Wednesday, July 14, 2010

တရားစွဲမှာလား???


လွန်ခဲ့တဲ့ ၄ နှစ်က နယူးယောက်မှာ နေတုံးကပေါ့.



ဒီ Arch-stone apartment west bury, long-island New York မှာနေခဲ့ပါတယ်။
ကျမတော့အဲဒီနေရာမှာ ၄ လလောက်ဘဲနေခဲ့ရပါတယ်။
နေပြီး၂လလောက်မှာဘဲ မိုးတွေရွာပြီးရေတွေစိမ့်ဝင်လို့ အိမ်နံရံမိူတက် မိူစွဲပါတယ်။
အဲဒီ apartment ကလည်းအသစ်ဘဲရှိသေးတယ်.ဈေးလည်းကြီးတယ်။
ကျမတို့အခန်းကတယောက်အိပ်ခန်းပါဘဲ။အိမ်ထောင်ပရိဘောဂကိုသပ်သပ်ဌားရပါတယ်။
စုစုပေါင်း US4000$ လောက်ပေးရပါတယ်။
အားလုံးကိုသူ့company ကစီစဉ်ပေးလို့တော်သေးတယ်.။
ရေစိမ့်တာလည်းကျမတို့အခန်းမဟုတ်ပါဘူး...။
တခြားအခန်းတွေပါ…အဲဒီမိူကြောင့်ယားနာတွေဖြစ်ကြတယ်.

ကျမလည်းအစကတည်းက အနံ့တို့ လေမသန့်တာတို့ကို အရမ်းကြီးကို sensitive ဖြစ်တဲ့လူဆိုတော့ ယားနာဖြစ်တာပေါ့။ တကိုယ်လုံးယားယံပြီးအဖုနီနီလေးတွေပေါက်တယ်။အဲဒီApartmentကိုသူများတွေကတရားစွဲကြတယ်။ကျမလည်းယားနာပေါက်တယ်ဆိုတာကိုသိတဲ့ မျက်နှာခြင်းဆိုင်အခန်းက အမျိုးသမီးကတော့အားတက်သရော တရားစွဲဖို့အကြံပြုပါတယ်။ ရှေ့နေကိုသွားပြောကြတယ်တဲ့။ Law farm တွေကတော့အများကြီးစာတွေပို့ကြတယ်.လျော်ကြေးတွေသိန်းသန်းနဲ့ချီတောင်းကြတယ်။ကျမကတော့ဘာမှမလုပ်ပါဘူး.အဲဒီတော့ Apartment ကအားလုံးကိုပြောင်းခိုင်းပါတယ်။ Apartment ပြန်ပြီးပြင်ဖို့အိမ်ပြောင်းခ အိပ်ခန်းတခန်း ကို US ၁ဝဝဝ $ပေးပါတယ်။အိပ်ခန်းနှစ်ခန်း ဆိုရင် US ၂ဝဝဝ $ ရပါတယ်။

ကိုင်း.ရန်ကုန်ကတိုက်ခန်းရေစိမ့် အိမ်သာပိုက်ပေါက် ရေပိုက်ပေါက်တာ..ကိုယ်တိုင်ပြင်နော်😉

သတ်မှတ်ပေးထားတဲ့အချိန်အတွင်းအပြီးပြောင်းပေးရတယ်။
နို့မို့ရင်ကိုယ်ကပြန်လျော်ပေးရမယ်တဲ့..။

ကြုံခဲ့ရသမျှ အဆန်းတွေချည့်😎

#meemeenage

3 comments:

  1. ကိုယ့်အားကိုယ်ကိုးရတာပေါ့မီးရဲ့ ။
    ရန်ကုန်မှာ သွားပြောရင် US ကလိုဈေးမျိုးနဲ့ ဝယ်ပါ့လား။
    ငှားပါ့လားလို့ ပြန်ပြောခံရမှာ....
    (ဒီမှာ ပူတယ်ဗျို့ ။။။ ဟောဟဲ ဟောဟဲ :)

    ReplyDelete
  2. manhattan မှာတောင်$4000 မပေးရဘူး

    ReplyDelete
  3. full furnishing apartment,
    ကိုယ့်အ၀တ်အစားအိတ်လေးနဲ့ 
    တက်နေရုံဘဲလေ။
    ကိုယ့်ဖာသာကိုယ်ပေးရတာလဲ၊
    မဟုတ်ပါဘူး။
    သူ့ ကုမ္မဏီကစီစဉ်ပေးတာ။
    http://www.archstoneapartments.com
    မှာကြည့်လို့ ရပါတယ်။
    ကျမကြားဘူးတာက longisland
    ကလစာဆိုရင် US တခြားနယ်ကထက်၊
    ၁၀% ပိုပေးရတယ်၊
    ဒီကပိုပြီးအခွန်များတယ်လို့ ဆိုပါတယ်။
    Anonymous ဒီမှာနေတဲ့သူဆိုရင်၊
    ကျမထက်ပိုသိမှာပါ။
    ကိုယ့်အတွေ့ အကြုံလေးတွေကို၊
    ပြန်ပြောတဲ့သဘောပါ။

    ReplyDelete