Monday, January 2, 2012
ချက်စား၊ဝယ်စား(၁)
မင်္ဂလာပါရှင်~~~
ခရီးထွက်တာများတော့နဲနဲအနားယူလိုက်အုံးမယ်။
ခရီးသွားတာတွေခဏနားပြီးအစားအသောက်ဖက်ခဏလှည့်ကြမယ်လေ။
ကျမ ရန်ကုန်မှာနေတုံးက အပြင်မှာဘဲစားတာ၊
ကြာတော့လည်းငြီးငွေ့တာရယ်၊တယောက်ထဲဆိုတော့၊
နဲနဲကြောင်တောင်တောင်ဘဲ။
နေ့လည်ထမင်းဆိုင်မှာထိုင်စားတာလည်းများသောအားဖြင့်အမျိုးသားတွေချည်းဘဲ။
ရှမ်းခေါက်ဆွဲ လည်းနေ့တိုင်းမစားနိုင်ဘူးလေ။
ပထမဦးဆုံးထမင်းပေါင်းအိုးဝယ်ပြီး ဘာကိုဘယ်လိုချက်ရမှန်းမသိဘူး။
ဟင်းတွေတော့ချက်တတ်တယ်။
ထမင်းအိုးတည်တတ်ဘူးလေ...။
အိမ်မှာက မွှေးစားညီမလေးကချက်တယ်။
ဟင်းချက်ဖို့အားလုံးပြင်ထားပြီးမှမင်းကတော်ချက်နည်းနဲ့ဟိုဟိုဒီဒီလုပ်တာလေ။
(ဒန်ပေါက်လိုမျိုး တခါထဲပေါင်းချက်ရင်ကောင်းမလားလို့)
ဒါနဲ့ကိုယ့်ဖာသာကိုယ်စဉ်းစားပြီးပေါင်းအိုးထဲမှာဆန်ဆီဆားကြက်သား၊
ဟင်းရွှက်တောင်ပါလိုက်သေးတယ်၊ဟင်းခတ်အမွှေးအကြိုင်ထဲ့၊
ပြီးခလုပ်လေးနှိပ် စောင့်နေတာစားဖို့လေ...။
ထွက်လာတာက..ဒေါ်မြလေးစကားနဲ့ဆိုရင်၊
ပြောကိုး...မပြောချင်ဘူး...ဆိုတာမျိုးပါဘဲလေ။
မာခေါက်၊ကျစ်ခဲ၊မဲသည်းလေးပေါ့..ဟီး။
အိမ်အောက်ထပ်မှာသူငယ်ချင်းရှိတယ်၊သူကျတော့ယောက်ကျားလေးဖြစ်ပြီး။
ထမင်းဟင်းချက်တတ်တယ်။မုန့်တွေလည်းလုပ်တတ်တယ်။
ဂျပန်ပြန်လေ..။သူ့ညီတွေလည်းထမင်းကောင်းကောင်းချက်တတ်တယ်။
ရှက်ရှက်နဲ့သူတို့အိမ်မှာညာတုပ်ကပ်စားလုပ်ရတယ်။
အဲဒီတခါက ချက်တာမကောင်းလို့၊ဒီတခါနဲနဲပြန်လေ့လာပြီး။
ချက်စားတာ..။ဆိုးဘူးဗျ..။တိုးတက်လာတဲ့သဘောမှာရှိတယ်။
အိမ်မှာရှိတဲ့အားလူးတွေကျန်တဲ့အသီးအနှံတွေအားလုံးအနှစ်များများလေးနဲ့ချက်တယ်။
အသားမပါဘူး။
ဘာစမာတီဆန်၁၅မိနစ်လောက်ရေစိမ်၊ပြီးဟင်းအိုးထဲရော။
အဖုံးလေးပိတ်ပြီးမီးအေးအေးလေးနဲ့နှပ်ထားလိုက်တာ။
India curry leaf လည်းထဲ့တယ်။
ဘာစတိုင်လည်းတော့သိပါဘူး။
စားလို့ကောင်းမှကောင်း။
တနေ့ကချဉ်ပေါင်တွေရလာတော့ချဉ်ပေါင်မျှစ်ကြော်တာပေါ့။
ပြီးတော့ ဂဏန်းတဗူးဝယ်ထားတာရှိတာနဲ့ဗုံလုံသီးအစာသွပ်ပြီးပေါင်းတယ်။
ဝက်သားကြက်သားတွေနဲ့အမြဲစားနေလို့၊
အသွင်လေးပြောင်းကြည့်တာ။
ထုံးစံအတိုင်းကြက်သွန်ဖြူ၊ငရုတ်ကောင်း၊ကြက်သွန်မိတ်၊ကြက်ဥ၊ပြောင်းဖူးမူန့်နဲနဲလေး။
ဆား၊ဂဏန်းသားနဲ့နှယ်ဖတ်ပြီးအစာသွပ်လိုက်တာပါ။
ပြီးမှကြက်သွန်ဖြုဆီသတ်ပြီးပေါင်းထားတဲ့ဟာတွေနဲနဲထည့်ကြော်လိုက်တယ်။
ပဲငံပြာရည်အကြည်လေးနဲနဲဆမ်း၊
အရောင်လေးလည်းလှသွားတယ်မွှေးလည်းမွှေးသွားတယ်။
Roosevelt Field Mall 
ကကုလားဆိုင် ထမင်းနဲ့ပဲဟင်း၊ကြက်သားဟင်း။မွှေးနေတာဘဲ။ သူကကုလားစာတွေကြိုက်တယ်။
ကျမကတော့ တရုတ်ဆိုင်ဘဲ။(teriyaki chicken and rice)
ပြီးခဲ့တဲ့အပတ်ကအလုပ်ကပြန်တာနောက်ကျလို့ဟင်းမချက်ချင်တာနဲ့ထိုင်းဆိုင်ကနေ၊
သင်္ဘောသီးထောင်း၊ကြက်ကင်၊ကောက်ညှင်းပေါင်း ဝယ်ခဲ့တယ်။
ဆိုင်ရှင်နဲ့ခင်နေတာ၊သူက ဆီထမင်းတထုပ်ပါအဆစ်ပေးလိုက်သေးတယ်။
Broadway Mall ကိုရောက်ရင် စားမယ်ပြီးဝယ်တယ်ပေါ့။
ကျမက ပင်လယ်စာအူဒုံ၊သူက teriyaki chicken and rice,tempura၊
green tea ice cream။
ဒီရက်ပိုင်းစားဖြစ်တာတွေပါ။
အနောက်နိုင်ငံမှာနေပြီးပေါင်မုန့်ဗီဇာသိပ်မစားတတ်ဘူး။
တရက်ရက်ဘာတွေချက်ရမှာလဲဆိုတာ၊ခေါင်းပူအောင်စဉ်းစားရတယ်။
စားတာသောက်တာလဲ အရေးကြီးတာဘဲနော့်။
ကျမ်းမာရေးနဲ့ညီညွတ်တဲ့အသီးအရွှက်သစ်သီးဝလံတွေများများစားပေးရတယ်လေ။
ရယ်ဒီမိတ်အစားအစာတွေက ကြာရင်ဒီကလူတွေလိုခန္ဓာကိုယ်ဖြစ်လာမှာဘဲ။
နှစ်သစ်မှာ ကျမ်းမာရွှင်လန်းကြပါစေ။
ပျော်ပျော်ပါးပါးပေါ့။
#meemeenage
7 comments:
  1. မမမီးမီးဆိုလိုချင်တာကတော့ ၀ိတ်ထိန်းနေတယ်ပေါ့လေ ဟိဟိး)
    ချစ်တဲ့
    မဒိုးကန်
    ReplyDelete
  2. ကိုယ့်ကွန်ပျူတာက အခုထိ တော်တော်ဆိုးဆိုးအဆင့်ထဲမှာပဲရှိသေးတယ် ကွဲသွားတဲ့ တလုံးက စင်တာပို့ထားတာ ပြန်မလာသေးဖူး နောက်တလုံးက အတွက် စဉ်းစားတုံးရှိသေး ငွေယားလေး မြန်မာပြည်က အရေးကြီးပု၈္ဂိုလ်များအတွက် ပို့ပေး လိုက်တာ ကျန်တာဆိုလို့ အရိုးနဲ့အရေလောက်ကျန်တယ် .ကျမရဲ့နေရာလေး.မှာ..ပို့စ်တခုအသစ်တင်တိုင်း google chrome နဲ့ဖွင့် gtalk နဲ့ဖတ် ကွန်မန်းပြန်ရေး ကော်ပီကူး ကွန်မန်းပြန်ပေး ဒါတောင် ပုံသတ်သတ် စာသတ်သတ် ဖတ်ရတဲ့ဘ၀ အဟင့် အကြီးကြီးစိတ်မကောင်းဖူး ..သူများအတွက် မနှမျှောသလောက် ကိုယ့်အတွက် အရမ်းနှမျှောတက်တဲ့ အကျင့်ကိုလည်း စိတ်ကုန်တယ်.....အမြဲတမ်း သတိရတယ် ...အဆင်မပြေသေးလို့ ကွန်မန်းပေးနောက်ကျသွားရင် ခွင့်လွတ် ဒါဗြဲ ....နှစ်သစ်မှာ ပျော်ရွင်ချမ်းမြေ့ပါစေ
    ReplyDelete
  3. အားပေးသွားတယ်ဗျို့ ..ချက်တာတွေရော
    အိုင်အိုရာ
    ReplyDelete
  4. မီးမီးလက်ရာကိုလာချောင်းတယ်....း)
    ReplyDelete
  5. မမီးရေ
    ချက်ထားတာစားချင်စရာ
    ညီမကလဲနူးနူးကြိုက်တော့ အဲလိုချက်စားပလိုက်ဦးမယ် တရက်လောက်
    ReplyDelete
  6. မဒမ်လေးရာ..
    ဟုတ်ပါဘူးကွာ။
    တိုးတိုးလေးပြောပြမယ်။
    အံသွား၃ ချောင်းလုံးမရှိ၊
    ကျန်တဲ့အချောင်းက၊
    အထဲမှာ။ခွဲရအုံးမယ်။
    အသားစားရင်ဝါးနေရတာမပြီးနိုင်ဘူး။
    ဟဲ...ဒါဗြဲ။(လျို့ ဝှက်ချက်)
    ကျုတီလေးရေ..
    ထီမပေါက်လို့ ၊
    ရွှေသမီးလေးကို :)))
    တနေ့ တော့အားလုံးကောင်းသွားမှာပေါ့။
    သည်းခံ၊သည်းခံ....။
    ပို့ သတဲ့မေတ္တာကြောင့်ပျော်ရွှင်နေပါကြောင်းးးး။
    အိုင်အိုရာရေ..
    အားပေးတာကိုကျေးကျေးဘဲ...:))
    မိုးငွေ့ မီးမီးရေ
    လာချောင်းတော့စိတ်ပျက်သွားပြီလားးးး။
    ဗီယင်နာကော်ပြန့် လုပ်နည်းဖတ်ပြီးမနေ့ က၊
    လိုက်လုပ်ကြည့်တာ။
    ကိုယ်တော့အစိမ်းဘဲလုပ်တာ။
    ကောင်းကောင်းမှကောင်း။
    နောက်နေ့ ကြပြောပြမယ်နော်။
    ကျော်လွင်နှင်းဆီ...။
    ကျမလေ ပေါင်းတာပြုတ်တာအရမ်းကြိုက်တယ်။
    (အဟဲ..သွားမကောင်းလို့ လေ)
    ReplyDelete
  7. ဒါပဲနော် ခခမီး (ယောက္ခမအဖျာစွတ်ခေါ်သည်) တူညားလည်လာရင်လဲ တူညားကို အဲယို အဲယို ဟင်းယေးတွေ ချက်ကျွေးရမယ် ညင်းညင်း
    ReplyDelete