Thursday, February 11, 2016

လူစုံရင်တက်ကုန်ဖွင့်ကြစို့...

(၂ဝ၁၄ ဖေဖော်ဝါရီ မှာရေးထားပြီး တခါမှ မတင်ဖြစ်ဘဲ ကျန်နေတာ ခုမှပြန်တင်လိုက်ပါတယ်)

မင်္ဂလာပါရှင်~~~
၁၉ရ၄ သီတင်းကျွတ်ခါနီး အင်းလေးဖောင်တော်ဦးဘုရားပွဲအချိန်ပေါ့..အဲဒီအခါတုံးကဆိုရင် အင်းလေးဟာ
ရေတွေပြည့်လျှံနေပြီး ခုလိုပုံစံမျိုးမဟုတ်ပါဘူး။ အဖွားရဲ့ဇာတိရွာက နန့်ပန်ရေလယ်ရွာပါ။ အဖွားကတောင် ကြီးမှာနေပြီးအင်းထဲက သူ့အကို ဆီအမြဲသွားလေ့ရှိတယ်။ခါတိုင်းဆိုရင်တော့ သူဖာသာသူသွားပေမဲ့ ဒီလို အခါနေ့မျိုးဆိုရင်မြေးအပေါင်း အားလုံးပါရပါတယ်။ အဖွားတို့ကမောင်နှမ၄ ယောက်ရှိပါတယ်။ အဖွားရဲ့ညီမ ဖွားပု၊ အဖွားကိုတော့ အားလုံးကပေါင်ဋ္ဌေးအိုလို့ခေါ်ပြီးအဖိုးကိုတော့ ပဉ္ဇင်းခေါင်လို့ခေါ်ပါတယ်။ အဖွားရဲ့ 
မောင်တယောက်ကျတော့ ဖိုးစာ လို့ခေါ်ပါတယ်။အဖိုးပဉ္ဇင်းခေါင်မှာတော့  မွေးစားသား (တူအရင်းကိုပြန်
မွေးစားတာ)ဘဲရှိပါတယ်။ ဖွားပု ပေါင်ဋ္ဌေးအို နဲ့ဖိုးစာ ဒီ၃ယောက်ကနေပေါက်ဖွားလာတဲ့ မြေးတွေဆိုတာ မနဲမနောပေါ့..ကျမရဲ့ အကိုအမဝမ်းကွဲ ၂ဝမ်းကွဲတွေ ၂ဝကျော် ၃ဝ နီးပါး အများကြီးထဲမှာကျမက မိန်းက
လေးတွေထဲကအငယ်ဆုံးပေါ့ရှင်..။

ဖေါင်တော်ဦးဘုရားပွဲက သီတင်းကျွတ်ကျောင်းပိတ်ရက်နဲ့လည်းတိုက်တော့ ဘုရားလည်းဖူး၊ အင်းထဲမှာ အမျိုးတွေတသိုက်နဲ့ အမြဲ တပတ် ၁ဝရက်နေကြပါတယ်။ ဟိုး..အရင်အဖိုးတို့ ခေတ်က (ကျမတို့ ရဲ့အဖိုး အရင်းက အဖေငယ်ငယ် ကတဲကဘဲဆုံးပါးသွားတယ်တဲ့) ပဉ္ဇင်းခေါင်(ပဇင်းခေါင်လို့အသံထွက်ပါတယ်) အတော်ပိုက်ဆံ ချမ်းသာခဲ့တယ်လို့ဆိုပါတယ်။ အဲဒီခေတ်ကာလက နန့်ပန်ရေလယ်ရွာမှာ ကုန်းမြေနဲ့ အိမ်ဆိုတာ အဖိုးအိမ်တခုဘဲရှိခဲ့ပါတယ်။ အိမ်အပြင် ပတ်ပတ်လည်မှာ မြေးတွေလာရင် ကစားဖို့ ဖိုးခေါင်
ကကွင်းပြင်တခုလုပ်ထားပါသေးတယ်။ အဖိုးတို့ မောင်နှမ၄ယောက်မှာ အဖွားက ဒုတိယလေ။ ဖိုးခေါင်က ငယ်ငယ်နဲ့ မုဆိုးမဖြစ်သွားတဲ့ အဖွားကိုကြည့်ရူစောင့်မခဲ့ရတယ်ဆိုပါတော့။ သူ့ညီညီမကပေါက်ဖွားလာ တဲ့မြေးတွေအားလုံးကိုလည်း အရမ်းချစ်တယ်။ တယောက်ချင်းရဲ့အကြိုက်တွေကိုသိတယ်။


ကျမကတော့ ငယ်ငယ်ကတဲက လူ့ကန့်လန့်ဂွစာလားမသိပါဘူးရှင်..။အင်းထဲဆင်းတော့မယ်ဆိုရင် ရေဗူး
တပြင်ပြင်နဲ့ ၊ဘယ်ညာမှာရေဗူးစလွယ်သိုင်းပါလို့ စောင်းငမ်းစောင်းငမ်းနဲ့ သွားပါတယ်။ တခြားရေကိုမ
သောက်ဘူး ကိုယ့်ရေဗူးထဲကရေဘဲသောက်တယ်။ တခုခုကျွေးရင် နှာခေါင်းတရူံရူံနဲ့ ရူရိုက်စမ်းသပ်ပြီးမှ
စားတော်မူပါတယ်။ သူများတွေပြေးလွားကစားကြ ရေကူးကြနဲ့ ကိုယ်တော့ ရေဗူးကြီးလွယ်လို့ အိမ်လည်မှာ
ငုတ်တုတ်ကြီး။ အဲဒီတော့ အကိုအမတော်တွေကလည်း သိပ်မကြည်ဘူး ဘယ်သွားသွားမခေါ်ချင်ကြဘူး
လေ။ ကျမ စကားမပြောတတ်တဲ့အရွယ်မှာကတဲ တဲ့အရမ်းကြီးကို စိတ်ညစ်စရာကောင်းအောင် လူကြီးတွေ ကိုကျီကျတတ်ပါတယ်တဲ့။ ထမင်းစားတော့မယ်ဆိုရင် ခူးခပ်ထဲ့ပေးမဲ့ပုဂံကအစ အရင်ပြရတယ်၊ ကျမက လက်နဲ့ တောက်ကြည့်တာတဲ့ တိန်းတိန်းလို့မြည်တဲ့သံပုဂံတွေဆိုရင် ကန်ထုတ်လိုက်တယ် ပုတ်ထုတ် လိုက်တယ်တဲ့။ ကျမတို့ အခေါ်တိုက်ပုဂံ ကြွေပုဂံလှလှလေးမှ စားတော်မူပါသတဲ့။ ^_^  အဝတ်
တောင်မှ ဝတ်ခါနီးနမ်းကြည့်သေးတယ်။ အနံသိပ်မကြိုက်ရင် မဝတ်ဘူးတဲ့ဆရာရေ့..။ အခုတော့ ဒီလို
မဟုတ်ပါဘူး..လိုက်လျောညီထွေစွာနေတတ်ပါပြီလေ..။

ဓါတ်ပုံကိုတော့ အင်တာနက်မှာ ဂူဂဲတန်ခိုးနဲ့ကြံဖန်ထားတာပါး))

ခင်ကြီးကျယ်ကို စာရင်းချုပ်တော့ ကစားချိန်ကြရင် ဘယ်သူမှမခေါ်ဘူးပေါ့။ အပျိုလူပျိုတွေဖြစ်နေတဲ့ အကို အမတွေက စက်တပ်လှေကြီးကို မော်တာဖြုတ်ပြီး လှော်တက်ကိုယ်စီနဲ့ သွားကြတယ်။ ဘုရားပေါက်
ကိုသွားကြတာပါ။ နဲနဲငယ်တဲ့ အကိုငယ်အမငယ်တွေက(လှော်တက်လည်းကုန်ပြီလေ) အိမ်နီးနားချင်း ကလှော်တက်တွေ သွားဌားပြီး လှေခပ်သေးသေးကို လှော်ပြီးထွက်လာကြပါတယ်။ ဒီကလည်း သူများမ
ခေါ်တော့ ပြူတင်းပေါက်ကနေငေးမောကြည့်ရူနေရုံကလွဲလို့ ဘာတတ်နိုင်မလဲ..။
ကျမကိုတော့ ငယ်လည်း ငယ်သေးတယ် နဲနဲဆိုရင် အတိုင်အတောလည်းထူတော့ သူတို့မခေါ်ချင်ကြတာ အဆန်းမဟုတ်ပါလေ။ ကျမအသက် ၁ဝနှစ် ပတ်ဝန်းကျင်ဘဲရှိသေးတာ..။ ထမင်းစားချိန် ရေကူးချိန်ဆိုရင်တအိမ်လုံးတုန်ခါနေ
တာဘဲ အော်ဟစ်ပြေးလွှားနေကြလိုက်တာ။ အင်းထဲကအိမ်တွေက သူတို့အပြောအရဆိုရင်၂ဆောင်ပြိုင် ၂ထပ်ကြီး..ဆိုတာလေ...။တကယ်ဘဲ အိမ်သိမ့်သိမ့်တုန်အောင် မျောက်ရူံးအောင်ဆော့ခဲ့ကြတာ။ကျမတို့အ
တွက် မုန့်ခေါင်းဘီးကို အဖိုးကမုန့်သည်ခေါ် သပ်သပ်ငါးများများနဲ့ (အထဲကအစာသွပ်တာ ငါးနဲ့ကြက် သွန်မြိတ်)စပယ်ရှယ်လုပ်ခိုင်းပြီး တောင်းလိုက်လာပို့ခိုင်းတာလေ။ အရမ်းစားကောင်းဘဲ။ ကျမတို့ဦးလေး
အဖိုးရဲ့မွေးစားသား ကျမတို့အခေါ်လေးဖေ ဆိုတာ အရမ်းဝတယ်။ ရေထဲကျရင် ရေမနှစ်ဘူးဆိုလို့ သူ့ကို အတင်းရေထဲတွန်းချကြတာ ကိုယ်တို့အားနဲ့ သူကလူပ်တောင်မလူပ်ဘူး။ အရမ်းဝတာကိုး..ဟီး..ပေါင်
၃ဝဝ ပတ်ဝန်းကျင်လောက်ရှိမယ်နဲ့တူတယ်။


အဖိုးအိမ်ကဟင်းချက်တဲ့ယောက်မကြီးတွေကအစ သူတို့ယူကြ တယ်။ ဟေး..ဟား..နဲ့ ပျော်စရာကြီး၊စိတ်
တခြမ်းကလည်းမနာလိုဘူး။ လိုက်လည်းမသွားရဲဘူး..။ နဲနဲကြီးတဲ့ အကိုအမတွေတော့ လှေကြီးနဲ့သွား လိုက်ပြီ ကျမကသူတို့နဲ့လိုက်ချင်တာ။ ခေါ်ကြဘူးလေ။အငယ်တသိုက် ကျမအကို ကိုကိုညီညီတို့ကတော့ တက်တိုတက်ရှည်တွေနဲ့ ပေါ့။ လှော်တက်တွေပြောတာပါ။ တယာက်ကညာဖက် လှော်ရင်တယောက်က ဘယ်ဖက်နဲ့ သူတို့ လှေက လှည်နေတယ် ရှေ့မ သွားဘူး။ ဘာရမှာလည်း ခပ်ကျယ်ကျယ်အော်ရီပေးတာ
ပေါ့..လှောင်တာလေ..။ သူတို့က အိမ်ဝင်းထဲကနေမထွက်နိုင်သေးဘူး။လည်နေတာ နောက်တော့ တန်း တန်း မတ်မတ်တနေရာမှာ ခံနေပါတယ်..ဟီး.. အိမ်သာလေ အိမ်သာတိုင်ကြားထဲခံနေတာ..။ အော်လိုက် ကြတာ အပေါ်ကအိမ်သာထဲမှာသာလူရှိရင်တော်တော်ရီရမယ်။ အိမ်သာလည်းလူကြီးလူငယ်ခွဲထားတယ်။
အကိုငယ်က လူကြီးအိမ်သာသွားတက်ပြီးပြုတ်ကျဖူးတယ်လေ..။

အင်းထဲကအိမ်တွေပါ
တကယ်ဘဲ လူတွေစုံတော့ သူတို့တက်ကုန်ဖွင့်ပြီးသွားလိုက်ကြတာ နောက်ပြန်လှည့်မကြည့်တော့ဘူး။ လို
ရာပန်းတိုင်တွေရောက်သွားကြတာဘဲ။ ကြောက်ရွှံပြီး နောက်တွန့်နေရင်သာ ဘယ်မှမရောက်ဘဲ ရပ်နေ တယ်။ ဒီအချိန် ၂ဝမ်းကွဲ တဝမ်းကွဲ အကိုတွေအမတွေ ဘယ်ဘဝရောက်လို့ ဘာတွေဖြစ်နေကြမှန်းတောင် မသိဘူး။ ကိုယ့်ဘဝ နဲ့ကိုယ် အဆက်အသွယ်တွေလည်းမရှိဘူး။ အဖေနဲ့ အကို ၂ယောက်လုံးဆုံးတော့ အင်းထဲက အမျိုးတွေနဲ့ တော်တော်အဆက်ပြတ်သွားတယ်...။ တနေ့နေ့တချိန်ချိန်မှာ ကျမလည်းကျမလှေ
နဲ့လှော်ပြီးသွားနေရမယ်လို့တခါမှမထင်မိခဲ့ဘူး..။ ဆက်လက်လှော်ရအုံးမယ်လေ...။ တနေ့တော့ ပန်းတိုင်ရောက်မှာပေါ့...။ လူမစုံလည်းတက်ကုန်ဖွင့်ပြီးလှော်ရအုံးမယ်...။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

6 comments:

  1. ပန်းတိုင်က ခဏခဏ တိုးတော့ ပိုပိုလှော်နေရသလိုဘဲ မီးမီးရယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ပန်းတိုင်မရောက်ခင်
      တက်ကျိုးလို့
      ခဏရပ်ပြင်လိုက်
      မောလို့နားလိုက်နဲ့
      ရာသီဥတုဖေါက်ပြန်လို့
      ရှေ့မတိုးနိုင်..ဒီလိုနဲ့
      ဒီကလည်း
      ခုထိလှော်နေတုံးဘဲ
      မရယ်...

      Delete