Showing posts with label Myanmar-Miktila. Show all posts
Showing posts with label Myanmar-Miktila. Show all posts

Wednesday, January 27, 2016

မိတ္တီလာနဲ့သာစည်

မင်္ဂလာပါရှင်~~~
မိတ္တီလာကို ကျိုင်းတုံ-မန္တလေး လေယာဉ်ဆင်းတာနဲ့ ကျားကျားအမျိုးတွေလာကြိုပြီးတန်းသွားကြတာပါ။
ညလည်းမအိပ်ဘူး သူတို့တွေ့ကြစကားပြောကြစားပြီးသောက်ပြီး ရမည်းသင်းမြို့ကိုခရီးဆက်ခဲ့ကြပါတယ်။
မန္တလေးလေဆိပ်ကနေထွက်တော့ ရန်ကုန်-နေပြည်တော် ကားလမ်းမကြီးပေါ်တက်ရပါတယ်။ နေပြည်
တော်အထိဘဲကားလမ်းရှိတာလို့ ထင်နေတာ မဟုတ်ပါဘူး။ မန္တလေးအထိပေါက်တာပါတဲ့။ကဲ..မြွေလိမ်မြွေ
ကောက်လိုလမ်းမျိုး ရှမ်းပြည်ကလမ်းလိုမျိုး ဂန်ချားကြီး(နိုင်ငံခြားတိုင်းပြည်ကိုဆိုလိုပါသည်း)တို့ဆီကလိုမျိုး
ဖြတ်လမ်း သွယ်လမ်း သိပ်မရှိလောက်ကိုဖြောင့်ဖြူးလှပါတယ်။ ဖုထစ်နေတာကတော့ ကျမတို့ရှေး မြန်မာလူ
မျိုးများရဲ့ဗလကို ဂုဏ်ပြုသောအားဖြင့် (ခုခေတ်မြင်ရနိုင်ဖို့အခွင့်အလမ်း နဲပါးတယ်လေဗျာ) ထည့်သွင်း တည်
ဆောက်ထားပါကြောင်း.... ^_^ ရူးတိုးတိုး..ဒီလိုဘလော့မှာဘဲ လေပေါလို့ရတာ...
ကျိုင်းတုံမှာနေလည်း အိမ်မှာမကပ် တနေကုန်သွားနေတော့ ပင်ပန်း ဟိုမှာက ၅ ဒီကရီလောက်အေးတာ ဒီ
ရောက်တော့ပူ..မယ်ငီး အိပ်ပြီးလိုက်သွားတာဘဲ..မိတ္တီလာကန်ရောက်ရင်နိုးလို့ပြောထားတော့ ကဲ..ရောက် ပြီတဲ့..
အစကတော့ ဆင်းပြီး လမ်းလျောက်ကြည့်မလို့....
အခြေအနေမဟန်ဘူးဗျ...မှန်တံခါးတောင်မလှပ်ရဲခဲ့ပါဘူး...
လမ်းတဝက်ကပြင်နေတာ...ဖုံလုံးကြီးကိုသာကြည့်ပေတော့....
ကဲ...ဖားကောက်မလားလို့...(မှန်ကလည်းဖုန်တွေနဲ့ ဓါတ်ပုံလုံးဝမကောင်းဘူး...)
ကျမတို့တနိုင်ငံလုံးဖုန်တောထဲမှာနေသားကြနေပါပြီလေ...ဘယ်နေရာသွားသွား ဖုန်(သို့မဟုတ်)ဖုတ်
ချည်းဘဲ..
မိတ္တီလာကန်ဘေးက ဟိုတယ်တခုမှာ ၁၉၈၈-၁၉၈၉ နှစ်လောက်က တည်းဖူးတယ်။ အစိုးရဟော်တယ်ပါ။ အရမ်းသာယာတယ်လို့မျက်စိထဲမှာရော စိတ်ထဲမှာထင်ယောင်မြင်ယောင်နေတုံးပါ...။ထားပါတော့လေ အ
တိတ်ဆိုတာ အတိတ်တဲ့...ပြန်မရနိုင်တော့ပါဘူးလေ...
မြို့အရမ်းကြီးတာဘဲ...
လူတွေလည်းများ...ကားကြီးတွေလည်း အရမ်းရူပ်..
ပန်းသေးခေါက်ဆွဲဆိုင်တော့လှမ်းမြင်မိလိုက်သေးတယ်..
ဒီတခေါက်ရောက်ခဲ့တဲ့မြို့အားလုံး ဖြတ်သန်းသွားလာခဲ့တဲ့ ရွာတွေအားလုံးတူညီတဲ့အချက်ကတော့ ပလပ်စ
တိတ်အမိုက်တွေပေါ့ရှင်..နေရာတကာ လမ်းတလျောက် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကောက်လို့ နှစ်
ပေါင်း ၁ဝကျော်လည်း ကောက်လို့ကုန်နိုင်မှာမဟုတ်ဘူး..နောက်တခါ ကျမတို့နိုင်ငံက ရူမျော်ခင်းများ ဆိုပြီး
ခပ်တည်တည်နဲ့ အမိုက်ပုံတွေချည့် တင်ပစ်လိုက်မယ်.. @_@

သူ့အကိုနေတဲ့နေရာက မြို့ပြင်မှာလားမသိပါဘူး မြို့ကိုဖြတ်မောင်းနေတာ အကြာကြီး ကျိုင်းတုံမြို့ဆိုရင် ၄ ပတ်လောက်ပတ်မိနေလောက်ပြီ..အဟဲ..
ရှေ့က လူကြီးဆိုင်ကယ်စီးတာမိုက်တယ်..ခြေထောက်ကိုအပေါ်မှာတင်ထားတယ်..ဘာလို့ကြောင်း!!!!
မိတ္တီလာကလေတပ်စခန်းရှိတာကိုး..လေတပ်ကိုဖြတ်ပြီးမှ ရောက်မှာတဲ့...
လမ်းဘေး၂ဖက်က သစ်ပင်ကြီးတွေ တကယ်သဘောကျတယ်..
သူ့ဆွေတော်မျိုးတော်တွေနဲ့တွေ့ စကားပြော ထမင်းစား လက်က်ရည်သောက် အမှတ်တရ ဓါတ်ပုံရိုက်......
ဟော...ပုတုတုနဲ့ ၂ယောက်ကတော့ တောက မယ်ငီးတို့ပေါ့...

 
ညနေပြန်အထွက်မှာတော့ နေဝင်ခါနီး မိတ္တီလာကန်ကြီး အရမ်းကိုလှပါတယ်..
 
ဒါပေမဲ့လည်း အောက်ဆင်းပြီးမခံစားလာနိုင်ခဲ့ပါဘူးလေ...
ရမည်းသင်းရောက်..၂ညအိပ်ပြီး သာစည်ကို ဆက်ထွက်ခဲ့တယ်..နေ့လည်စာစားရုံပါဘဲ...သူ့ဆွေမျိုးတွေ
တကယ်ဟင်းချက်ကောင်းပါတယ်...ချကျွေးတာ အကုန်တီးပေါ့...

သူ့အမနဲ့ တူမလေးတွေတဲ့... မျက်နှာလေးတွေက ဝလုံးရေဝိုင်းနေတာကအစ တူပါတယ်လို့ပြောရင် သူက
နှာကစ်ချင်တယ်..ဟီး...
ထမင်းစားပြီးတော့ ပုဂံကိုခရီးဆက်ကြပြန်တယ်...မိတ္တီလာဝင်ရသေးတယ်..
အမျိုးအိမ်တွေကိုတော့မဝင်တော့ပါဘူး..
ကန်ပတ်လည် ပြင်ဆင်နေတာတွေ မြင်ခဲ့တယ်..
နောက်ဆိုရင် အရမ်းလှမှာဘဲ...
ကဲ....ပုဂံအကြောင်းရော ရမည်းသင်းရော ရေးပြီးသွားပြီ...မန္တလေးနဲ့ ကျိုင်းတုံ အကြောင်းဘဲကျန်တယ်...
နောက်တခါပေါ့ရှင်....အာလူးပေးစရာ အတင်းတုပ်စရာတွေ စားစရာတွေ အများကြီးဘဲ..အဟဲ..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး