ကျောက်စိမ်းဘုရားနဲ့မြွေဘုရားက လမ်းတဆက်ထဲကျတာတဲ့။ ဒီတော့ သွားဖြစ်ခဲ့ကြရင်လည်း ဒီ၂နေရာကို
ရောက်ကြမှာပါ။ ကျမတို့ကိုကြားဖူးလားလို့ ခေါ်သွားတဲ့ သူ့ယောက်ဖက မေးတော့၊ ခပ်တည်တည်နဲ့ ရမ်းဖြီး
ပြီး ကြားဖူးတယ်လုပ်တာ။ တကယ်တော့ မကြားဖူးဘူး။ ဗဟုသုတ နည်းချက်ဗျာ.. း)))

အဲ့..အသွားလမ်းပေါ်က တိုးဂိတ်တခုနားရောက်တော့ လမ်းတွေပိတ်နေတာ ကားကတလိမ့်ချင်းလိမ့်နေရ
တာပေါ့...

ကြည့်လိုက်တော့ အိုး..မိုက်တယ်ဗျ၊နွားလှည်းတွေ တန်းစီပြီး ဗမာ့တောဓလေ့ထုံးစံ အလှုလှည့်တာတဲ့။


ဒါနဲ့သူတို့ တိုးဂိတ်ကိုဖြတ်တော့ ပိုက်ဆံပေးရလား မပေးရလားလို့ မေးကြည့်တာ ကျမကိုအူကြောင်ကြောင်
နဲ့ ကြည့်ကြပါတယ်...( ဟွန့်..သိချင်လို့မေးတာ..နော့်)

တကယ်သဘောကျတာအမှန်ဘဲ စုပေါင်းကထိန်ပွဲ ဆိုလား..ဘဲ

ကားကရွှေ့ကိုမရွှေ့တာ၊ ကားကြီးတွေရော အလှုပွဲက လူတွေနဲ့ ဟိုဖက်ဒီဖက် လမ်းပြပုလိပ်တွေလည်း မ
တွေ့ခဲ့ဘူး။ မြို့ကြီးနဲ့ကပ်နေတာ နောက်ပြီး ကုန်တင်ကားကြီး ကားငယ် သွားလာနေတာ ဒီလိုပွဲကြီးမျိုးရှိရင်
လာပြီးကြည့်ရူပေးသင့်တာပေါ့နော်...( နောက်ဆိုဖြစ်လာတော့မှာပါ ဆန္ဒမစောကြပါနဲ့..တဲ့..ဟီး)


ရှေ့ကအလှုလှည့်တာကြည့်ပြီး ဝမ်းသာကြည်နူးခဲ့သလောက် နောက်မြှီးပိုင်းက မြင်ကွင်းတွေတွေ့ပြီးခေတ်
စကားနဲ့ပြောရရင် ဟတ်ကော့ဗျ..

ဒစ်စကိုသီချင်းခေါ်လား ဘာသီချင်းလည်းမသိ ဒိုးဒိုးဒန့်ဒန်တွေ ကခုန်လို့ ဝုန်းဒိုင်းကြဲနေကြတာ..

ဦးရွှေရိုးလည်း ခါးတွန့်ဖင်ရူံလေးကလို့ ဗမာ့စောင်းသံပတ္တလားတွေ ကားပေါ်တင်ပြီးဖွင့် အိုးစည်ဗုံမောင်းနဲ့
တကဲ့ရိုးရာလိုကခုန် လူတွေလည်း ဘုရားသွားကျောင်းတက်ဘဲဟာ..ဖင်ကျပ် ရင်ဖော် တင်ဖွင့် အဝတ်အ
စားကိုခဏလောက်ဘေးချိတ်ပြီး ပုဆိုးတိုက်ပုံ မြန်မာချည်ထည်လေးတွေ ဝတ်ကြမယ်ဆိုရင် ၁ဝဝ% အ
မှတ်ပေးလိုက်ချင်ပါတယ်...( အော်..မယ်ငီးလည်း တကဲ့ အဖွားအိုဖြစ်သွားပြီနော်.. out of date ပြော
လည်းခံရမှာပါဘဲ၊ ဒါပေမဲ့ ကိုယ်တို့ဆီက ဂလိုမဟုတ်တာ သေချာတယ်၊ နောက်တခါ ကျိုင်းတုံအလှုလှည့်
တာအစအဆုံး ဗီဒီယိုရိုက်ထားတာ ပြရအုံးမယ်) သိပ်မပြောနဲ့ သူတို့လည်း သူတို့ထုံးစံနေမှာပေါ့လေ..

ကျားကျားငယ်သူငယ်ချင်းဆီမှာ ခဏနားနေတုံး အိမ်ရှေ့လမ်းပေါ်မှာ ထော်လဂျီတစင်း စက်ပျက်တာလားမ
သိ။ ရပ်ပြီး လူ ၃ ယောက်ပြင်နေတာတွေ့ခဲ့တယ်။


ဘာရယ်မဟုတ်ပါဘူး..ကျမတို့တိုင်းပြည်ကလူတွေ အများအားဖြင့် အခြေခံလူတန်းစားတွေ မျက်နှာပုံစံက အစ ရိုးသားသလောက် ကြိုးစားပြီး လုပ်ကိုင်စားသောက်နေကြတာကို တွေ့ရတော့ စိတ်ဝင်စားတာပါ။ နေပူ ကြဲကြဲမှာတင်ထားတဲ့ သူတို့ကုန်ပစ္စည်း ဈေးကွက်ရောက်အောင်မပို့နိုင်မှာစိုးရိမ်စိတ်နဲ့ စက်ကိုဝိုင်းပြင်နေကြ
တယ်..။ ဆီပေတဲ့လက်ကို ပုဆိုးသုတ်လိုက် ချွေးသုတ်လိုက်နဲ့ သနားစရာ..။

ကျမလည်း ကင်မရာကိုင်ထားရင် မျောက်အုံးသီးရတာထက် ဆိုးတယ်..တဲ့။ ယောက်ကျားပြောတာလေ (ဟီးဟီး) ပတ်ဝန်းကျင်မှာ တွေ့တာ လာခဲ့ဒါတ်ထဲသိမ်းထားပစ်လိုက်မယ်။ မင်္ဂလာဆောင်အော်ဒါတဲ့။ ကိတ်
မုန့်လေးတွေ လှပြီးစားချင်စရာလေးတွေပါ အဖုံးအကာနဲ့ဆို ပိုမိုက်မှာနော်..(အဲဒီတုံးကပြောရဲဘူးဗျ ^_^ )



ဘုရားဦးခေါင်းတော်ပေါ်မှာ တကောင် ဘေးတဖက်စီမှာ ၁ကောင်စီ၊ စုစုပေါင်း ၃ကောင်ရှိတယ်။ လျှာက
တန်းလန်းကြီးနဲ့ပြူတစ်ပြူတစ်ထွက်နေသေးတယ်။ ကြောက်စရာကြီး...

မကိုင်ရ ဆိုတဲ့ဆိုင်းဘုတ်ရှိပေမဲ့ ကိုယ်တို့ ဘီရုမာတွေကထုံးစံအတိုင်းပွတ်ကြည့်မှ ရပါတယ်ဘုရား..ဆိုလား ဘဲ။ အသေကိုင်ကြတယ်။ လာသမျှလူတွေ ကိုင်နေတာဘဲတွေ့ခဲ့တယ်။

ပိုက်ဆံကို အလူခံပုံထားပေးလည်း မရဘူး..ဟွန့်..များတို့ကတော့ မြွေခေါင်းပေါ်တည့်တည့်မှာဘဲထားမယ်
တဲ့။ မြွေခေါင်းမထွက်နိုင်တော့ဘူး ပိုက်ဆံပုံကြားထဲမှာ..ရီရတယ်..ဟိ

ပိုက်ဆံတွေ...ထည့်လိုက်တဲ့ပိုက်ဆံတွေ..မြွေဆိုတာလာဘ်ကောင်းတာ၊ တရာထဲ့ရင် ၂ရာဝင်မယ်တဲ့( ဟီး
ထင်ကြေးပြောကြည့်တာပါ)


နေ့တိုင်းမြင်တော့ မရှိတဲ့သူတွေ သာရေယိုပြီး ဘုရားအလူခံပုံး ဖေါက်တယ်ဆိုတာ ဖြစ်လာရော....ရသမျှ
ပိုက်ဆံကို ဘုရားပတ်ဝန်းကျင်ကို ဘုရားဖူးတွေ အများကြီးလာတာ ဘယ်လိုအဆင်ပြေအောင် လုပ်ပေးရင်
ကောင်းမလဲဆိုတဲ့ စိတ်လေး ဘုရားလူကြီးတွေ ရှိလာကြပါစေ နားလည်ကြပါစေ..ကြိတ်ဆုတောင်းခဲ့ပါ တယ်..အဟဲ...




နံမည်ကျော်မြွေဘုရားကို ဒီလိုကြော်ငြာဆိုင်းဘုတ်နဲ့ နံမည်တပ် ကမ္မည်းတင်ရတယ်လို့...နော်..တချို့စာလုံး
တောင်ပျက်နေပေါ့...ရှားတယ်ဗျာ။သစ်လုံးတွေ အင်္ဂတေတွေနဲ့လုပ်ပါလား ခန့်ခန့်ညားညားဖြစ်အောင်။ပန်းချီ
ပန်းပု ပန်းတမော့ အိုးးး ရှိသမျှပန်းဆယ်မျိုး ထွန်းကားတဲ့မန္တလေးမြို့နားက ကျော်ကြားတဲ့ဘုရားဆိုင်းဘုတ်က
လမ်းဘေးက မုန့်ဟင်းခါးဆိုင် ဆိုင်းဘုတ်နဲ့ တဲ့..။ လေးစားပါတယ်။ ( ရူးတိုးတိုး..မယ်ငီးပြောတယ်လို့ မသိ
စေနဲ့နော်..တိုးတိုးတိတ်တိတ်လေး ပြန်လာပြောပြတာပါ..) :P :D ;)
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး















































