Friday, May 3, 2013

၂၁ဝရ ခု သျှမ်းနှစ်သစ်ကူးပွဲတော်ဖွင့်ပွဲချီတက်ကြတုံးက(၁၂.၁၂.၂ဝ၁၂ )

မင်္ဂလာပါရှင်~~~~
တကယ်ဘဲ တောင်းပန်ရအုံးမယ်။ ခုတလော စိတ်ပိန်ပါတယ်။
ရေးထားပြီး မတင်သေးဘဲထားတာတွေဘယ်ကနေ ဘယ်လိုဖြစ်ပြီး post တွေတက်သွားတာလဲမသိပါဘူး။
တချို့ ကလည်း ခေါင်းစဉ်ဘဲရှိတာ..။ စာလေးတကြောင်းလောက်ရေးသိမ်းထား၊ ဓါတ်ပုံလေး ၂ ပုံလောက်နဲ့ ၊
ချောင်ထိုးထားတာတွေ...တက်သွားတယ်။ ပြန်ဖျက်လိုက်တော့ သူများနေရာမှာ ခေါင်းစဉ်ဘဲ ကျန်ခဲ့တယ်။
ဖတ်မလို့ နှိပ်လိုက်ပြီး၊ ဘာမှမရှိတဲ့အတွက်၊အားနာမိပါတယ်။
ဒီတော့ မြန်မြန်နောက်တခုရေးပြီးတင်လိုက်ပါတယ်ရှင်..။
( ဒီသမိုင်းကြောင်းအချက်အလက်အတိအကျကို စီဒီနဲ့ စာအုပ်က မြို့ မှာမေ့ခဲ့လို့ ၊မြင်ခဲ့ကြုံခဲ့တာတွေဘဲ၊
မယ်ငီးရဲ့ နည်းအတိုင်းပြန်လည်အာလူးဖုတ် တယ်လို့ ဘဲ သဘောထားပေးပါရှင်:P )
အဲဒီနေ့ အမကိုကျောင်းကခွင့်ယူခိုင်းပြီး အိမ်ကတာဝန်(နောက်မှပြောပြမယ်လေ..အဲ့တာဝန်အကြောင်း)၊
ကြီးကိုလွဲအပ်၊စောစောစီးစီး ပြေးလွှားလိုက်တာ၊ရှမ်းနှစ်ကူး(ကောက်သစ်စားပွဲ)ဖွင့်ပွဲကျင်းပတဲ့ကွင်းကို
ရောက်တော့ကျမတို့ က ပထမဦးဆုံးဘဲ..ဆရာရေ့ ...။နှစ်ပေါင်းများစွာ တရားဝင်ကျင်းပခွင့်မရှိဘူးတဲ့...။
ပထမဦးဆုံးပြန်ကျင်းပတော့ လူတွေအားလုံးတကယ်ဘဲစိတ်လှုပ်ရှားဝမ်းသာကြပါတယ်။
မြန်မာနိုင်ငံအနှ့ံ့ကသာမက ကမ္ဘာတလွှားက ရှမ်းလူမျိုးများအားလုံး လာကြပါတယ်..။
အာသံနယ်၊လာအိုဖက်က၊စစ်ဆောင်ပန်းနား(တရုတ်ဖက်)၊ဗီယက်နာမ်၊...အိုး..များပြားလိုက်တဲ့၊
ရှမ်းမျိုးစုကွဲတွေ၊ အဝတ်အစားတွေလည်း ခပ်ဆင်ဆင်နဲ့ ...
ကဲ..တဖွဲ့ တော့ လာပြီ...။ တောင်ကြီးကတဲ့...။
သူ့ အဖွဲ့ သားတွေကို အပေါ်အင်္ကျီချွတ်ခိုင်းနေတယ်လေ..။
တန်းစီ..ကွင်းထဲသွားကြမယ်..။
လူတွေရှုပ်နေတာ..၊ကျမလည်းရှုပ်နေတာဘဲ..ဓါတ်ပုံရိုက်ရ၊အင်္ကျီထူကိုင်ရ၊ရေဗူးတဖက်၊
ထမိန်စွန်တောင်ဆွဲနဲ့ ..Samsung Note ပြားကြီးနဲ့ ..တကယ့်အရူးအတိုင်း..:)
ဗိုက်ဆာထှာ..သူ့ ကိုလည်းငမ်းထားတယ်။ပြန်ခါနီး အဝတီးရအုံးမယ်လေ..။
ကွင်းအဝင်ဝမှာ တန်းစီနှုတ်ဆက်နေတဲ့ ညီမလေးတွေ ချစ်စရာကောင်းထှာ..
ကျမတို့ ရပ်ကွက်ထဲက အိုးစည်ဗုံမောင်းတီးတဲ့အဖွဲ့ ..။

ကဲ...စထွက်ပြီ...ခလေးလေးက ကျမအမတယောက်ရဲ့ မြေး...အော်..ဖွားဖွားမီးမီးငယ် ဖြစ်ပြီဘဲ..:)
ဒီဘုန်းဘုန်းကိုတော့ မြင်တာကြာပြီ ၊ရှိသမျှလူတွေနဲ့ တွဲဓါတ်ပုံရိုက်နေတယ်။
စကားပြောလည်းတအားဝဲတယ်။ဘာရှမ်းလဲမသိဘူး..။
ရှိသမျှ၊တွေ့ သမျှရှမ်းလိုဘဲနှုတ်ဆက်ပြောဆို၊သိတာရောမသိတာရောဘဲ..။ပျော်စရာတအားကောင်းတာဘဲ။

သူတော်တော်မောနေတယ်..။တယောက်ထဲ တပီးပီးမှုတ်နေတော့တာဘဲ။
ကဲ..သွားရင်းအဝင်မုဒ်ဦးဂိတ်ပေါက်ဝရောက်ပြီ။


ကျမ ညီမလေး(စိမ်းပြာ)နဲ့ တူမလေး(ပန်းရောင်အိတ်နဲ့ )...။
အဲ့ဒီမှာ ပြခန်းတွေရှိတယ်..။
လွယ်ရှမ်းလူမျိုးတွေ...ဝတ်စုံလေးလှတယ်နော်...။(ကျမတောင်တစုံဝယ်ခဲ့တယ်..)
မြေအိုးလုပ်တာပြတယ်..။အဲဒီရေတဂေါင်းနဲ့ ရေအိုးကျမတို့ အိမ်မှာခုထိသုံးနေသေးပါတယ်။
ကံစမ်းမဲဖေါက်သေးတယ်..။
ချည်ထည်ကြိုက်တတ်တဲ့သူဆိုရင် ဒီဆိုင်ကိုသဘောကျ မှာပါ။
စွမ်တောင်ရပ်ကွက် ကပြခန်း..ဒီလိုလေ.စွမ်တောင်းရပ်ကွက်ဆိုရင် ပန်းပဲလုပ်ငန်းကနံမည်ကြီးတယ်။
ဘယ်ဒေသ ကဘာတွေလုပ်သလဲ၊ ဘာပစ္စည်းတွေထွက်သလဲ၊အားလုံးပြထားတယ်။
ယွန်းထည်၊ဝါးထည်။
ကဲ...ပွဲစင်ရှေ့ ရောက်တော့မယ်။
အားလုံးဘဲ တက်တက်ကြွကြွ နိုးနိုးကြားကြားဘဲ..ချီတက်လာကြပြီ...။
ကျမတို့ အားလုံးအဆင်သင့်ဖြစ်ပေမဲ့  ဖွင့်ရမဲ့ အချိန်အခါမရောက်သေးတော့ နဲ နဲစောင့်ရသေးတယ်၊

နောက်..အခန်းဆက်တွေ ဆက်လက်အားလူးဖုတ်အုံးမယ်နော်..။
ကမန်းကတန်းရေးရတာ...လေ့ကျင့်ခန်းလုပ်ချိန်၊တရားထိုင်ချိန်ထဲကနေလုပြီးလုပ်ရတာဗျို့ ...

YouTube  မှာဒီရှမ်းပွဲအကြောင်းကိုတွေ့ လို့ ...ကြည့်ချင်တဲ့ သူအတွက်နော်..



အားလုံးဘဲ..ရွှင်လန်းချမ်းမြေ့ ကြပါစေနော်
မီးမီး
Oh..who is she!!!!!

6 comments:

  1. Oh...she is the one we all love. :D
    Iora

    ReplyDelete
    Replies
    1. Iora...
      you are the best :)
      Btw how r u?
      I m looking for u r lovely post everyday..
      I m still fighting with my computer,
      my Firefox is made me crazy.
      Difficult to upload photo.

      Delete
  2. Thanks for sharing.. I am glad they allow you guys to celebrate New Year officially.

    ReplyDelete
    Replies
    1. TTW...
      You are very welcome.
      I want to post many things but time and skill has a limit:P

      Delete
  3. shan traditional dresses are very beautiful and the last one is so sweet and cute...:)

    ReplyDelete
    Replies
    1. Oh..my little SanHtun,
      Yes,the beautiful transitional dress made me more cute:P
      ကိုယ့်ငါးချဉ်ကိုယ်မှ မချဉ်ရင်ဘယ်ရမလဲ..ဟုတ်:P

      Delete