Friday, September 28, 2012

အဖေ့သမီးရဲ့ ဘဝခရီးအစခြေလှမ်း...

မင်္ဂလာပါရှင်~~~

အချိန်တွေပြန်တွက်ကြည့်ရင်အတော်ကြာခဲ့ပါပြီ..။တိတိကျကျအချိန်တောင် ဘယ်လိုမှပြန်မမှိတ်မိနိုင်တော့ဘူး...။ဒါပေမဲ့ခန့် မှန်းခြေ ၁၉၈၉ နှစ်ဦးပိုင်းလောက် ကပါ။ 
အရေးအခင်းဖြစ်ပြီး ကျောင်းတွေပိတ်ထားတုံးကပေါ့။ ကျမရဲ့ ဆရာမငယ် ဘဝနဲ့ အေးချမ်းနေတုံး 
အိမ်မှာအမြဲလာတည်းတတ်တဲ့ ဧည့်သည်တသိုက်၊ရောက်လာပါတယ်။ 
သူက မန္တလေးက သူ့ သူငယ်ချင်းတသိုက်နဲ့ လာတယ်။သူတို့ ဟိုဖက်ကမ်း(ကျမတို့ အဲဒီတုံးက၊
ပြောကြတဲ့အတိုင်းဆိုရင်) အထဲထိဝင်လည်ကြမှာလေ။ သူစရိတ်ပြတ်သွားလို့ အဖေတို့ ဆီက 
ပိုက်ဆံချေးပါတယ်။ ကျမကိုလည်း မရောက်ဖူးတော့လိုက်လည်ပါလား..။
ပိုက်ဆံကို ဟိုရောက်ရင်ပေးမယ်တဲ့။ အဲဒါနဲ့ အဖေက သမီးလိုက်လည်ချင်ရင်သွားလည်လေ။
ပိုက်ဆံယူသုံးလို့ ကုန်ရင်ပြန်လာပေါ့..တဲ့။ ဒီတခါသူတို့ က တောင်ကြီးကနေ ဆိုင်ကယ်စီးလာတာ။
လမ်းမှာ ၂ညကြာသွားလို့ မအိပ်တော့ဘူး ခဏနားပြီး ချက်ချင်းပြန်ထွက်မယ်တဲ့။


ကိုင်း..သွားမယ် မသွားဘူးဆိုတာ ၁ မိနစ်တောင်စဉ်းစားဖို့  အချိန်မရဘူး..။ 
လိုက်လည်မယ်..ဆိုပြီး၊ အဝတ်အိတ်ပြင်တော့၊ သူတို့ က ဟိုဖက်ဖြတ်ရင် အထုတ်ကြီးငယ်နဲ့ ၊
မဖြစ်ဘူးတဲ့..။ ပိုက်ဆံရရင် အဝတ်သစ်တွေသာဝယ်လိုက်ပေါ့။ အိုး..ကောင်းလိုက်တဲ့ အခွင့်အရေး...။
အဖေကလည်း..အိုကေဆိုတော့..။ အတွင်းပစ္စည်းဘဲ ၂စုံထဲ့တယ်..ဟီး..မပါမဖြစ်လေ..။
ကျွတ်ကျွတ်အိတ်လေးနဲ့  အိမ်နီးနားချင်း ဆိုင်ကယ်တစင်းခေါ်ပြီး လွှားကနဲတက်...မယ်မီးရဲ့ ၊
နိုင်ငံခြားခရီးစခဲ့တာပေါ့..:P

အဲတုံးက ကျမတို့ ဆီမှာ တာချီလိတ်ကို ဆိုင်ကယ်ကယ်ရီနဲ့ သွားကြပါတယ်။ကားဆိုရင် ကုန်ကားကြီးတွေ၊ ဂျစ်ဘီလူးလို့ ခေါ်တဲ့ပြန်ဆင်ထားတဲ့ ဘီးအကြီးကြီးနဲ့ ထွေလာနောက်တွဲပါတဲ့ ကားနဲ့ ၊
သွားလာကြပါတယ်။ ဆိုင်ကယ်ခ လည်းရာသီနဲ့ လိုက်ပြီးဈေးနှုံးအမျိုးမျိုးရှိပါတယ်။ ၃ဝဝဝ ကျပ်ကနေ-၇ဝဝဝကျပ် အထိရှိပါတယ်။ ဒီနေရာမှာနဲနဲပြောစရာလေးဝင်လာပြီလေ။
အဲဒီခေတ်ကာလ ငွေကြေးနဲ့ တွက်ကြည့်ရင် ကျမတို့ ဆီက အဆမတန် ပြည်မနဲ့ ကွာဟနေတာတွေ့ 
ရပါလိမ့်မယ်။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာရယ်၊ နောက်..ဘာဘာညာညာရယ်၊နဲ့ ဆိုတော့
ဈေးမြင့်ရတာပေါ့။( အဲ..ပေါပေါရပေါပေါသုံး၊ ကဲ..ဒီလိုဘဲ ခပ်လွယ်လွယ်နဲ့ မမှတ်ပါနဲ့ လို့ ..အဟား)))

၃ဝဝဝ ကျပ်ကသာမာန်ခရီးသွားအတွက်ဖြစ်ပြီး၊ စစ်ဆေးရေးဂိတ် ဖြတ်ခြင်းဌာ မတတ်နိုင်သော အနှီပုဂ္ဂိုလ်၊
များအတွက်တော့ ရဝဝဝ လည်းပေးစီးသွားရတာပါဘဲ။...ဘယ်လို ပုဂ္ဂိုလ်မျိုးလည်း..ဟုတ်လား..
အဲ..လှတပတ သတ်မှတ်ထားတဲ့အရွယ်မရောက်ဘဲ၊ ဟိုဖက်သွား အလုပ်လုပ်ကြမဲ့ မနန်းတို့ တတွေပေါ့။ 
တကယ်သနားစရာကောင်းတာက မိဘများကိုယ်တိုင်၊လိုက်ပို့ တာပါဘဲ..။
ခုတော့ တော်တော်ကြီးစစ်ဆေးလာပါပြီ။ လူကုန်ကူးတားဆီးရေးအဖွဲ့ ဆိုလား..။
သပ်သပ်ရှိတယ်။ အားလုံးကိုမှတ်ပုံတင်စစ်တယ်။လဝက လည်းစစ်တယ်။

ကားလမ်းကတော့ အရမ်းကြီးကို အထွဍ်အထိပ်ရောက်နေတဲ့ အချိန်လို့ ပြော၊
ရင်တောင်ရမယ်..။ကားကြီးတွေနင်းသွားတဲ့ ဘီးရာပေါ်ကနေ ဆိုင်ကယ်ကို မောင်းရတာပါ။ 
ကားတစီးရဲ့ ဘီးရာထဲဝင်ရပ်ရင် ရွှံမြေနီထုက ခါးနဲ့ ပုခုံးကြားထဲမှာရှိတယ်။ကျမ အရပ်မြုပ်လုလုပါဘဲ...။
အရပ်ကလည်း ပေမှီတောက်မှီ ၅ပေကြီးများတောင်..:P အဲ့ကြားထဲကနေ ဆိုင်ကယ်မောင်းတော့ 
ပခုံးနဲ့ ဒူးခေါင်းကျုံထားမိတယ်..။ မိုးလေးတဖြိုက်၊ နှစ်ဖြိုက်လောက်ကျခါစ
အချိန်ဆိုတော့ ၅ဝဝဝ ကျပ်နဲ့ သူတို့ အခေါ် ဘူးသီးဆိုင်ကယ်ပေါ်မှာကားယားကြီးခွလို့ ၊
ဦးထုပ်တွေဘာတွေနဲ့  မျက်နှာတွေကိုအဝတ်နဲ့ အုပ်လို့ ရင်တုန်ပန်းတုန်နဲ့ သွားရတာပါ။


ဆိုင်ကယ်မောင်းတဲ့ကောင်လေးက အမသေသေချာချာသာကိုင်ထားပါလို့ ပြောတဲ့ကြားထဲက၊
သူဘရိတ်အုပ်လိုက်တာနဲ့ ကျမသူ့ ခေါင်းပေါ်ကျော်ပြီး ရွှံတောထဲ ဒိုင်ဗင်ထိုးဝင်သွားပါတယ်:))
အိအိ ပျော့ပျော့ ပြဲပြဲ ရွှံမြေထဲ နှစ်ဝင်သွားတယ် ဆိုတော့ မနာပါဘူး။
ကျမတို့ ဆိုင်ကယ် ၄ စီး၊အားလုံး အမျိုးသမီးချည်းဘဲ..။ ရွှံတွေနဲ့ မချော်လှဲတဲ့ ဆိုင်ကယ်တစီးမှမရှိဘူး..။
ကျမရဲ့ ဖိနပ် ဘယ်ရောက်သွားမှန်းမသိဘူး..။ကောင်လေးက သူ့ ဖိနပ်ကိုထုတ်ပေးပါတယ်။
US ဆိုက်5.5 လောက်ဘဲရှိတဲ့၊ကျမခြေထောက်နဲ့ ဆိုတော့ လမ်းဘေးကတွေ့ တဲ့ပလပ်စတိတ်ကြိုးတွေနဲ့ 
အထပ်ထပ်ပတ်ထားရတာပေါ့။ ဖိနပ်က တထွာလောက်ရှည် ထွက်နေပြီး လူရုပ်က ရွှံလူးထားတော့ အရမ်းမိုက်တာဘဲ...။ ဟင်း..အဲတုံးက ကင်မရာလေးဘာလေး အနားမရှိလို့ ပေါ့..။နို့ မို့ ရင် ကျမရဲ့ ခရီးသွားဆောင်းပါးကြီး အတော်နာမည်ကျော်မှာဘဲ...အဟဲ..။

လမ်းမှာ ၂ခါလောက်ဘဲ နားတယ်။ ညမအိပ်ဘဲ အရောက်မောင်းမယ်ဆိုပြီး အသကုန်နင်းတာဘဲ..။
မိန်းမတွေချည်းဘဲဆိုတော့ ညမအိပ်ရဲဘူးလေ..။ ကံဆိုးရင်လည်းဓါးပြနဲ့ တွေ့ နိုင်တယ်..။
အဲဒီတုံးကလည်း ပေါမှပေါပေါ့..:)))
မနက် ၉နာရီလောက်မှာထွက်လာကြတာ ည ၈နာရီလောက်တာချီလိတ်ကိုရောက်တယ်။
အသိအိမ်မှာ ရေမိုးချိုးပြီး တည်းခိုခန်းမှာအိပ်ကြပါတယ်။ ဘယ်အမျိုးအိမ်မှလည်း မသွားဘူး..။
တိတ်တိတ်လေးဘဲ သွားခဲ့တာ..။ဟော!!!ကြည့်..ဒီမှာလည်း..တိုးတိုးလေး..ပြောပြနေတာပါ..:P
အဲဒီတုံးက ဒီလိုဘဲသွားလာ ဖြတ်သန်းနေကြတာလေ.။ခုလည်းဒီလိုပါဘဲလေ၊ လမ်းပိုကောင်းလာတယ်ပေါ့။
{ခုတော့ ကျမတို့ မြို့ မှတ်ပုံတင်နဲ့ ဆို ဟိုဖက်ကမ်းမှာ ပြပြီးဆေးကုဖို့ ဘုရားဖူးဖို့ ဗီဇာသဘောမျိုးပေါ့၊
တောင်းလို့ ရတယ်ပြောတယ်။များသောအားဖြင့် ကျိုင်းတုံကလူတွေ ကျိုင်းရိုင်း၊ကျိုင်းမယ် မှာဆေးကုကြတယ်။ရန်ကုန်မှာဆင်းကုရင်လည်း ကုန်ကျစရိတ်အတူတူဘဲ..။ပြောတာဆိုတာ
လည်းနားမလည်၊အစားသောက်လည်းဒုက္ခရောက်လို့ တဲ့။ ခေတ်တွေပြောင်းနေပါပြီလေ..}

နဲနဲဝင်ရှည်ရမယ်ဆိုရင် တလောတုံးက တာလေမြို့ မှာငလျှင်လှုပ်တော့ တမြို့ လုံးပျက်စီးပြီး လူတွေလည်း၊
ထိခိုက်ဒဏ်ရာရတယ်လေ..။ တာလေ မိုင်းဇင်းဖက်က ရှမ်းဘုန်းကြီး(တော်တော်အသက်ကြီးပါပြီ)၊
တပါးလည်းခြေထောက်ပေါင်ရင်းလောက်မှာ ဆိုလားကျိုးတယ်တဲ့။ ကျိုင်းရိုင်းခေါ်သွားဖို့ ပြင်နေတဲ့အချိန်၊
နေပြည်တော်က လူကြီးများ လာရောက်ကြည့်ရှုနေတဲ့အချိန်နဲ့ ကြုံတော့..ဟေ့..တို့ ဆီမှာလည်း
ဆေးရုံရှိတာဘဲ ဘာလို့ ပြည်ပအားကိုး ပုဆိန်ရိုးလုပ်ရမလဲဆိုပြီး၊ လေယာဉ်နဲ့ ချက်ချင်း ရန်ကုန်ဆေးရုံကို၊
ပို့ ပေးပါတယ်။(အဟီး ဂလိုတော့ဘယ်ပြောမလဲနော့်၊ ဒေါ်မီးစဉ်းစားပြီးရေးတာပါ၊ လေယာဉ်လက်မှတ်က 
ဒီတခါချက်ချင်းရတာနော်:P ) ဟိုရောက်တော့ လူကြီးပို့ လိုက်တဲ့လူနာဆိုတော့ အခန်းနဲ့ ဘာနဲ့ တော့ရပါတယ်။ ဘုန်းကြီးကလည်းဘယ်သူနဲ့ မှမသိ၊ကပ္ပိယလည်းဗမာစကားနားမလည်။
ဆးရုံကကျွေးတာဘဲ စောင့်ပြီးစားရတယ်လေ။ ရာသီဥတုကပူ ရန်ကုန်ဆေးရုံကြီးပါဆို အားလုံးက ပူလောင်နေတာပေါ့ စဉ်းစားကြည့်ပေါ့လေ..။ ဒါနဲ့  ဘုန်းကြီးက၊တောင်ကြီးက သူသိတဲ့  ဘုန်းကြီးဆီ
ဖုံးဆက်ပြီး အကျိုးအကြောင်းပြောပြတယ်။ တခါတောင်ကြီးက ဘုန်းကြီးက ပြန်ပြီး ၇န်ကုန် ကရှမ်းတွေထဲကယောက်ယောက်ကို ဆက်သွယ်လိုက်တော့၊
ကျမအမတယောက်နဲ့ ဆက်မိတယ်။ ကျမအမပြောပြတာ သူဆေးရုံလိုက်သွားတယ်။
သစ်သီးလေးတွေ သွားကပ်တာပေါ့။ ဘုန်းကြီးလေ သစ်သီးတွေကို အားပါးတရ ကလေးယောက်လိုဘုန်းပေးရှာတယ်တဲ့။ ဘာမှမစားနိုင်တာ ၃ရက်လောက်ရှိပြီတဲ့။
တော်တော်ဒုက္ခရောက်တာဘဲလို့ မိန့် ပါတယ်။ ကျမဆိုလိုချင်တာက ဘာသာစကားမတတ်၊ အသိအကျွမ်း၊
မရှိရင် ရန်ကုန်ကို ကျမတို့ ဒေသကလူတွေ တော်ရုံဆို မလာချင်ကြဘူး။ ကဲ...ဘေးချော်သွားပြီ။


ပြန်ဆွဲခေါ်ရမယ် တာချီလိတ်ဖက်ကို...:))))) နောက်နေ့ ရှိုးစမိုးထုတ်ပြီး ဟိုဖက်ကမ်းကို ကူးလာကြပါတယ်။
ကျမမိတ်ဆွေကို လာကြိုတဲ့ ကားကစောင့်နေတာ တက်စီးပြီး ကျိုင်းမိုင် ခေါ်တဲ့ဇင်းမယ်ရောက်ခဲ့တာပေါ့။
သူတို့ တွေက ကျမကိုရှမ်းဆိုပြီး ထိုင်းစကားတော်တော်တတ်မယ်လို့  အထင်ကြီးကြတယ်လေ..။
ကျိုင်းမိုင်မှာတညဘဲ အိပ်ပြီး၊ ဘန်ကောက်ကိုထွက်လာကြတယ်။ ကျမကိုလည်း အတင်းခေါ်ပြီး ကန့် လန့် ၊
ကန့် လန့် နဲ့ ပါခဲ့တာပေါ့။ သူတို့ ရဲ့ မိတ်ဆွေ ထိုင်းရတနာကုန်သည်(သူ့ မှာ ရတနာကုမ္မဏီနဲ့ 
ဆိုင်အကြီးကြီး ရှိတယ်လေ)ကသူတို့ ကို ဘန်ကောက်မှာ ကျင်းပတဲ့ ရတနာပြပွဲကိုဖိတ်တာလေ..။
အဲဒီတုံးက ပြပွဲကို ရှန်ကရီလာဆိုတဲ့ တကယ့် ကြယ်ငါးပွင့်ဟော်တယ်မှာပြတာပေါ့။
ပြပွဲကပေးသမျှစာအုပ်တွေယူ၊ ဟိုလူကြည့် ဒီလူကြည့်၊ ရတနာတွေ ဖြိုးဖြိုးဖြတ်ဖြတ်နဲ့ လင်းရှင်းနေတာပေါ့။
စိန်နဲ့ ပုလင်းကွဲတောင် ခွဲခြားခြင်းဌာမသိပါဘူး ဆိုတဲ့ မယ်မီးကိုများဂိုက်ဆိုပြီး ခေါ်လာတဲ့ အမတွေကိုလည်း အားနာပါတယ်။

 
ကိုင်း....တောသားတော့ ဒီတခါမြို့ တက်ပြီး စကြောင်တော့တာပါဘဲ...။
ကျမရဲ့ တောင်တလုံးမြောက်တလုံး ထိုင်းစကားကို တက်စီဒရိုင်ဘာတောင်နားမလည်ပါဘူး..။
ကိုယ်တည်းခဲ့တဲ့  ဟော်တယ်ရဲ့ လိပ်စာကိုပြန်ပြောတာ သူနားမလည်လို့ ။ ကားနဲ့ ၃ခါလောက်ပတ်ပတ်ပြီး၊
ရှာနေရတယ်။ တယောက်မှလည်းလိပ်စာကဒ်ယူမလာကြဘူး..။ နောက်ဆုံး သုံးဘီး တုတ်တုတ်စီးပြီး အင်တာနယ်ရှင်နယ်စကား၊ လက်ဟန်ခြေဟန်နဲ့ ပြောမှ ည၂နာရီထိုးတော့ ဟော်တယ်ပြန်ရောက်
လာကြတယ်:)))

ကျောင်းပြီးကတဲက တောင်ကြီးလောက်ဘဲသွားတတ်တာ၊ မြို့ တော်ရန်ကုန်လောက်ဘဲ ရောက်ဖူးတာကိုး။
အော်..သူများမြို့ တော်က ဂလောက်တောင် တိုက်တွေပေါနေတာကိုး...။သိမှမသိဘဲ..။
ဒါကြောင့် တို့ ဒေသက အိုက်စိုင်းတို့  နန်းအီတို့ ဆေးလာသုတ်ကြတာ ပြန်ကိုမလာကြတော့ဘူး။
စပါးစိုက်တဲ့သူတွေ၊ ခြံလုပ်တဲ့သူတွေတောင်ရှိတော့ဘူးတဲ့...။
ကျမတော့ ဒီဘန်ကောက်ကိုအဲတုံးကမြင်တာ ပါးစပ်လေး ဟောင်းလောင်းဟလို့ ..။

Hua Hin နဲ့ Cha-Am သွားလည်ကြပါတယ်။ ပြီးဇင်းမယ်ပြန်လာကြတော့ အဲဒီကအမတွေရဲ့ အမေအမ၊
ဆွေမျိုးတသိုက်က ဝိုင်းပြောကြတာ။မြန်မာပြည်ပြန်မနေနဲ့  ဒီမှာနေ။ဘဝရှေ့ ရေးအတွက်ကြိုးစား...။
ဘလားဘလားနဲ့ ..ပြောတော့ နေလိုက်တာ ၉နှစ်ကျော်ကြာခဲ့ပါကောလားးးးးးး။ 
သူတို့ ဆီမှာနေမယ်ဆိုရင် သူတို့ ကျောင်းတက်ဆိုလို့ ၊ကုပ်ချောင်းချောင်းနဲ့ အဖေ့သမီး
သူတို့ ကကြီးခခွေးကျက်မှတ်၊ခဲ့ရသေးတယ်လေ..။ကျောင်းတက်လိုက် အလုပ်လုပ်လိုက်နဲ့ နေနေတာ..။

အဖေကျမ်းမာရေး အခြေအနေမကောင်းလို့ အိမ်က အတင်းပြန်ခေါ်တော့မှ ပြန်လာဖြစ်တော့တယ်။
အော်..မေ့နေလို့  သူတို့ တွေက ကချင်လူမျိုးတွေလေ...။
ဟား..ကချင်တောထဲက ရှမ်းမတယောက်အကြောင်းဆက်ရအုံးမယ်...။ 


ကဲ...ခရီးတော့စထားပြီးပြီ။
တကယ်တမ်းပြောမယ်ဆိုရင် တထောင့်တညပုံပြင် ဘယ်ကလိမ့်မတုံးဗျို့ ....
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ
မီးမီး 

ဒီကာလရဲ့ တာချီလိတ်-ကျိုင်းတုံကားလမ်းခရီးကိုကြည့်ချင်ရင်တော့ဒီမှာနဲနဲရေးထားတာရှိပါတယ်။ 

Tuesday, September 25, 2012

သူတို့ ဖက်ကကြည့်တော့လက်ဖဝါးပေါ့..

မင်္ဂလာပါရှင်~~~

၂ဝ၁၂ စက်တင်ဘာလ ၂၂ ရက်နေ့  နယူးယောက်နဲ့ အနီးအနားတဝိုက်မှာနေကြတဲ့ မြန်မာနိုင်ငံဖွား၊
တိုင်းရင်သားတွေ ဗမာလူမျိုးတွေ တော်တော်များများ ဒီပွဲကိုလာကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ နယူးယောက်မြန်မာပြည်သူတွေနဲ့ တွေ့ ဆုံတဲ့ပွဲပေါ့ရှင်။ 
သူများတော့မပြောတတ်ပါဘူး၊ကျမတို့ ၂ ယောက်တော့ ယူအက်စ်လာမယ်လို့  ကြားကတဲက၊
သွားကိုသွားတွေ့ မယ် ဘယ်လိုနည်းနဲ့ ဖြစ်ဖြစ် ဘယ်နေရာဖြစ်ဖြစ်ဘဲဖြစ်ဖြစ် လို့ တိုင်ပင်ထားကြပါတယ်။
အဲဒီနေ့ မရောက်မှီ သောကြာနေ့ ကတဲ့ကသူကဖျားပါတယ်။ နီးနီးနားနားဟိုတယ်မှာ သွားတည်းမယ်ဆိုတဲ့၊
အစဉ်အစဉ်ဖျက်ပြီး မနက် ၅နာရီမှာ တက်စီနဲ့ သွားခဲ့ကြပါတယ်။


၅နာရီ ၄၅ မိနစ်လောက်မှာရောက်သွားခဲ့တယ်။ကားပေါ်ကဆင်းဆင်းချင်းပေါ့၊ ကိုယ့်ထက်ဝိရိယရှိတဲ့သူတွေ အများကြီးပါဘဲ...။











ကျေးဇူးရှင်က အဖျားတက်နေလို့  ခပ်တုန်တုန်နဲ့ ရိုက်ပေးတော့လည်း မှုံရီဝိုးတဝါးလေး မနက်ခင်းက၊
ပိုတောင်ပီပြင်သေးတယ်။(အော်.ဒီလိုဘဲ.ဖြေသိမ့်ရတယ်လေ)
အပ်နဲ့ အပ်ချည်ဘဲရှိတဲ့ ကျမရဲ့ လက်ဖြစ် ချိတ်နဲ့ ပတ်ထမီလေးကလည်း မီးပုံးပျံလား၊စည်ပိုင်းပြတ်ကို အဝတ်ပတ်ထားတဲ့အတိုင်း..အဟိ။ လူကလည်းပု ..။ အိုး..စူပါမိုက်စ်စိန် :)))



နဲနဲလင်းလာတော့ ကျမတို့ ရဲ့ အနောက်မှာတန်းလည်း တဖြေးဖြေးရှည်လာပါတယ်။



ကဲ..ဒီနေရာမှာ အမြင်အမျိုးမျိုး ရူဒေါင့် အဖက်ဖက်ကနေကြည့်လို့ ရပါတယ်။

ဒီတခါတော့ ကျမတောင်ပေါ်တောသား တယောက်အမြင်နဲ့ ကျမပြောပြမယ်နော်။



ကျမတို့ ၂ယောက်အတွက်တော့ ဒီလိုမြန်မာပြည်ရဲ့ ပြင်ပ မှာ၊ ကိုယ့်နိုင်ငံသားတွေကို တစုတပေါင်းတည်း၊

ဒီလိုတခါမှ အများကြီးမတွေ့ ဖူးဘူးလေ။ ပုဆိုးတွေ ထမိန်တွေနဲ့ ဗမာစကားအကျယ်ကြီးခေါ်ကြပြောကြ၊
တကယ်ပျော်စရာကောင်းတာဘဲ။ ကျမအနောက်မှာထမိန်ဝတ်ထားတဲ့ အမျိုးသမီးတွေနဲ့  တွေ့ လား။
သူတို့ နဲ့ ဓါတ်ပုံရိုက်ချင်တာမပြောရဲလို့ ။ ငါးခူပြုံးလေးနဲ့ အလယ်ကနေရိုက်တော့၊ အားလုံးပါသွားတယ်လေ:P



သူတို့ ထမိန်အဆင်တွေ လိုက်ကြည့်ရအောင်..။ကျမလေ ချည်သားထည်တွေအရမ်းကြိုက်တယ် အေးလို့ ။

ပိုးထည်တော့မကြိုက်ပါ တရွမ်းရွမ်းထလို့ ။ 



အရမ်းကြီးကို လှတာဘဲ၊အရောင်ရော အဆင်ရော..။

အရေးထဲ သူကယောက်ကျားပုဆိုးတွေကို လိုက်လက်ညှိးထိုးနေတယ်လေ။
အဲလို အရောင်ကြိုက်တယ်၊ ဝယ်ပေးပါ...တဲ့။ လူတွေကြားထဲမှာ ကျမတို့ ၂ယောက်က ဂနာမငြိမ်ဆုံးပါဘဲ။
ယောက်ကျားလေးတွေကိုတော့ ဓါတ်ပုံလိုက်မရိုက်ရဲပါဘူးလေ။



ဖြတ်ကနဲ လှမ်းလှမ်းပြီးရိုက်ယူတော့ တချို့ ပုံတွေက ဝါးနေတာ..ထမိန်ဆင်တွေ အားလုံးနီးပါး သာရေယိုခဲ့ရတယ်။ ဒါကတော့ မယ်မီးရဲ့ မိန်းမဆန်တဲ့ ရူဒေါင့်ကအမြင်ပေါ့..။




ဟော..ချစ်စရာကောင်းတဲ့တိုင်းရင်းသားဝတ်စုံတွေနဲ့ ၊ဒေါ်အောင်ဆန်းစုကြည်ကိုပန်းစည်းဆက်သဖို့ တဲ့။
ကျမအဝေးကနေဘဲ လှမ်းရိုက်လိုက်တာပါ။ တချို့ လူတွေသူတို့ အုပ်စုနဲ့ တွဲပြီးဓါတ်ပုံတွေရိုက်နေတာတွေ့ ရတယ်။
တိုင်းရင်းသားဝတ်စုံတွေ လှပပြီးချစ်စရာကောင်းသလို၊ သူတို့ စကားပြောရင်လည်းဝဲနေတာက၊ ချစ်စရာ ပိုကောင်းမနေဘူးလား....(အဟဲ..ကိုယ့်လိုလေ....:P )
ရှမ်းလိုမမှုတ်ရတာကြာလို့ ၊ ရှမ်းလိုဝတ်ထားတာတွေ့ လို့ ၊

သွားဖြီးပြပြီး စကားသွားပြောတော့ ရှမ်းပြည်မှာအနေကြာလို့ ဝတ်တာပါတဲ့ ။
အဲ...ချစ်စရာကောင်းတဲ့ ဦးလေးကြီး..ကလည်း ရှမ်းဟုတ်ဘူးတဲ့..။



ကျမနဲ့ ကပ်ရပ်တန်းစီနေတဲ့ အကိုလေး၂ယောက်ကလည်း တိုင်းရင်းသားအကြောင်းတွေပြော နေတယ်။
သူတို့ ပြောတာနားထောင်ကြည့်တော့..ဟော ကျိုင်းတုံအကြောင်းဆိုပါလား...။
ဇင်းမယ်က ယွန်းရှမ်းနဲ့ တူတာတွေ၊ ကျိုင်းတုံကရှမ်းတွေက တခြားရှမ်းတွေနဲ့ စာအရေးအသားမှာကွဲပြား၊
နေတာတွေ ကြားတော့ ခပ်တည်တည်နဲ့ အနားမှာ မယောင်မလည်ရပ်ပြီး နားထောင်ခဲ့တယ်လေ။ 
ပြောနေရင်းနဲ့  ဒွတ်တို့ ရွှတ်တို့ အိုင်တို့ ယူတို့  ထဲ့ပြောပြီး နောက်ဘိုလို တော့ခ်နေကြတာပေါ့။
တခါခါ ဘိရုမာနဲ့ လည်း တော့ခ်ကြပါသေးတယ်။ ပြီး အီးလိုမှုတ်နေကြတာ...။ပြောတော့ တိုင်းရင်းသား၊
သမိုင်းအကြောင်း....။အကိုလေးတို့ ရေ..ကျမအကိုလေးတို့ စကားဝိုင်းကိုနားထောင်ရတာ အရမ်းနှစ်သက်ပါတယ်။ဒါပေမဲ့ မုန့် ဟင်းခါးထဲ ချိစ်ဖြူးစားရသလိုဖြစ်နေလို့ ။

မြန်မာ အချင်းချင်းတွေ့ တုံး၊ အားရပါးရပြောခွင့်ကြုံတုံး၊ ဘာလို့ တခြားဘာသာက ကြားညှပ်လာရတာလဲဗျာ။ တနေ့ ၈ နာရီလုပ်ငန်းခွင်မှာ၊ တခြားနေရာဒေသမှာ ဒီကသူတို့ စကားကို ပြောကိုပြောနေရတာဘဲဟာ..။ အိမ်ပြန် မိသားစုနဲ့ တွေ့ မှ ဒီစကားလေးဘဲပြောရတာ။
နှစ်ပေါင်းများစွာနေလာလို့  မေ့သလိုဖြစ်နေရင်လည်း အခုအခွင့်အရေးရတုံး ပြောပေါ့..နော်..။
အင်းးမိဘဖြစ်သူတွေကတောင် ဒီလိုဖြစ်နေရင် သူတို့ သားသမီးတွေ မြန်မာလိုမတတ်တာ မထူးဆန်းပါဘူး။


ဒီအကိုလေးတွေလို့ မဆိုလိုဘူးနော်..ဂိတ်တံခါးဖွင့်ပြီဆိုတော့ အမှတ်တရလှမ်းရိုက်လိုက်တာ..:P
ဒေါ်အောင်ဆန်းစုကြည်ကိုမေးတဲ့ မေးခွန်းမှာတောင် ဒီလိုခပ်ဆင်ဆင်မျိုးပါသေးတယ်။
ကျမတို့ ဆွေမျိုးတသိုက်တော့ အချင်းချင်းတွေ့ ရင် ရှမ်းလိုဘဲပြောတာ။
မြန်မာလို ဘယ်တော့မှ ပြောလေ့မရှိဘူး။ တခြားရှမ်းစကားမတတ်တဲ့သူရှိမှ မြန်မာလိုပြောကြတယ်။
ကိုယ့်မိခင်ဘာသာ စကားကလွဲလို့ တခြားဘာသာစကားကို ပီသအောင်မပြောနိုင်တာကိုလည်း မရှက်ပါဘူး။ သူတို့ စကားကိုသူတို့ လိုပြောတတ်အောင် ကျင့်နိုင်သလို၊ကိုယ့်ဘာသာစကားကိုလည်း၊
သားသမီးတွေမမေ့အောင် အမြဲဘဲ ပြောပေးရမယ်လေ...နော့်။
အင်းးးလျှာရှည်နေတာ..ချောင်းရိုက်ခံရတော့မယ်...ဟီး..။
ဒါကတော့ ရိုးရာဓလေ့ထုံးစံအပေါ် ကျမရဲ့ ရူဒေါင့်အမြင်ပေါ့..။


တန်းကြီး..ဟိုးနောက်ဖက်အထိတောင်ရောက်သွားပြီ။


video

လုပ်အားပေးတဲ့ မောင်ငယ်လေးတွေက လိုက်ပြောပါတယ်။ အသက် ရဝကျော်နဲ့  ကိုယ်ဝန်ဆောင်သည်၊
တွေအရှေ့ ဖက်ကိုကြွပါတဲ့။ ကျမတို့ နားမှာ ၆၈ နှစ်အန်တီနဲ့ အန်ကယ်ကြီးက ရဝကျော်ပါပြီ ။
မိသားတစုရှိတယ်။ ၆၈နှစ်ကော သွားလို့ မရဘူးလားလို့ ဝိုင်းမေးကြ၊ ခပ်ဝဝ ဗိုက်ပူပူအကိုလေးတယောက်ကိုလည်း ကိုယ်ဝန်ကြီးနဲ့ ဆိုပြီးလက်ညှိးထိုးပြ၊ သူတို့ ပြန်ဖြေပါတယ်။
အောင်ထရာဆောင်းလက်မှတ်ထောက်ခံစာလိုတယ်တဲ့...။
နှာခေါင်းတရူံ့ ရူံ့ နဲ့ လူတယောက်က ထအော်လိုက်သေးတယ်၊
မုန့် ဟင်းခါးနံရတယ်။ ကျွေးမလားမသိဘူး..တဲ့။ဆူညံအော်ဟစ်နေကြတာ တကယ်ပျော်ဖို့ ကောင်းတယ်။



ကိုင်း အထဲရောက်ပြီ။ထိုင်ကြ ပြောကြဆိုကြနဲ့ ပေါ့။ ဒီလောက်လူတွေအများကြီးထဲ ကျမတို့ ၂ယောက်၊
သိတဲ့သူတယောက်မှမပါပါလားလို့ ပြောနေတုံးမှာဘဲ၊ ကျမနှဘေးထိုင်ခုံမှာ ကျမရန်ကုန်မှာနေတုံးက ၊
ကျမအိမ်မှာလာနေဖူးခဲ့တဲ့ ညီမလေးတယောက်လာထိုင်တာ။ ဝမ်းသာအားရဖြစ်ပြီး စကားတွေပြောနေလိုက်တာ ကျမပတ်ဝန်းကျင်ကိုတောင်မေ့သွားတယ်။


စစချင်း ဒီဆရာလေးစကားပြောတာ လူများတော့ သူလန့် နေတာလားသိဘူး။
နေ့ ရက်ကြေငြာတော့မှားသွားတယ်။ လူတွေ ဟေးဟား..ဆိုပြီးအော်ကြတယ်။



ရောက်လာပြီ..။ အပြင်မှာလည်း ရုပ်သံတွေ ဓါတ်ပုံတွေထဲကတိုင်းပါဘဲ၊ ပိန်ပိန်ပါးပါးနဲ့ ၊
အားလုံးမတ်တပ်ရပ်ပြီး လက်ခုပ်တီးကြပါတယ်။







ကဲ...ဘယ်လောက်ကျက်သရေရှိသလဲ...။ သူ့ ကိုကြိုက်တာ မျက်စိကန်းလို့ ဟုတ်ဘူး။
ရုပ်ဆင်းအင်္ဂါနူးညံတယ်၊ ကျက်သရေမင်္ဂလာရှိတယ်။ အမျိုးကောင်းသားသမီးဖြစ်တယ်။ပညာတတ်တယ်။
သူနိုင်ငံခေါင်းဆောင်ကြီးဖြစ်လို့ အာဏာရလာရင်လည်း မတရားခေါင်းပုံဖြတ် အမြတ်ထုတ်မှာမဟုတ်ဘူးဆိုတာ အကျွမ်းမဲ့ ယုံကြည်တယ်။ နူးညံတဲ့သဘောထားတွေနဲ့ တိုင်းပြည်ကို၊
အုပ်ချုပ်နိုင်တယ်...ဒါက သာမာန်ပြည်သူ ဘာမှ နိုင်ငံရေးနားမလည်တဲ့ ကျမတို့ ရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထားတဲ့ မပြောင်းလဲတဲ့ သဘောထားပါ။




ကဗျာဆရာ မောင်စွမ်းရည် ...။



ပြီးခါနီးလေးမှာ...။
 အခန်းအနားပြီးဆုံးသွားပါပြီ..။
 ဘယ်အသံလွှင့်ဌာနလည်းတော့မသိဘူး...။



ဟိုး..အောက်ဒေါင့်နားမှာ အော်ကြဟစ်ကြနဲ့ ။ ဒီမိုကရေစီနိုင်ငံကိုး... မကြိုက်တာလည်းပြော၊
ကြိုက်တာလည်းပြော။ သေသေချာချာသိပြီးမှ ပြောကြအော်ကြတာတော့ ပိုကောင်းတာပေါ့နော်..။
အားလုံးကြိုက်ရမယ်လို့ မဆိုလိုပါဘူးလေ...။ကိုယ့်အချင်းချင်းတွေထဲမှာတောင် ပြောကြဆိုကြသေးတာဘဲ။



video

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့် ခွန်းတွေကိုတော့ အွန်လိုင်းပေါ်မှာပလူပျံအောင်တွေ့ ရမှာပါ။
နားထောင်ပြီးလောက်ပြီလို့ ထင်ပါတယ်။ နားမထောင်သေးရင်လည်း နားထောင်ဖြစ်အောင်လို့ ၊ နားထောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကျမတို့ ဘယ်နိုင်ငံကလာသလဲ ဆိုတာ၊တချို့ ကမသိပေမဲ့၊
ဒေါ်အောင်ဆန်းစုကြည်လို့ ပြောရင် အားလုံးဘဲ သိကြပါတယ်။
ဒီလိုကမ္ဘာကျော်တဲ့ ပုဂ္ဂိုလ်မျိုးက ကျမတို့ ခေါင်းဆောင်ကြီးဖြစ်တယ်ဆိုတာ ဂုဏ်ယူတယ်။

အပြန်မှာ ကွင်းစ်ဖက်က ရထားဘူတာအထိ ဘတ်စ်ကားစီးသွားပါတယ်။
အဲနားတဝိုက်က တရုတ်ဆိုင်မှာ စားသောက်ပြီး ပြန်ခဲ့တာပေါ့။



တရုတ်မုန်ညှင်း မှိုမွှေး ပေါင်း...
ဘဲသားကြွပ်ကြွပ်တဲ့...။



ဟင်းရည်ကောင်းပေမဲ့ ယောက်ချိုကြီးကပဲ့နေပါလား.....။

ဆိုင်ကထွက်တော့ လက်ကိုထောင် နေကိုကာပြီး ကြည့်ရတယ်...။အပြင်မှာနေကြဲကြဲတောက်ပူလို့ ။
ဒီကွင်းစ်ကြီးက လူလည်းများလိုက်တာ..။
အဲ...အပေါ်မော့ကြည့်မိတော့  ကျမလက်ဖမိုးကိုဘဲမြင်ရတယ်လေ။

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေရှင်...
မီးမီး

Thursday, September 20, 2012

နယူးယောက်မြို့ ၏နွေရာသီကာလအခါ..

မင်္ဂလာပါရှင်~~~
ရာသီတွေ ဥတုတွေပြောင်း၊ နွေကုန်လို့ ဆောင်းဦးရာသီထဲရောက်တော့မယ်...။
ကျမတော့ ဆောင်းတွင်းချိန်ဘဲ၊ နယူးယောက်မြို့ ထဲရောက်ရတာ။
ဒီနွေတုံးကသွားခဲ့တာ၊ ပြန်ပြောပြမလို့ ...။
နယူးယောက်မှာနေတယ်ဆိုပြီးတော့ အရင်နေခဲ့တဲ့ Longisland ကနေလာဖို့ ဆိုတာ၊ အချိန်ပေးရတယ်။
ကားနဲ့ သိပ်မရောက်ဖြစ်ဘူး။ ရထားဘူတာရုံမှာ ကားထားပြီး ရထားကို ၄၅ မိနစ်လောက်စီးရသေးတယ်။

ဟော..ခု နယူးဂျာစီပြောင်းသွားတော့၊အိမ်ရှေ့ မှာ ဘတ်စ်ကားဂိတ်ရှိတယ်။
ဒါနဲ့ ၂ယောက်သားမြေပုံလေး ကိုင်ပြီး ဘတ်စ်ပေါ်တက်လိုက်လာတာ ၁၅မိနစ်နဲ့  နယူးယောက်မြို့ လည်ခေါင်ကိုရောက်လာကြတယ် ဆရာ...မိုက်ထှာ။နောက်မကြာမကြာသွားပေးရမယ်။
ဘရော့ဝေးပြဇာတ် ဆိုတာလည်းကြည့်ဖူးသေးဘူး။ ဒိုင်နိုဆောရုပ်ကြွင်းကြီး ဆိုတာလည်းသွားချင်သား..။

ကျမအိမ်ရှေ့ ဘတ်စ်ကားက Post Authority Bus Terminal ၄၁ လမ်းမှာဂိတ်ဆုံးပါတယ်။
ဒီBus Terminalမှာ တနေ့ နေ့ ဘတ်စ်ကားနဲ့ ခရီးသွားလာတဲ့သူပေါင်း ၂သိန်းကျော်ပါတယ်တဲ့..။ 
ဒီအမေရိကားမှာတခါမှ ဘတ်စ်ကားမစီးဖြစ်ဘူး။ ကျမတို့ ၂ယောက်က ဒီလိုခြေဦးတည့်ရာသွားနေရတာ၊
အတော်ဝါသနာပါတယ်လေ..။ ဒီတခါတော့တချက်ခုတ် ၂ချက်ပြတ်ဘဲ..။
သူ့ ကိစ္စကတနင်္လာနေ့ စောစောရှိတော့ တနင်္ဂနွေနေ့ ကို ကျောပိုးအိတ်လေးနဲ့ ထွက်လာကြတယ်။
တနေကုန်လျောက်သွားကြမယ်။ ညသူ့ အလုပ်နဲ့ နီးတဲ့ဟော်တယ်မှာတည်းမယ်။ ဒါဘဲလေ...။
ကဲ...မြို့ ထဲသွားရအောင်...။
ကားပေါ်ကဆင်းဆင်းချင်း bus Terminal အဆောက်အဦထဲမှာဘဲ သမုဒ္ဒရာဝမ်းတထွာအတွက်၊
ဖြည့်ရသေးတယ်လေ..။ ကြက်သားကင်ဆလတ်နဲ့ စပါကက်တီ...။
ကဲ..ဒီတခါရာသီဥတုလည်း အိုကေတယ်ဆိုတော့ လမ်းဘဲလျောက်ကြရအောင်ဆိုပြီး၊
ချီတက်ခဲ့ကြတာပေါ့။

 အပြန်အတွက် လက်မှတ်ဘယ်နေရာကနေဝယ်ရသလဲဆိုတာကို သွားကြည့်ထားတာ။
အလာတုံးက လမ်းဘေးကားမှတ်တိုင်ကနေတက်ရင် ကားဆရာဆီကနေဝယ်လို့ ရပေမဲ့၊
ကားဂိတ်စကနေစီးရင်တော့ လက်မှတ်ပါမှပေးတက်ပါတယ်။ 
အဲဒီ ရုပ်ထုဖြူဖြူကြီး အနောက်ဖက်နားတဝိုက်မှာ လက်မှတ်ရောင်းကောင်တာတွေ ရှိပါတယ်။

 
 ကဲ..အဆောက်အဦကနေ ထွက်တာနဲ့  သတင်းစာတိုက်ကိုမြင်ရတယ်..။
အဲဒီကသတင်းစာကို ဟော်တယ်မှာနေရင်တော့ အလကားရလို့ ဖတ်တယ်။
နို့ မို့ ရင် အွန်လိုင်းပေါ်မှာဘဲ ဖတ်နိုင်တယ်..ဟီး( ကပ်စီးကုပ်လေ)။
ဒီလမ်းတည့်တည့်သွား ညာဖက်ချိုးရင် တိုင်းစကွဲယားကြီးဆိုတာရောက်ပြီတဲ့..။

ဘတ်စ်ကားကြီးကလည်း အူကြောင်ကြားကြီး...;P

 နေပူပူ မှာ လူဖြူဖြူတွေ ဘာတွေကြည့်နေကြသလဲ...

 
  အော်..လမ်းပိတ်ဘောကန် ဆိုတာ၊ တို့ ဆီမှာလည်းရှိတာပေါ့နော့်...:)))

 ဘောလုံးကန်တာလား..လူလည်းနဲနဲလေး ကွင်းလည်းသေးသေးလေး...။

 
 ဒီဓါတ်ပုံထဲမှာပါတဲ့ ဟိုးအလယ်က အဆောက်အဦ ထောင့်ချွန်ထိပ် မှာအဝိုင်းအလုံးလေးရှိတယ်။
သူတို့ ဒီဇင်ဘာလ ၃၁ရက်နေ့ ည အဲဒီအလုံးလေးကိုမျော်ကြည့်နေကြတာလေ..ည ၁၂ထိုးရင်အလုံး၊
လေးပြုတ်ကျလာတာလေ..။မြင်ဘူးကြမှာပါ။ လူပေါင်းသိန်းသောင်းချီပြီး ဒီနေရာမှာစုကြတာပေါ့..။

 
 ထိုင်းမမလေးတယောက် ဖက်ရှင်အတွက်လာရိုက်တာတွေ့ လို့  ပြန်ရိုက်ပါတယ်ဆို ဒီလူကြီး၊ ဖင်ထိုင်ချတဲ့၊
အခိုက်နဲ့ ကြုံသွားတာလေ...ဟိ။
တွေ့ လား...နှုတ်ဆက်နေပါတယ်လေ...:P
ကြော်ငြာဆိုင်းဘုတ်က အပြင်လမ်းပေါ်ကလူတွေပြန်ရိုက်ထားတာ.။လူတွေအဲ့နားနေပြီးလက်ပြနေကြတာ။

 
ဟဟ..ကျောပိုးအိတ်၊ဦးထုတ်၊ထီးဂေါက်ကြီးနဲ့  တောသားကတော့ ကျမပေါ့..:P

 
ပြောင်ပြောင်ကြီး..:))သူ့ တင်ပါးကို ဂန်ဒူးအဖိုးကြီးတယောက်အတင်းလိုက်ပွတ်လို့ ၊
သူ့ ခမြာထွက်ပြေးလိုက်ရတာ...ဟားဟား..တကယ်ရီရတယ်။

ဒီလူ၂ယောက်တော့ ဘယ်အချိန်လာလာ တွေ့ တယ်။

စိန်တန်း ၄ရလမ်းဖက်ကိုဖြတ်ပြီး သွားခဲ့တယ်။ တနင်္ဂနွေလည်း တချို့ ဆိုင်တွေဖွင့်နေတာ တွေ့ တယ်။

ဟား..ဒီတခါပိုမိုက်သွားတယ်။ လမ်းဘေးဈေးတန်းတမျော်ခေါ်နဲ့ တိုးတယ်။
ဒီညစာတော့ ဒီမှာဘဲကြံဖန်လို့ ရပြီလေ..။

 
Subway တော့ဟုတ်ဘူး။ အီဂျစ်way လား၊တူရကီway လား..မသိ။
 
 ဘာတွေဝယ်ရမလဲမသိဘူး..သွားပတ်ကြည့်ရအောင်..။
 အကင်ကလည်းများများစားရင် ကင်ဆာဖြစ်နိုင်ချေများတယ်တဲ့။ ရှောင်အုံးမှ..။

 ထိုင်းဆိုင်...။

အော်..တခုတကျပ်ဆိုတာ ကော်ပြန့် လိပ်ကိုပြောတာပါတဲ့..။
 
 တန်းစီရမှာကြီးဟယ်..။ တန်းကလည်းရှည်ပါ့။

နွေရာသီ အဝတ်အစားလေးတွေလှလိုက်တာ..။

ဆိုင်တွေခြုံကြည့်ရင် အာဖိန်၊အာချိန်တို့ ပစ္စည်းကို၊မူတူးတို့ တသိုက်က အန်ကယ်ဆာမ် နေရာကနေ
လာတီးနီုတတွေကိုရောင်းပေးနေကြတာဘဲ :))) (ပြင်ညာရှင်ဂျီးဒေါ်မီးသုံးသပ်ချက်..ဌဲဌဲဌဲ)

မပြီးတော့ဘူး..ရှည်လိုက်တာ..ညောင်းလာပြီလေ..။
ဖတ်ထိုင်းနဲ့ ထမင်းကြော်ဝယ်ပြီး ပြန်ခဲ့တယ်လေ။
ကိုင်း...ဟော်တယ်ရောက်ပြီလေ။

အခန်းထဲကနေ ကြီးဒေါ်ကြီးတိုက် :P ကိုမြင်ရတာ..။
ညဖက်မြင်ရတာ..။
ညအိပ်ယာဝင်တော့ အိပ်ယာကလည်းနံပါတ်နှိပ်ပြီး အပျော့အမာလုပ်လို့ ရတယ်ဆိုလို့ ။
တညလုံးဘဲ အလုပ်ရှုပ်နေတာ၊ပက်လက်လေးအိပ်လိုက်၊နှိပ်လိုက်နဲ့ ကစားစရာအသစ်တခု ရတဲ့၊ ခလေးလိုပေါ့:P ကျမရဲ့ မွှေ့ ယာနံပါတ်က ၄ဝ ...တဲ့...အဟဲ...။

ရွှင်လန်းချမ်းမြေ့ ကြပါစေရှင်...
မီးမီး


ps..ဒီနယူးယောက်၊နယူးဂျာစီမှာနေတဲ့သူများတွေကတော့ နေ့ တိုင်းသွားလာနေကြတော့
     မထူးဆန်းပေမဲ့ တခါမှမသွားဘူးတဲ့ ကိုယ်တို့ အတွက်တော့ အသစ်အဆန်းပေါ့လေ။

     စနေနေ့ ကျရင်အရှေ့ ဖက်ကမ်းခြေက မြန်မာနိုင်ငံသားတွေအများမျော်လင့်စောင့်စားနေတဲ့နေ့ ၊
     ကျမလည်း စိတ်လှုပ်ရှားတယ်။ သွားချင်၊ဝတ်ချင်လွန်းလို့ ထမီလေးကို  ပြင်ချုပ်နေတာ တပတ်
     လောက်ရှိပြီ။ တိုးခွေ့ ပြီး ဓါတ်ပုံလေးတွေရိုက်မယ်။ အရမ်းကြီးတွေ့ ဖူးချင်တဲ့၊ လေးစားချစ်ခင်တဲ့၊
     တဲ့သူနဲ့ တွေ့ ရမှာ...ပြီးပြန်ပြောပြအုံးမယ်နော်..။