Sunday, April 8, 2012

အမေနဲ့ သူ့ ရဲ့ ဆွေမျိုးမောင်နှမတသိုက်

မင်္ဂလာပါရှင်~~~
အိမ်ပြန်ရောက်ရင် အမေ့အတွက်ဆွေမျိုးတသိုက်အတွက်က အထုပ်ကြီးငယ်နဲ့ ။
ငယ်ငယ်ကတဲက တောင်ကြီးမှာကျောင်းတက်ကတဲကဆိုပါတော့..၊
ကျမတို့ ထုံးစံအမေ့ အမ ညီမ မောင်ဖြစ်တဲ့ ကြီးတော် ဦးလေး ဒေါ်လေးတွေကို၊
လှည့်ပတ် ကန်တော့ နှုတ်ဆက်ရတယ်(မုန့် ဖိုးတွေအများကြီးရတယ်လေ..)။
ပြန်လာရင်လည်း မုန့် လေးလက်ဆောင်လေးနဲ့ သွားပြီး say Hi!!ပေါ့..။
ရှမ်းထုံးစံလားလို့ မေးရင် တိဘူး..အဟဲ..။
ကျမတို့ ဆွေမျိုးတသိုက်တော့ ဒီလိုဘဲ..ကောင်းကွက်က ပိုက်ပိုက်တွေ။
ဟိုခုန်..ဒီခုန်ပေါ့နော်..။(ကလေးတွေတော့ဇိမ်ဘဲလေ..)
ခုတော့..သူတို့ တွေလည်းအသက်ကြီးလာပြီ။
ကျမတို့ ကသွား ကန်တော့ မှမျက်ရည်စမ်းစမ်းနဲ့ ကတော့တဲ့ ပစ္စည်းလေးတွေ ဆေးတွေ၊
ပိုက်ဆံတွေကို တမြတ်တနိုးလေးပွတ်ကြည့်ကိုင်ကြည့်နေရတယ်။
တပတ်လေးပြန်တာကို ၃ ခါသွားရပါတယ်။
ပြန်ပြန်ချင်းကအားဆေး လက်ဆောင်..။
နောက်နေ့ ကကျတော့ကျမရဲ့ ထုံးစံ ထမင်းဟင်းချက်ပြီးလိုက်ပို့ တာ။
(ဒီတခါအင်းသားဟင်းနဲ့ နော်.. :))
ပြန်ခါနီးကျတော့ ပိုက်ဆံသွားကန်တော့ပါတယ်။
ကိုင်း..ကျမရဲ့ ကြီးကြီး ဦးလေး အဒေါ်တွေကိုကြွားမယ်နော်..။
အငယ်ဆုံးက ရ၀ ကျော်ကနေ ၉၂ နှစ်အထိရှိတယ်။

အမေ့ရဲ့ အမအကြီးဆုံး ၈၂ နှစ်(ကျမရဲ့ တူလေးလွန်ခဲ့တဲ့ ၆ လလောက်ကဆုံးသွားတဲ့ အကိုကြီးရဲ့ သားကို၊
ကြည့်ပြီးမျက်ရည်လေးလည်နေတာ)။
မနှစ်က သင်္ကြန်မှာ အကိုကြီးလည်းကျမနဲ့ သွားကန်တော့တယ်လေ။
နောက်နေ့ ကျတော့ ၀က်သားဆီပြန်(သူတို့ တောင်းဆိုတဲ့အတိုင်းပေါ့...)နဲ့ ပဲလွန်းဆေးခါးဟင်း၊
ကုန်းရုန်းပြီး ကတော့နေတာကျမနဲ့ အမ၀မ်းကွဲရဲ့ သားသမီးကိုရင်လူထွက်လေးမောင်နှမနှစ်ယောက်ပေါ့..။
ဒီကြီးကြီးက ငယ်ငယ်က အလွန်အသန့် အပြန့် ကြိုက်တော့ ဗီဇာကြောင်တယ်ဆိုပြီး၊
တူတူမတွေကြားထဲမှာတော့ ရှောင်ကြပါတယ်..အဲလေ..နံမည်ကြီးပေါ့..။
ထမင်းကို ခုချိန်ထိကိုယ်တိုင်ချက်နေသေးပါတယ်။ဟင်းဘဲသွားပို့ ရတာ။
ဆွမ်းတော်တင်မဲ့ထမင်းကိုမျက်နှာမသစ်ဘဲချက်လို့ တဲ့...။
ဟင်းတွေကိုလည်း ၉နာရီခွဲအရောက်ပို့ ပေးရပါတယ်။
ကျမမှာဝက်သားအိုးကတဖက်၊ပဲလွန်းပြုတ်ကတအိုး၊အိမ်ရှေ့ ကမုန်းချမုန်းနဲ့ အလှုလှည့်တာကိုလည်း၊
ကြည့်ချင် ဒါတ်ဒါတ်ကလည်းရိုက်...။(အင်း..လူကြီးတွေပြောတဲ့ ဆပ်ပြာသည်ဆိုတာများလား...နော်)
နောက်ဆုံး ကင်မရာလွှတ်ကျပြီး ဘန်ကောက်မှာပြင်ထားခဲ့ရတယ်..။
ဒီခရီးတော့ ဖုံးကင်မရာနဲ့ ဘဲစခန်းသွား ခဲ့ရပါတယ်။(မမိုက်တော့ဘူးပေါ့နော်..)

၉၂ နှစ် အမေ့အမ၀မ်းကွဲ...။သူကချစ်စရာအကောင်းဆုံးဘဲ အမြဲတမ်းရီနေတတ်တယ်။

သူ ၁၉ နှစ်သမီးအရွယ် မင်္ဂလာဆောင်တဲ့နေ့ ကတဲ့..။
ကျမကိုဆုပေးနေတာ....လေ..။
အမေ့ရဲ့ တ၀မ်းကွဲယောင်းမ ၉၂ နှစ်(ဗမာစကားမတတ်ဘူး)။
သူ့ ရဲ့ ငယ်စဉ်ကာလ အချိန်...။
 သူကျတော့နောက်ရှမ်းတမျိုး..။သူရဲ့ ထမင်းဝိုင်းလေး...။

ကြီးကြီးကလှနေသေးတယ်အသက်ဘယ်လောက်ရပြီလဲလို့ စကြည့်တာ..။
နင်နော်....ဟင်းးးနော်..နဲ့ ၁၀၀လောက်ရှိပြီလားမသိဘူးလို့ ပြောတယ်။
သူ့ သမီးတွေ အော်လိုက်ကြတာ...။
၉၂ နှစ်လေ..ဆိုတော့..ဟေ..ဟုတ်လားတဲ့..။

အမေ့ရဲ့ မောင် ၇၇ နှစ် (လမ်းဝန်ထောက်အငြိမ်းစား)၊သူ့ အမျိုးသမီးကို ကျမတို့ က ထောက်ကတော်လို့ ခေါ်ရင်၊
တအားချိတ်ချိုးတာဗျ...ဟီး။(ခွှင့်လွှတ်ပါ အဒေါ်ရာချစ်လို့ စတာနော်..)
အနားမှာရှိတဲ့ခလေးတွေကိုရိုက်ခိုင်းတာ တုန်ကာမှုန်ပါဧ။်..။
(လူကြီးပုံတွေကိုရိုက်ပါဆိုတာ မယ်မီး ကုန်းနေတဲ့ပုံတွေဘဲပါလာတယ်လေ..)။
အမေ ၇၉ နှစ်နဲ့ သူ့ ညီမ ၇၄နှစ်...။အမေကလေဖြတ်နေတာ။

ကျမရဲ့ အဖိုးနဲ အဖွား...။
အဖွားက မြောက်ပိုင်း သီပေါမိုင်းနောင်ဆိုတဲ့ဒေသကနေလာတော့  ဂုံရှမ်း မဟုတ်ဘူး။
အဖိုးက ကျိုင်းရိုင်း(အခု Chaingrai ဒေသဖက်ကလာပါတယ် )
သူတို့ ၂ ယောက်လုံးကျိုင်းတုံစော်ဘွားဟော်နန်းမှာကြီးပြီး။(ဟိုဖက်ကအဆက်ဒီဖက်ကအဆက်တဲ့)
(စရင်းချုပ်ရင်တော့ စော်ဘွားမျိုးမဟုတ်တာ အမှန်ပါဘဲ..ဟီး..)

အဖိုးတို့ ရဲ့ မူလမိရိုးဖလာလုပ်ငန်းရွှေဆိုင်းခပ်တဲ့ကျောက်တုံး၊
ကျောက်တုံးကိုရွှေချပြီးကိုးကွယ်ထားတာ

အဲတာမျိုးတွေနဲ့ မကင်းတော့ ဟော်နန်းတခုရဲ့ ရှေ့ ပေါက်ဝက မြေကွက်ကိုပေးသနားခြင်းခံရပါတယ်။
အဲဒီမြေကွက်မှာ တို့ ဖ(အင်းသားလို အဖေလို့ ခေါ်တာလေ)က အိမ်ဆောက်လိုက်တော့။
မယ်မီးတို့ ပေါက်ဖွားလာတဲ့နေရာလေးပေါ့..။
မနှစ် ကကလျင်လှုပ်တော့ အိမ်အိုတော်တော်များများ ပျက်စီးကြတယ်လေ။
ဒီနှစ် တမြို့ လုံးအိမ်သစ်ဆောက်ကြတယ်။
မယ်မီးအိမ်လည်းပြင်ရမဲ့ကိန်းဆိုက်နေတော့ မေးမြန်းကြည့်တာ..။
အိုးးးး...။
ဒင်းတို့ တွေ တယ် ဘတ် စကားပြောပါလား(ရန်ကုန်ဘတ်စ်ကားကိုဆိုလိုတာမဟုတ်ပါနော်)
ထိုင်းပိုက်ဆံ Baht ငွေကိုပြောတာပါ..။
သန်းကနေ စပြီး ပြောတာ ၁၀ သန်း၊ ၅သန်း...ဒီလို ဒီလို..။
ကိုယ့်မှာလည်းတွက်ချက်ပြီး အားတင်းပြီးဘတ်တသန်း ဆိုပြီးပြောလိုက်တာ...။
အင်းးးးးအီးတောင်လှည့်မပေါက်ဘူးဆိုတာမျိုးပါဘဲ...။
အိမ်တွေရောင်းဝယ်နေကြတာ သိန်းဆိုလည်းထောင်ချီနေတာဗျို့ ..။
အိမ်မှာလည်းထောင်ထားတာဆိုလို့ တံမျက်စည်းဘဲရှိတာလေ..။
အိမ်တွေဆောက်ဖို့ တူးဖော်ကြတော့ တချို့ နေရာတွေမှာငွေအိုးရွှေအိုးတွေတွေ့ ကြတယ်တဲ့။
ကဲ....ဒေါ်မီးအတွက်ဆုတောင်းပေးကြပါ။
အရင်ဆုံးမြေတူးမယ်..တူးရင်း ရွှေအိုးငွေအိုးတွေအများကြီးတွေ့ ပါစေလို့ ...နော်..။
(ဘယ်သူပြောနိုင်လဲ..မတွေ့ နိုင်ဘူးဆိုတာ...ဟော်နန်းအ၀င်ဝနော်...ဟင်းဟင်း)
တွေ့ လို့ ကတော့.... တကိုယ်လုံးစိန်စီပစ်လိုက်မယ်..အဲ...။
ဟုတ်ပါဘူးလေ...၊အမေ့ကိုနန်းတော်တမျှခန်းနားလှတဲ့အိမ်လေးဆောက်ပေးမှာပေါ့။

အစားအသောက်အကြောင်းကတော့ နောက်မှ အာလူးဖုတ်မယ်လေ..။
ဒီနေ့ ညနေကမှပြန်ရောက်လာတာ...။
ခု မနက် ၃နာရီခွဲပြီ မျက်လုံးကြောင်ပြီး ငုတ်တုတ်ထိုင်လို့ ကောင်းတုံး..။

အားလုံးဘဲ...ပျော်ပျော်ပါးပါးနော့်
မီးမီး

15 comments:

  1. တာလေကို ဓါတ်ပုံရိုက်ခဲ့လားမသိဘူး ရိုက်ခဲ့ရင်တင်ပေးဦးနော်...။ အဖွားတွေပုံကိုကြည့်ပြီး ရှမ်းပြည်ကအဖွားတွေကိုသတိရသွားတယ်...။ ကောင်းပါ၏ ပြန်ရောက်တုန်း လူကြီးတွေကိုလိုက်လည်ကန်တော့တာ သာဓု သုံးကြိမ်ခေါ်ပါတယ် မယ်မီး...။

    ReplyDelete
    Replies
    1. လေယာဉ်အခက်ခဲကြောင့်၊ရန်ကုန်ကနေတာချီလိတ်အထိစီး၊
      တာချီလိတ်ကနေဘတ်စ်နဲ့ ပြန်ချီတက်ရတယ်လေ။
      တာလေ မိုင်းဖြတ်ရောက်ခဲ့ရတာပေါ့။
      တင်ပေးမယ်..နော်။
      ဖုံးကင်မရာနဲ့ ဆိုတော့သိပ်အကောင်းကြီးမဟုတ်နေဘူးကွယ်။

      Delete
  2. မယ့်ထောက်ကို သတိရတယ်... အ၀တ်အစားပုံတွေကိုကြည့်ပြီး အမျိုးတွေကို လွမ်းသွားတယ် အစ်မရေ...

    ReplyDelete
    Replies
    1. ကိုယ့်မှာလည်းဒါလေးတွေကြည့်ပြီးအလွှမ်းတွေဖြေရတာပါဘဲ။
      .......။

      Delete
  3. ပျော်စရာကြီး မမီးရယ်
    အမျိုးတွေအများကြီးပဲ
    အစားသောက်တွေလည်း မျှော်နေမယ်နော်
    အဲဒါကအဓိက :D

    ReplyDelete
    Replies
    1. အဟဲ...။
      စားသောက်ပြီးမှဒါတ်ဒါတ်ရိုက်ဖို့ သတိရနေတတ်တယ်။
      ကျမတို့ ဆီကအစားအစာကို ပြောပြအုံးမယ်။
      အများအတွက်တော့ဆန်းနေမလားလို့ ပါ။
      (နဲနဲပါးပါးကပ်ရွှီးရအုံးမှာပေါ့လေ...:))

      Delete
  4. အားလုံးချစ်စရာကောင်းလိုက်တာနော်။
    ကိုယ်ကလေအဲလိုလူကြီးတွေကိုသိပ်သနားပြီးအနားမှာအဖေါ်လုပ်ပေးချင်တာ။
    သူတို့ ရဲ့ ငယ်ဘ၀တွေလည်းကိုယ်တို့ လိုဘဲစိတ်ခံစားမှုပေါင်းစုံနဲ့ ဖြတ်သန်းခဲ့ကြရတာနော်။ သူတို့ ငယ်ဘ၀အကြောင်းလေးတွေကိုနားထောင်ပေးချင်တယ်။
    လူငယ်တွေကိုမျှော်နေတဲ့လူကြီးတွေကိုကိုယ်သိပ်သနားတယ်။
    ရှမ်းစာတွေလည်းတင်အုန်းနော်။း)

    ReplyDelete
    Replies
    1. ဟုတ်တယ် သူတို့ တွေအရမ်းချစ်ဖို့ ကောင်းတယ်။
      ကျမလေ သူတို့ တွေနဲ့ စကားပြောရတာပျော်တယ်။
      သူတို့ ပြောတဲ့အကြောင်းတွေကတကယ့်ကိုစိတ်ဝင်စားစရာကောင်းတယ်။
      ကျမတို့ ရဲ့ မျိုးရိုးဖြတ်သန်းလာပုံကိုလည်း ကျမကစပ်စုမေးမြန်းလို့ သိလာရတာ။
      အစားအစာအကြောင်းလည်းမေးခဲ့တယ်။
      သူတို့ စားတာတွေကများသောအားဖြင့် အသီးအရွှက်ပြုတ်အသုပ်တွေ၊
      များတယ်။ဒါကြောင့်အသက်ရှည်တာလားမသိဘူး။

      Delete
  5. so cute grandmas/pas
    really like your writing
    will visit again.

    sorry, no myanmar fonts in office's PC :)

    ReplyDelete
    Replies
    1. Thanks...
      When I feel lonely,I don't know what to do.
      Then I start to write somethings here.
      First,I couldn't write in Myanmar.
      Its took for a long time,but now I am happy to open my mind here....
      I feel not a lonely lady anymore:)))

      Delete
  6. မမီးတို.ကသက်၇ှည်မျိုးတွေဖြစ်မယ်။ပျော်စ၇ာကြီး။ကျမတို.မော်ဟန်ဘက်မှာလည်းအခါကြီး၇က်ကြီး
    ဆိုနှစ်ဘက်ဆွေမျိုးတွေကိုလိုက်ကန်တော.တဲ.ဓလေ.ဂှိတယ်။ပေါက်ပေါက်ဆန်ဗန်းပို.တယ်လို.ခေါ်
    တယ်။အမေက၇ှမ်းနီလေ။နောက်ဆက်တွဲတွေမျော်နေမယ်။စိတ်ဝင်စားဖို.ကောင်းတယ်.....

    ReplyDelete
    Replies
    1. ကျမလေ ရှမ်းနီသူငယ်ချင်းရှိခဲ့ဖူးတယ်။
      သူတို့ က ကချင်ပြည်နယ်ဖက်က။
      မJEWELပြောတဲ့ မော်ဟန်ဆိုတာ၊
      အဲဒီဖက်ကများလား..။
      ကျမလည်း ပထ၀ီ သမိုင်းညံ့ ချက်..။
      ရိုးရာတွေကတော့ အတူတူဘဲနော်..။
      အဟဲ...ကျမကအာလူးဖုတ် ၀ါသနာခပ်ပါပါရယ်။
      လာအုံးမယ်လေ..:)))

      Delete
    2. ဟုတ်တယ်မမီးငယ်ေ၇မော်ဟန်ဆိုတာအ၇င်ကကချင်ပြည်နယ်ဝင်ဝင်ခြင်းရွာကြီး
      ပေါ.၊အခုနောက်ပိုင်းနန်.စီးအောင်ကပထမဖြစ်သွားပြီ။အ၇င်ကတော.ကျောက်စီမ်း
      ထွက်တာနာမည်ကြီးပဲလေ။အခုနောက်ပိုင်းတော.သိပ်မစည်တော.ဘူးပြောတယ်။
      မော်ဟန်ပြီးမှမိုးညှင်းတို.ဟိုပင်တို.ေ၇ာက်တာလေ။အမေ.၇ဲ.ဇာတိလေ။ကချင်ပြည်
      နယ်ဆိုပေမဲ.သိသလောက်အဲဒီ၇ွာမှာ၇ှမ်းနီတွေကပိုများတယ်.....

      Delete
  7. လူကြီးတွေကို လိုက်ကန်တော့တာ သိပ်ချစ်စရာကောင်းတဲ့ ဓလေ့ပဲ..အမျိုးတွေကို သတိရသွားပြီ...

    ReplyDelete
    Replies
    1. ဒီတခါသူတို့ ဆီကမုန့် ဖိုးရဘူး။
      နင်ကကြီးပြီဆိုဘဲ...။
      :))

      Delete