Thursday, January 30, 2020

မိုင်းခတ်မြို့နယ်ကမိုင်းနုန်းနှီးဘုရား

မင်္ဂလာပါရှင်~~~
ကိုင်း..ဒီတခါတော့ ဘုရားဖူးထွက်ကြရအောင်လေ...
ဒီတခေါက်ကျိုင်းတုံရောက်တုံး မိုင်းခတ်မြို့နယ် မိုင်းနုန်းနှီးဘုရားသွားခဲ့တယ်လေ။ အရင်ကဆို အဲ့နယ်မြေက အမည်းရောင်နယ်မြေ မအေးချမ်းဘူးဆိုပါတော့။ ဦးလေးအရင်းက မိုင်းခတ်နားက မိုင်းလွေမှာ အိမ်ထောင်ကျတယ်။ ခုတော့ဆုံးသွားပါပြီ။ ကြာလည်းအတော်ကြာပါပြီ..။ အဲ့ခေတ်ကာလမှာ တခါပြန်ရင် သူ၂-၃ ညအိပ်တို့ဘာတို့ကြာတတ်တယ်။ မိုးတွင်းကာလဆိုရင်ပေါ့။
ခုတော့နာရီပိုင်းဘဲကြာ။ နေ့ခြင်းပြန်ဘုရားသွားဖူးလို့ရ။ KT အထွက်မှာ နံမည်ကြီးအမဲသားခေါက်ဆွဲစားရအောင်တဲ့..ဒီကဘယ်ငြင်းလို့ရမလဲ..ဟီး..😁အရမ်းကောင်းတယ်သိလား..ရောက်ရင်ဝင်စားဖို့မမေ့နဲ့ဗျ....။
အမဲသားနဲ့အရွှတ်နဲ့ဆန်ခေါက်ဆွဲ😋😋
ခေါ်သွားတဲ့ကားဆရာလေးက(တကယ်ဆိုမိတ်ဆွေပါ) သူ့ဇာတိရွာက သူကိုယ်တိုင်လည်း ဘုန်းကြီးလူထွက်လေ .. :D
ကိုယ့်အမလည်းပါတယ် လမ်းခရီးမှာနားစရာတနေရာရှိ။ ကားရေဖြည့်တဲ့..။
အပေါ့အပါးသွားပေါ့..။


ကဲ..မိုင်းခတ်တော့ရောက်ပြီ...။ 
ဒေသတခုလုံး ဝါးတောတွေချည်းဘဲ..။ ဒါကြောင့်လည်း ဝါးနှီးတွေနဲ့ဘုရားရုပ်လုပ်နိုင်ကြတာကိုး...။ 
ဘုန်းကြီးကျောင်းရောက်ပြီ..။ တိတ်ဆိတ်အေးချမ်းတယ်..။ 
ရောက်တာနဲ့ ဘုရားကျောင်းထဲမဝင်နိုင်သေး..။ အနောက်ဖက်က ရေအိမ်တွေပြေးရ😂 ဘုရားပွဲရှိတဲ့အချိန်လူစည်လွန်းလို့ ရေအိမ်တွေအများကြီးထားရတယ်တဲ့. .။ တခုတော့ပြောပြတယ် ရေနဲနဲရှားပါတယ်တဲ့..။
ကျောင်းထဲမဝင်ခင် ထမိန်ကောက်စွပ်😁😎 အမေသင်တဲ့အတိုင်း..အမေ့စကားမြေဝယ်မကျ နားထောင်သူပါ။ အမေကမှာထား ဘုန်းကြီးကျောင်းတွေ အလူတွေသွားရင် ထမိန်မပါဘဲ မသွားပါနဲ့လို့ငယ်ငယ်ကတဲကအမြဲသင်ခဲ့တာ။
ဘုရားဆင်းတုတော်ကို အဝကနေလှမ်းဖူးမျှော်နိုင်ပါတယ်..။ ငယ်ငယ်ကကြားဖူးတယ်..စစ်သားတွေ(နယ်မြေမအေးချမ်းတော့ စစ်တပ်ဘဲသွားလာကြတာပေါ့လေ) သွားရင်းလာရင်း ဝင်ဖူးကြတာပေါ့။ အဲ့ဒီမှာ တယောက်ကဘုရားကိုလုံးဝမတွေ့ဘူးလို့ဆိုသတဲ့။ နောက်ပြီး စစ်ဗိုလ်တယောက်က ဘုရားဖူးပြီး အဆောင်အနေနဲ့ အထဲက ဝါးတဆစ်လေးချိုးယူလာခဲ့တယ်တဲ့။ လမ်းမှာဘဲ သူမိုင်းထိပြီး ဒူးကနေအောက်ပိုင်းပြတ်ထွက်သွားတယ်တဲ့။ သူဖြတ်ချိုးလာတဲ့အပိုင်းက ဘုရားဒူးတော်နေရာက..လို့ပြောကြတယ်..။
ဘုရားအနီးကပ်ပုံ။ အရင်က မကာထားဘူးတဲ့။ ခုတော့ လမ်းကောင်းလို့ လူတွေအရမ်းလာဖူးကြတော့ အကာအရံလုပ်ထား အမျိုးသမီး အထဲဝင်ခွင့်မရှိ😔
အလှုခံမီးခံသေတ္တာနဲ့..။ 
ဘုရားအထဲက ပုံပါ..။ ဘုန်းကြီးက ဝင်ပြီးဗီဒီယိုရိုက်ပေးတယ်။  
နှီးဘုရားသမိုင်းစာအုပ်မရှိဘူးလားဆိုတော့ အရင်ကတော့ရှိတယ်။ နောက်ပိုင်းထပ်မရိုက်ဖြစ်တာပါတဲ့။ သေချာတဲ့သမိုင်းကျောင်းမြန်မာလိုမရှိ။ ဂုံရှမ်းလိုတော့ရှိပါလိမ့်မယ်။ ကိုယ်ကမဖတ်တတ် 😞 
ဂုံဘုန်းကြီးကျောင်းမှာ ဒီလို ညာဖက်တန်းမှာ ဘုန်းကြီးတွေထိုင်ဖို့ထားတာတွေ့ရပါလိမ့်မယ်။ ဘုရားကိုကြောပေးပြီး ကျမတို့ဂုံထုံးစံကဘုန်းကြီးတွေမထိုင်ရဘူးတဲ့။
စည်တော်..။ ဥပုဒ်နေ့တို့ဘာတို့မှာ  ဘုရားရှိခိုးပြီးရင် စည်တော်တီးပြီး အမျှဝေကြတယ်..အင်း..စည်တော်ကိုတီးလို့မသုံးရဘူး စည်တော်ရွှန်းလို့ပြောရမလားမသိ..😜 ဟိုမရောက်ဒီမရောက်ကပြားဘဝက တခါတလေ..ဂွကျတယ်ရှင့်😎
မျက်နှာကျက်ကအစ...လှပတင့်တယ်..။ အရင်ဆိုသိပ်နားမလည်ပါဘူး။ ထိုင်းတွေ နိုင်ငံခြားသားတွေလာလည်ရင် အရမ်းလှတယ် ပြောကြလို့😁 ကိုယ့်မှာ သတိထားပြီး လေ့လာရတာ အမှန်ဘဲဗျ...
အဝင်ဝကကျွန်းတံခါးကြီး... 
ဘုန်းကြီးထိုင်တရားချတဲ့နေရာ..မှန်စီရွှေချဒေါင်းရုပ်နဲ့။ ဒေါင်းရုပ်ကရှမ်းတွေရဲ့အထွဠ်အမြတ်ထားတဲ့ သင်္ကတတခုပါဘဲ..။ ဆွီဒင်ကမိတ်ဆွေတယောက် ကျိုင်းတုံပတ်ချာလည် ဘုန်းကြီးကျောင်း(ဗမာကျောင်းတော့မပါဘူးပေါ့ဗျာ😁)
တွေသွားလည်ရင်းသူမြင်သမျှဒေါင်းရုပ်တွေမှတ်တမ်းတင်ထားတာ..အရမ်းလှတာဘဲဆို....
အဓိဌာန်ကျောက်တုံး..( ကျောက်တုံးထားတဲ့လင်ပန်းက နှီးလင်ပန်းနဲ့)
မိုင်းဖုန်းဆရာတော်ကြွလာစဉ်..

 
မိုင်းဖုန်းဆရာတော်ရဲ့ကျောင်းဆောင်(ကြွလာရင် အဲ့နေရာမှာတည်းရ)
နေ့လည်စာကိုတော့ ကားဆရာကသူ့မိဘအိမ်မှာ ကျွေးပါတယ်..။ ဘာမှထွေထူးမပါလည်း အရမ်းစားကောင်းဘဲ😋😋
 ရှေးရိုးပုံစံတောကအိမ်တွေ
 လယ်လုပ်တော့ စပါးကျီတွေ ထှော်လဂျီတွေရှိ
နောက်တော့ နှီးဘုရားလုပ်သုံးက သုံးတဲ့ဝါးတွေကို ဆေးတဲ့ရေတွင်းသွားကြတယ်။
 ရှေးခေတ်တုံးက ပုံကိုလည်းပြထားပါတယ်။
 ရေတွင်းကရေတိမ်တိမ်လေးပါဘဲ..ရေလေးကြည်လို့..
 အဲ့နားတဝိုက်ကတောတန်းလေး
 ဝါးပင်တွေအများကြီးဘဲ...
နောက်ထပ်အခွှင့်အရေးရရင်လည်းထပ်ပြီးလာဖူးချင်ပါသေးတယ်...။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Thursday, January 16, 2020

၂၀၁၉ ကျိုင်းတုံခရီး

မင်္ဂလာပါရှင်~~~
ဘဝမှာတခါတလေမစီစဉ်ဘဲ လိုက်ပါဆောင်ရွှက်ရတဲ့ကိစ္စတွေလည်းမနဲဘူးဗျ ဒီတခေါက်တော့ မြန်မာပြည်သွားလည်ရင်း ဂျပန်ခနဝင်မယ်ဆိုတာတွေ။ ကျိုင်းတုံရောက်ရင် တရုတ်နယ်စပ်သွားမယ်ဆိုတာတွေ အင်းထဲသွားမယ်ဆိုတာတွေအားလုံး အသာရပ်လို့ တောင်ဖက်ပြေး မြောက်ဖက်ပြေးနဲ့ ၂၂ရက်ခရီး အသက်မရူနိုင်ဘဲ သုတ်သုတ်ပြာပြာနဲ့ပြီးသွားလေရော😁
ရောက်တဲ့နေ့ကKTနေဝင်ချိန်
ပေါချောင်ကောင်းလေးရှာလို့ နောက်ဆုံးတရုတ်လေယာဉ်နဲ့ပြန်ညားပြီးသွားခဲ့ရတယ်လေ။ ဒီတခါတော့မဆိုးဘူးဗျ အတော်ကောင်းတယ်။ အစားအသောက်လည်းမဆိုးသလို လေယာဉ်လည်းအသစ်ဗျ။ တရုတ်ပြည်ထရန်စစ်ပြီး ရန်ကုန်ဆင်း။ အဆင်ကိုပြေလို့ ဘန်ကောက်ကတဆင့်မဟုတ်တော့ပြီလေ။ ရန်ကုန်မှာတညအိပ်ပြီး ကျိုင်းတုံတန်းသွားတယ်။ နေ့ညမှားနေတာနားချိန်မရှိ။
တောင်ပေါ်ကရပ်တော်မူဘုရားကိုအိမ်ကနေလှမ်းမြင်ရ
အဒေါ်အိမ်ကနေမြင်ရတဲ့ရူခင်း
မြင်ရတဲ့တိုက်ကြီးကတော့ဟော်တယ်
အရင်ကKTရုပ်ရှင်ရုံ

နောက်တနေ့မနက်ကျတော့ ရှမ်းလပြည့်နေ့ဆိုတော့မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းပွဲရှိတယ်လေ။ 

လမ်းထိပ်သွား ဆွမ်းလောင်းကြပါတယ်။
ကိုယ်တို့ရှမ်းထုံးစံက ဘုန်းကြီးကျောင်းတို့ အလှုတို့သွားရင် ရှမ်းဝတ်စုံတွေဝတ်ကြရတာကိုးဗျ..။ အိမ်မှာကျန်ခဲ့တဲ့ ဝတ်စုံလေးထုတ် ရိူးပေးရသေး 😆


ကဲ..ရှေ့မှာကြွလာပြီလေ...


ထိပ်ဆုံးကတော့ ဘုရားဆင်းတုတော်ပေါ့..။

အမေတို့ဆိုရင် ဆေးတွေလောင်းတာများတယ်..ခုတော့ပိုက်ဆံလောင်းတယ်လေ။ အသစ်ရအောင်လှဲပြီးလောင်းကြတယ်။
ဘုရားပြီးရင် ပုဏ္ဏားကထပ်ချပ်မခွါလိုက်ပါရတယ်လေ။
ပုဏ္ဏားပြီးရင် လက်တွန်းလှည်းပေါ်ကဆရာတော်ပုံကို ရိုက်ထားတာပါမလာဘူး..ဂုံရှမ်းဂိုဏ်းချုပ်ဆရာတော်ကြီးပါ..။

 နောက်တော့မှ ဘုန်းကြီးတွေ ကိုရင်လေးတွေ တန်းစီလာကြပါတယ်။
 ဘုရားကြီးကထွက်ပြီး ဘုရားကြီးထဲတပတ်ပြန်လှည့်ကြတာပေါ့။
 ဒီလမ်းကလေးပေါ်မှာငယ်ငယ်ကပြေးလွှားဆော့ကစားကြီးပြင်းလာကြရတာ..။
မုန့်ဖိုးရရင် ရုပ်ရှင်ရုံပတ်ဝန်းကျင်ကမုန့်ဝယ်စားခဲ့ရ...ခုတော့ပြောင်းလဲကုန်ပြီလေ..။

နေ့လည်မှာအလှုလှည့်တာနဲ့..ဈေးတန်းကြီးကအရမ်းစည်ကား..။


သေချာပြန်ကြည့်မှလမ်းလည်းသေးသေးလည်းဘဲ..😎
 ညချိန်လည်းစည်ကား.မီးလင်းလို့..ငယ်ငယ်ကဆိုကားတစင်းဖြတ်ရင်တလမ်းလုံးအော်ကြရတယ်..ဘေးကပ်ဖို့လေ..လမ်းမှာဆော့နေကြတာကိုး...
ကိုင်း..ညဆိုရင်လည်း စောစောအိပ်ငိုက်ပြီ..
ဘယ်အချိန်ပြန်ကြည့်ကြည့်လွှမ်းတယ်ဗျာ...
ဟော..ဟိုထိပ်က သစ်တပင်တောင်လေ...တရက်နားတရက်ခရီးဆက်နဲ့..ဘဝမှာအားတင်းပြီးရှေ့ဆက်နေရတာပါဘဲဗျာ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage