တာက ကချင်မြစ်ကြီးနားလေယာဉ်နဲ့ တရုတ် ခွန်းမင်လေယာဉ်တဲ့။ အားပါးပါး..ဟိုက်ရှားလပတ်စ်..ကိုယ်တို့
ပြည်သားများ သုံးတဲ့ အာမေဍိတ် အသံလေးဘာလေးတောင်ပြုလိုက်ရတယ်..။ တရုတ်ပြည်များမှားဆင်း
လာမိသလားလို့ပါ...ကျုံးကျုံးကျန်းကျန်းရှိရှဲ့အသံမျိုးစုံနဲ့ ပြည်ကြီးတရုတ်တွေ တကွင်းလုံးပြည့်ဘဲ။
ငွေတထောင်တောင်မရှိဘူး။ သူငယ်ချင်းကသူ့အိမ်နားတဝိုက်မှာရှိတဲ့ ဟော်တယ်တခုမှာ ကြိုတင်ဘွတ်ကင်
တင်ထားပေးတာလေ။ ဒီတော့ပစ္စည်းချပြီး သူ့ဆီတန်းပြေးရတယ်။ မြန်မာငွေတွေလှဲပြီးမှ ချက်ချင်းဘုရား
ကြီးလိုက်ပို့မယ်ဆိုတော့ အဝတ်အစားမလှဲဘဲ ဘောင်းဘီနဲ့ ဘုရားသွားရတာ။ ဘဝမှာစိတ်အကျဉ်းကျပ်ဆုံး က ဘုရားသွားတာ ဘောင်းဘီကြီးတကားကားနဲ့ပါဘဲ။ ထိုင်းမှာ မြဘုရားသွားရင် ဟိုနေရာဒီနေရာလည်း ဝင်ရမှာမို့လို့ ဘောင်းဘီနဲ့ဘဲသွားခဲ့ရတယ်။
ဒီမှာလည်း သူငယ်ချင်းကိုဟော်တယ်ပြန်ပြီး အဝတ်လှဲဖို့မပြောချင်တော့ဘူး တကွေ့တပတ်ကြီးသွားနေရမှာ။
အဟီး...
သဲဝါးမိလို့မစားရဲတော့ဘူး)
ဟင်းတွေပါ။ အသုပ်တဲ့ ပုဂံအပြည့်ဘဲ။ အထောင်းတွေ ဟင်းရည်တွေရော ဆီပြန်ဟင်းတွေရောဘဲ။ ဆိုင်
ကအားလုံးကိုသွန်ပစ်မှာလား။ ဘယ်လိုပြန်လုပ်မလဲမသိဘူး..တော်တော်စဉ်းစားမိခဲ့တယ်။
ဟင်းတွေထဲ့နေတော့ ကျမတို့ကို လက်ဖက်သုပ်နဲ့ ငှက်ပျော်သီးပေါင်းအလကားလာချကျွေးပါတယ်။ တကဲ့
ကို သူများတွေအပေါ်စေတနာရှိတဲ့ ထမင်းဆိုင်ပါဘဲ..
မိုက်တယ်..မယ်ငီးကြိုက်တဲ့ ဆန်ပြုတ်...ဆန်ပြုတ်ဆိုတာ အတကယ်ဝါးရသက်သာတာနော်..ရှလောရှလော
နဲ့ဝင်သွားတာ..မိုက်တယ်..း)))
တဲ့အချိန်ဆိုရင် ပိုကောင်းမလားနော်..လမ်းမပေါ်မှာပုံထားတဲ့ စူပါဟီးထနေတဲ့အမိုက်ကိုလှဲ ကျုံးနေတာက နာရီနဲ့ချီကြာတယ်လေ။ အနံအသက်ကမကောင်း ပတ်ဝန်းကျင်မှာ မုန့်ဟင်းခါးဆိုင် အသုပ်ဆိုင်တွေကပတ်
လည်မှာဘဲ...အော်...နိုင်ငံခြားနဲ့မနိုင်းပါဘူးတော်..ကျုပ်တို့ ကျိုင်းတုံရှမ်းပြည်လောက်ပါဘဲ။ မနက် မီးခွက် ထွန်းပြီးဈေးတန်းခင်းကြတာ။
အိမ်ထဲကနေတောင် မထွက်လာကြသေးဘူး။
မန္တလေးတောင်လည်း ဖြတ်သွားဖြတ်လာ ငေးမောမျှော်ကြည့်ခဲ့ရုံဘဲ...
အော်...သူ့အမျိုးတွေဆီလာလည်တာဆိုတော့...နောက်တခေါက်မှ ကိုယ် သွားချင်တာ သွားလည်ရဖို့ ဒုတိယအကြိမ်မန္တလေးကို ကြိုတင် ဘွတ်ကင်ထားလိုက်ပါမယ်လေ...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ပါစေရှင်~~~
မီးမီး
အော်...သူ့အမျိုးတွေဆီလာလည်တာဆိုတော့...နောက်တခေါက်မှ ကိုယ် သွားချင်တာ သွားလည်ရဖို့ ဒုတိယအကြိမ်မန္တလေးကို ကြိုတင် ဘွတ်ကင်ထားလိုက်ပါမယ်လေ...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ပါစေရှင်~~~
မီးမီး
မန္တလေးက ကိုယ်မြန်မာပြည်မှာပရိုဂျက်တစ်ခုလုပ်တုန်းက
ReplyDeleteအမြဲထရန်စစ်လုပ်ရတာပေါ့။
အဲတုန်းက ရန်ကုန်မှာ ရှမ်းထမင်းဆိုင်တွေ မရှိတော့
မန်းရောက်တာနဲ့ ရှမ်းထမင်းဆိုင်ပြေးတာဘဲ။
ရှမ်းထမင်းဟင်းတွေလည်းကြိုက် အညာစာလည်း ဆီတွေဖယ်ပြီးကြိုက်။
မန်းလည်းတရုပ်ပြည်အသေးစားဖြစ်သွားပြီမဟုတ်လား။
ကိုယ်သွားလာနေခဲ့စဉ်မှာကို နောက်ပိုင်းဆို မြို့ ထဲမှာ ဆိုင်ကယ်တွေနဲ့ တရုပ်ပုံတွေချည့်ဘဲ။ အရင်တုန်း က ကျစ်ဆံမြီးရှည်တွေနဲ့ စက်ဘီးနဲ့ မန်းပျိုလေးတွေ ရှားကုန်ပြီ။
အိုင်အိုရာ
မရေ...
Deleteမြို့ထဲတောင်မရောက်သေးဘူး။
လေယာဉ်ကွင်းတင်တရုတ်ပြည်ကြီးအလားပါဘဲ..ဟီး
မြို့ထဲမှာတော့ သူတို့မရှိတဲ့နေရာတွေ၊ဘဲ
သွားတာလေ..အဟဲ
ဘုရားကျောင်းကန်..သေချာတယ်
ပြည်ကြီးစီလုတ်တွေလာကြဘူးတော့..
ဆိုင်တွေတော့အများကြီး
ဘာမှသိပ်မစားဖြစ်ခဲ့ပါဘူး
သူများကျွေးတာဘဲ
စားခဲ့ရတာလေ...
ကျစ်ဆံမြီးရှည်နဲ့မန်းပျိုမေဆိုတာ
ဇင်းမယ်နဲ့ဆင်တယ်နော်
အရင်တုံးကသူတို့လည်း
စက်ဘီးနဲ့ပုသိမ်ထီးလိုမျိုးထီးတွေနဲ့လေ
အတိတ်ကာလ..ဖြစ်ကုန်ကြပြီပေါ့..
ပုန်းရည်ကြီးကောင်းကောင်းစားချင်ရင် ရွှေစင် တံဆိပ် (ရွာမရပ် ဂွေးချို -ချောက် မြို့နယ် 09-47215062 )ကို ၀ယ်ပါ မမီးရေ၊ လတ်လတ်ဆတ်ဆတ်ကျိုပြီး သဲလုံးဝမပါပါဘူး၊ ပုန်းရည်ဖိုပိုင်ရှင်က အမျိုးနီးစပ်ပဲဆိုပါတော့။ ပြီးခဲ့တဲ့လက အိမ်က ၂ ထုပ်ပို့ထားလို့ ခုလက်ရှိတောင် စားနေဆဲ.။
ReplyDeleteThinzar
ဟုတ်လား..
Deleteမှတ်ထားမယ်
နောက်မှာဝယ်မယ်..
ခုဆိုကိုးရီးယားပဲအမဲကို
ဘဲသုံးနေရတယ်..
ကျမကပဲကြိုက်တယ်လေ
မန်းလေးက ဈေးချို တို့  ရန်ကုန်က ဗိုလ်ချုပ်ဈေးတို့ က တခြားဈေးတွေ (ကုန်စိမ်း ရောင်းတဲ့ ဈေးတွေနဲ့  ဖွင့်ချိန် သဘာဝ )
ReplyDeleteမတူဘူးလို့  ထင်ပါတယ်.
တခြားဈေးတွေက မနက်ဆို အစောကြီးဖွင့် ပြီး စားသောက်ချက်ပြုတ်ဖို့ လိုတာတွေ ရောင်းကြ ၀ယ်ကြ... နေ့ လည်း ၉-၁၀ လောက်ဆို ဈေးကွဲပါပြီ.. တချို့  ကုန်ခြောက် ရောင်းတဲ့ ဆိုင်တွေပဲ ကျန်ပါတယ်..
ဟိုအပေါ်က ဈေးတွေကတော့ ဈေးရောင်းမယ့်သူတွေက မနက် ဟိုဈေးတွေအရင်သွား ချက်ပြုတ်ပြီးမှ ဈေးဆိုင်သွားဖွင့်ကြတာမျိုး
သူတို့ စီလာဝယ်တဲ့လူတွေကလည်း အဲ့ဒီအချိန်မှ ဈေးလာဝယ်ကြတာလို့ ထင်ပါတယ်.
ဟိုအပေါ်က ဈေးမျိုးတွေကတော့ ရောင်းသူရော.. ၀ယ်သူရောက မနက် ဟိုဈေးတွေအရင်သွား ၀ယ်ခြမ်းချက်ပြုတ်ပြီးမှ ဈေးဆိုင်သွားဖွင့်ကြ.. ဈေးလာဝယ်ကြတာလို့  .... ဆိုင်ဖွင့်ချိန်က စပြီး ညနေ ဈေသိမ်းချိန်အထိ တစ်နေကုန်စီကားနေတာမျိုး ထင်ပါတယ်.
ဟုတ်မှာပါလေ..
Deleteကိုယ်လည်းဈေးချိုနားကပ်တည်းပြီး
အထဲတောင်မဝင်လည်လိုက်ရပါဘူး
ကတ္တီပါဖိနပ်တရံလိုချင်လို့
အပြင်တန်းပတ်ဝန်းကျင်မှာရှာတာ
တရံချင်းမရောင်းဘူးတဲ့။
တော်တော်ရှာလိုက်ရတယ်။
ဈေးအရမ်းတန်တယ်ခေါ်ရမယ်၊
တရံရလာတယ်။ ၂ဝဝဝ ကျပ်စီးကွင့်တွေ
အပြည့်ထိုးထားတယ်။ ဒါနဲ့ဈေးချိုထဲမှာ
ကုန်စိမ်းတွေရောင်းတာကောရှိလား။
ဘယ်နေရာလောက်မှာလဲ။
နောက်တခါသွားရင်သွားလည်ကြည့်ချင်တယ်။
အဝတ်အထည်အသုံးအဆောင်တွေရောင်းတာ
အများကြီးလည်းတွေ့ခဲ့ပါတယ်။