Saturday, April 14, 2012

transit များလှတဲ့ အိမ်အပြန်...

မင်္ဂလာပါရှင်~~~
ဒါကြီးနဲ့ပြည်ကြီးပြန်ဖို့အစပြုခဲ့ပါတယ်

ထသွားလိုက်တာနဲ့အိမ်ကိုတန်းပြီးရောက်သွားတယ်ဆိုတဲ့ အဖြစ်မျိုးကလည်း၊
ကိုယ်တို့နဲ့အလှမ်းဝေးနေသေးတော့..။ဒီ..အိမ် တခါလောက်ပြန်ဖို့က အချိန်တွေ
ကာယစွမ်းအင်တွေ ပိုက်ပိုက်တွေ(ဒင်း..ကအရေးပါဆုံးပေါ့)
များစွာပေါ့ဗျာ..ရင်းနှီးမြုပ်နှံရတယ်လေ..။လွန်ခဲ့တဲ့ ၄နှစ်ကျော်လောက်အထိ
နယူးယောက် ဘန်ကောက်တိုက်ရိုက်လေကြောင်းလိုင်းက ရှိသေးတယ်။
၃ ခါလောက်စီးဖူးလိုက်ရသေးတယ်။ခုတော့ မကိုက်လို့တဲ့။
နိုင်ငံတကာ လူတွေလှည့်ပတ်ဝင်ခေါ်နေရတယ်လေ။
ဒီတော့ ဂျပန် narita-airport transit ပေါ့။
သွားခါနီးလည်းခေါက်ဆွဲတော့တီးလိုက်ပါသေးတယ်လေ..
JFK လူလည်းသိပ်မရှိဘူး..။Japan ရောက်တော့ စားစရာတွေဘဲအရင်လိုက်ရှာပါတယ်။
ဂျပန်ရောက်တိုင်းဂျပန်ခေါက်ဆွဲလေးတော့ နဲနဲမြည်းလိုက်ရမှ..

ပုံတွေအများကြီးထဲမှာ(လူပိန်းအတွေးလေ...)ဈေးအကြီးဆုံးက အကောင်းဆုံးလို့ထင်ပြီးမှာစားပါတယ်။
ဟီး 😁ဘူးသီးခပေါင်းစာတော့မတတ်ပါဘူး။ပုံပြထားတဲ့အတိုင်းတော်တော်နီးစပ်တဲ့ခေါက်ဆွဲတပွဲပါဘဲ..။
၀ယ်ချင်စရာအရောင်လေးတွေနဲ့..
၂ ထုပ်ဝယ်လာတယ်။ နဲနဲအရောင်မည်းတဲ့တထုပ်ကိုမသောက်ဖူးတော့၊
ဆိုင်ကောင်တာကဂျပန်မလေးကိုမေးကြည့်တာ..ဘယ်လိုကွာတာလဲလို့မေးတာပါ။
သူက လက်ချောင်းလေးချောင်းနဲ့ပက်လက်လေးထိပီးပြောပြပါတယ်။
(ဂျပန်စတိုင်လေ..ဟဲ)။
This is green tea. And this is also green tea..ပြီးရောရှင်းသွားတာဘဲ။ 😂

နာရီတာကနေ ဘန်ကောက်ကိုတော့ JAL နဲ့ပေါ့။ တခါလေလည်း ANA  နဲ့သွားပါတယ်။
သူတို့လေကြောင်းလိုင်း ၂ခုလုံး ကျွေးတဲ့green tea ကိုအရမ်းကြိုက်တာဘဲ။
ဖက်ဖူးရောင်လေးထလို့။အမေရိကကားမှာ ရောင်းတာတွေ့လို့ဝယ်သောက်တတ်ပါတယ်။
ဒါပေမဲ့ ဟိုနဲနဲအရောင်မဲတဲ့ ဟာတော့သောက်ဖူးဘူးလေ။

လေယာဉ်ပေါ်လည်းရောက်ရော ဒါတ်ဒါတ်နဲ့မကလိနိုင်တော့ပါဘူး...။
အိပ်ပြီလေ...ကျွေးတဲ့အစားတွေတောင်စားနိုင်ဘူး။
ဟိုဖက်က စီးလာရတဲ့ ၁၄ နာရီကျော်၊လေယာဉ်ကွင်းမှာ ၂နာရီကျော်၊
ပင်ပန်းပြီလေ နောက် ၇ နာရီလောက်အသာလေးအိပ်သွားယုံပါဘဲ။

ဘန်ကောက်ရာက်ပြီး ၃ ရက်လောက်နား၊ရန်ကုန်ကို air asia နဲ့ပြန်ချီတက်ရပြန်တယ်။
ရန်ကုန်မှာ ၄ ရက်လောက်ဘဲနေပြီးယောက်ကျားက တင်ပါးမှာအကြိတ်လေးဖြစ်လို့၊
ကမန်းကတန်း ဘန်ကောက်ပြန်ပြီး ဆေးရုံပြ ခွဲရပါတယ်။
သူ့ကိုထားပြီး နောက်တခါ ရန်ကုန်ကိုပြန် ကျိုင်းတုံလေယာဉ်လက်မှတ်က ချက်ချင်းမရလို့။
(အဲဒီမှာဇာက်လမ်းကအရှည်ကြီး...ပြောပြန်ရင်လည်းမယ်မီးလွန်ရာကျမယ်..ဆိုတာတွေပေ့ါဗျာ..)
နဲနဲတော့ပြောလိုက်အုံးမယ်လေ..။
အရင် ၂ နှစ်လောက်အထိကို ရန်ကုန်မှာအူတူတူနဲ့၄ -၅ ရက်လောက်လေယာဉ်စောင့်ဖူးတယ်။
ရှမ်းမတွေဆိုရင် "ဘတ်"ဖို့နှပ်ဖို့ဘဲချောင်းနေတာဘဲ။
ကိုယ်က ပိတ်ရက်နဲနဲဘဲ ရတယ်လေ။ အမေ့နားမှာ ကြာကြာနေချင်လို့၊
ပိုက်ဆံကုန်ချင်သလောက် ကုန်ပါစေလို့ပြောမိတယ်နဲ့တူတယ်။
ကောင်းကောင်း "ဘတ်" ခြင်းကိုခံရပါတယ်။
အချင်းချင်းဆိုပို ဘတ် ပါတယ်။
အစိုးရလေကြောင်းလိုင်းဆိုရင် ၅၀၀၀၀ ကျော်ဆိုပေမဲ့
မှောင်ခိုဆိုတော့ တသိန်းပေးခဲ့ရပါတယ်။
သွားချင်တဲ့ရက်လည်းမရခဲ့ဘူး။
အစိမ်းရောင်ဝတ်ဆင်ထားမယ်ဆိုရင်တော့....:)))
ချက်ချင်းပေါ့ဗျာ..။

ပုဂ္ဂလိက လေကြောင်းလိုင်းတွေကလည်း ဟိုရက်မှ ဒီရက်မှဆိုတာလေ...ဟူး 😷။
ပြည်ပကနေ ဖုံးဆက်မှာလည်း မရ၊အီးမေးပို့လည်းမပြန်ဘူးးးး။
အော်..ကျုပ်လည်းနှာခေါင်းရှည် နိုင်ငံခြားသားဘဲဖြစ်ချင်လာတော့တယ်။
တိုးရစ်တွေများလို့...တိုးရစ်တွေဘဲဦးစားပေးတယ်တဲ့။
တာချီလိတ် လေယာဉ်ကျတော့ နေ့တိုင်းနဲ့အခေါက်ရေအများကြီးရှိတယ်။
ခုဝယ်ခုရ....ဘာကြောင့်လဲဆိုတာ ..မယ်မီးမသိရ:(((

ခုတော့ နဲနဲနားလည်လာသလိုဖြစ်လာပြီလေ။
သူများအားကိုးလို့ရဘူး။ကိုယ်တိုင်မေးမြန်းထသွားမှ ဖြစ်တာ။
ဘတ် ခြင်းကကင်းလွှတ်သွားတာပေါ့။
ကျေးဇူးတင်ပါတယ်လေ..ဒင်းကြောင့် ကျုပ်ကမ္ဘာပတ်နေရတယ်။
ဒီတော့ ရန်ကုန် transit ပြီးတာချီလိတ် transit...
တာချီလိတ်ရောက်တော့ ကျိုင်းတုံထွက်တဲ့ကားမှီသေးတယ်။
နေ့လည်၁၂ နာရီခွဲ တဲ့...။


ကဲ..နောက်ထပ် ၄နာရီကျော်လောက်စီးရင်ရောက်မှာတဲ့...။


ဒီလိုငြိမ့်ငြိမ့်လေးပေါ့....ရှမ်းသီချင်းလေးနဲ့..မိတယ်ဗျို့..။

မိုးငွေ့တို့ရဲ့တာလေကိုရောက်မှသတိရပြီးကမန်းကတန်းထရိုက်တာ တာလေချောင်းလေး..။
အပြန်ကျမှ ကောင်းကောင်းရိုက်တော့မယ်ဆိုပြီးအိပ်လိုက်တယ်။
ဒါတ်ကင်မရာလေး ကျိုင်းတုံမှာ..ကြေကွဲသွားရတဲ့အတွက်..။(ပြုတ်ကျလို့)
မိုးငွေ့ရေ....အောက်က ပုံလေးတွေနဲ့ကျေနပ်နေအုံးနော်...။

တာလေအဝင်
 မြို့လည်လမ်းမကြီး အကွေ့နေရာ...
မြို့လေးရဲ့လမ်းမတန်း...
ဈေးဆိုင်ခန်းတွေ..
ဈေးဆိုင်တန်းတွေရဲ့အရှေ့ဖက်က ပြန်ဆောက်ထားတဲ့အိမ်...
မိုးငွေ့ရဲ့ကျောင်းလေးလား...
တာလေချောင်း...

တာလေစစ်တပ်...

တာလေပြီးရင် မိုင်းဖြတ်မှာ transit တဲ့..အဲဟုတ်ပါဘူး။
နားတာပါ။စားဖို့သောက်ဖို့ပေါက်ဖို့..ဟီး..။
ကျမက မြေပဲနဲ့လုပ်တဲ့ဆန်ထိုဖူးသုပ်စားပါတယ်။
ခရမ်းချဉ်သီးပြုတ်ရည်နဲ့..။
ဆိုင်မှာ ကောက်ညှင်းပေါင်းနဲ့ဆီထမင်းလည်းရတယ်၊
ကြက်သားကကြိုက်သလောက်ခပ်၊တတုံးကို ဘယ်လောက်ဆိုပြီးပေးလိုက်ရုံဘဲ။
အဲနားတဝိုက်က စားစရာရောင်းတာလေးတွေကိုတော့ လှည့်ပတ်ပြီး ဒါတ်တွေရိုက်ခဲ့ပါတယ်။
ဖုံးနဲ့ပါ...အပြန်ခရီးမှာ..။အသွားတုံးကတော့ အိပ်ငိုက်နေတာနဲ့ဘာမှ မလုပ်နိုင်ခဲ့ဘူးးး။

စမ်းချောင်းထဲကကျောက်တုံးမှာကပ်ပေါက်တဲ့ရေညှိ

ပျားအုံ၊ပျားရည်၊ငုံးဥဆားရည်စိမ်၊ပင်စိမ်းသီးဆားရည်စိမ်...

အစိမ်းရောင်က ရေညှိခြောက်
ဈေးတန်းတွေ..

အိမ်ကယူလာတဲ့ထမင်းထုပ်လေးတွေနဲ့ထမင်းစားနေတဲ့ ခရီးသွား..
ဟိုမှာလေ..ကျိုင်းတုံဆိုတာ...
ကိုင်း....ရှည်လားပေများတဲ့ ခရီးအဆုံးမှာတော့...ကျမရဲ့မွေးရပ်မြေကိုရောက်ပြီပေါ့...။
(အသွားနဲ့အပြန် ခရီးတလျှောက်ရိုက်ထားတာကိုရောသမမွှေထားတာပါ)...။
ပျော်ရွှင်ချမ်းမြေ့ကြပါစေ....
မီးမီး

16 comments:

  1. ဓာတ်ပုံတွေ ကြည့်လို့ကောင်းလိုက်တာ... ဆန်တိုဖူးလည်း စားချင်လိုက်တာ... အဲလိုဆိုင်လေးတွေဆိုဘယ်လိုမွှေချင်မှန်း မသိဘူး...:D

    ReplyDelete
    Replies
    1. ဓါတ်ပုံကောင်းတယ်ဆိုလို့ ၊ကျေးဇူးတင်ပါတယ်။
      တော်တော်များများကဖုံးကင်မရာနဲ့ ဘဲရိုက်ခဲ့ရလို့ ၊
      သိပ်မကောင်းဘူးလို့ ထင်နေတာ...။
      လာလည်လေ..အဲလိုဆိုင်တွေအများကြီးဘဲ။
      ;)

      Delete
  2. ခရီးစဉ်တွေကြည့်ပြီး မောသွားတယ်။ ဗမာပြည်မြင်ကွင်းလေးတွေက ပျော်စရာကောင်းလိုက်တာ

    ReplyDelete
    Replies
    1. တခါတခါပြန်ရင် ပင်ပန်းပြီးဖျားနေတတ်တယ်။
      လူလည်းနူန်းခွေသွားတာပေါ့။
      ဒီတခါဆိုရင်တပတ်လောက်အထိ အိပ်ငိုက်နေလို့ ...။

      Delete
  3. ပျော်စရာကြီး ဆန်တိုဖူးစားဖူးဘူး အတုံးလေးတွေစားကြည့်ချင်တယ်မမီးရဲ့
    ပီးတော့ အဲသည့်ရေနွေးကြမ်းတံဆိပ်က သည်မှာသိပ်လူကြိုက်များတယ်
    အရောင်ပေါ်လိုက်ပီးအရသာကွဲတယ်
    အရင့်လေးက အရသာပေါ့ပေါ့တဲ့ရေးထားတယ်
    ညီမက လိမ္မော်ရောင်သိပ်ကြိုက်တာ လုံးတီးဆန်နဲ့ထုတ်ထားတာ အနံ့သိပ်မွှေးတာ
    ဆန်လှော်နံ့လေးမျိုး
    သိသလောက် အဟဲ

    ReplyDelete
    Replies
    1. ဆန်တိုဖူးကအရည်နဲ့ အသုပ်နဲ့ ၂ မျိုးရှိတယ်။
      ချဉ်ငံစပ်အရသာကြိုက်တတ်တဲ့သူဆိုရင် အသည်းစွဲဘဲပေါ့။
      အော်..ရေနွေးကြမ်းက တပတ်ဘဲသောက်ရသေးတယ်၊
      တထုပ်ကုန်ပြီ။
      လိမ္မော်ရောင်နဲ့ ဟာကိုတော့ဝယ်မလိုလုပ်တာ..။
      ကျေးဇူးရှင်ကိုယ်တော်က ရိုးရိုးဘဲဆိုလို့ ..။
      မ၀ယ်လာရဘူးလေ။

      Delete
  4. ဆန်တိုဖူး စားဖူးဘူး..ကျိုင်းတုံ ရောက်ဖူးဘူး..တောင်ကြီးရောက်တုန်းကတော့ ကျိုင်းတုံခေါက်ဆွဲ စားတာ အရမ်းကောင်းတာတော့ မှတ်မိတယ်

    ReplyDelete
    Replies
    1. နယူးယောက်လာလည်ရင်ဆန်ထိုဖူးလုပ်ကျွေးမယ်လေ။
      ကျိုင်းတုံခေါက်ဆွဲတော့ ဘယ်တော့မှမရိုးနိုင်ဘူး။
      ကျမလည်းတအားကြိုက်တယ်။

      Delete
  5. မြန်မာပြည်ခရီးသွားရတာတော့အရင်အတိုင်းပါဘဲလား။ ကိုယ်လေယာဉ်လက်မှတ်မရလို့ ကော့သောင်းမှာရော မြစ်ကြီးနားမှာရော တစ်ပါတ်စီလောက်သောင်တင်နေခဲ့ဘူးတယ်။ ဟိုတယ်ဘိုးနဲ့ စားစရိတ်ထောင်းတာမှောင်ခိုလေယာဉ်ဘိုးတောင်မနဲပေးခဲ့ရတယ်။
    ဓါတ်ပုံတွေကြည့်ရတာကျေးဇူးပါ။ ဆန်တို့ ဖူးလည်းမစားဘူးတော့စားချင်တယ်။ စားရင်လည်းကြိုက်မှာသေချာတယ်။
    တာလေချောင်းရော ကျိုင်းတုံအ၀င်ရောလှတယ်နော်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ခေတ်တွေတာအဆက်ဆက်ပြောင်းသွားပါတယ်။
      ကျမတို့ မြို့ ကိုပြန်ဖို့ ကခက်ခဲနေတုံးဘဲနော်..။
      ဟိုတယ်စရိတ်လည်းခုဆိုဈေးကြီးလိုက်တာ။
      ကျေးဇူးနော် ဓါတ်ပုံလှတယ်လို့ ပြောတာ။
      :)

      Delete
  6. မမမီးငယ်ရယ် ဒါများမမလဲ အစိမ်းရောင်ဂါဝန်ဝတ်သွားလိုက်ပြီးရေား))

    ရှမ်းပြည်ကိုမရောက်ဖြစ်တာ အနှစ်နှစ်ဆယ်ကြာပြီ .တခါတစ်ခေါက်အခွင့်သင့်ရင်တော့သွားချင်ပါသေးရဲ့

    ချစ်တဲ့

    ဂျာရစ်

    ReplyDelete
    Replies
    1. အင်းနောက်တခါကျရင် အဲဒီလိုဝတ်မလားလို့ ...
      အဟီးးး

      Delete
  7. ဓါတ်ပုံလေးတွေအတွက် ကျေးဇူးတင်ပါတယ်မီးမီးရေ...။ အိမ်တွေနေရာတွေအကုန်ပြောင်းလဲသွားတော့သိပ်မမှတ်မိတော့ဘူး..။ တာလေးအထက်တန်းကျောင်းကတော့ မီးမီးတို့ငယ်ငယ်ကတက်ခဲ့တဲ့ကျောင်းလေးပါပဲ..။ အဲတုန်းကတော့ အ လ က ကျောင်းလေးပါ....။ မြေပဲတိုဖူးစားချင်တယ် ရှမ်းဆီထမင်းကို ကြက်သားချက်နဲ့စားချင်တယ်...။

    ReplyDelete
    Replies
    1. လမ်းတွေလည်းပြန်ဖာထားတာတွေ့ ရတယ်။
      အိမ်တွေက တမြို့ လုံးနီးပါးပြန်ဆောက်နေကြတယ်။
      ကျိုင်းတုံရောဘဲ အိမ်တွေဆောက်နေကြတယ်။

      Delete
  8. လွမ်းလိုက်တာကျိုင်းတုံနဲ့တာချီလိတ်ရယ်...အရင်ကတော့အဲဒါတွေကကိုယ့်ခြေရာအဲလေမှားလို့ကိုယ့်ဆိုင်ကယ်ဘီးရာတွေပေါ့ဟီးအီးဓါတ်ပုံတွေမြင်တော့ပိုစားချင်လာပြီခုလိုပုံတွေတင်ပေးတဲ့အတွက်ကျေးကျေးပါမမမီး.....

    ReplyDelete
    Replies
    1. ခုတော့အားလုံးပြောင်းလဲနေတာပေါ့။
      အရင်တုံးကကိုယ်တို့ သွားခဲ့တာ ၂ညအိပ်တို့ ဘာတို့ လေ။
      ပျော်စရာကောင်းတယ်..သွားလည်လိုက်အုံး..

      Delete