဆင်ပြေမှာပေါ့..ကိုယ်ပိုင် လက်တွန်းလှည်းနဲ့လမ်းတကာ
မုန့်လိုက်ရောင်းနေတဲ့ အချားဟဲတွေကိုး..။ သူတို့ကြတော့ တမျိုး နဲနဲအဆင်ပြေတာနဲ့ သူတို့အမျိုးတွေကို
လှမ်းခေါ်လိုက်ပြီ..။ သူကတခြားအဆင့်တက်သွားရင် သူ့နေရာကို သူ့အမျိုးအနွယ်တွေကိုဘဲ ပေးထားခဲ့တာ
လေ။ ဒါကြတော့ ကျမတို့ မြန်မာနိုင်ငံသား တိုင်းရင်းသား ၁၃ဝကျော်တွေမှာ မရှိတတ်တဲ့ အလေ့အကျင့်တ
ခုနေမှာပေါ့နော်...။

သူတို့တော့ ပျော်ရွှင်နေကြပါတယ် သူဋ္ဌေးသဘောကောင်းတယ်တဲ့
တရားဝင်စာရင်းအရ ထိုင်းမှာမြန်မာနိုင်ငံသား ၂သန်းကျော်ရှိတယ်တဲ့။ အင်း..အတွေ့အကြုံအရ တရားမဝင်
စာရင်းလို့မယ်ငီး ပြောပါရစေ.. ၄ သန်းလောက်ရှိမှာ။ဒါနဲ့..သူတို့မဲကပေးတဲ့ကိစ္စ ဘဘတို့ဘယ်လို စီစဉ် ထားကြကြောင်း..သိချင်သား..ဟီး...။ သူတို့ ဘဝတွေကိုဆိုင်ရာတာဝန်ရှိကြီးများ အရေးတယူ ဆောင်ရွှက်
ပေးဖို့ခေါင်းထဲမရှိပေမဲ့၊ မဲကိစ္စမှာတော့ ပြီးတောင်ပြီးလောက်ပြီနဲ့တူတယ်..အဟီး..နဲနဲလောက်ရှည်ကြည့်
တာပါ..း)))) ထားပါလေ..ပြန်ဆက်ကြည့်ရအောင်..ဘာဖြစ်လို့မယ်ငီးက ၄သန်းလို့ပြောတာလဲ..ဆိုတော့
အဲ့နားပတ်ဝန်းကျင်က အိမ်ယာစခန်းအကြီးကြီးပါဘဲ..ဆောက်လုပ်ရေးခွင်တခုမှာ မြန်မာလုပ်သားချည်းဘဲ
၄၅ဝ ကျော်ပါတယ်။ သွပ်မိုး သွပ်ကာ တန်းလျားရှည်ထဲမှာ ခလေးရောခွေးရော ဆိုသလိုပါဘဲ..ပြွတ်သိတ်
နေကြရတယ်။ ညနေအလုပ်ဆင်းရင် ပစ်ကပ်ကားနောက်က ကုန်ပစ္စည်းများစွာနဲ့ ရောင်းချတဲ့ ကုန်စုံဆိုင်
ကား ၄-၅ စင်းက ဆိုက်လို့။ သူတို့လေးတွေက တိုးဝှေ့လုပ်ယက်ဝယ်နေကြတယ်..။ မြင်ခဲ့ ဓါတ်ပုံရိုက်
ခဲ့ပေမဲ့ မတင်ချင်ဘူး..ရင်ထဲမှာမကောင်းဘူး..။ တန်းတူညီတူ အခွင့်အရေး လူ့အခွင့်အရေး ဆိုတာ ကိုယ့်
နိုင်ငံမှာ အများနဲ့အတူမရကြတာ..ခုလို သူများနယ်မြေမှာ အနှိမ်ခံ လူတန်းစားတရပ်အနေနဲ့ မြင်တွေ့ရတာ
တော့ တကယ်ဘဲ သနားတယ် ကိုယ်ချင်းစာတယ်။ တခြားလှေဆိပ် ကမ်းနားက ငါးဖမ်းသဘောင်္ပေါ်မှာ
လုပ်ရတဲ့သူတွေဆိုပိုဆိုးတယ်..တဲ့။

ကျမသူငယ်ချင်းက နေ့လည်စာထမင်းချက်ကျွေးတယ်လေ ကောင်မလေးတွေပျော်တာပေါ့
ဆောက်လုပ်ရေးခွင်မှာလုပ်နေတဲ့ အကိုလေး ၂ယောက်နဲ့စကားပြောဖြစ်ခဲ့သေးတယ်..။ သူဋ္ဌေးက ကမ္ဘော
ဒီးယားဖက်မှာ ကန်တရိုက်ရတော့ သူ့ကိုပါ အဲ့ဖက်ခေါ်သွားတယ်တဲ့ နောက်မြန်မာနိုင်ငံသားတယောက်နဲ့
ပေါ့..။ နယ်စပ်မှာဘဲ လှည့်ပြန်လာခဲ့ရတယ်လေ..။ သူတို့စာအုပ်က ဒီနိုင်ငံတွင်းမှာဘဲ လုပ်ရမှာမို့လို့တဲ့...။
သူတို့တွေ အားလုံး တလဘတ် တစ်သောင်းဝန်းကျင်လောက်ဘဲရတာ..။ မြန်မာငွေနဲ့ ၃သိန်းလောက်နေ
မှာပေါ့..။ တချို့လည်း မြန်မာပြည် ပြန်လာကြတယ်..။ လယ်လုပ်ခြံလုပ်နဲ့ ပါလာတဲ့ပိုက်ဆံပြောင်သွားလို့
ဒုံရင်းနေရာကိုဘဲ ပြန်ရောက်လာကြတဲ့သူလည်းမရှား..။ ခလေးမွေးပြီး အဖိုးအဖွားနားအပ်ထားလို့..ပြန်လာ
ကြတဲ့လူလည်းရှိတယ်။

တနေ့နဲနဲလောက်နဲ့ ဆက်ကြသေးတာပေါ့..ရှင်.......


ဒီအပေါ်ပုံက ကျောက်မျက်သွေးတဲ့နေရာပါ..အလုပ်သမားထောင်ချီပြီးရှိတယ်..။ ဝင်းကြီးက ကြီးမားကျယ်
ဝန်းလှပါတယ်..။

ရှေ့တည့်တည့်မှာတော့ ဈေားတခုရှိပါတယ်။ တချို့ဆိုင်မှာ..မြန်မာစာနဲ့တောင်ရေးကပ်ထားတာတွေ့ရတယ်

ကျမတောင် ချည်ပေါင်ပင်တွေဝယ်ခဲ့ပါသေးတယ်..၁ဝ ဘတ်မှ ၃စည်းတောင်ရတာ..ဈေးချိုလိုက်တာ...

သူတို့တွေလည်း အိမ်နဲ့ဝေးနေကြသေးသလို ကျမလည်း အိမ်နဲ့ဝေးနေပါသေးတယ်...တနေ့တော့ တနေ့ပေါ့
ကိုယ်တို့ရဲ့..တနေ့တော့ ရောက်လာမယ်ဆိုပြီး လျောက်လှမ်းနေကြတဲ့သူချည်းပါဘဲလေ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Saturday, June 13, 2015

တောင်ပေါ်ကဘုရားနှင့်ဖူးခက်ရောက်မြန်မာပြည်သားများ


မင်္ဂလာပါရှင်~~~

ဧပြီလ ၁၄ရက်နေ့ဆိုရင်မြန်မာနိုင်ငံမှာရေတွေကစားကြဘုန်းကြီးကျောင်းတွေမှာဥပုဓ်သီလစောင့်တည်
ကြတဲ့အချိန်နေမှာပေါ့..ကျမလည်း ဖူးခက်ရောက်တုံး ဒီကဘုရားဖူးလို့ လိပ်ဥလည်းတူးရင်းကမ်းခြေအား လုံးကားတပတ်စီးပြီးလည်လည်ထွက်ခဲ့ပါတယ်။
 views point တွေနားရပ်လိုက် ဓါတ်ပုံတွေရိုက်..
 ရူမျှော်ခင်းတွေကြည့်လိုက်နဲ့ အပန်းဖြေခြင်း ဆိုတဲ့အဓိပ္ပါယ်ကို နဲနဲနားလည်လာသလိုပါဘဲ...
နောက်ဆုံးတော့ တောင်ပေါ်ကဘုရားကိုရောက်လာပြီပေါ့...ဖူးခက်မှာတော့ အမြင့်ဆုံးတောင်ထိပ်က အ
ကြီးဆုံးဘုရားတဆူပါဘဲ..တဲ့ ကားဆရာကပြောပြပါတယ် ဘုရားသွားချင်တယ်ပြောလို့ သူကပြောပြတာပါ
မြန်မာလူမျိုးတွေရဲ့ချစ်စရာကောင်းတဲ့ဓလေ့ပါဘဲ..တဲ့ ဘုရားမှာလည်း ခင်ဗျားတို့ရဲ့ မြန်မာတွေဘဲမြင်ရမှာပါ
ဆိုဘဲ..ထိုင်းတွေတော့ ညကရေကစားသောက်စားမူးရူးလို့မထနိုင်ကြသေးပါဘူး..တဲ့...
ဟုတ်မှာပေါ့..ရောက်ရောက်ချင်း ဘုရားရေသပ္ပါယ်နေတဲ့ မွန်ခလေး ၂ယောက်တွေ့ရတယ်..
ဘုရားကဆောက်လက်စပါ မပြီးသေးပါဘူး..ကြာလည်းကြာပါပြီ..အလူရှင်တွေလာလူတဲ့ငွေနဲ့တဖြေးဖြေး
ဆောက်နေကြပါတယ်..တဲ့ ဘုရားပုံက ကြာပန်းပေါ်စံမြန်းနေတဲ့ပုံသဏ္ဍန်ပါ..
ဖူးခက်မှာ မြန်မာနိုင်ငံသား ၂သိန်းကျော်ရှိတယ်လေ..ဘယ်နေရာရောက်ရောက် မြန်မာစကားနဲ့သာပြော
ကြည့်ပါ သူတို့ပြန်ပြောကြပါတယ်..တချို့တလေတော့သိပ်မပြောချင်ကြဘူး..စားသောက်ဆိုင်တွေ ဟိုတယ်
မိုတယ် ကမ်းစပ်မှာစပိဘုတ်တွေဌားတာ..အားလုံးမြန်မာနိုင်ငံသားတွေချည်းပါဘဲ..ဗမာလိုအသံဝဲဝဲနဲ့ပြော ရင်သေချာတယ် မွန်ပြည်နယ်ဖက်က...း)) တွေ့သမျှအားလုံးသဘောကောင်းကြတယ်..

ဘုန်းကြီးက လက်ဖွဲ့ချည်မျှင်ပေးတော့ တန်းစီပြီး အထူးသဖြင့် နိုင်ငံခြားသားတွေ သွားယူကြတာပေါ့..ကိုယ်
တွေလည်းဘယ်လက်လွှတ်ခံမလဲ..နော့်
ဖူးခက်က သဘောအကျဆုံးအရာတခုမှာ အလူခံသေတ္တာကြီးပါဘဲ..မီးခံသေတ္တာကြီးနဲ့ဆိုတော့ ပြီးရောဘဲ
ရန်သူမျိုး ၅ပါးရန်က ကင်းရောပေါ့...
မာဘယ်ကျောက်ဖြူပြားသေးသေးလေးတွေ တချပ် ဘတ်၃ဝဝနဲ့ အလူငွေထဲ့ပြီး စာရေးကမည်းအက္ခရာတင် ထားလို့ရပါတယ်တဲ့..ဘုရားပုံတော်နဲ့ အောက်ခြေဖက်မှာကပ်ဖို့ပါ..အဲ..စကားဖြတ်ပြီးထပ်ပြောရ ရင်တော့ ဘုရားကကျောက်ဖြူနဲ့ထွင်းလုပ်ထားတာမဟုတ်ပါဘူး။(ကျောက်ပြားတွေအလူငွေထဲ့တဲ့နေရာမှာစောင့်နေ
တာလည်းမြန်မာအဖိုးကြီးတယောက်ပါ..)

ဘုရားအနီးကပ်ရိုက်ကြည့်ရင်တော့ ဒီလိုတွေ့မှာပါ..ကျောက်ပြားသေးသေးလေးတွေနဲ့ အင်္ဂတေပေါ်ကပ်ပြီး
ဘုရားကိုထုလုပ်ထားတာပါ...ဒီပုံကတော့ကျမရိုက်တာမဟုတ်ပါဘူး.သူများဆီကကူးလာတာပါ..း)
ရှင်ပြုအလူတခုလည်းတွေ့ခဲ့ပါတယ်..ဆွမ်းစားချိန်နီးတော့ ကိုရင်ငယ်အသစ်လေးတွေ ဘုရားစာမြန်မြန်ဆို
ပြီးပြေးလွှားဆွမ်းဘုန်းပေးတာတွေ့ခဲ့ပါတယ်..
 
တောင်ပေါ်ကနေကြည့်ရင် ကိုယ်တို့ဖီဖီကျွန်းသွားဖို့ သဘောင်္စီးတဲ့ မော်တော်ဆိပ်ကိုတောင်လှမ်းမြင်ရပါ တယ်။
မွန်ခလေးတသိုက်ကို ခပ်တည်တည်နဲ့ဓါတ်ပုံရီုက်ပေးပြီး ဘယ်ကိုပို့ပေးရမှန်းမသိပါဘူး...ဒီမှာဘဲတင်ပေး
လိုက်တော့မယ်..ဝမ်းမနာသားသမီးတသိုက်ရေ့...
ခေါင်းလောင်းကြီးက ဘယ့်နှာကြောင့် တရုတ်စာနဲ့ရှိတာလည်းတော့ မသိပါဘူး..
ခေါင်းလောင်းတွေလည်း အများကြီးပါဘဲ...
သူများတွေလူဒါန်းထားပြီး ကမည်းတင်းစာရေးထားတဲ့ စကျင်ကျောက်ဖြူတွေ..တောင်ပုံရာပုံ..
ဘုရားကိုယ်ထည်အောက်ခြေထဲကတိုင်တွေကိုလည်း ကျောက်ပြားတွေနဲ့ကပ်ပါတယ်..
ဘယ်နားကြည့်ကြည့်ထမိန်လေးတွေနဲ့ ကိုယ်တို့နိုင်ငံသားတွေပါဆို..
တကယ်တန်းသေသေချာချာဘုရားထိုင်ရှိခိုးဖို့ ဘုရားဖူးတွေထိုင်ဖို့နားဖို့ နေရာမရှိသလိုပါဘဲလေ..သူတော့
အဲ့လို..ရှိခိုးခဲ့တာဘဲ..

ပြန်အထွက်နေရာက ထိုင်ခုံတွေ..သဘာဝသစ်ပင်အတိုင်း ထိုင်ခုံလုပ်ထားတာ အရမ်းလက်ရာမြောက်တာ
ဘဲ..

နောက်ထပ်တနေရာကတော့ သူတို့ထိုင်းတွေနဲ့ တရုတ်တွေအရမ်းသွားကြတဲ့နေရာပါ.. အနီးစပ်ဆုံး အဓိပ္ပါယ်ပြန်ကြည့်ရင် Wat Chalong ကို အောင်ပွဲခံဘုရား..ဆိုပြီး ကျမတော့နားလည်လိုက်ပါတယ်။
တကယ့်ဘုရားအမည်ရင်းတော့ ဒီလိုမဟုတ်ပါဘူး..။

ဘုရားပုံရှိတဲ့နေရာထက် ဒီဘုန်းကြီး ၃ပါးရုပ်ထုရှိတဲ့နေရာမှာတော့ လူတွေကကြိတ်ကြိတ်တိုးစည်ကားပါ
တယ်။ ရွှေကပ် တုတ်ချောင်းတွေချောက်ချပ်ချပ်နဲ့ အဓိဌာန်ပြီး ဆုတောင်း ကျလာတဲ့တုတ်ချောင်းနံပါတ်ပါ
တဲ့စာတွေသွားယူကြဖတ်ကြ..တာပေါ့..ဆုတောင်းပြည့် တယ်ဆိုပြီး တရုတ်နွယ်ထိုင်းနိုင်ငံသားတွေအရမ်း
ကိုးကွယ်ကြပါတယ်တဲ့..။

အဲ့လိုမျိုးအချိန်မှာဆူညံတဲ့ဗျောက်သံတွေ ကြားရင်မလန့်ပါနဲ့..ကံကောင်းအောင်ဖေါက်တာပါတဲ့..
ဖေါက်တဲ့နေရာတောင်သေသေချာချာလုပ်ထားတာ..သေချာတာကတော့ ထီသည်တွေပေါ့ရှင်...
တန်းစီပြီးကိုရောင်းတာ..ဆုတောင်းပြီးထီထိုး..ထီထိုးပြီးဆုတောင်း..ဘဝသံသာရာဆိုတာ..အဲ့ဒါပါဘဲ...

ဟိုး..ဘုရားဆီကိုသွားဖို့ကြတော့ ကားသမားကနဲနဲလောနေပြီလေ...အဝေးကနေဘဲဖူးခဲ့ရပါတယ်..
နေ့လည်စာကို ဖူးခက်ကနံမည်ကြီး မြန်မာစာရေးဆရာတဦးနဲ့ချိန်းထားလို့ပါ...ကျမကသူ့ရဲ့မြန်မာကုန်စုံဆိုင်
ကိုအရမ်းသွားလည်ချင်တာ..အချိန်မရှိလို့..စကားပြောအတူတူထမင်းစားပြီးပြန်ခဲ့ရပါတယ်..

အမှတ်တရအရောင်းဆိုင်လည်း..မဝင်နိုင်တော့ဘူး..
ကဲ..တာတာ..လုပ်ရတော့မယ်..
သစ်ပင်အောက်မှာတော့ နေပူကြဲကြဲဒဏ်မခံနိုင်လို့ ခဏတဖြိုက်ဝင်နားကြတဲ့သူတွေနဲ့ပေါ့..ကိုယ်တို့လည်း
ဒီလိုပါဘဲ..နေပူရင် ခဏနား..နေအေးရင် ပြန်ဆက်လျှောက်နဲ့..ဆက်လက်ချီတက်နေကြတာပါဘဲ..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

Sunday, June 7, 2015

Phi Phi & Jamesbond island,Phuket

မင်္ဂလာပါရှင်~~~



Phi Phi island,Phuket
Phuket ရောက်ရင်အဓိကသွားရမဲ့နေရာက ဖီဖီကျွန်းနဲ့ဂျိန်းစ်ဘွန်းကျွန်းပေါ့ရှင်...
Map of Jamebond island
ပထမရက်တော့ Fantasea show ကြည့်ပြီး ဖီဖီကျွန်းဒိုးကြတာရေးပြီး ခရီးထွက်လိုက်တာ ပင်ပန်းဖျားနေ တာနဲ့ဘဲရက်ကြာသွားပါတယ်။ကဲ..အစကနေနဲနဲ အင်ထရိုပြန်ဝင်ကြမယ်လေ..။ ဖီဖီခရီးစဉ်ကတော့ တကယ့်ကိုပျော်စရာကောင်းပါတယ်။ စပိဘုတ်ကြီးစီးရမယ်ဆိုတော့ ခေါင်းမူးတတ်တယ်တဲ့ ဆေးတွေဝေ
တော့ဒီကလည်း ဘုမသိဘမသိသောက်ချလိုက်ရော..တလမ်းလုံးအိပ်လိုက်လာပါတယ်။ ရောက်တဲ့နေရာ
ဒိုင်ဗင်တွေထိုးကြရေငုပ်ကြရင် ကိုယ်ကငါးတွေအစာကျွေးပေါ့။ ကမ်းနားချပေးရင် ရေလေးဘာလေးပြေး
ဆော့နဲ့..ဟုတ်နေတာဘဲ..။
ကျွန်းတခုမှာစားဖို့နားပေးတော့ ဘာမှဟန်မဆောင်နိုင်ဘူး။ ပြေးလွှားစားသောက်ပြီးမှ ဓါတ်ပုံရီုက်ဖို့သတိရတယ်လေ..
သူတို့ပြတဲ့ကျွန်းတွေ့ရင်တခါခါလည်းဓါတ်ပုံရိုက်ထားနိုင်ပါသေးတယ်။
နောက်ဆုံဒီကျွန်းသေးသေးလေးရောက်မှအားပါးတရရေကစားရတာ..
ဂူဂဲလ်တန်ခိုးနဲ့အပ်ချလောင်းကြည့်လိုက်မှ...ဟိုးအပေါ်ဆုံးနေရာကပုံလေးတဲ့...
သွားဖူးသမျှကျွှန်းတွေထဲမှာတော့ရေအကြည်ဆုံးနဲ့ရေကစားရတာအပျှော်ဆုံးပါဘဲ..ဟိုးခပ်လှမ်းလှမ်းကမမမ
လေးတောင်သူ့ရဲ့ အက်စပရင်ဆေးပြားလေး၂ထောင့် နေပူထုတ်လှမ်းတာမြင်မိသေး :P
(ဘာတွေ့ကြလဲမှန်မှန်ပြော)

ဒါပါဘဲရှင်..SPF 50 ကိုတကိုယ်လုံးလူးပြီး မျက်မှန်မဲတပ်လို့သိပ်နေမပူပါဘူး..ဆိုပြီးကိုယ့်ဖာသာကိုယ်အား
ပေးရေထဲနေပူထဲအားပါးတရနေပစ်လိုက်တာ..ငါးခြောက်ပြားနဲ့ခပ်ဆင်ဆင်အရောင်အဆင်းတွေဘာတွေရ
လာတာပေါ့..အနောက်နိုင်ငံကလူတွေကြိုက်ကြတဲ့..ချောကလက်ရောင်ပေါ့..း))))
ညကြတော့ ဟိုတယ်နားက စားသောက်ဆိုင်မှာ ပူသောစပ်သောအစားတွေစားသောက်ပြီးခြေပစ်လက်ပစ် အိပ်တယ်...
မနက်ဟိုတယ်ကစားစရာလေးတွေနဲ့ဝမ်းဖြည့်ပြီး ဂျိန်းစ်ဘွန်းကျွန်းကိုဒိုးကြပါတယ်..
ဒီတခါတော့ စပိဘုတ်ဟုတ်ဘူး သဘောင်္ကြီးဆိုတော့ ကမ်းစပ်ကနေ ဒီလိုကားနဲ့တခါပြန်စီးရပါသေးတယ်..
သာသာယာယာရှိနေပါသေးတယ်..
သဘောင်္ပေါ်ကအဖွဲ့သားများ...တလုတ်တွေ ကာဆင်းတွေတော့နေရာတကာပါတာပေါ့ရှင်..
ရွှက်လှေတွေအများကြီးဘဲ...ရွှက်တိုက်လေလွင့်ခြင်းဆန္ဒဖြစ်လာသလိုပါဘဲ..
ဟိုး..ရှေ့ကကျွန်းဆီကိုဦးတည်သွားနေတာပါဘဲ..
ကဲ..ပစ္စည်းတွေထားပြီးကင်မရာလေးဘဲယူတစီးကို ၂ယောက်စီးကြမယ်တဲ့...

 
လှေကလေးကိုလှော်လို့..ဘေးမသန်းဘဲအေးချမ်းစွာဟုတ်ဘူးနော်..အသေပူတာ..ဟီး
ဟိုး..အပေါက်ထဲ ဂူထဲဝင်မှာတဲ့..


ရေကတိမ်တိမ်လေးပါ..ရေတွေလည်းခမ်းနေပေါ့..
ကိုယ်တို့စီးခဲ့တဲ့လှေတွေအဲ့လိုချည်ပြီး လိုက်လာတယ်..နောက် ၂ခေါက်ထပ်စီးရမယ်တဲ့..
ကျွန်းတွေလည်းအောက်ခြေပတ်လည်မှာရေတိုက်စားပြီး ရေထဲကမိုပုံစံလေးတွေနဲ့ လှလိုက်တာ..
 
သူများသဘောင်္တွေလည်းဆင်းနေကြပြီ..
စပိဘုတ်နဲ့လာတဲ့လူတွေတော့နီးနီးကပ်ရပ်တယ်..

နောက်ထပ်ကျောက်ဆောင်တွေကြားထဲကနေသွားရမှာတဲ့...
ဒီလိုရှာရှာဖွေဖွေခရီးစဉ်လမ်းကိုဘယ်သူရှာတွေ့သလဲလို့စပ်စုတာ နီုင်ငံခြားသားတွေပါတဲ့...
တခုထဲဝင်လိုက်နောက်တခုနဲ့ပြန်ထွက်လိုက်နဲ့ တကယ်ပျော်စရာကောင်းလှပါတယ်..
တချို့တွေလည်းဆင်းကြတယ်..
ပတ်ချာလည်မှာလည်း သူလိုကိုယ်လိုလူတွေမှအများကြီး...
ကဲ..ကြည်စေအေးစေ ပိစ်ပါနော့်...

အဲ့ ကျောက်ဆောင်တွေက ဓါတ်ရှင်တွေထဲ ဒါတ်ပုံတွေထဲမြင်ဖူးကြတာတွေနေမှာပေါ့..
တွေ့ပြီတွေ့ပြီ..သူဘဲသူဘဲ..လက်နဲ့မထိပါနဲ့တဲ့..ကြယ်ငါးဆိုလား...ဂျယ်ရီငါးခေါ်လား..သိပါဘူး..
အဆိပ်ရှိတယ်တဲ့..
ရေမြင့်လာရင်လည်း ဂူထဲဝင်မရဘူးပြောပါတယ်..
ဂူထဲမှာတော့မှောင်နေတာ..ဒါတ်တွေမလှဘူးရိုက်ခဲ့တာပါဘဲ..ဒီတော့မပြနိုင်တော့ဘူးပေါ့ @_@
ခဏဘဲနေပြီးပြန်လာခဲ့တယ်..ရေဆော့လို့ကောင်းဘူးရေနောက်တယ်..

ဂိုက်ကလက်ခုပ်တွေတီးခိုင်းတယ်..အသံကြားတော့သိမ်းဌက်တွေနောက်ကနေအများကြီးလိုက်လာတယ်...
ကိုင်း..စားချိန်ရောက်ပြီ


ဒီခလေးကိုတော့ ဂီးနစ်ဘုတ်အုတ်မှာထဲ့ချင်လို့..ချစ်စရာကောင်းသလောက် ၂နာရီလောက် အသံမစဲပဌာန်း
အဲလေ..အော်ငိုတာ..အမေကခပ်တည်တည်ဘဲ ချော့ဘူးတော့..အံရော..
စားပြီးတော့လည်းချီတက်ကြတာပေါ့လေ..
ဒီတခါတော့ မြန်မာလို တခုနဲ့တခုအမှီပြုနေတဲ့ကျွန်းတဲ့..ကျောက်ပြားကြီးကကျွန်းတခုအပေါ်မှီနေတာလေ..
 
အဝကလည်းကျဉ်းကျဉ်းလေး..အကြာကြီးစောင့်ရတယ်..မော်တော်တခုဝင်ဖို့ကို..
လူတွေကတော့..အော်တိုက်ပေါ့...
လူမပါအောင်ရိုက်ဖို့အတော်ကိုရှားပါးတဲ့အခွင့်အရေးတခုပါ....
ဒီနေရာကတော့ နံမည်ကြီး အဲ့..ကျွန်းငုတ်တိုလေးကိုတွေ့ရပါလိမ့်မယ်..
နောက်ထပ်တနေရာတော့ လှေကိုကိုယ့်ဖာသာကိုလှော်လို့ရတယ်တဲ့...
 
ဒါပေမဲ့မိုးနတ်မင်းကြီးက ကိုယ်တို့ဖက်ကိုအခွင့်မပေးခဲ့ပါဘူးလေ..မိုးတွေလေတွေသည်းထန်လို့ အားလုံး
သဘောင်္ဝမ်းပိုက်ထဲပြေးဆင်းနေရတယ်..ရသမျှဘုရားစာလည်းရွှတ်ဖတ်သရယ်ဆယ်လို့ ဇီးရွှက်မျက်နှာ
လေးနဲ့ပြန်ခဲ့လိုက်ရတယ်ကွယ်..
ကဲ..ပုံပြင်လေးတော့ ဒါပါဘဲကွယ်....အဟီး...
ရေးချင်ပြောချင်တာတွေအများကြီးရှိတော့ ခပ်တော့တော့နှင်တယ်လို့ဘဲသဘောထားပေးပါနော်..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး