Showing posts with label US-NY. Show all posts
Showing posts with label US-NY. Show all posts

Wednesday, September 17, 2014

လမ်းမပေါ်ကမြင်ကွင်းများ..

မင်္ဂလာပါရှင်~~~
ဒီတပတ်လုံး အိမ်ကကျားကျားကြီး ခရီးထွက်နေတော့ ထမင်းဟင်းမချက်စားဖြစ်တော့ဘူး။ တယောက်ထဲ ဆိုတော့ အသုပ်လေးဘာလေးနဲ့လည်း ပြီးသွားတာဘဲ။ ဒီတော့အချိန်တွေပိုလာပြီပေါ့။ ရှာဖွေရင်းနဲ့ကျား
ကျားလုပ်လို့ ဓါတ်ပုံတွေအားလုံးပျောက်ကုန်တယ်လို့ထင်နေတာ၊ မမျှော်လင့်ဘဲ လမ်းမပေါ်ကပုံတွေဆိုပြီး နယူးယောက် နယူးဂျာစီလမ်းပေါ်မှာ အမြဲကားနဲ့ဖြတ်သန်းသွားလာနေရင်း လက်ဆော့ထားတဲ့ဓါတ်ပုံတွေ ဖိုင်တခုထဲမှာပြန်တွေ့မိတယ်။ သိပ်ပြီးများများစားစားတော့မဟုတ်ပါဘူး။ ကဲပါလေ..ရှိတာလေးနဲ့တောပြော
တောင်ပြောလေးလုပ်လိုက်အုံးမယ်လေ.. :P

            
မေလ လဆန်းပိုင်းတနင်္ဂနွေတရက်မှာပေါ့။ နယူးယောက်က (၃)ပါးကျောင်းလို့အမည်ရတဲ့ ဘုန်းကြီး
ကျောင်းမှာသင်္ကန်းသွားကပ်ပြီး အပြန်မှာပါ။ ကားတွေက ရွှေ့ကိုမရွေှ့တာ။အစကဘာမှန်းမသိဘူး။နောက်ဒီ
တံတားထိပ်ရောက်မှ စာတမ်းထိုးထားတာတွေ့တော့သိရတယ်။ စက်ဘီးစီးပြိုင်ပွဲရှိတာတဲ့။ အဲဒီနေ့ကို မှတ် မှတ်ယယ နယူးယောက်တမြို့လုံးကို စက်ဘီးစီးကြဖို့လှုံဆော်ကြတယ်။ စက်ဘီးစီးပွဲကို ပါဝင်စီးနင်းကြတာ လူ ပေါင်း(၃)သောင်းကျော်တယ်တဲ့။ တချို့ကလည်း ဘာဝတ်စုံမှန်းကိုမသိဘူး ပေါက်ပေါက်ရှာရှာဝတ်ထား ကြတာတွေ့ရတယ်။ လမ်းခရီးမိုင်ပေါင်း ၄၂မိုင် နယူးယောက်ကမ်းနားလမ်းတလျောက်နဲ့ မြို့ထဲက Manhattan, The Bronx, Queens, Brooklyn, နဲ့ Staten Island ဒီမြို့နယ်တွေကိုဖြတ်ပြီးစီးကြတာလေ။

အဲ..ရက်မတိုင်ခင်ကတဲက ကြော်ငြာတယ်။ တက်စီသမား ကားသမားတွေကိုလမ်းတွေပိတ်မှာမို့တောင်း
ပန်ထားသေးတယ်။ ဥရောပက စက်ဘီးပိုစီးကြတယ်။ အမေရိကားမှာတော့ ဒီလောက်ကြီး စက်ဘီးစီးတာ သိပ်ခေတ်မစားဘူး။ နယ်မြေကကျယ်တော့ တနေရာနဲ့တနေရာကလည်း အဝေးကြီးကိုး၊အထူးသဖြင့် နယူး

ယောက်မှာစက်ဘီးနဲ့သွားလာဖို့ဆိုတာ အန္တရယ်များလွန်းပါတယ်။
သူတို့ကြော်ငြာကိုဖတ်ကြည့်တာ အတော်တော့စိတ်ဝင်စားစရာကောင်းသားဘဲ။ စစချင်းတုံးကတော့လူ ၂၅ဝ လောက်ကမိုင် ၅ဝ ခရီးအကွာအဝေးကို ချဲလင့်လုပ်ပြီးစက်စီးပြိုင်ခဲ့ကြတာပါတဲ့။ ၁၉ရရ ခုနှစ်ကတည်း ကပါ။ နောက်နှစ်မှာကျတော့ မြို့တော်ဝန်ကစိတ်ဝင်စားပြီး ဦးစီးကျင်းပပေးခဲ့ရာကနေ အစဉ်အလာမပြတ် နှစ်တိုင်းကျင်းပရတဲ့ပွဲတခုဖြစ်သွားတာတဲ့။ အော်..အနောက်နိုင်ငံမှာတော့ အလကားဘာမှမရှိဘူးလေ
ဝင်ကြေးက ရိုးရိုးအနေနဲ့ဆိုရင် ၉ဝ နဲ့ ဗီအိုင်ပီဆိုရင် ၃၂၅ တဲ့ဗျား...။ဒီနေရာမှာ စိတ်ဝင်စားရင် ဖတ်လို့ရ

တယ်နော့်။
ဘာလို့စက်ဘီးစီးသင့်ကြောင်းကို ကျမ်းမာရေးတို့ဘာတို့နဲ့မြူဆွယ်တာဟုတ်ဘူး၊ နယူးယောက်ကို Big apple လို့တင်စားခေါ်ဝေါ်တာကိုး..။
"ဒီပန်းသီးမြို့ကို စက်ဘီးနဲ့လျောက်လိမ့်ဖို့ဒီထက်ကောင်းတဲ့ အတွေ့အကြုံ ဘာရှိလိမ့်မဒုံး..လမ်းမတွေ
တံတားတွေနဲ့ ပန်းသီးမြို့ဟာ ကိုယ့်အတွက်ပိုင်ဆိုင်ခွင့် တရက်ကြီးများတောင်ရှိတာဘဲ"...တဲ့

ကဲ..ဘာသာပြန်ဆရာကြီးများထိုင်ငိုသွားနိုင်အောင် မယ်ငီးဘာသာပြန်လိုက်မယ်..^_^
ဓါတ်ပုံထဲကလူတွေ့လား..အဝါရောင်အင်္ကျီနဲ့ ဂြိုလ်သားလိုလို ဘာလိုလိုလေ..။ပူစီပေါင်းတန်းလန်းနဲ့ လူတွေလည်းအများကြီးတွေ့ရတယ်။
ကိုယ်တို့ဖြတ်ထွက်လာပြီးတော့ မြို့ထဲသွားမဲ့သူတွေ ကားတန်းကြီး တမျှော်တခေါ်ပါဘဲ..။
ကားတန်းအပေါ်က တံတားပေါ်မှာလည်း စက်ဘီးစီးသူတွေဖြတ်သွားကြတယ်လေ။
သနားစရာ..စောင့်ပေတော့ တမေ့တမောဘဲ..
ကျားကျားကိုတောင်လှမ်းပြောလိုက်သေးတယ် နယူးယောက်မှာ ဂလိုလေး လမ်းရှင်းရှင်းနဲ့ မမောင်းဖူးဘူး..။
ဟိုး..ရှေ့မှာမြင်ရတဲ့ တိုက်၎ လုံးကျော်ကျော်လောက်မှာ GW တံတားရှိတယ်လေ။ အဲ..တံတားကျော်ပြီးရင်
တော့နယူးဂျာစီရောက်ပြီပေါ့။
 ကားလမ်းကြီးဘယ်လောက်တောင်ပိတ်လည်းဆိုတော့  ဒီနားရောက်တဲ့အထိပါဘဲ...။
အဲဒီတံတားကတော့ နံမည်ကျော်ပါ..ရုံးချိန်ဆိုရင် ထိုင်ငိုချင်စရာကောင်းလောက်အောင် ကားလမ်းပိတ်
တတ်ပါတယ်။

အဲဒီတံတားဟောင်းကြီး..ပြန်ပြင်နေတာ နဲနဲတောင်ကြာပေါ့..။
ဒီတခါတော့..ကားလမ်းမပေါ်ကတိုက်ကြီး အားလုံးပါအောင်ခြုံငုံရိုက်နိုင်သွားတယ်လေ...။ တိုက် ၄လုံး
လောက်တန်းစီပြီးရှိတာ..ကားလမ်းက အောက်ဖက်ကနေဖြတ်သွားတာ..အသဲယားစရာကြီး..အလကား
ပေးလည်း မနေချင်ပေါင်.. နော့် :P

တံတားပေါ်ကနေ နယူးယောက်ကိုလှမ်းမြင်ရတာ...
 နယူးယောက်နဲ့ နယူးဂျာစီခြားထားတဲ့ ဟတ်ဆန်မြစ်...နောက်ပြီး..နယူးယောက်ဖက်ပြန်ခေါ်သွားအုံးမယ်။
ဒါကတော့ La Guardia airport ပါ။ နယူးယောက်မြို့နားတဝိုက်မှာ လေယာဉ်ကွင်း ၆ခုရှိပါတယ်။
အဓိကအသုံးများတာကတော့ ၁.JFK
                                     ၂.LaGuardia (LGA)
                                     ၃.Newark-Liberty (EWR)

နဲနဲငယ်တဲ့လေယဉ်ကွင်းကတော့
                                     ၄.MacArthur Airport on Long Island (aka Islip Airport)
                                     ၅.Steward Airport in Ulster County
                                     ၆.Westchester Country Airport in White Plains

 လေယာဉ်ကွင်းနဲနဲကျော်လာရင် လမ်းမပေါ်ကမြင်ကွင်းကတော့..ကိုယ်တို့လိုပါဘဲ အမှိုက်တွေနဲ့..ဟီး
ဒီပုံလေးက မနက်အစောကြီး ဘုန်းကြီးကျောင်းသွားတဲ့အချိန်ရိုက်တာ ...ထိပ်က ကားလေးနဲ့ လမ်းကရှင်းလို့..လာ..ဟိုး...လမ်းဆုံးတိုင်အောင် သွားကြရအောင်လို့ ပြောနေသလိုဘဲ..။
ရုံးပိတ်ရက်မဟုတ်တော့ လမ်းမှာကားတွေ ထုံးစံအတိုင်းပိတ်ကြ ကြပ်ကြတာပါဘဲ..။
လမ်းဟိုဖက်နဲ့ ဒီဖက်တိုက်တွေကို ဒီလိုတံတားလေးနဲ့ ဆက်ထားတာမြင်ရရင် အဲ့ နေရာကနေရပ်ကြည့်ချင် တယ်။
ကမ်းနားဖက်မှာ..လူတွေလည်းစည်းကမ်းမရှိကြပါဘူးလေ..စားပြီးပစ်ထားကြတာပါဘဲ..
နယူးဂျာစီဖက်ခြမ်းကိုပြန်လှမ်းကြည့်တော့.. မြင်ရတဲ့တိုက်တွေ..
 ကမ်းနားလမ်းတလျောက်မှာ ဒီလို စက်ဘီးစီး လမ်းလျောက်ဖို့လုပ်ထားပေးတာမျိုးကြိုက်တယ်။ ကိုယ်တို့ဆီ က ဒီလိုမျိုးတွေမြန်မြန်ဖြစ်လာပါစေဆုတောင်းပါတယ်။ မြေရှိရင် ကန်တရိုက်တိုက်ဆောက်မယ်ဆိုတာကြီး
ဘဲလုပ်နေလို့တော့ရန်ကုန်မြို့လည်းလှပလာမှာဟုတ်တော့ဘူးနော်။
ဟက်ဆန်မြစ်တလျောက် တခါမှ မော်တော်မစီးဖူးဘူး..
တကယ်ဆိုရင် မြို့ထဲအထိကမ်းနားတလျောက်ကနေသွားတယ်..ပျော်ဖို့ကောင်းတယ်..။ လူရှင်းတယ်။
 ကျောင်းသူအသိုက်နဲ့တွေ့ခဲ့သေးတယ်..။
ဘတ်စကားစောင့်နေကြတာ..တန်းစီလို့..မြန်မာပြည်မှာလည်း ဒီလိုတန်းစီကြမယ်ဆိုရင်အရမ်းကောင်းမှာ
ဘဲနော်..
မြို့ထဲဆိုရင်တော့ ကားတွေကြပ်နေပြီပေါ့...
 သူ့ဖက်ရှင်ကိုကြိုက်လို့..း)))
ဒီတံတားတော့ နံမည်သာကြီးတာ လမ်းကလည်းပျက်စီးလို့..
 သူများတွေက ဒီတံတားအပေါ်ကနေဓါတ်ပုံတွေစီးရိုက်တာ အန်မတန်မှလှတာပေါ့..
 အော်..အောက်ခြေမှာတော့..ရူပ်ပွထနေတာပေါ့...
ရှားရှားပါးပါး..သူတောင်းစားတယောက်ကိုတွေ့လိုက်ရတယ်...။ ကားရပ်နေတော့ သူ့ကိုလှမ်းခေါ်ပြီး
ပိုက်ဆံထဲ့လိုက်တယ်..သနားပါတယ် ခြေထောက်မကောင်းဘူး..ရယ်။
ဟူး.... ဓါတ်ပုံလည်းကုန်၊ မျက်စိမှုန်ကာ၊လက်လည်းတုန်ပေါ့၊ အတိတ်ကိုပြန်လှန်ပြီး၊ အားလုံးခြုံငုံ
အောင်ကြိုးစားရေးသားလိုက်ရပါကြောင်း....


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

PS.. အခုနယူးယောက်မှာ အလုပ်ကိုစက်ဘီးစီးပြီးသွားကြဖို့...တိုက်တွန်းနိုးဆော်ထားတာလေးပါ..
http://biketoworkchallenge.bikenyc.org/

Monday, June 16, 2014

မင်းတရားကြီးတိုင်းခန်းလှည့်လည်ခြင်း...

မင်္ဂလာပါရှင်~~~
ခလေးဘဝကတည်းက ပုံပြင်တွေ ကျောင်းသင်ခန်းစာတွေမှာ သင်ဖူးဖတ်ဖူးမှတ်ဖူးခဲ့ကြတာပါဘဲ။ တိုင်း
ပြည်အုပ်ချူ ပ်မင်း လုပ်နေတဲ့ ဘုရင်တွေ တခါခါသူတို့တိုင်းနေပြည်တော်တခွင် သွားရောက် လည့်လည်
ကြည့်ရူကြတာကို တိုင်းခန်းလှည့်လည်တယ်လို့ပြောတာတဲ့။
credited to google
အဲ..တနေ့မှာတော့လည်း ပထမဆုံး တိုင်းခန်းလှည့်လည်ခြင်းကို ကျမတို့မြို့လေးမှာနေတုံးက ကိုယ်တွေ့ကြုံ ဖူးတာပေါ့..။ လမ်းဘေးလေလွှင့်ခွေးတောင်မကျန် အရူးတွေကောဘဲ အားလုံးကားကြီးတွေနဲ့ သိမ်းကြုံးတင်
ပြီးရှင်းလင်းလိုက်တာဘဲ။ တကယ်တော့ အဲဒီနေ့မှာ ကျမက လမ်းမပေါ်မှာ သွားစောင့်နေချင်တာပေါ့။
ဖြစ်ချင်တော့ အိပ်ယာကနိုးတာနဲ့အိမ်ဝိုင်းထဲက လမ်းကြားထဲမှာစစ်ဝတ်စုံနဲ့စစ်သားကြီးတယောက် သေ
နတ်တွေ ဘာတွေနဲ့ ဝင်းတံခါးနားမှာ ရပ်နေတာတွေ့တာနဲ့ အားလုံးကိုမေ့သွားလိုက်တာပါဘဲ။ မမြင်

ဖူးတဲ့လူကြီးထက် ဒီစစ်သားကြီးက အန်မတန်မှ စိတ်ဝင်စားစရာကောင်းပြီး ကျူ ပ်တို့စပ်စုစိန်အတွက် မဟာ အခွင့်အရေးကြီးလေ..။ မျက်နှာလည်းကောင်းကောင်းမသစ်နိုင် မနက်စာလည်းဖြောင့်ဖြောင့်မစားနိုင်ပါဘူး။
အဲ့..စစ်သားကြီးနားတဝဲလည်လည်နေတာဘဲ..။ ပထမဦးဆုံးသူ့ကိုပြောတဲ့စကားက ဘယ်ကလာလဲတဲ့.. ဟီး ^_^ သူက ရခိုင်ကလာတယ်လို့ပြောတယ်..။တကယ်ဆိုကိုယ်မေးတာက ဒီလိုမဟုတ်ပါဘူး.. ဘယ့်နှယ်စောစောစီးစီး မယ်ငီးတို့ ဝိုင်းထဲကမှာ ဘွားကနဲပေါ်လာတာ ဘယ်ကနေရောက်လာသလဲပေါ့..။

ထားပါလေ..ကိုရခိုင်က ရှမ်းမစကားကောင်းကောင်းသဘောမပေါက်တာဖြစ်ပါလိမ့်မယ်..။ အဲနေ့က မှတ် မှတ်ရရ ကျောင်းပိတ်ရက်ပေါ့။ အပြင်ထွက်ပြီး သူငယ်ချင်းနဲ့ ကစားဖို့လည်း သတိမရတော့ဘူး..။ အမေတို့
ကျွေးတဲ့မုန့်တွေ ဖွတ်ပြီး သူ့ကိုသွားပေးရတာအမော..။ အမေ့ကိုအတင်း ရေနွေးအိုးထည့်ပေးဖို့ပူဆာတယ်။

ပြီးစစ်သားကြီးကိုသွားပေးတယ်လေ..အခါးရည်ခွက်လေး ဗန်းလေးနဲ့ပေါ့..။ သူအစက ဘာမှသိပ်မပြောဘူး
နောက် အရမ်းကြီးမေးတော့ နဲနဲပါးပါး (ခလေးစိတ်ကျေနပ်အောင်နေမှာပါလေ) ပြောတယ်။ ထမင်းစားချိန်
ကျတော့ ဟန်းကောလို့ခေါ်တဲ့ထမင်းချိုင့်ဖွင့်ပြီးစားတယ်..။ ဒီကလည်း အတင်းပြူးပြူးပြဲပြဲကြည့်နေတာ။

မီးဖိုချောင်ပြေး ဟင်းရည်တွေ ငရုတ်သီးထောင်းတွေ သွားယူလာတယ်။ အိမ်ကလူကြီးတွေတော့ မယ်ငီးကို
လက်မြှောက်ထားလိုက်ပြီလေ..။ဘာမှမပြောတော့ဘူး..။ စစ်သားကြီးချိုင့်ထဲမှာ ထမင်းခဲကြီးက မာတာတာ
ဝါကျင်ကျင်..သနားစရာလေးပါ..။ အင်း..တကယ်ပြောချင်တာက စစ်သားကြီးအကြောင်းမဟုတ်ပါဘူးလေ။

နောက်တော့လည်းစပ်စုစိန်ရဲ့ သေနတ်နဲ့တကယ့်လူကိုပစ်ဖူးလား!(ဓါတ်ရှင်ထဲကလိုအလကားဟန်ဆောင် တာဟုတ်မဟုတ်သေချာအောင်မေးတာလေ) တောထဲမှာလူဆိုးတွေမှန်း ဘယ်လိုလုပ်ခွဲခြားသိနိုင်လည်း! ဂလိုပြောင်မြောက်လှတဲ့ အူကြောင်ကြောင်မေးခွန်းတွေကြောင့် စစ်သားကြီးက ခင်သွားတယ်နဲ့တူတယ်။ ရာရှင်ပုံးတွေ ယူလာပေးတယ်။( ရာရှင်ဆိုတာကျမတို့နယ်ဖက်မှာ အဲဒီအချိန်ကဆိုပါတော့ နယ်မြေမအေး ချမ်းပါဘူး စစ်တပ်တွေ စစ်သားတွေခြေချင်းလိမ်လို့ပေါ့ စစ်တပ်က ရှေ့တန်းထွက်စစ်သားတွေအတွက် ထုတ်တဲ့သံပုံးတခုထဲမှာဆန်ဆီငါးသလောက်ဗူးအမဲသားဗူး ဒီလိုမျိုးနည်းနည်းစီထည့် ထားတဲ့ပုံးကိုခေါ် တာပါ။ စစ်သားတွေမြို့ ထဲရောက်ရင် သူတို့ယူလာရောင်းတတ်ကြတယ်။အမေကဝယ်ထားတတ်တယ်လေ)
သူ့ကိုပိုက်ဆံပေးလည်းမယူဘူး။ ခလေးတွေကိုစားစေချင်လို့ပါတဲ့..အိမ်ကဆေးလိပ်တွေ ဘာတွေပေး လိုက်တယ်။ သူလည်းခဏခဏလာတတ် တယ်။ နို့ဆီသကြားလာပေးတယ်လေ..။အဲဒီခေတ်ကသမဝါယမ
ဆိုင်မှာ တန်းစီပြီး စာအုပ်နဲ့ထုတ်စားရတဲ့ခေတ်လေ..။


ကဲပါလေ..ဒီလိုပါဘဲ..တချိန်တခါက မင်းကြီးများတိုင်းခန်းလှည့်လည်ရင်လည်း အလုပ်တွေရူပ်ကြတာပေါ့။
ဖုံးစရာရှိတာဖုံး ကာစရာရှိတာကာ ဖားဖို့ပြင်ဆင်ကြတာပေါ့...အဲလေ..မယ်ငီးတော့ အဟုတ်တွေပြောပြန်ပြီ အမှန်တရားကိုပြောပြတာပါ။ စစ်သားကြီးလည်း မယ်ငီးမျက်လုံးမဖွင့်ခင်ကတည်းကရောက်နေလိုက်တာ။
ညမိုးချူပ်လို့ သူနဲ့စကားပြောဖို့တောင်ပျင်းလာပြီ..ဆိုတဲ့အချိန်မှ ကားကြီးနဲ့ပြန်လာခေါ်သွားတာလေ။ တနေ ကုန်မိုးတိုးမတ်တပ်နဲ့။ နောက်ပိုင်းတွေမှာတော့ ကိုယ်လည်းကိုယ်တွေ့မကြုံဖူးပေမဲ့ အမကျောင်းဆရာမပြော
ပြလို့ကြားနေကြဇာတ်လမ်းတွေရှိတယ်။ မင်းတရားကြီးက အိပ်ယာကတောင်မထသေးလောက်ဘူး။ မြို့

လေးမှာတော့ မနက် ၅နာရီစောစောစီးစီး သွားစောင့်နေကြရတယ်တဲ့။ လာတော့ နေ့လည် ၁၁နာရီ...။
ကဲ..စီစဉ်သူကညံ့တာလား အဖားလွန်တာလားတော့ မသိဘူး..ကျောင်းသားတွေဆရာမတွေ မစားရ

မသောက်ရ မပေါက်ရ နဲ့တနေကုန်နေပူထဲနေရတာပါဘဲ..။ နောက်ပိုင်း မင်းတရားကြီးရော..မကြီးတကြီး
ရော..လူခဲတွေပေါ့(လူခဲ=အင်းသားလိုပြောတာ) လာလိုက်ကြတာ။ လက်ထောက်တော်ကြီးများက
ကောက်ညှင်းပေါင်းတွေဘာတွေ စီစဉ်ပေးရတော့တယ်တဲ့..။ ဟင်းဟင်း...ဂလိုအဖြစ်အပျက်မျိုးကို ကိုယ်တို့
ဆီမှာဘဲရှိတယ်ထင်ခဲ့တာ...အိုး.လား..လား...ဒီအမေရိက တိုင်းပြည်ရဲ့ နယူးယောက် လောင်းအိုင်းလိုင်း
ကနေရာတခုမှာ ဘွားကနဲ ကြုံတွေ့လိုက်တော့ ဟောင်းလောင်းပါးစပ်ဟလေသတည်းပေါ့...။


စီးပွားရေးလုပ်ငန်းတခုရဲ့ အင်ပါယာအရှင်သခင်ကြီးပေါ့...သူနဲ့ သူ့ရဲ့ရှယ်ယာပါတာနာ ဆိုတာလာမလို့တဲ့...။
နယူးယောက်မှာဆိုတာတော့ နယူးယောက်ဋ္ဌာနတွေထဲက အသစ်ပြင်ဆင်ထားခါစ အရမ်းကြီးသပ်ရပ် သစ်လွင်နေတဲ့ ကိုယ်တို့ရဲ့ ဆိုင်ကို လာရောက်ကြည့်ရူလေ့လာဖို့ ရွှေးချယ်ခြင်းခံရတာပေါ့လေ။ မလာခင် တပတ်ကတဲက လူပ်ရှားရတယ်။သူတို့အလုပ်ရာထူးကလည်း အရူပ်သားဘဲ။အရောင်းဌာနတခုစီမှာ မန်

နေဂျာတယောက်စီအပြင်  ပြည်နယ်တခုချင်းဆီကဌာနေဒါရိုက်တာတယောက်လည်းရှိတယ်။ဆိုင်ခွဲပေါင်းက
ထောင်ကျော်တော့လည်း ရူပ်တော့တာပေါ့လေ။ ကိုယ်တို့ဆိုင်က အလုပ်သမားတွေအပြင် နယူးယောက် မြို့ထဲက နောက်ထပ် ဆိုင်ခွဲတွေထဲက စူပါဗိုက်ဆာတွေလည်း လာရတယ်။ နယူးယောက်ပြည်နယ်ကပ်ရပ်
နယူးဂျားစီနဲ့ ကန်နက်တီကက်က ဌာနေဒါရိုက်တာကောလာရတယ်။ လူတွေမှအများကြီး ပြီးဗီဇာတွေမှာ
စားကြတာပေါ့..ခြင်ကောင်ရဲ့မစင်အထိရှာပြီး သန့်ရှင်းအောင်သုတ်သင်ရှင်းလင်းပြီး အားလုံးကို စက်နဲ့စီ ထားသလို တိကနဲညီနေအောင်လို့ လုပ်ရပါတယ်။ ၃ရက်တိတိပါ။ ကိုကိုသူဋ္ဌေးကြီးက သားရေဦးထုတ်နဲ့ ဟီးဟီးဟားဟားနဲ့ စကားတွေပြောပြီး ဖြတ်သွားတာဘဲ ဘေးတချက်တောင်လှည့်လို့ငဲ့မကြည့်ခဲ့ပါဘူး..။

မနက်ဖန်လာမယ်ဆိုရင် ဒီနေ့လို သူဋ္ဌေးရဲ့ စကဒ်ကြီးဆိုလား..အရင်လာကြည့်တယ် :P ။ သူဋ္ဌေးမျက်စိထဲ
မဖြတ်ခင် သူ့ကအရင်ခံစားကြည့်ရူရတယ်လေ..ပြီးလိုအပ်သည်များမှာကြားသွားပါတယ်ပေါ့..။

အားလုံးလက်ထဲမှာတက်ပလက်ကိုယ်စီနဲ့ ဆိုင်အားလုံးက ခင်းကျင်းတာတပုံစံထဲဖြစ်ရတယ်လေ။ ပင်မ ထုတ်ထားတဲ့ ပုံစံနဲ့တူမတူတိုက်ကြည့်ကြတယ်..။ နဲနဲလေးမှအမှားမခံဘူးတဲ့...အံ့ရော... သူတို့လည်းကိုယ် တို့ဆီလိုပါဘဲလား....။တဆိုင်ဆိုရင် တရက်ကို တသိန်းကျော်ရောင်းရတယ်လေ..ထောင်ကျော်ဆိုတော့ 
စဉ်းစားကြည့်ပေါ့...ဝင်ငွေတွေ..။ ဒီအလုပ်အပေါ်မှာမူတည်ပြီးစားနေရတော့လည်း ကောင်းစွာလုပ်ပါသည်
ဆိုတာကိုပြချင်တာလားတော့မသိဘူး..။ စကဒ်ကြီးက သူဋ္ဌေးဆီက ကောင်းကောင်းသာပြင်ဆင်ထားပေးပါ

ဆိုတဲ့စကားတခွန်းထဲယူလာတာ..။အားလုံးက ဖတ်ဖတ်မော...။

ဒါက စနစ်နဲ့မဆိုင်ဘူး..လူသားတွေရဲ့ ခံယူချက်နဲ့အပေါ်မှာ မူတည်တယ်လို့ထင်တာဘဲလေ...။ အရှိပြတာ
ကိုမလိုချင်ကြဘူး..ဖုံးကာပြသထားတာတွေမှ သဘောကျကြတာလားမသိဘူး..။ တခါခါ ဟိုနေရာမှာ ဟိုလို
ရှိတယ်။ ဒီနေရာမှာတော့ မရှိဘူးလို့လည်းမထင်ပါနဲ့..လူ့သဘောတွေက ဘာသာမခြား လူမျိုးမခြား နေရပ်
တိုင်းဋ္ဌာနေမခြားပါ..အားလုံးအတူတူလောက်ပါဘဲရှင်....။ ဒီမှာလည်း မင်းတရားကြီးတိုင်းခန်း လှည့်လည် လို့ ပဲကြီးဆယ်လှေချက်တော့မဟုတ်ပါဘူး..ဗီဇာတွေ အချပ်ကြီး ၂ဝကျော်ကုန်သွားရတယ်တဲ့...။


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး


Sunday, December 29, 2013

အလှူတခုအကြောင်းပြု..

 
မင်္ဂလာပါရှင်~~~
ရာသီဥတုအရမ်းကြီးသာယာတဲ့စနေနေ့ တနေ့ မှာ ချစ်လှစွာသောမိတ်ဆွေ ရဲ့ နှစ်သစ်ရည်စူးလို့ အလှူ
တခုဖိတ်ကြားခြင်းခံရပါတယ်။ နယူးယောက်မြို့ ထဲ Brooklyn ကမစိုးရိမ်ကျောင်းတိုက်မှာပါ။ အဲဒီလမ်း ထဲမှာမစိုးရိမ်ကျောင်း ၂ကျောင်းတောင်ရှိတယ်။ ဖြစ်ချင်တော့ တနေ့ ကတဲက ပဲပုပ်ကြော်ကောင်းလို့ (ပြူ
တင်းပေါက်တွေ အားလုံးဖွင့်ရတယ်လေ) လူကနဲနဲအအေးမိချင်ပြီး ညစာမစားဘဲဆေးသောက်အိပ်တာ၊
အိပ်ယာကထတော့ နွားနို့ ဘဲသောက်ပြီး စားကြောကိုမှန်းလို့ ဗိုက်ဟောင်းလောင်းနဲ့ ကိုသွားတာ ^_^


နယူးယောက်မှာ နယ်မြေပိုင်းခြားထားတာ ၅ ခုဘဲရှိတာ ။ မှတ်ရလွယ်တယ် ။ ကျမတို့ ဖက်ကလာတော့ တကယ်ဆို Holland Tunnel ကနေလာရင်လွယ်ပေမဲ့ အိမ်က ကို GPS ကြီးက ကကျိုးကကြောင် ။
အမြဲတမ်းသွားတတ်တဲ့ Gorge Washington Bridge ကိုဘဲပြတယ်..။ ဒါကတံတားပေါ်ကနေ မြို့ ထဲကို
လှမ်းကြည့်တာ..။ Toll ပေးရတဲ့ဂိတ်နံပါတ်တွေ လိုက်ဖတ်တာ စုစုပေါင်း ၇ဝကျော်တယ် ။ ကားသေးဆိုရင်
၁၃ ဒေါ်လာ ။ အရင်က ၈ ဒေါ်လာဘဲလားမသိဘူး..သူတို့ လည်းတရိတ်ရိတ်ပါဘဲ..။
ဒီတော့ ဟတ်ဆန်မြစ်ကမ်းနားတလျှောက်ဆင်းသွားရတာပေါ့..ကမ်းနားလမ်းမှာ ဒီစစ်သဘောင်္ပြတိုက်ကြီး intrepid museum ကိုသွားမယ်ဆိုပြီးချိန်နေတာ နှစ်ပေါက်နေပါပြီ မရောက်သေးဘူး..။
ဒီကကမ်းနားလမ်းကတော့ငါးနံ့ ညီနံ့ မရပါဘူး..လမ်းကမြို့ ထဲထက်ပိုရှင်းပြီး ကားမောင်းရလွယ်ပါတယ်။
မက်ဟန်တန် ကမ်းနားတလျောက်ရွှက်လှေသဘောင်္တွေ...
ဒီ Brooklyn တံတားပေါ်တက်ပြီး ဟိုဖက် Brooklyn ထဲရောက်မှာလေ...
GPS က 9/11 နားမှာ ကွေ့ ခိုင်းတယ်။ လမ်းကပိတ်ထားတော့ တကွေ့ တပတ်ကြီးပြန်ပတ်နေရတာ..
တိုက်တွေ..အဆောက်အဦတွေ ချွန်ချွန်ပုံ ဂငယ်ပုံ လေးထောင့်ပုံ ပုံစံများစွားနဲ့ ဘဲ...
 
ဒီတံတားက သက်တမ်းရာကျော်ရှိတဲ့ ဒီနိုင်ငံရဲ့ နံမည်ကျော်ကြားတဲ့တံတားတခုပါ ၁၈၈၃ ခုနှစ်ကတည်းစ
ဖွင့်ခဲ့တယ်တဲ့..။

ဘယ်ဖက်ဘေးကမြင်ရတဲ့ အပေါ်မှာလူလျှောက်လမ်းရှိတယ်..များသောအားဖြင့် တိုးရစ်တွေ အားကစားလုပ်တဲ့လူတွေနဲ့ ပြည့်နေတာဘဲ..။
အပေါ်ကအစွန်းထွက်နေတာက ကားလမ်းလေ..ဒီလိုမျိုးပုံစံနဲ့ ကားလမ်းတွေ နယူးယောက်မြို့ မှာ အများကြီးဘဲ။
 
ကဲ..ဘရွတ်ကလင်..ဆိုတဲ့ နယ်မြေထဲဝင်လာပြီ..။ဘုန်းကြီးကျောင်းထဲမရောက်မှီ ဂျုးနယ်မြေတမျှော်တခေါ်
ကြီးဖြတ်ရသေးပါတယ်..။ မည်းမည်းကြီးတွေဝတ်ထားတဲ့ ဦးထုပ်မည်းကြီးဆောင်းလို့  လူတွေ ကလေးတွဲ
လောင်းတွေ ဂါဝန်ဒူးဖုံးတွေနဲ့ အမျိုးသမီးတွေရော အဖိုးကြီးတွေအုပ်စုလိုက်ထိုင်ပြီး အဖွဲ့ ကျနေကြတယ်။

ကဲ..ရောက်ပြီ..ဒီဘုရားကသစ်သားနဲ့ ထုလုပ်ထားတာမဟုတ်ဘူးတဲ့။ ပန်းပေါင်းစုံစုထားတဲ့ ကြိတ်သားနဲ့ 
လုပ်ထားတာတဲ့..။
အဟဲ..မိတ်ဆွေကြီးမခိုင်၊ညီမလေး စန်းထွန်း နဲ့ ရှမ်းမကြီးပေါ့...တွေ့ တုံးအမှတ်တရ..ကျမက အလှူဆို
တော့များများဝင်အောင်လို့  အလျှော့အတင်းရှိတဲ့ ထမိန်လေးနဲ့ ပေါ့..လူလည်လေ.. :P
ဒီအလှူကြောင့် စာနဲ့ ဘဲဆက်သွယ်ဖူးတဲ့ စန်းထွန်းကိုလည်းတွေ့ ဖူးသွားပါပြီ။ ကျမက မိတ်ဆွေတွေ လိုချင်လို့ လိုက်ရှာနေတာ၊ဒီမှာနေလာတာ အကြာကြီးအပေါင်းအသင်းမရှိဘူး..နောက်တော့လည်း ဘလောက်အကြောင်းပြုပြီး မိတ်ဆွေသစ်တွေ တိုးလာတယ်။ တကယ်ဘဲ ဝမ်းသာကြည်နူးမိတယ်။
အစားအသောက်က ကျမရိုက်တာဟုတ်ဘူး..အလူရှင်တို့ FB ဝေါ်ပေါ်ကဆွဲလာတာ..။
ကိုယ်က ငမ်းကြောဆွဲနေလို့ မရိုက်ဖြစ်ဘူး..ကျမ၂ပွဲစားခဲ့တဲ့ ထိုဖူးသုပ်လည်းဒီမှာမပါဘူး..
တကယ်ကောင်းတယ် သူတို့ ကလားရိုးက ရှမ်းတရုတ်စပ်တဲ့ ..ပြောစရာကိုမလိုဘူး ထိုဖူးအိနေတာဘဲ.
စားသောက်ပြီး အာလူးလေးဘာလေးဖုတ် တရားလေးနာ မိတ်ဆွေအသစ်တောင်ရသွားတယ်..။
အလှူရှင်မိသားစုနဲ့ အမှတ်တရ
အလူရှင်တွေကို ဆုတောင်းပေးဖို့ တောင်သတိမရလိုက်ဘူး..ပြီးတန်းပြန်တာဘဲ..အားနာလိုက်တာ
နောက်တခါမဖိတ်ရင်..ဒွတ်ဘဲ :)))

ကိုထွန်းထွန်းဝင်းတို့ ဇနီးမောင်နှံနဲ့ တကွ ကျန်တဲ့အလူရှင်မောင်ငယ်ညီမငယ်လေးအားလုံး နှစ်သစ်အခါမှာ
         စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျမ်းမာခြင်းတို့ နဲ့ အမြဲထာဝရပြည့်စုံနိုင်ကြပါစေရှင်.....

ကဲ..ပြန်မယ်..ကို GPS ကြီးပြောတော့ ၁နာရီသာသာပါ..ဟူး..တကယ်တမ်း ကိုယ်ကမှားလိုက် ပြောင်း လိုက်နဲ့ အိမ်ကို မှောင်မှရောက်သွားတော့တယ်..၂နာရီလောက်ကြာပါတယ်ဆို.. :((
ဟိုဖက်က..မက်သက်တန်ကိုလှမ်းမြင်ရတာ...
ဒါက လေဘာတီကိုသွားကြမယ်ဆိုရင် ဒီနေရာတဝိုက် Battery Park ကိုလာကြရတယ် ဖယ်ရီရှိတယ်လေ
နောက်ပြီး 9/11 တာဝါနဲ့ Wall street ပတ်ဝန်းကျင်နေရာဆိုတော့ တကယ်လူရူပ်တယ်..။

လူတွေနဲ့ ဘတ်စကားတွေကြားထဲမှာ ကို GPS signal ပျောက်သွားပါတယ်..။
အဲနားလည်နေတာက ၁ဝမိနစ်လောက်ရှိတယ်..။
နောက်တော့ကမ်းနားအတိုင်းသွားဖို့ ဟာ..ကားခေါင်းက မက်ဟန်တန်အရှေ့ ဖက်ကိုတော်နေတယ်..။
ဒီတော့ မက်ဟန်တန်နဲ့ ဘရွှတ်ကလင်၊ကွင်းတို့ ဆက်စပ်တဲ့ တံတားပေါင်းမြောက်မြားစွာ မြင်ခဲ့ရတာပေါ့။
အဟား..ကျမပြောတဲ့အလှူတခုအကြောင်းပြုရ်ျ ဆိုတာ မိတ်ဆွေများကို နယူးယောက် sightseeing ပေါ့ ။
ကဲ..အင်ပါယာစတိတ်ကိုတောင်လှမ်းမြင်ရပြီ..။
ကျမတို့ ကဒီအလမ်းအတိုင်းဆင်းပြီး Bronx အထိသွားရမှာလေ..
ရှေ့ ကမြင်ရတဲ့ပြားပြားတိုက်ကြီးကတော့ UN ပေါ့ရှင်..။
ကဲ..နောက်တံတားတခု...
တံတားတွေကမျာလွန်းလို့ ဘယ်ဟာက ဘာမှန်းတောင်မမှတ်မိတော့ဘူး..
ကျမက ကမ်းနားလမ်းတွေကို ဒီလို ၂ထပ်ဆောက်ထားတာသဘောကျတယ်..ရန်ကုန်မှာကားသိပ်ကျပ်
တယ်တဲ့..သူတို့ ဒီလိုလေးဆောက်ပေးရင် ..ဘယ်ပြောကောင်းမလဲနော်..အဘွားတနေ့ တထောင်ပေး ပစ်မယ် @_@(ဘယ်တော့မှမဖြစ်လာနိုင်ဘူးသိလို့ ပြောတာ..ဟိ)
ဒီလိုတိုက်အောက်ကနေ ကားလမ်းဖေါက်ထားတာတော့ ကြိုက်ပါတယ်။ ဒါပေမဲ့ အဲဒီတိုက်ပေါ်တော့ ဘယ်တော့မှ မနေဘူး သေချာတယ်..။
တိုက်ကလည်းပြားချပ်နေတာဘဲ..မော်ဒယ်ကိုယ်လုံးလေးလို.. :)))
ဒီပုံမှာ တံတား ၃ စင်းပါတယ်...
လွှမ်းစရာ..ညနေခင်းလေး...
ရာသီဥတုကောင်းတော့ ကောင်းကင်တခုလုံးလင်းနေတာဘဲ...
ဒီကနေစပြီးကားတွေကပ်တော့တာဘဲ...
ကျမက တချပ်ချပ်နဲ့ ရိုက်နေတာ သူလမ်းယူမှားလို့ နောက်တံတားတခုပေါ်ရောက်သွားတယ်...ဟိ
အော်လိုက်တာ..လမ်းကြည့်ပေးပါဆို....ဘလားဘလားနဲ့ ..ဒီတော့ ကင်မရာကိုပိတ်...ပိုက်ဆံအိပ်ဖွင့်
ထပ်ပေးရတယ်လေ.. ၇.၅ဝ ဒေါ်လာ..ဟီး...၅း၄၅ လောက်မှ အိမ်ရောက်တော့တယ်...ဟူး....
ဒါပေမဲ့ပျော်တယ်လေ...နော်

အလှူတခုအကြောင်းပြုလို့ နယူးယောက်ကို Sightseeing Tour လည်းပြီးပေါ့ရှင်..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး