Saturday, September 8, 2012

My Treasure (TAG) နဲ့ လေလှိုင်းပေါ်ကအင်တာဗျုး

မင်္ဂလာပါရှင်~~~

ဒီတခါတော့ ရာဇဝင်လေးဘာလေးနဲ့ ဒုတ်ထမ်းပြီး ပြောအုံးမယ်လေ..:P
ကျမ မိတ်ဆွေစန်းထွန်းက တဂ်လိုက်တော့ ရေးရတာပေါ့။

(၁) သင့်ဘလော့လေးကို ဘယ်အချိန်ကစပြီး တည်ထောင်ခဲ့ပါသလဲ … ဘယ်လိုတည်ဆောက်ခဲ့ရသလဲ ?
     ကျမ သင်္ကြန်ရက် ဧပြီလ ၁၄ ရက်နေ့ ၂၀၁ဝ ခုနှစ်က နယ်သာလန်မှာစရေးခဲ့တာပါ။
    (ဘလော့ကိုပြန်ကြည့်တော့ တိတိကျကျ ကိုရေးထားလို့ မှတ်မိတာပေါ့နော့် :))))
     သင်္ကြန်ရက်လေး ဘုန်းကြီးကျောင်းသွားချင်တာ ၊ ရှာမတွေ့ ဘူး၊
     အဲဒီအချိန်က နယ်သာလန်ရောက်ခါစ၊ အမ်စတာဒမ်မှာရှိတယ်လို့ အွန်လိုင်းပေါ်က
     အကိုလေးတယောက်ကတော့ပြောပြတယ်။ နောက်တော့ ကျောင်းထိုင်ဘုန်းကြီးရှိဘူးတဲ့။
     တခြားအချိန်တွေဆိုရင် အိမ်မှာတယောက်ထဲ ငေါင်နေတာ ဘာမှမဖြစ်ပေမဲ့၊
     ဒီလို သင်္ကြန်ချိန်ခါ မှာတော့ တကယ်အိမ်ကိုလွှမ်းတယ်။
     တယောက်ထဲငေါင်နေတာနဲ့ တော့မဖြစ်ပါဘူးဆိုပြီး ထပြီးကောက်ရေးဖြစ်မိပါတယ်။
     တကယ်ဆိုရင် ၂ဝဝဂ ခုနှစ်ကတဲက ကျမရေးနေပါပြီ။
     အဲဒါက ဒီအတိုင်းဘဲသိမ်းထားတယ်။ Private လုပ်ထားတုံး...:)))

(၂) ဘလော့ကို ဘယ်လိုရည်ရွယ်ချက်ကြောင့် တည်ထောင်ဖြစ်ခဲ့သလဲ ?  
     ရှက်ရှက်နဲ့ ဝန်ခံရရင်တော့ ဘာရည်ရွယ်ချက်ကြီးကြီးမာမား မရှိခဲ့ပါဘူး။
     အားနေတာနဲ့  အချိန်တွေ ဘယ်လိုကုန်အောင်လုပ်ရမလဲ ဆိုတဲ့ သာမန်
     အိမ်ထောင်ရှင်မတယောက်အတွက်တော့ ဘာမှထွေထွေထူးထူးမရှိပါဘူးလေ။
     အပျင်းပြေ ကစားစရာတခုလို သဘောထားပြီး ကလိခဲ့တာပါ။
     နည်းပညာလည်း မတတ်ပါဘူး။ ဟိုနှိပ်လိုက် ဒီတို့ လိုက်၊ သူများစာတွေလိုက်ဖတ်လိုက်၊
     သူတို့ ပြောတဲ့ အတိုင်းအားလုံးလိုက်လုပ်ကြည့်တယ်။
     ဘလော့တခုရသွားမှ ပိုဆိုးတာ။ မြန်မာလက်ကွက် လုံးဝမနှိပ်တတ်။ဘာဆက်လုပ်ရမှန်းသိဘူး။
     ဘယ်ဖောင့်သွင်းရင်ကောင်းမလဲ လို့ ရှာရတာက ၂ ရက်လောက်ကြာတယ်။
     လက်ကွက်လေး ပရင့်ထုတ်ပြီး တလုံးချင်းစီရေးရတာ။
     စာလုံးပေါင်းမမှားအောင်လည်း ဂရုစိုက်ရသေးတယ်လေ။
     ဒီတော့ ဓါတ်ပုံတွေဘဲ လိမ့်တင်မိပါတယ်။ ကျမမှာ တူတူမတွေ အများကြီးရှိပါတယ်။
     သူတို့ တွေက ကျမသူများနေရာမှာဘယ်လိုနေထိုင်စားသောက်တာတွေ၊
     အရမ်းသိချင်ကြတယ်လေ။ သူတို့ တွေကို ပြောပြချင်တာနဲ့  မြန်မာလို ရေးနိုင်အောင်ကြိုးစားခဲ့တယ်။
     ဒီတခုကိုလည်း စစချင်း ကိုယ့်ဖာသာကိုယ်ရေး ကိုယ်တယောက်ထဲဘဲ သွားဖတ်တာပေါ့..အဟဲ။
     ဘယ်သူ့ ကိုမှမပြောပြဖူးဘူး။ စကားတောင် ပီအောင်မပြောနိုင်တာ။စာတွေတောင်ရေးလို့ ဆိုပြီး၊
     ကဲ့ရဲ့ ခံရမှာလည်းကြောက်တယ်။
     ကျမ ဘလော့ဖွင့်ထားပြီး သူများဘလော့ အင်းလေးအကြောင်းရေးတာတွေ့ လို့ ၊
     ဝင်ကော်မန့် ပေးမိတယ်။ သူကပြန်လာပြီး ကျမဆီလာတာတွေ့ လို့ အရမ်းအံသြသွားပြီး၊
     ဝမ်းသာမိတယ်။ (သူဘယ်လိုလုပ်ငါ့နာမည်ကိုသိပါလိမ့်တဲ့..စဉ်းစားနေသေးတာ။ဒီလို
     ခပ်တုံးတုံးထဲကပါ:)))
     နောက်..မိတ်ဆွေ အပေါင်းအသင်းရလာနိုင်တာဘဲ လို့ တွေးမိတယ်။
     နောက်တော့ ကျမ မိတ်ဆွေ ဂျာမဏီမှာသိခဲ့တဲ့ မရှင်လေး ကိုပြောပြလိုက်တယ်။

(၃) သင် သင့်ရဲ့ဘလော့လေးအပေါ်မှာ ဘယ်လောက်ထိ ရည်မှန်းထားသလဲ ..

     ဘယ်လောက်ထိ မြတ်နိုးတန်ဖိုးထားသလဲ ?
     အင်း..ဒါကိုတာ့ ဖြေရမယ်ဆိုရင် နဲနဲအရစ်ရှည်မိအုံးမယ်..အဟဲ။
     ရှေ့ ကရေးထားတာတောင် အတော်ရှည်နေပြီ။
     ပြီးခဲ့တဲ့အပတ် အထိတော့ ဘာရယ်ဟုတ်ဘူး။ သတ်မှတ်ထားတဲ့ကာလ တခုကျရင် ရပ်လိုက်မယ်လို့ ၊
     စိတ်ကူးရှိထားခဲ့ပါတယ်။ နောက်တော့ ကျမကို VOA မြန်မာပိုင်းအစီအစဉ် ဘလော့ကဏ္ဌ အတွက်၊
     ဖုံးနဲ့ အင်တာဗျုးထားတာ (လေလှိုင်းပေါ်မှာလွှင့်တာတော့ လွန်ခဲ့တဲ့ ၂ ပတ်ကျော်လောက်
     ရှိပြီနဲ့ တူတယ်)အဲဒါကို သူတို့ website မှာ ပြန်တင်ထားတာ ပါလာပါတယ်။ 
     အဲဒီနေ့ က ဘလော့ကိုဖွင့်ကြည့်လိုက်တာ ထူးဆန်းစွာဘဲ
     အရည်အတွက် ထောင်ဂဏန်းနီးပါး တက်လာတော့  အံသြမိပါတယ်။

     နောက်တော့မှ..အော်..သတင်းတွေတင်တဲ့ ဘလော့တခုကလည်းလင့်ပေးထားတာ တွေ့ ရတယ်။ 
     ကျမက စာလည်းသိပ်ရေးတတ်တာ မဟုတ်သလို၊အချက်အပြုတ်လည်းကျွမ်းကျင်သူမဟုတ်ပါဘူး။     
     ဟိုတခု ဒီတခုနဲ့ 
စိတ်ကူးတည့်ရာ ရေးသား၊ နေတာပါ။စာရေးတာဝါသနာပါတယ်လို့ လည်းမပြောရဲဘူး။
      စာဖတ်တာတော့ ဝါသနာပါတယ်။ ကြိုက်ပါတယ်။
      စာဖတ်တဲ့သူတိုင်း စာရေးကောင်းတဲ့သူ မဖြစ်နိုင်ပါဘူးလေ။ 

      စာရေးဝါသနာပါမှဘဲ၊သူ စာကောင်းကောင်းရေးတတ် ဖန်ဆင်းတတ်မယ်လို့ ထင်ပါတယ်။ 
      ဒါပေမဲ့ ကျမခုတလော ဖြတ်သန်းလာခဲ့ဖူးတဲ့  အတွေ့ အကြုံတွေ ရေးချင်တဲ့ဆန္ဒတွေရှိလာတယ်။ 
      ကျမ ၁ဝနှစ်နီးပါး  နေထိုင်ခဲ့တဲ့ ထိုင်းကအကြောင်းတွေ ပြောပြချင်နေတယ်။ 
      ကျမ အလုပ်လုပ်ဖူးတဲ့အလုပ်အတွေ့ အကြုံအကြောင်းတွေေ ဖါက်သည်ချ ချင်တယ်။
     
တယောက်ထဲနေရင်း ကိုယ့်ဖာသာကိုယ်စကားပြောနေတတ်တယ်။
      အဲဒါတွေကို စာနဲ့ ချရေးဖို့ စဉ်းစားလာတတ်တယ်။
      ကျမ စာရေးဝါသနာ  အစပျိုးနေပြီလား မသိပါဘူး။
      ကျမမှာ ဖွင့်ချလို့ ရတဲ့ နေရာလေးလည်းရှိပြီလေ။ 
      ဒီနေရာလေး ကိုတော့ တနေ့ ၂ခါလောက်တောင်ဝင်ကြည့်ဖြစ်နေတယ်။
      သံယောဇဉ် နေရာလေးပေါ့။
    
 (၄) သင့်ဘလော့လေး ရုတ်တရက် ပျောက်ဆုံးသွားခဲ့ဖူးပါသလား ?
      ဘလော့က မပျောက်ဖူးပါဘူး။ ကျမကတော့ ပျောက်သွားဖူးပါတယ်။
      ဘလော့ရေးပြီး ၂ဝ၁ဝ နိုဝင်ဘာလမှာကျမအကိုငယ် ရုတ်တရက်ကြီး ဆုံးတော့ ကျမယူကြုံးမရ၊

      ဖြစ်ပြီးရပ်လိုက်တယ်။ နောက် အမေရိကားပြန်ရောက်ပြီး ၂ဝ၁၁ ဂျွန်လ မှာပြန်စရေးဖြစ်ပါတယ်။
      စက်တင်ဘာလ မှာနောက်အကိုကြီးက နှလုံးသွေးကြောပိတ်ပြီး ထပ်ဆုံးပြန်တယ်။
      ကျမတော်တော် ဆောက်တည်ရာမရဖြစ်မိတယ်။ အဲဒါတွေကိုလည်း ရေးမိတယ်။
      သူများတွေကျမကို အားပေးကြတာ ဖတ်မိတော့။ ကျမတကယ်ဝမ်းသာမိတယ်။

     
(၅) ပျောက်ဆုံးသွားတဲ့အချိန်တုန်းက သင် ဘယ်လောက်ထိ ခံစားခဲ့ရဖူးလဲ … ?

      မပျောက်ဆုံးသေးသူဆိုရင်လည်း အကယ်၍ သင့်ဘလော့လေး ပျောက်ဆုံးသွားခဲ့မယ်ဆိုရင်
      သင်  ဘယ်လိုခံစားရမလဲ … ?
      ဘလော့ပျောက်ဆုံးသွားရင်တော့ ဝမ်းနဲမိမှာပါ။ ကျမလည်းခုထိတော့ back up ဆိုတာ မလုပ်ထား၊
      တတ်သေးဘူး။ အင်း...သေချာတာကတော့ ဘလော့ကမကွယ်ပျောက်နိုင်ခင်မှာ(နည်းပညာပိုင်း
      ဘာမှမချို့ ယွင်းရင်ပေါ့လေ) ကျမတို့ က အရင်ပျောက်ကွယ်
သွားကြမှာပါ။
    
ကဲ ..ပြောရင် ရှည်ပါတယ်ဆို...:P
ဒီမှာ ...နားထောင်ကြည့်ပါအုံးလား....ကျမစကား ပြောတာလုံးချာလိုက်နေတာဘဲ...:)))
အကြောင်းအရာတခုကို ထပ်ခါထပ်ခါ ပြောနေတာလေ...:P
အော်..မယ်မီး...မယ်ငီး...မှားတာရှိ ခွှင့်လွတ်သည်းခံပါရှင်... 

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ
မီးမီး

16 comments:

  1. နားထောင်လို့ ကောင်းပါတယ် မမီးရေ... အဲလို အသံဝဲ၀ဲတွေ မကြားရတာ ကြာပြီ

    ReplyDelete
    Replies
    1. ဟုတ်လား...
      မကြားရတာကြာပြီ ဆိုရင်..
      အပေါင်းအသင်းဟောင်းဖြစ်ရမယ်..
      နာမည်လေးထားခဲ့ရင်တော့..သိမှာဘဲ..
      ဘာဘဲဖြစ်ဖြစ်..အားရင်လည်း စာလေးဘာလေးရေး..
      အားလူးလေးဘာလေး ဖုတ်ရတာပေါ့နော်..:)))

      Delete
  2. နားထောင်သွားပါတယ် ယောက္ခမဂျီး
    အသံလွင်တဲ့သူတွေက ယောက္ခမဂျီးလောက် အသံသြဇာသိမ့်မရှိသလိုပဲ
    မေး ဖြေ လုပ်နေတုန်းမှာ( ဂလုံ ဂွမ် ) အသံတွေလည်း ကြားလိုက်တယ်

    ReplyDelete
    Replies
    1. ကျုပ်စိုင်းထီးဆိုင်သီချင်းလေးနဲ့ ဟင်းချက်နေတုံး၊
      ဖုံးလည်းပြောရ၊ဟင်းအိုးလေးမီးပိတ်၊
      ကွန်ပြူတာလေးကို အလုပ်ခန်းထဲရွှေ့ ရ၊
      တံခါးလေးပိတ်၊ဒေါင်ချာဒိုင်းနေလို့ ၊
      ဂလုံ ဂလွမ် မြည်ဟီးသံတွေကြားသွားရတာ။
      :P စပီကာ ဖုံးဖွင့်ပြီး ကပ်အော်နေတော့၊
      အသံအကျယ်ကြီးကို သြဇာရှိတဲ့ အသံလို့ တင်စားပေးတာတော့၊
      ဟင်းဟင်းဟင်း..အမွေပေးရအုံးမယ် ဒီချွေးမလေးကို:))))

      Delete
  3. ဒေါက်.... ဒေါက်... ဒေါက်... လည်လည်ရောက်၏။ မင်္ဂလာပါ... ပန်းတွေကြည့်ပါ၏။ ဗိုက်ဆာသည်... မကျူတီအိမ် သွားလည်လိုက်ဦးမယ်... လင့်ယူတွားသည်.. ဘွိုင့် ဘွိုင် :P

    ReplyDelete
    Replies
    1. မကြာမကြာလည်လည်ရောက်နိုင်ပါသည်။
      ပန်းပုံနဲ့ တကွ ပုံမျိုးစုံတွေ့ ရနိုင်ပါ၏။
      တာတာ...;P

      Delete
  4. အသံဝဲဝဲလေးက သိပ်ခြစ်ဖို့ ကောင်း..:P..နောင်လည်း များများအားနာပါနော်..ဒါမှ မမီးပို့ စ်တွေ ဖတ်ရမယ်..:D

    ReplyDelete
    Replies
    1. ကိုစန်းထွန်းလေး...
      အဟဲ..တကယ်ဘဲ အစကယောက်ကျားလို့ ထင်ခဲ့တာ။
      ရေးနေတုံး အိမ်နားမှာ လှို့ ဝှက်သဲဖို လူသေမှု့ ဖြစ်လို့ ။
      အမှိုက်ပုံးနားမှာ သေနေတာ ၅ရက်လောက်ရှိပြီတဲ့။
      FBI က အားလုံးလိုက်မေးနေတာ...။
      အင်း...ဇာတ်လမ်းတော့ရပြီ စုံထောက်ဇာတ်လမ်းလေးခင်းအုံးမှ...
      :P

      Delete
  5. မမီးရေ ခုမှ ခရီးသွားပြီး ပြန်ရောက်လာမှ ဖတ်ဖြစ်တယ်၊ နားထောင်ဖြစ်တယ်၊ အသံလေးက ၀ဲဝဲလေးရယ် အဲ့ဒီအသံလေးကိုလွမ်းနေတာကြာပြီ....

    စု

    ReplyDelete
    Replies
    1. စု..
      တချိန်လုံးဘဲ ခရီးထွက်နေရတာဘဲ။
      ပို့ လိုက်တဲ့ လက်ဆောင်ဗှုး အရမ်းကြိုက်တယ်။
      မစားရက်လို့ သိမ်းထားတယ်။
      အဟဲ...ချက်နည်းလည်းသိပ်မသိလို့ ။
      ပြန်ရှာရအုံးမယ်။ ဂျာမာန်ဝက်အူချောင်းနဲ့ မုန်လာထုပ်ချဉ်..။
      စုကိုလည်း လွှမ်းနေတာ...။
      ဒီမှာ စကားပြောဖော် ရှိဘူးတော့...။

      Delete
  6. အသံလေးကနားထောင်လို့ ကောင်းလိုက်တာကွယ်။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မအိုင်အိုရာက အရမ်းချစ်ဖို့ ကောင်းတာဘဲ..။
      အဟဲ..အဲလိုလေးပြောခံရရင် ပျော်..လို့  :)))

      Delete
  7. Ma Mee Nage!
    Nice Interview.By the way you will go to NJ Nibbanzay On Sunday;(09-30-12). If you will go Please let me know.
    Khine

    ReplyDelete
    Replies
    1. Khine...
      Thanks,Sure I will go.
      We will meet there,but how can I know you:P
      Send me u r contact email address or something...:)))

      Delete
  8. "ဘလော့ပျောက်ဆုံးသွားရင်တော့ ဝမ်းနဲမိမှာပါ။ ကျမလည်းခုထိတော့ back up ဆိုတာ မလုပ်ထား၊တတ်သေးဘူး။ အင်း...သေချာတာကတော့ဘလော့ကမကွယ်ပျောက်နိုင်ခင်မှာ(နည်းပညာပိုင်း)ဘာမှမချို့ ယွင်းရင်ပေါ့လေ) ကျမတို့ က အရင်ပျောက်ကွယ် သွားကြမှာပါ။"
    ဟုတ်တယ်နော်။လောလောဆယ်တော့ ကိုယ်ပျော်ရာ၊ကိုယ်ဝါသနာပါရာလေးလုပ်ရင်းရှင်သန်ကျတာပေါ့မေမီးရေ။

    ReplyDelete
    Replies
    1. ပျော်ရာ၊ဝါသနာပါရာလေးတွေနဲ့ ဘဲ၊
      ဒီကအထီးကျန်တဲ့ လူနေမှု့ ဘဝတွေကြားထဲ၊
      ဖြတ်သန်း ရှင်သန်နေရတာဘဲကွယ်..။
      သမီးသူသူရေ...။

      Delete