Showing posts with label US-California. Show all posts
Showing posts with label US-California. Show all posts

Wednesday, October 30, 2019

ပင်လယ်ကမ်းခြေလည်လည်ထွက်


မင်္ဂလာပါရှင်~~~
တရက်ဘဲ SF မြို့ထဲလည်ပြီး နောက်တရက်မှာတော့ တူမလေးကလာခေါ်ပါတယ်။ ပင်လယ်ကမ်းခြေတွေလိုက်ပို့မယ်တဲ့။ 
ကားမောင်းတဲ့တူမအမျိုးသားကထိုင်းလူမျိုး။ Silicon Valley ဒေသမှာအလုပ်လုပ်တဲ့သူ
သူ့အိမ်နဲ့ကိုယ်တို့ဟော်တယ်ကတမျှော်တခေါ်။ သွားမဲ့ပင်လယ်ကမ်းခြေနဲ့ တခြားစီ။
ကိစ္စမရှိပါ ကားထဲကနေ ရူခင်းတွေကြည့်သွားပါ နနရယ်တဲ့( နဆိုတာရှမ်းလိုအဒေါ်ကိုခေါ်တာ) သူတို့မိသားစုလေး ချစ်စရာကောင်း....
လေကတိုက် ဆံပင်ကော ပါးကောဖေါင်းကား...😁
သန့်ရှင်းလတ်ဆတ်တဲ့လေတွေ တဝကြီးရူရိူက်ရတာက အကောင်းဆုံး
သစ်ပင်ကြီးတွေ သိပ်မရှိ လိူင်းသံလေသံတွေနဲ့ ပျော်ဖို့တော့ကောင်း
မီးပြတိုက်...
နောက်ကမ်းခြေတခုအသွားလမ်းမှာ မြန်မာဘုန်းကြီးကျောင်းဖြတ်တယ်ဆိုတော့ ဝင်ရအောင်လို့တောင်းဆို ကြုံတုံးလေး သံဃာတွေကိုဝတ္တုငွေလည်းကပ်လူချင်တာပါ။
ဝင်းကအကျယ်ကြီးပါ..သီတင်းသုံးတဲ့အဆောင်မှာတော့ တယောက်မှမတွေ့။ ချိတ်ထားတဲ့ သံဃာတွေကြည်ညိုလို့ဓါတ်ပုံရိုက်မိ
မှန်တာပြော ကြည့်တာကြည့် မျက်စိကသေချာမမြင်နိုင် ဆရာတော်တွေကိုနောက်မှနံမည်ပြန်ရှာဖို့ပါ
ဆရာတော်တို့သီတင်းသုံးတဲ့ကျောင်းတဲ့...
ဒါကဘုရားရှိခိုးဆောင်တဲ့
ပန်းတွေနဲ့ ဘုရားဆင်းတုလည်း သပ္ပါယ်လှပါတယ်
နိုင်ငံခြားတိုင်းတပါးနေရာမှာတော့ မျိုးဆက်သစ်ခလေးတွေကို အဓိကထားပြီး လေ့ကျင့်သင်ပေးတယ်။ ကိုယ့်ဘာသာစကား ဓလေ့ထုံးစံနဲ့ ယဉ်ကျေးမူ့မမေ့အောင် ဘာသာတရားကိုင်းရိူင်းပြီး နောင်တချိန်မှာ ဒေါသမောဟမာန်မာနကင်းတဲ့လူယဉ်ကျေးတွေနဲ့ ကိုယ်တို့မျိုးဆက်တွေ အများကြီးရှိလာမယ်...
ပန်းချီကားတွေစိတ်ဝင်စားစရာကောင်း
ကဲ..ဒီပန်းချီဆရာကိုသိကြလား...မြန်မာပြည်မှာတော့ မပြောတတ်ဘူး အနောက်နိုင်ငံ အထူးသဖြင့် ဥရောပမှာ နံမည်အရမ်းကြီးပါတယ်...
ဆရာတော်တွေက ဆွမ်းစားနေတာ။ အကြာကြီးမစောင့်ချင်တာနဲ့ ခွှင့်တောင်းပြီးဆွမ်းစားပွဲမှာဘဲကပ်လှုခဲ့ပါတယ်။


ဖြစ်ချင်တော့ ဆရာတော်ကြီးက ပြီးခဲ့တဲ့အပတ်က နယူးဂျာစီမြန်မှာဘုန်းကြီးကျောင်းမှာ ကြွလာပြီးတရားဟောပေးခဲ့တဲ့ ကိုယ်တော်ဖြစ်နေတာ။

အဲ့တုံးကလည်း လှူခဲ့တာ ဆရာတော့်ကိုမှတ်မိနေလို့ လျောက်မိတယ်။ ဆရာတော်က မှတ်ညာဏ်ကောင်း တရားဟောကောင်းလွန်းတယ်။ကိုယ်ကရှမ်းဆိုတာလည်း တန်းသိတယ်။အော်!!!ဒီကလည်းစကားကဝဲစလားမပြောနဲ့😄

ရာသီဿတုကအေးတော့ ဆရာတော်တွေကို ဟော့ပေါ့ဆွမ်းကပ်ကြတာတဲ့...
ကံကောင်းချင်တော့ ငီးငီးတို့ ခရီးသွားတုံး အလှူလုပ်ခွင့်ရသေးတယ်။
နောက်ကမ်း‌ခြေတခုရောက်ခဲ့တယ်
သာယာချက်ကတော့ ၁၀၀% ပါဘဲ
ကြားထဲမှာ ထိုင်းဆိုင်က နေ့လည်စာစားခဲ့ကြတယ်
ခလေးတွေကခေါက်ဆွဲတွေမှာစား

 
ကိုယ်တို့ကထိုင်းဟင်းတွေစား..ပေါ့ သူတို့ဆီကဈေးပိုချိုတယ် ပိုစားကောင်း

အပင်လေးတွေ အိမ်နဲ့ကပ်ပြီးစိုက်တာသဘောကျလို့
သဲသောင်ပြင်က တမျော်တခေါ်ကြီး ကျယ်ပြန့်
Monterey Bay တဲ့..နှစ်ပေါင်းရာကျော်ရှိပြီတဲ့
အချစ်နဲ့သူ၏ကိုကိုပေါ့...😆😍😎
ရွှက်လှေတော့မစီးဖူးသေးဘူး..စီးချင်တာ...
Sea Lion ဖျံတွေမနဲမနောဘဲ...အိပ်နေလိုက်ကြတာ...


သူတို့လိုမျိုးကမ်းခြေ ဘာဖြစ်လို့ကိုယ်တို့ဆီမှာ မရှိတာလဲနော်...
ဆိုလိုချင်တာ ရေထဲမှာ သစ်တိုင်ကြီးတွေထိုးပြီးလူလျောက်လမ်းလည်းလုပ်တာမျိုးပါလေ
မျှော်လေတိုင်းဝေး... 
ပျော်စရာကောင်းမဲ့ သဲသောင်ပြင်ကြီး ဆောင်းတွင်းမို့လူမရှိတာပါ 
လွှမ်းမောဘွယ်ကောင်း...    
နူတ်ဆက်အကြည့်လေးပါ 
နေဝင်ပြီ..အိမ်ပြန်မယ်လေ

 


ကဲ..တူမတို့အိမ်သွားကြမယ်.. 
ခလေးတွေကအိပ်ပြီးလိုက် 
ထိုင်းဆိုင်မှာထပ်မှာပြီးကျွေးသေးတယ် 
မြေးမလေးနဲ့အဖိုးရဲ့အချိန်လေး...
ကဲ..အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, May 24, 2019

SB စပိန်ကိုလိုနီမြို့လေး

မင်္ဂလာပါရှင်~~~
ကယ်လီဖုံးနီးယားကနေမခွါနိုင်သေးပါဘူး...😀😎😂
Santa barbara မြို့ကခပ်သေးသေးလေး၊ လူငယ်တွေများတယ်။ရေလိူင်းစီးတဲ့သူ ရေငုပ်တဲ့သူပေါများ။ တက္ကသိုလ်၄ကျောင်းတောင်ရှိတယ်ဆိုတော့လည်း အဲ့လိုဖြစ်ရမှာပေါ့လေ။ အိမ်တွေကလည်း Mediterranean-style  အိမ်နံရံဖြူဖြူလေးတွေတန်းစီလို့ ချစ်စရာလေးပေါ့။

သူတို့ရဲ့ shopping center ထဲကဒီ Paseo Nuevo ဆိုတာရောက်ခဲ့သေးတယ်။ အရမ်းချစ်စရာကောင်း ဆိုင်ခန်းသေးသေးလေးတွေ ဟိုကွေ့ဒီကောက်နဲ့ စားသောက်စရာလေးတွေလည်း ဆိုင်ခန်းအများကြီးဘဲ..။
အဆောက်အဦကြီးတခုထဲမှာရှိနေတာမဟုတ်ဘဲ ဟင်းလင်းပြင်ထဲမှာဆိုင်ပုံစံမျိုးစုံနဲ့ အားလုံးစုစုစည်းစည်း တနေရာထဲကွေ့ကွေ့ကောက်ကောက် ပတ်လျောက်လို့ရအောင်ပြင်ဆင်ထားတာများ ချစ်စရာကောင်း။
ဟိုကွေ့ဒီပတ်နဲ့ခြေတိုအောင်လျောက်

ဒီလှေခါးလေးကချစ်စရာကောင်း...

အပေါ်ကနေကြည့်ရင် အောက်ကဆိုင်တန်းကိုလှမ်းမြင်ရ...

 ပစ္စည်း၂ခုလောက်ဝယ်လိုက်သေး..။
လူကနဲနဲဟိုက်နေပြီ စားချင်နေတာ ဗိုက်ဆာလို့..။ နေ့လည်စာကို Chipotle ပုံစံဘဲနဲနဲစားခဲ့ရ။
ဝင်းပတ်ချာလည် ကားထားမရ။ ဟိုးအဝေးကလမ်းကြားတွေထဲသွားထားရ။

သူတို့အစားအစာဘဲစားရမလား...ကိုယ့်အကြိုက်ဘဲစားရမလား ခေါက်တုန့်ခေါက်ပြန်ရှာပြီး...
နောက်ဆုံး...

ကျားကျားက ထိုင်းဆိုင်ဘဲရွှေးလိုက်တယ်။ သူတို့စပ်တာက တမျိုး။ ထိုင်းလိုစပ်တာက ကိုယ်တို့ပါးစပ်နဲ့အိုကေသေး။

တန်ရာတန်ရာပေါ့ အထူးအဆန်းတွေ သိပ်မစားတတ်တဲ့တောသားလေ😜

ဆိုင်ထဲကနေလမ်းမတန်းလှမ်းမြင်ရ..

နောက်တနေရာကတော့ တောင်ကုန်းပေါ်က Mission Santa Barbara 
 ၁၇၈၆ ကတည်းက တည်ထားတဲ့ဘုရားရှိခိုးကျောင်းနဲ့ပြတိုက်တဲ့။
မောလွန်းလို့ ခြေပစ်လက်ပစ်ပါဘဲ..။ 
အထဲမှာ အမှတ်တရပစ္စည်းရောင်းပါတယ်။
ရင်ထိုးလေးတွေဝယ်ခဲ့တယ်။ အောက်ကကြမ်းခင်း(ကျောက်သား) ကနှစ်ပေါင်းကြာလွန်းလို့ချိုင့်ခွက်ဖြစ်နေ..။
နှစ်ပေါင်း ၂၀၀ ကျော်သက်တမ်းရှိတဲ့ ရေပန်း။ ပတ်ချာလည်ကကျောက်တောင်တွေပေါတော့ အဆောက်အဦတွေကိုကျောက်သားတွေနဲ့ ဆောက်ထားတယ်။ ဒါကြောင့်လည်း နှစ်ပေါင်းများစွာခံနိုင်ရည်ရှိတာပေါ့လေ။
ထိမ်းသိမ်းစောင့်ရှောက်ကောင်းတာလည်းပါမှာပေါ့နော်..။ ဒီမှာရေးထားတာက ၁၈၀၈ တဲ့..။အဲ့အချိန်ရွှေပြည်ကြီးမှာ ဘာလုပ်တယ်ထင်သလဲဗျ...😁

ဘုန်းကြီးဝတ်ရုံလျှော်တဲ့ကန်တဲ့..။
 အဲ့ဒီပါးစပ်ပေါက်ကနေရေကျတာ...။
ပတ်ဝန်းကျင် သာယာချက်....
တောင်တန်းကိုအနီးကပ်ဆဲါရိုက်ကြည့်တာ ကျောက်သားတွေချည့်ဘဲ../
အနားမှာ လူသံဆူညံလို့ ပစ်ကနစ်ထွက်နေကြလားမသိ.. အသားကင်နံ့မွှေးနေတာဘဲဆို...။
 ကိုင်း...ပြန်တော့မယ်...
ဒါကသူတို့ဆီကဓါတ်ဆီဈေးနူန်း ဈေးကြီးချက် လူတောင်ပြူးကနဲဖြစ်။ အဲ့အချိန်..NJ မှာ Premium 2$ လောက်ဘဲရှိ
ကားပြန်ရေဆေးပေးမလို့သွားကြည့်တာ ကိုယ်တိုင်ဆေးရမယ်ဆိုဘဲ..။ ဒါနဲ့ဒီအတိုင်းအပ်ဖို့စိတ်ပိုင်းဖြတ်..။



ဆေးလိပ်လည်းတို နေလည်းညိုပြီ အိမ်ပြန်ကြပါစို့လေ.. 😁💨😍😎

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage