Thursday, January 16, 2020

၂၀၁၉ ကျိုင်းတုံခရီး

မင်္ဂလာပါရှင်~~~
ဘဝမှာတခါတလေမစီစဉ်ဘဲ လိုက်ပါဆောင်ရွှက်ရတဲ့ကိစ္စတွေလည်းမနဲဘူးဗျ ဒီတခေါက်တော့ မြန်မာပြည်သွားလည်ရင်း ဂျပန်ခနဝင်မယ်ဆိုတာတွေ။ ကျိုင်းတုံရောက်ရင် တရုတ်နယ်စပ်သွားမယ်ဆိုတာတွေ အင်းထဲသွားမယ်ဆိုတာတွေအားလုံး အသာရပ်လို့ တောင်ဖက်ပြေး မြောက်ဖက်ပြေးနဲ့ ၂၂ရက်ခရီး အသက်မရူနိုင်ဘဲ သုတ်သုတ်ပြာပြာနဲ့ပြီးသွားလေရော😁
ရောက်တဲ့နေ့ကKTနေဝင်ချိန်
ပေါချောင်ကောင်းလေးရှာလို့ နောက်ဆုံးတရုတ်လေယာဉ်နဲ့ပြန်ညားပြီးသွားခဲ့ရတယ်လေ။ ဒီတခါတော့မဆိုးဘူးဗျ အတော်ကောင်းတယ်။ အစားအသောက်လည်းမဆိုးသလို လေယာဉ်လည်းအသစ်ဗျ။ တရုတ်ပြည်ထရန်စစ်ပြီး ရန်ကုန်ဆင်း။ အဆင်ကိုပြေလို့ ဘန်ကောက်ကတဆင့်မဟုတ်တော့ပြီလေ။ ရန်ကုန်မှာတညအိပ်ပြီး ကျိုင်းတုံတန်းသွားတယ်။ နေ့ညမှားနေတာနားချိန်မရှိ။
တောင်ပေါ်ကရပ်တော်မူဘုရားကိုအိမ်ကနေလှမ်းမြင်ရ
အဒေါ်အိမ်ကနေမြင်ရတဲ့ရူခင်း
မြင်ရတဲ့တိုက်ကြီးကတော့ဟော်တယ်
အရင်ကKTရုပ်ရှင်ရုံ

နောက်တနေ့မနက်ကျတော့ ရှမ်းလပြည့်နေ့ဆိုတော့မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းပွဲရှိတယ်လေ။ 

လမ်းထိပ်သွား ဆွမ်းလောင်းကြပါတယ်။
ကိုယ်တို့ရှမ်းထုံးစံက ဘုန်းကြီးကျောင်းတို့ အလှုတို့သွားရင် ရှမ်းဝတ်စုံတွေဝတ်ကြရတာကိုးဗျ..။ အိမ်မှာကျန်ခဲ့တဲ့ ဝတ်စုံလေးထုတ် ရိူးပေးရသေး 😆


ကဲ..ရှေ့မှာကြွလာပြီလေ...


ထိပ်ဆုံးကတော့ ဘုရားဆင်းတုတော်ပေါ့..။

အမေတို့ဆိုရင် ဆေးတွေလောင်းတာများတယ်..ခုတော့ပိုက်ဆံလောင်းတယ်လေ။ အသစ်ရအောင်လှဲပြီးလောင်းကြတယ်။
ဘုရားပြီးရင် ပုဏ္ဏားကထပ်ချပ်မခွါလိုက်ပါရတယ်လေ။
ပုဏ္ဏားပြီးရင် လက်တွန်းလှည်းပေါ်ကဆရာတော်ပုံကို ရိုက်ထားတာပါမလာဘူး..ဂုံရှမ်းဂိုဏ်းချုပ်ဆရာတော်ကြီးပါ..။

 နောက်တော့မှ ဘုန်းကြီးတွေ ကိုရင်လေးတွေ တန်းစီလာကြပါတယ်။
 ဘုရားကြီးကထွက်ပြီး ဘုရားကြီးထဲတပတ်ပြန်လှည့်ကြတာပေါ့။
 ဒီလမ်းကလေးပေါ်မှာငယ်ငယ်ကပြေးလွှားဆော့ကစားကြီးပြင်းလာကြရတာ..။
မုန့်ဖိုးရရင် ရုပ်ရှင်ရုံပတ်ဝန်းကျင်ကမုန့်ဝယ်စားခဲ့ရ...ခုတော့ပြောင်းလဲကုန်ပြီလေ..။

နေ့လည်မှာအလှုလှည့်တာနဲ့..ဈေးတန်းကြီးကအရမ်းစည်ကား..။


သေချာပြန်ကြည့်မှလမ်းလည်းသေးသေးလည်းဘဲ..😎
 ညချိန်လည်းစည်ကား.မီးလင်းလို့..ငယ်ငယ်ကဆိုကားတစင်းဖြတ်ရင်တလမ်းလုံးအော်ကြရတယ်..ဘေးကပ်ဖို့လေ..လမ်းမှာဆော့နေကြတာကိုး...
ကိုင်း..ညဆိုရင်လည်း စောစောအိပ်ငိုက်ပြီ..
ဘယ်အချိန်ပြန်ကြည့်ကြည့်လွှမ်းတယ်ဗျာ...
ဟော..ဟိုထိပ်က သစ်တပင်တောင်လေ...တရက်နားတရက်ခရီးဆက်နဲ့..ဘဝမှာအားတင်းပြီးရှေ့ဆက်နေရတာပါဘဲဗျာ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

2 comments:

  1. မမီးက ဆိုင်လာလည်မယ်ဆိုပြီးမလာဘူး....ကျိုင်းတုံကိုတော့ ခရီးစဉ်ထဲထည့်ထားတာ ခုထိမရောက်ဖြစ်သေး....

    မိုးငွေ့

    ReplyDelete
    Replies
    1. သမီးမိုးငွေ့ရေ..
      ရောက်တဲ့ညက
      အလုံမှာတည်းတယ်
      နောက်ပြီးကျိုင်းတုံသွား
      ၅ရက်နေအပြန်မှာ
      မြောက်ဒဂုံကဘိုဘိုမင်း
      ဟော်တယ်မှာတည်းရ
      (ဝမ်းမနာသမီးမောင်ဂလာဆင်လေ)
      သူတို့အိမ်နဲ့နီးမှဆိုလို့
      ဖယားဖယား..
      ၃ခါလောက်
      မြို့ထဲသွားမိတယ်
      အသွား၂နာရီ
      အပြန်၂နာရီ
      ကားပေါ်မှာဘဲ
      အိုသွားတယ်ထင်ရ
      :D ပြီးတောင်ကြီးကလော
      သာစည်မိတ္တီလာပြေးလိုက်ရသေး
      ရက်ပေါင်း၂၁ရက်
      အသက်ဘယ်နားက
      ရူသွင်းမိမှန်းတောင်မသိ
      ဖိနပ်လေးလိုချင်တာ..
      တကယ်ပါ...

      Delete