ဟင်းတွေမချက်ပြရတာအတော်ကြာပေါ့နော်။
လုပ်လိုက်ရင်လည်း ထူးဆန်းပေါက်ကရ ပေါ့ရှင်...။
ဒီနောက်ပိုင်း အသားငါးတွေ သိပ်စားချင်စိတ်မရှိဘူး..။
သတ်သက်လွှတ် သမားလည်းမဟုတ်ပါဘူး..။သူ့ ဖာသာသူငြီးငွေ့ လာတာ ။
အကြောင်းရင်းက အံသွား ၃ချောင်းလုံးမရှိဘူး၊နောက်ဆုံးတခုကို ခွဲထုတ်ဖို့ ၊ဆရာဝန်ချိန်းထားတာကိုလည်း
ရှောင်ပြေးနေတယ်လေ။ တတိယတချောင်းထုတ်တုံးက ၃ချက်ချုပ်ရတယ်။
ပါးစပ်ထဲမှာ ချုပ်ထားပြီး နေထိုင်ရတဲ့ဘဝဟာ အန်မတန်မှ နာပြီး၊နေရထိုင်ရခက်တာ၊
ကိုယ်တိုင်ခံစားကြည့်မှဘဲ သိတော့တယ်။ သွားဖုံးတွေကလည်း မကောင်း။
စာရင်းချုပ်လိုက်တော့ မဝါးနိုင်ဘူး..။ဒါကြောင့်ပျော့တဲ့အစာတွေဘဲစားတတ်လာတယ်လေ..။
ဟိုဟာနဲ့ မတည့်၊ဒီဟာနဲ့ မရ..။ခေါင်းစားတယ်။
နေ့ တိုင်း အရွှက်သုတ်၊အရွှက်ပြုတ်။ ဒါဘဲစားတယ်..။
food blog သွားရင်း နဲ့ ဒီအိန္ဒယက ကောင်မလေးတယောက်ချက်တာမြင်ပြီး၊ စမ်းကြည့်တာ...။
ကောင်းထှာနော်...။
ကဲ....လူပျင်းချက်နည်းဆိုလည်း မမှားပါဘူး..။
ရှိသမျှ အားလုံးဗူးထဲက ဟာနဲ့ ဘဲသုံးပါတယ်..။သိပ်အချိန်ပေးပြီးကြော်လှော်စရာတောင်လိုဘူး..:P
သူချက်တာကတော့ဒီလိုဟုတ်ပါဘူး။ရှယ်ပေးမလို့ ပြန်ရှာတာဘယ်ရောက်နေလဲမသိ..:)
စချက်တုံးကတဲက ဘာစမာတီဆန်ရေစိမ်...၂ဝ မိနစ်ဆိုရပါပြီ...။
(အဟီး....ကျမချက်တာက တတ်ကျွမ်းလို့ ဟုတ်ပါဘူး၊ရမ်းတုတ်တာများပါတယ်)
အိုဝင်ထဲမှာ ၃ဝ မိနစ်လောက် ထဲ့လိုက်တာပေါ့...။(အိမ်အောက်က ကုလားမလေးရဲ့ အိမ်ရှေ့  ပူစီနံ သွားခူးမလို့ ဟာ၊သူ့ ကိုလည်းမပြောထားတော့ခိုးသလိုဖြစ်နေမှာကြောက်လို့ ၊နို့ မို့ ရင် နဲနဲ စိမ်းတာမြင်ရမှာ)
တွေ့ လား....ဒီနေ့ ဥပုဉ်နေ့ ကဆုန်လပြည့်နေ့ ၊ ပိန္နဲသီး ဒံပေါက်နဲ့ တရားလည်းနာ၊ စာလည်းရေး...။
ပါးစပ်ကလည်းဝါး...အာရုံတွေများနေလိုက်တာ.....မယ်မီး........................................။
စားလို့ လည်းကောင်းလိုက်တာ နူးညံ့ နေတာဘဲ...၊ ဒီနေ့ လာလည်ရင်ကျွေးမယ်နော်..။
မနေ့ ကမှ ပို့ စ်တခုတင်ထားတာ...။ဒီနေ့ တခုထပ်တင်လိုက်ပြန်ပြီ...။
အားနာလိုက်ထှာ မအားတဲ့ကြားက မျက်စိညှောင်းအောင်ကြည့်ပါအုံးရှင်...:D
စာရေးတာနဲနဲ၊ ဒါတ်လေးတွေများနေတယ်...။
နောက်မှ အာလူးများများလာဖုတ်မယ်နော်...။
မီးမီး
ထူးဆန်းထှာ...
ReplyDeleteခပ်ဆန်းဆန်းလေးမို့ မှီငြမ်းတုပချက်ကြည့်တာ..လေ:)
Deleteတကယ်ထူးဆနးထှာ
ReplyDeleteတကယ်ပါဆို..ချိုချိုမွှေးမွှေး စိမ့်စိမ့်လေးနော်..သိလား
Deleteဒါတ်လေးတွေများတော့လည်းကြည့်ရတာပ..မယ်မီးရယ်..
ReplyDeleteအိုင်အိုရာ
ဒါတ်ဘဲတင်နိုင်ပြီးလူက ပျင်းကြောလိုက်နေတာ..
Deleteမအိုင်အိုရာရေ...
မိုက်သဗျာ....
ReplyDeleteစားကြည့်ရင်ခိုက်သွားမှာသေချာတာပေါ့ရှင်..;P
Delete