Wednesday, May 15, 2013
အံမခန်းအနုပညာလက်ရာနဲ့ ခမာတို့ ရဲ့ ယဉ်ကျေးမှု့ 
မင်္ဂလာပါရှင်~~~~
ကမ္မောဒီးယားကပြန်လာပြီးမှ Smithsonian Channel ကနေလာတဲ့Angkor သမိုင်းအကြောင်း၊
တွေကိုကောင်းကောင်းပြန်ကြည့်ဖြစ်ပါတယ်။(Land of God ဆိုတဲ့နေရာကနေ ဗီဒီယိုကလစ်တွေရှိပါတယ်။ တီဗီကနေလာတာကတော့ ပိုပြီးပြည့်စုံတာတွေ့ ရတယ်၊တခါခါလာရင် နာရီနဲ့ ချီပြီးလာတာ၊အကြာကြီး၊
အားပါးတရကြီးကြည့်ရတယ်။အရမ်းကြီးကိုစိတ်ဝင်စားစရာကောင်းလှပါတယ်)။
ကျောက်တုံးကြီးတွေကိုဆက်ပြီးမှတွင်းထားတာ၊အရမ်းလက်ရာမြောက်ပါတယ်။
ဒါတော့..ဂူးဂယ်ကနေယူတာပေါ့..ဒီလိုမျိုးကိုယ်တို့ ဘယ်တတ်မလဲ...
အပေါ်ကနေ အန်ကောဝပ်ကိုခြုံငုံရိုက်ထားတာ..တဲ့
ကြည့်ရင်းနဲ့ ရှေးခေတ်ကလူတွေ တကယ့်လက်ရုံးရည်နှလုံးရည်နဲ့ ပြည့်စုံပြီး အမြော်အမြင်ကြီးခဲ့ကြတာ၊
တွေ့ ရပါတယ်။အဲ.. ရှေးကလူတွေဆိုတာလည်း လူအားလုံးကိုမဆိုလိုပါဘူးလေ။
ဘဲခေါ်ရမှာပေါ့)၊အတင်းအကြပ် ခိုင်းစေလို့ သာ ဒီခေတ်မှာ ပိရမစ်ကြီးတွေ၊တရုတ်တံတိုင်းကြီးတွေနဲ့ ဒီ
Angkor အနုပညာလက်ရာ တွေကို ကျမတို့ အံသြစွာတွေ့ မြင်ကြရတာပေါ့နော်..။
ဒါက တကယ့်မူရင်းက ရွှေရောင်နဲ့ လင်းလက်လှပနေတာတဲ့၊
ကိုတရုတ်ကြီးလည်းပြောထားခဲ့ပါတယ်
ကျမတို့ သွားတာတကယ့်ရက်တိုလေးပါ။ အပေါ်ယံသွားလည်ပတ်တာလောက်ဘဲရှိပါတယ်။ အနုပညာလက်ရာရော အင်ဂျင်နီယာတည်ဆောက်ခြင်း ဘာညာကွိကွလေ့လာမယ်ဆိုရင်တော့ အနဲဆုံး တပတ် ၁ဝရက် လောက်တော့နေရမယ်တဲ့ တူတယ်။..ကဲ...လူပြိန်းတယောက်လည်ပတ်မြင်ခဲ့တာတွေဘဲ အာလူးဖုတ်လိုက်ပါအုံးမယ်လေ..။
ဒီလို လူအင်အားမြောက်များစွာနဲ့ သုံးပြီးတည်ဆောက်ထားတဲ့  အီဂျစ်ကThe Great Sphinx ၊  ပိရမစ်တို့ 
လိုတရုတ်ကမဟာတံတိုင်း..ကိုလေ့လာကြတဲ့ ခုခေတ်ကလူတွေဆိုပါတော့ဗျာ..၊သူတို့ ကအတ္တစိတ်
နဲ့ ဆောက်တာ၊တန်ခိုးအာဏာပါဝါပြချင်လို့ ၊သူတို့ ရဲ့ ဘုန်းတံခိုးကိုနောက်လာနောက်သား၊သိစေ
ချင်လို့ ၊လူတွေရဲ့ အသက်သွေးချွေးနဲ့ ရင်းကြရတယ်ဘာညာနဲ့ ပြောကြဆိုကြရေးကြတယ်တဲ့...။
ကျမတော့ အတ္တစိတ်နဲ့ ဘဲဆောက်ဆောက်၊ခိုင်ခိုင်ခန့် ခန့် နှစ်ပေါင်းထောင်ချီနေတဲ့ရှေးဟောင်း
အဆောက်အဦတွေကို၊တကယ်ဘဲစိတ်ဝင်စားပါတယ်။
ကိုင်း..လေရှည်နေတာနဲ့ ဘဲ လိုရင်းရောက်သေးဘူး...။
Smithsonian Channel ကဒီအန်ကောသမိုင်းအကြောင်း ပြောနေတဲ့လူက ကိုးရီးယားလူမျိုးပါ။
ကျမပြောပြဖူးတယ်လေ..။ဒီနေရာမှာ ငှက်တွေ Bird tour ကိုးရီးယားလူမျိုးတွေအ ရမ်းရမ်းကြီးကို လာကြ တယ်လို့ .. နေရာတကာမှာ ကိုးရီးယားစားသောက်ဆိုင်တွေ ဖောချင်းသောချင်းဗျို့ ..။ကိုးရီးယားတွေက
ဒီ SiemReap  ကိုရောက်ပြီး အန်ကောဝပ်ကိုရောက်ဖူးမှ လူနဲ့ တူတယ်လို့ မှတ်နေလားသိပါဘူး..လေ..။
လာလိုက်ကျတာသောက်သောက်လဲ..။ရေပေါ်မျောနေတဲ့ရွှာမှာလည်းကိုးရီးဟားစားသောက်ဆိုင်
တွေဘဲရှိတာ..။သူ့ စကားကို လေဖမ်းဒန်းစီးပြီး မိတ်ဆွေများကိုလူကြုံပါးလိုက်ပါရစေ...။
ဒီလိုဗျ....ဒီအန်ကောယဉ်ကျေးမှု့ ကြီးက ဟိုး....၁၂ရာစု နှစ်ကတဲက ခမာအင်ပါယာကြီး အထွတ်အထိပ် 
ရောက် ချိန်မှာ တည်ဆောက်ခဲ့တယ်လို့ ဆိုပါတယ်။Angkor လို့ ပြောပြောနေကြတာ..အဲဒီ အထဲမှာမှ
နံမည်ကြီးပြီး ကျမရောက်ခဲ့တဲ့နေရာတွေဘဲ ပြောပြသွားမယ်နော်..။
ဒါလည်းဂူးဂယ်ကနေရှာဖွေတွေ့ ရှိယူလာတာ...
အဲဒီဒေသမှာ ပထမဦးဆုံးက လည်လည်ထွက်သင့်တာက               1. Angkor Wat,
                                                                                         2. Angkor Thom
                                                                                         3. Bayon
                                                                                         4.Ta Prohm
ဟိန္ဒူနတ်ဘုရားကိုးကွယ်မှု့ ကနေစတည်တာဖြစ်တဲ့အတွက် ဟိန္ဒူအငွေ့ အသက်လက်ရာတွေအပြည့်ပေါ့။
နောက်မှသာ နောက်ဘုရင်က ဗုဒ္ဓဘာသာပြောင်းသွားလို့ ဗုဒ္ဓဘုရားရုပ်ထုတွေရှိထားခဲ့ကြတာပါတဲ့။
သူ ပြောပြသွားတာ စိတ်ဝင်စားစရာပါဘဲ..။ တကယ့်တကယ်မှာတော့ ကျေက်စာတွေ အဆိုအရ   ၉ ရာစု နှစ်လို့ ပြောပါတယ်။အဲဒီတုံးကတဲကစတည်ပေမဲ့  ခုမြင်ရတဲ့ အဆောက်အဦတွေကတော့
၁၂ ရာစုကတည်ဆောက်ထားတဲ့  ဟာတွေပေါ့လို့ ဆိုပြန်တယ်။
(ဒီတခါတော့လေမဖမ်းခင်မှာ Wiki သွားဖတ်တော့လည်း ၁၂ ရာစုလို့ ဘဲရေးထားတာတွေ့ ရတယ်..)။
ဟမ်...မယ်မီးတော့..တလွဲတွေပြောနေမိပြီလားဘဲ...:P
တကယ်ပါ..နောက်တခါလာရင် နားထောင်ပြီးမှ ဒီအချက်ကို ပြင်မယ်..လေ..။ရဘူးနော်..ကိုယ်တို့ က တယောက်ဆိုယောက် ပိတောက်ဆိုပိတောက်ဘဲ...:D
သူကပြောပြပါသေးတယ်။ တရုတ်သံတမန်တယောက် ၁၃ရာစု လောက်က ဒီနေရာကိုရောက်ခဲ့တယ်။ သူ့ မှတ်တမ်းတွေအရ၊ ဒီနေရာလေးက(ဟင်းဟင်း..ကျမရဲ့ နေရာလေးဟုတ်ဘူးနော်...:P ) ဆန်ရေစပါးပေါကြွယ်ဝလို့ စိမ်းလန်းစိုပြေတဲ့ သစ်ပင်တွေနဲ့ ရာသီဥတု ကောင်းမွန်ပြီးTonle Sap Lakeထဲမှာ ငါးတွေများလွန်းလို့ လှေလှော်ဖို့ တောင်ခက်ခဲပါတယ်တဲ့..။ဒီကျေက်တုံးကြီးတွေကို မိုင်ပေါင်းမြောက်များ
စွာဝေးတဲ့ကျောက်တောင်ကနေ  ထွင်းထုပြီးဘယ်လာကြတာလေ..။ဒီလိုဘယ်ယူပြီးဆောက်ဖို့ လူအင်
အားအများကြီးလိုတာ..၊ဒီပတ်ဝန်းကျင်မှာ လူတွေအများကြီးနေထိုင်သွားခဲ့ကြတယ်ဆိုတာ ဖြစ်နိုင်ချေရှိ
ကြောင်း..ကိုတရုတ်ကြီး၊
ခရီးသွားမှတ်တမ်းကသက်သေတခုလို့ ဆိုပါတယ်တဲ့..။ကျောက်စာမှတ်တမ်းအရ
လည်း ဒီAngkor wat ကိုဆောက်တုံးကတရက်ကို လူအင်အား ၂ဝဝဝဝ ယောက်၊နဲ့ တည်ဆောက်ခဲ့တယ်
လို့ ဆိုပါတယ်။
ဒီ ဒေသတဝိုက်လုံးမှာ အဲဒီတုံးက လူဦးရေ ၈ သိန်းလောက် နေထိုင်ခဲ့တယ်တဲ့။ အဲဒီအချိန်က ဥရောပ ပဲရစ်မှာတောင်လူဦးရေ သောင်းဂဏန်းဘဲရှိခဲ့တယ်လို့  ဆိုပါတယ်။ တည်ဆောက်တဲ့ကျောက်တုံးတွေ ကလည်း  သဲကျောက်တွေပါဘဲတဲ့။
 ကိုင်း..အရင်တခါက အန်ကောဝပ်မနက်နေထွက်တာသွားကြည့်ပြီးပြီဆိုတော့..နောက်တနေရာ Angkor Thom ကိုသွားကြရအောင်...အောက်ကပုံတွေက အဲဒီအသွား တောင်ဖက်ဂိတ်အဝင်ကနေရိုက်ထားတာပါ။
Angkor Thom  ဆိုတာGreat City လို့ ခမာလိုခေါ်တာပါတဲ့။ အရင် ခမာအင်ပါယာတန်ခိုးထွားစဉ်ကာလ၊
သူတို့ ရဲ့ မင်းနေပြည်တော်ဆိုပါတော့...။ မြို့ လယ်ခေါင်တည့်တည့်မှာတော့ Bayon လို့ ခေါ်တဲ့မျက်နှာပုံစံ၊
နဲ့ ဘုရားစေတီရှိပါတယ်။
 တွေ့ လား..ငှက်တသိုက်တော့ သုံးဘီးဆိုင်ကယ်နဲ့ ငြိမ့်လို့ ...။
Bayon အရှေ့ ကနေမြင်ရတာ....။
အပေါ်အမိုးတွေကိုမော့ကြည့်မိရင် ကျေက်တုံးတွေစီပြီးဒီအတိုင်းတင်ထားတာတွေ့ ရတယ်။
တကယ်ဘဲအသဲယားစရာ...နှစ်ပေါင်းမနဲတော့ဘူး..ပြိုလည်းကျသေးဘူး...။
သူများတွေက ကျောက်တုံးကြီးတွေကြည့်ပြီးစိတ်လှုပ်ရှားပါတယ်ဆို..ဒီကိုကိုလေးတယောက်က၊ ပုတ်သင်ညိုလေးကိုဘဲ ချစ်တယ်တဲ့..ကဲ...ကြည့်အုံး..။
ရှားရှားပါးပါးတွေ့ ခဲ့ရတဲ့လျောင်းတော်မှုဘုရား
ကိုင်း...Bird Tour နဲ့ မလွတ်ဘူး....
ဝူး.....ပြောမယ်ဆိုရင် ပြောမဆုံးတော့ဘူး...၊နဲနဲအခန်းဆက်လေးရေးဖို့ ချန်ထားလိုက်တော့မ်နော်..။
အားလုံးဘဲ ရွှင်လန်းကျမ်းမာချမ်းသာကြပါစေရှင်~~~~
မီးမီး
6 comments:
  1. Thanks for share a ma.. See you this Sunday at the event. We will donate mote phat thot. :)
    ReplyDelete
    Replies
    1. TTW...
      You are welcome.
      I am not sure,I can come on Sunday or not!!!
      let see....:(
      Delete
  2. လာရောက်ဖတ်ရှုသွားပါတယ် မီးမီးငယ်ရေ :D
    ရောက်ဖူးပေမယ့် အဲ့တုန်းက ဒစ်ဂျစ်တယ်ကင်မရာမဟုတ်တော့ ပုံတွေတင်စရာမရှိဘူး... ရေးစရာလည်းမမှတ်မိတော့ဘူး..မမီးရေးမှအတော်ပဲ လာပြန်ကြည့်ရမယ်
    ReplyDelete
    Replies
    1. စူးနွယ်ရေ..
      ကိုယ်လည်းတပုဒ်လောက်ရေးလိုက်၁ဝရက်လောက်အိပ်လိုက်နဲ့ လေ..:P
      ခုတလောဟိုဟိုဒီဒီသွားတိုင်းကင်မရာမပါတော့ဘူး။
      အရင်လိုဟုတ်တော့ဘူး..။
      နဲနဲ လက်ပန်းကျနေပြီ..။
      ဟိုးတုံးကဓါတ်ပုံတွေဆိုပိုကောင်းမှာပေါ့။
      စကင်ဖတ်ပြီးတင်လေ...ဖတ်ချင်တယ်ဟယ်..:)
      Delete
  3. တကယ်စိတ်ဝင်စားဖို့ကောင်းလိုက်တာ တခါလောက်တော့ ကြိုးစားပြီးသွားချင်ပါသေးတယ်မမရေ
    ချစ်တဲ့
    ဂျာရစ်
    ReplyDelete
    Replies
    1. ဂျာရစ်လေးရေ...
      တလောက ကွန်ပူတာကြီး ဘယ်လိုဖြစ်နေမှန်းမသိဘူး။
      မြန်မာဖေါင့်တွေဖတ်မရဘူးလေ။
      ခုတော့ဖတ်လို့ ပြန်ရပြီ။
      ကျေးဇူးပါဘဲနော်..။
      Delete