Friday, February 14, 2014

အပိုလိုယာဉ်များနဲ့ ကနေဒီစခန်း

မင်္ဂလာပါရှင်~~~
လကမ္ဘာပေါ်လူအခြေချခဲ့တာ ၁၉၆၉ ခုနှစ်ကတဲကပါ။ အဲတုံးကသွားခဲ့တဲ့အပိုလိုယာဉ်နဲ့ အမေရိကန်လူမျိုး အမ်းစထောင်းဆိုတာကျမတို့ငယ်ငယ်ကတဲကအမြဲကြားဖူးခဲ့ကြတာပေါ့။ အဲဒီအပိုလိုယာဉ်ကြီးကို မြင်တွေ့
ချင်ရင်တော့ဖြင့် ဒီနေရာ  V Center ကိုအလည်ရောက်အောင်သာသွားလိုက်ပါ။ ဒီတခါတော့ဟိုးအရင်
Post တွေရဲ့အဆက်ပေါ့ရှင်..ဘတ်စ်ကားနဲ့ လည့်ပတ်ပြီး ဒီ V Center
ရှေ့မှာ ကျမတို့ကိုချထားခဲ့ပါတယ်။

အဝင်ဝကအခန်းရှေ့တခုမှာ အားလုံးတိုးခွေ့ပြီးခဏရပ်စောင့်ရပါတယ်။ နောက်မှ အခန်းတံခါးဖွင့်ပြီး အခန်း ထဲမှာရှိတဲ့ပတ်ပတ်လည် နံရံကပ်ပိတ်ကားရှေ့မှာရပ်ကြရတာပေါ့..စခန်းတခုလုံးဒီလိုတွေချည်းဘဲ.. 

ကဲ... လူစုံရင် တက်ကုန်ဖွင့်လှော်ကြတာပေါ့..အဲလေ..ဓါတ်ပြားဟောင်းတွေဓါတ်ရှင်တွေဖွင့်တာပေါ့..
ဒီအပိုလိုယာဉ်စခန်းကြီး ဘယ်တုံးကဘယ်လို စတင်ဖြစ်ပေါ်လာတာတွေ တခါကကျမပြောခဲ့သလိုပေါ့ 
အာကာသပေါ်ကိုဂြိုလ်တုတွေလွှတ်တင်တာက ပထမဆုံး ရုရှားတွေပါ။ အမေရိကန်တွေက မခံချင်စိတ်နဲ့ 
ပျာယီးပျာယာလေ့လာတော့ ဒီလကမ္ဘာပေါ်ပထမဦးဆုံးခြေချဖို့ အခွင့်အရေးလက်လွတ်မခံနိုင်ဘူးလေ။ 
စစ်အေးတိုက် ပွဲလို့ခေါ်တဲ့ကာလမှာတော့ သမတ ကနေဒီရဲ့အဓိကရည်မှန်းချက် က (Appollo Kennedy 
အပိုလိုပရိုဂရမ် လို့ အများကသိထားကြပါတယ်) လကမ္ဘာပေါ်မထမဦးဆုံးခြေချဖို့ပါဘဲ။ သူ ကွန်ကရက်
မှာ ၁၉၆၁ ကတဲကဒီအစီအစဉ်ကိုတင်ပြခဲ့ပါတယ်။


သူပြောခဲ့တဲ့စကားတွေထဲမှာ "none will be so difficult or expensive to accomplish." ဒါလေးက သဘောကျစရာလေးပါ...အတိုကောက်ပြောရရင်ဖြင့်....ကုန်ကျစရိတ်ကြီးတယ် ခက်ခဲတယ်ဆိုတာ
ဒီပရောဂျက်ကြီးထဲမှာမရှိစေရဘူး..တဲ့။ တကယ်ဖြစ်အောင်တကယ်လုပ်ခဲ့တော့တကယ်ဖြစ်ခဲ့တာပေါ့လေ ဒါကြောင့်သူ့ကိုဂုဏ်ပြုပြီး ဒီစခန်းကို ကနေဒီစခန်းရယ်လို့နာမည်ကင်ပွန်းတပ်ခဲ့ပါတယ်။
ပြီးတော့ အဲဒီတုံးက ဒီအာကာသစခန်းကိုထိန်းချုပ်တဲ့ စက်တွေ ထားတဲ့အခန်းထဲ သွားပြီးလေ့လာရပါတယ်
အရင်ခေတ်ကစက်တွေပေါ့...စက်နိုးပြပြီး တကဲ့ဒုံးပျံ ဂြိုလ်တုတွေတက်ရင် စက်တွေအလုပ်လုပ် တဲ့အတိုင်းပြပါတယ်...

ခုခေတ်ခလေးတွေပြောတဲ့စကားလိုပြောရရင်တော့.. cool  ပေါ့လေ..^_^
နောက် တခန်းထဲဝင်လိုက်တာနဲ့..အိုး...ကြီးမားရှည်လျှားလှသော အပိုလိုယာဉ်ပါတကားပေါ့..ရှင်
The mighty Saturn V. အရှည် 363-ပေ ရှိပြီး အမေရိကန်အာကာသယာဉ်မူး ၂၇ ယောက်လောက်ကို 

အကြိမ်ကြိမ်အခါခါ ဘယ်ပြီး လကမ္ဘာနဲ့ လူ့သားတို့ရဲ့ကမ္ဘာမြေကြီး ကိုနီးစပ်လာအောင်မိတ်ဆက်ပေးခဲ့
တာပေါ့..။

ဘယ်ဒေါင့် ဘယ်ချောင်ကနေ တလုံးခြုံငုံရိုက်ယူရမှန်းမသိပါဘူး...
သူပေအရှည်က လွန်းပျံယာဉ် ၂ဆတောင်ရှိတယ်တဲ့...
ကျတို့ဗိုက်ဆာတော့ Hard rock Cafe ဆင်းဝှစ်တွေရောင်းတဲ့နေရာမှာ နေ့လည်စာစားခဲ့ပါတယ်။
အပေါ်မှာက အားလုံးမြင် ဖူးကြမှာပါ ရွှေရောင်လက်လက်ကြီးက ခေါင်းပေါ်တည့်တည့်မှာ...
လူတွေလေထဲမှာပျံနေတဲ့ပုံစံမျိုးဓါတ်ပုံရိုက်ဖို့တန်းစီနေရတာ စိတ်မရှည်ဘဲ..ပြန်လာခဲ့ကြတယ်
ဘတ်စကားက တချိန်လုံးဟိုဖက်စခန်းနဲ့ ဒီဖက်ပြေးနေတာ..
ကျမတို့က visitor complex က 3 D ကိုအချိန်နဲ့ ကိုက်ပြီးကြည့်ရမှာဖြစ်တဲ့အတွက် အမြန်ပြန်ခဲ့တယ်။
ဒီဖက်ကကွင်းထဲမှာ လျှောက်မကြည့်ရသေးဘူးလေ...
စားသောက်ဆိုင်ရှေ့က ဂြိုလ်တုလေး..
အမှတ်တရ...အားလုံးရိုက်မယ်ဗျ...
ကျမမိတ်ဆွေ အသစ်စက်စက် ဘရာဇီးကအိုင်တီသမား..တခုလုံးပါအောင်ရိုက်ပေးတဲ့..
ညနေ ၆နာရီခွဲမှာ ဒုံးပျံတခုလွှတ်ဖို့အစီအစဉ်ရှိတယ်တဲ့...အိုကေလေ..ကားသမားဂိုက်ကိုဖားပြီး သူ့ဆီက အမှတ်တရ ဒင်္ဂါးပြားတွေဝယ်ရသေးတယ် အထဲမှာကပိုဈေးကြီးပါတယ်...
ဓါတ်ပုံတွေ ကိုယ့်ဖာသာကိုယ်ရိုက်ပေမဲ့ သူတို့ရိုက်ပေးတာ ကပိုမိုက်တယ်..အမှတ်တရဆိုတော့လည်း...
ကြိတ်မှိတ်ပေးလာရတာပေါ့လေ...


လေကလည်းတိုက်လိုက်တာအရမ်းဘဲ...အေးတယ်..လေတိုက်လွန်းလို့ delay ဆိုပြီးနောက် နာရီဝက် ဆက်စောင့်ရသေးတယ်..နောက်တော့ ရက်အကန့်အသတ်မရှိရွှေ့လိုက်တယ်တဲ့..ဟူး..မောကြော...
သူများတွေကားတွေနဲ့လာပြီး လမ်းဘေးမှာ ထိုင်ခုံတွေချ စောင်ခြုံပြီးစောင့်ကြည့်နေကြတာအများကြီးဘဲ
အခွှင့်အရေးကောင်းတခု လေတိုက်လို့မျောသွားရှာပေါ့....


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

၁.ကနေဒီအာကာသစခန်း
၂.လွန်းပျံယာဉ်စီးအတွေ့ အကြုံနဲ့ အာကာသစခန်းတခွင်

12 comments:

  1. Bus ရှေ့  မှာ ခန့်ခန့် ကြီး ....

    Happy Snow day ပါ အမ

    ReplyDelete
    Replies
    1. haha...ကိုယ့်လောက်မချောဘူးကွ..
      :P snow ကျလည်းအပြင်ဒိုးတယ်..
      Tax return ကအများကြီးပြန်ရတော့..
      နဲနဲကပ်သုံးပေးနေရတယ်လေ.. :D

      Delete
  2. နောက်တခေါက် ထပ်သွားမယ်လေ မမီး..း)

    ReplyDelete
    Replies
    1. ထပ်သွားချင်တာပေါ့...
      အရင်ဆုံး..ဆန်ဖရန်စစ်စကိုဖက်သွားရင်
      ကောင်းမလားလို့...

      Delete
  3. ငယ်ငယ်တုန်းက ရူးပြီး astronaut ဖြစ်ချင်ခဲ့သေးတယ် :D

    ReplyDelete
    Replies
    1. ဟုတ်လား... :)))
      ရည်မှန်းချက်မြင့်မြင့်ထားတတ်တာကောင်းတယ်ကွယ်။
      ကိုယ်တို့တော့ဝက်သားလုံးခေါက်ဆွဲရောင်းချင်တာတို့၊
      ထမင်းနဲ့ကြံရည်(ခေါက်ဆွေ-ရှမ်းလိုခေါ်တာ)
      အဲဒါရောင်းချင်တာတို့လောက်ဘဲမှန်းခဲ့တယ်..ဟီး
      >.<

      Delete
  4. ဒုံးပျံလွှတ်တာမကြည့်လိုက်ရတာနာတယ်ကွာ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်ပါ့..မအိုင်အိုရာရေ...
      စန်းထွန်းနဲ့ချိန်းပြီးဒီမြို့ထဲ၊
      လျှောက်လည်မလို့ ၊
      (စစ်သဘောင်္တွေကမ်းနားမှာလှမ်းတွေ့လိုက်တယ်)
      ပြတိုက်လုပ်ထားတာတဲ့..
      ဒုံးကိုတော့စိတ်လျှော့လိုက်ပါပြီ.. :)))

      Delete
    2. ဒုံးပျံနဲ့ စစ်သဘောင်္နည်းနည်းတော့နီးစပ်ပါတယ်...အဟက်..
      တစ်ခုကကောင်းကင်ထဲသွားပြီးတစ်ခုကရေထဲသွားတာ။း)
      နာလိုဘူးကွယ်။..လျှောက်လည်ကြမှာကို။ ကိုယ့်အတွက်ဓါတ်ပုံတွေများများပိုရိုက်ခဲ့နော်။
      ဒါတော့သိပ်ပူရမှာဟုတ်ပါဘူး။
      မီးမီးကလည်းရိုက်ရိုက်..(ကိုယ့်လိုဘဲ)
      စန်းထွန်းကလည်းကင်မရာသစ်ကြီးဝယ်ပြီးကတည်းကအစွမ်းတွေပြနေတာ။း))
      အိုင်အိုရာ

      Delete
    3. ဟီး..ဟုတ်တယ်နော်..
      ကောင်းကင်နဲ့ရေပြင်..
      ဒါပေမဲ့..မရယ် ဟိုး..မိုးကုက်စက်ဝိုင်းနားမှာ၊
      သူတို့ညားသွားကြတယ်လေ... :P

      Delete
  5. ဟန်ကြည်February 17, 2014 5:55 AM

    ဂွတ်သဗျို့...ဒေါ်မီးသွားတော့ ကျွန်တော်တို့လည်း ဖရီးရောက်ရတာပေါ့...အပိုလိုကြီးနဲ့တော့ မလိုက်ရဲပေါင်ဗျာ...တော်ကြာ ကိုယ့်အလှည့်ကျမှ ပျက်ကျသွားရင် ဂန့်ပြီ...း)

    ReplyDelete
    Replies
    1. အေးဗျာ..ဒီဆောင်းကြီးနဲ့ဘယ်မှလည်လို့မရ၊
      သူ့ခရီးထွက်တာဘဲလိုက်နေရတာ..
      တနေရာရာသွားချင်နေတာ..
      စိတ်ချ..ဖရီးခရီးကျန်သေးတယ်..
      လာအုံးမယ်လေ.. :P
      အပိုလိုကြီးတော့ အစမ်းစီးတာနဲ့တင်၊
      နှလုံးတွေတုန်တာ၊ အစစ်ဆိုရင်စက်နိုးတာနဲ့
      အသက်ထွက်လောက်တယ် :))))

      Delete