Wednesday, July 14, 2010

တရားစွဲမှာလား?


လွန်ခဲ့တဲ့ ၄ နှစ်က နယူးယောက်မှာ နေတုံးကပေါ့.



ဒီ Arch-stone apartment west bury, long-island New York မှာနေခဲ့ပါတယ်။
ကျမတော့အဲဒီနေရာမှာ ၄ လလောက်ဘဲနေခဲ့ရပါတယ်။
နေပြီး၂လလောက်မှာဘဲ မိုးတွေရွာပြီးရေတွေစိမ့်ဝင်လို့ အိမ်နံရံမိုတက် မိုစွဲပါတယ်။
အဲဒီ apartment ကလည်းအသစ်ဘဲရှိသေးတယ်.ဈေးလည်းကြီးတယ်။
ကျမတို့ အခန်းကတယောက်အိပ်ခန်းပါဘဲ။အိမ်ထောင်ပရိဘောဂကိုသပ်သပ်ဌားရပါတယ်။

စုစုပေါင်း US4000$ လောက်ပေးရပါတယ်။
အားလုံးကိုသူ့company ကစီစဉ်ပေးလို့ တော်သေးတယ်.။

ရေစိမ့်တာလည်းကျမတို့ အခန်းမဟုတ်ပါဘူး...။
တခြားအခန်းတွေပါ…အဲဒီမိုကြောင့်ယားနာတွေဖြစ်ကြတယ်.

ကျမလည်းအစကတဲကိုက အနံတို့  လေမသန့် တာတို့ ကို အရမ်းကြီးကို sensitive ဖြစ်တဲ့လူဆိုတော့ ယားနာဖြစ်တာပေါ့ တကိုယ်လုံးယားယံပြီးအဖုနီနီလေးတွေပေါက်တယ်.
အဲဒီApartmentကိုသူများတွေကတရားစွဲကြတယ် ကျမလည်းယားနာပေါက်တယ်ဆိုတာကိုသိတဲ့ မျက်နှာခြင်းဆိုင်အခန်းက အမျိုးသမီးကတော့အားတက်သရော တရားစွဲဖို့အကြံပြုပါတယ်..... ရှေ့ နေကိုသွားပြောတယ်.
Law farm တွေကတော့အများကြီးစာတွေပို့ ကြတယ်.လျော်ကြေးတွေသိန်းသန်းနဲ့ချီတောင်းကြတယ်.

ကျမကတော့ဘာမှမလုပ်ပါဘူး.အဲဒီတော့ Apartment ကအားလုံးကိုပြောင်းခိုင်းပါတယ်.
Apartment ပြန်ပြီးပြင်ဖို့ အိမ်ပြောင်းခ အိပ်ခန်းတခန်း ကို US ၁ဝဝဝ $ပေးပါတယ်.
အိပ်ခန်းနှစ်ခန်း ဆို၇င် US ၂ဝဝဝ $ ရပါတယ်.---

ကိုင်း.ရန်ကုန်ကတိုက်ခန်းရေစိမ့် အိမ်သာပိုက်ပေါက် ရေပိုက်ပေါက်တာ..ကိုယ်တိုင်ပြင်နော်:D
သတ်မှတ်ပေးထားတဲ့အချိန်အတွင်းအပြီးပြောင်းပေးရတယ်
နို့ မို့ ရင်ကိုယ်ကပြန်လျော်ပေးရမယ်တဲ့..




3 comments:

  1. ကိုယ့်အားကိုယ်ကိုးရတာပေါ့မီးရဲ့ ။
    ရန်ကုန်မှာ သွားပြောရင် US ကလိုဈေးမျိုးနဲ့ ဝယ်ပါ့လား။
    ငှားပါ့လားလို့ ပြန်ပြောခံရမှာ....
    (ဒီမှာ ပူတယ်ဗျို့ ။။။ ဟောဟဲ ဟောဟဲ :)

    ReplyDelete
  2. manhattan မှာတောင်$4000 မပေးရဘူး

    ReplyDelete
  3. full furnishing apartment,
    ကိုယ့်အ၀တ်အစားအိတ်လေးနဲ့ 
    တက်နေရုံဘဲလေ။
    ကိုယ့်ဖာသာကိုယ်ပေးရတာလဲ၊
    မဟုတ်ပါဘူး။
    သူ့ ကုမ္မဏီကစီစဉ်ပေးတာ။
    http://www.archstoneapartments.com
    မှာကြည့်လို့ ရပါတယ်။
    ကျမကြားဘူးတာက longisland
    ကလစာဆိုရင် US တခြားနယ်ကထက်၊
    ၁၀% ပိုပေးရတယ်၊
    ဒီကပိုပြီးအခွန်များတယ်လို့ ဆိုပါတယ်။
    Anonymous ဒီမှာနေတဲ့သူဆိုရင်၊
    ကျမထက်ပိုသိမှာပါ။
    ကိုယ့်အတွေ့ အကြုံလေးတွေကို၊
    ပြန်ပြောတဲ့သဘောပါ။

    ReplyDelete