မင်္ဂလာပါရှင်~~~~
၂၀၀၉ ဧပြီလ(သင်္ကြန်ချိန်ပေါ့)ကျမအမျိုးသားအလုပ်ကိစ္စနဲ့
Elangen (Germany) ကို ၆ လလောက်နေဖို့ရောက်ခဲ့ပါတယ်။
တကယ်တမ်းတော့လည်း ၁ နှစ်နီးပါးလောက်နေလိုက်ရတယ်။
မြို့လေးက သူတို့နိုင်ငံရဲ့အကောင်းဆုံးဆေးတက္ကသိုလ်ရှိတယ်..၊
ဆိုတော့လူငယ်လေးတွေများပါတယ်။
နောက်ပြီးSiemens စတင်တည်ထောင်တဲ့လူရဲ့ဇာတိမြေဆိုတော့၊
Siemens ကုမ္မဏီရဲ့ရုံးအဆောက်အဦတွေက မြို့တဝက်ကျော်လောက်ရှိပါတယ်။
သူများမြို့ရွှာမှာသူများစာ၊စကားမတတ်ဘဲနေထိုင်ရတာ၊
အင်မတန်မှ ကသိဂအောင့်ဖြစ်စရာတွေများလှပါတယ်။
ဥရောပဆိုတာကလည်း တနင်္ဂနွေဆိုရင် ဆိုင်အားလုံးနီးပါးပိတ်ဘဲ။
မြို့လေးကလည်းသေးသေးလေးပါ။
ဘယ်သွားရမှန်းမသိတော့ လမ်းဘဲရှောက်နေတော့တာဘဲ။
လမ်းလျောက်တတ်တဲ့အကျင့်တောင်ရလာတယ်လေ။
ဘူတာရုံနားမှာလူတွေအများကြီးသွားနေတာတွေ့လို့၊
သူတို့နောက်လိုက်သွားကြည့်တာ..။
![]() |
| ကောင်လေးနဲ့ကောင်မလေးတွေကဂျာမာန်ဝတ်စုံလေးတွေနဲ့ချစ်ဖို့ကောင်းတယ်။ |
ဟိုးတောင်ကုန်းစပ်လေးမှာ ပွဲဈေးတန်းနဲ့ပြင်ဆင်နေတာတွေ့တယ်။
နဲနဲပါးပါး မေးမြန်းကြည့်တော့ အဲဒီနားက သူတို့ဘုရားရှိခိုးကျောင်းရဲ့နှစ်ပတ်လည်ပွဲတဲ့။
နှစ်တိုင်းကျင်းပတယ်။ဂျာမဏီဆိုတော့လည်းဂျာမာန်ဘီယာက ထိပ်ဆုံးကလာတာကိုး...။
အဲနားတဝိုက်ရဲ့အစည်ကားဆုံးဘီယာပွဲတော်ဖြစ်သွားတယ်။
![]() |
| ပွဲမစခင်၁ပတ်လောက်ကတဲကသောက်ဖို့ရောင်းတယ် |
![]() |
| ပွဲတော်နေ့ |
![]() |
| အဲဒီလူရဲ့အနောက်ဖက်မှာဝက်ကောင်လုံးကင်တာတွေ့တယ် |
![]() |
| ပေါက်ပေါက်ဆုပ်နဲ့ချောကလက်ဆိုင် |
![]() |
| ပြောင်းဖူးဆိုင် |
![]() |
| သစ်ခွဆိုင်ဆိုပြီးဘုရားပုံလည်းရောင်းတယ်၊အဲ..သူကမဲဖေါက်ရောင်းတာတဲ့။ |
![]() |
| ကျမတော့ဒီလိုမျိုးဘယ်တော့မှမစီးဘူးကြောက်လို့။ |
![]() |
| သီချင်းဆိုတာကိုအောက်ကနေပြီးလိုက်ကကြတယ်လေ။ |
![]() |
| ပွဲဈေးတန်းတလျောက် |
![]() |
| ချားရဟတ်နဲ့ခပ်လှမ်းလှမ်းအပေါ်ဖက်မှာ စိတ်ကောက်နေတဲ့အတွဲကိုလည်းဓါတ်ပုံခိုးရိုက်တယ်။ |
![]() |
| လာအချစ်ကလေးသွားသောက်ရအောင်..။ |
![]() |
| ပူပေါင်းကင်းတွေ..။ |
![]() |
| ကျမတို့ပြန်တော့သူတို့ကလာနေကြတုံး..။ |
![]() | |
| ဘတ်စ်စောင့်နေတဲ့မမလေးတွေ..။ |
ခင်မင်တဲ့မီးမီး

















0 comments:
Post a Comment