ခရီးသွားနေတုံးကာလဆိုတော့လည်း ခရီးသွား ဓါတ်ပုံလေးတွေပေါ့နော်။
ဒီတခါ ကျမကံကောင်းခြင်း ၂ခါကြုံလို့ပါ။
လေယာဉ်စီးတော့ ပြူတင်းပေါက်နားကပ်ထိုင်ရတာရယ်..။
နေ့လည်အချိန်ဖြစ်နေတာရယ်...။
အပြင်လောကကို မြင်ရတယ်လေ..။
ခါတိုင်းဆို ညအချိန်ဖြစ်နေလို့ပြူတင်းပေါက်ကပိတ်ထားတာနဲ့..။
အောက်ဖက်ကမ္ဘာကနေ့ကျမတို့ကညဘဲရှိလို့ပြူတင်းပေါက်ကိုပိတ်ထားတတ်ကြတယ်လေ။
ကဲ..ပြောနေကြာတယ်နော့်...
JFKကနေလယာဉ်စတက်တက်ခြင်း ကျမတို့နေတဲ့ NY Long island ကိုမြင်ရတာ..။
လေယာဉ်တက်ပြီးသိပ်မကြာပါဘူး၊ကျွေးမွေးခြင်းနဲ့စတင်ပါတယ်။
များသောအားဖြင့်လေယာဉ်ပေါ်ကအစားအစာတွေဆိုရင်ခံတွင်းကိုလုံးလုံးကြီးမတွေ့ဘူး..။
ကျမတို့က Japan Narita transit ပါ။
လေယာဉ်ပေါ်ကစကရင်မှာပြတဲ့အတိုင်းအပေါ်ဖက်ကိုတက်ပြီးမှ၊
(ကမ္ဘာကြီးကလုံးတော့၊ဘေးကနေမသွားဘဲ၊ဂျပန်ဖက်ကိုဆင်းသွားတာ)လေ။
စားပြီးတော့အိပ်တာပေါ့။နိုးလာတော့လှမ်းကြည့်တာတိမ်ဖြူဖြူတွေကတမျိုးပါလားလို့ထင်နေတာ။
ကနေဒါအပေါ်ဖက်က ရေခဲဒေသတွေဖြစ်နေတာလေ..။
မုန့်တွေခဏခဏကျွေးတယ် ၃ခါလားမသိပါဘူး။
ဒီ အမေရိကန်လေကြောင်းလိုင်းကအစားအစာမကောင်းဘူး။
ဒီတခါနိုးလာတော့ ဆိုက်ဘေးရီးယားဆိုဘဲ။
ငယ်ငယ်ကတဲကကြားဖူးခဲ့တယ်အရမ်းအေးတယ်ဆိုတာ။တလောကလုံးတော့ရေခဲပါဘဲ။
မြစ်လည်းခဲ ကုန်းလည်းခဲ..ဘဲ။
တောင်တွေကိုမြင်ရတာလည်းအထီးကျန်ဆန်လိုက်တာ။အေးခဲခဲကြီး..။
ရှရှားနဲ့ဂျပန်ကြားပင်လယ်လည်းရေခဲတွေပါဘဲ။
ဂျပန်ကျွန်းစဝင်တာလည်းအဲဒီရေခဲတောင်ဘဲတွေ့ရတယ်။
တောင်ကျော်တာနဲ့လွင်ပြင်တွေမြင်ရပြီ။
ကျမလည်းကင်မရာနဲ့အလုပ်ရူပ်နေသလိုသူတို့တွေလည်းအိပ်မက်ထဲမှဘာတွေလုပ်နေကြလဲမသိဘူး။
ဂျပန်ကိုလာတဲ့လေယာဉ်ဆိုတော့ ဂျပန်တွေချည်းပါဘဲ။
ဒါနဲ့စကားမစပ်ဗျာ..ဂျပန်တွေ ပါးစပ်အုပ်ထားတာတော်တော် နှစ်သက်ကြတာလားမသိဘူး။
လေယာဉ်ပေါ်က ဂျပန်အားလုံးဘဲပါးစပ်တွေအုပ်ကြတယ်။ပြီးအိပ်တယ်။
အဲဒီရေခဲတောတောင်ကြားထဲမှာ ရွှာတန်းငယ်လိုလိုတခုတွေ့လို့အနီးကပ်ဆွဲပြီးရိုက်ကြည့်တယ်။
ကျမစိတ်ထဲမှာတော့ အိမ်လေးတွေလို့မြင်မိတယ်။
ဘယ်လိုများနေထိုင်စားသောက်ကြပါလိမ့်နော်..။
ကိုင်း..တောင်လည်းဆုံးရောကျွန်းလည်း ကုန်ရောဆိုသလိုပါဘဲလေ..။
နောက်တကျွန်းပြန်စတော့မယ်။မြို့ရွှာတွေမမြင်ရသေးဘူး။
ဒီကျွန်းမှာတော့ ရေခဲတွေတော်တော်ပါးလာပြီ။
မမတွေကလည်းလာကျွေးပြန်ပြီလေ။ပီဇာတဲ့..။
ချစ်ချစ်ကတော့ထမင်းစားတယ်။
တောင်တွေမှာသာရေခဲမရှိတာ၊မြစ်ပြင်ကြီးတော့ခဲနေတုံးပါဘဲ။
အိမ်တွေလိုလိုမြင်ရပြီ။
တောင်တွေကျော်လိုက်တာနဲ့လွှင်ပြင်ကိုတွေ့တာဘဲ။အိမ်တွေနဲ့ပြည့်နှက်နေတာ..။
ပြီးလေဆိပ်ကိုဆင်းတော့မယ်ဆိုပြီးကြေငြာပါတယ်။
လှမ်းမြင်နေရတာလေဆိပ်ပေါ့။
ရောက်ပြီလေ..green tea တို့ရဲ့နေရာလေးပေါ့။
မိတ်ဆွေများအားလုံးဘဲ အေးအေးချမ်းချမ်းရှိကြပါစေနော်....
(ခဲတော့မခဲလိုက်ကြနဲ့ပေါ့..အဟဲ)
ခ၇ီးသွား၇တာပျော်စ၇ာကြီး၊အားကျထှာ။တို.များတော.ကလေးတွဲလွဲနဲ.လွတ်လွတ်လပ်လပ်မသွား၇တာကြာပေါ.။လေယာဉ်မမူးတတ်တာလည်းအားကျတယ်။သူများကတော.လေယာဉ်စီး၇င်အဲလို၇ိုက်ဖို.နေနေသာသာကိုယ်ဘာသာမူးပြီးချာချာလည်နေတာ.....
ReplyDeleteတနှစ်တခါတော့ ပုံမှန်ပြန်ရတယ်လေ။
Deleteကလေးတွဲလောင်းတွေနဲ့ သွားခြင်ထှာ..။
လေယာဉ်စတက်တက်ခြင်းဆိုအမြဲအိပ်ငိုက်တတ်တယ်။
ကနေဒါပေါ်မှာတော်တော်လှတယ်။
အရမ်းအိပ်ခြင်နေတာနဲ့ မရိုက်ဖြစ်ပါဘူး။
ဖတ်တာနဲ့တောင်ချမ်းလာဘီး)))
ReplyDeleteချမ်းရင်မလေးကသာပျော့ကိုအမြန်သာခေါ်လိုက်ပါ။
Delete:P
ဟိုပြန်ရောက်မှအလှူငွေထဲ့တော့မယ်နော်။
ဒီမှာပြေးလွှားနေရတာ၊ညညဆိုတုံးကနဲဘဲတန်းအိပ်တာ။
မအွန်လိုင်းနိုင်တာတပတ်ကျော်ပြီပေါ့ဒမ်လေးရေ..။
ခဲတော့မခဲချင်ဘူးကွယ်။
ReplyDeleteမြန်မြန်ပြန်လာနော်။ ရှမ်းဟင်းတွေမျှော်နေမယ်။
အိုင်အိုရာ
မရေ..
Deleteရန်ကုန်မှာရှမ်းဟင်းနဲ့ မညားဘဲ။
ထိုင်းဟင်းတွေနဲ့ ဘဲတီးလာခဲ့ရတယ်။
အိမ်ရောက်မှ အပြတ်ကျုံးဖို့ အားခဲထားတယ်..။
ပျော်စရာခရီးစဉ်ဖြစ်ပါစေ....။ နောက်ပို့်စ်ပုံ
ReplyDeleteကျေးဇူးဘဲမိုးငွေ့ လေးရေ..။
Deleteတာလေဖက်ရောက်ရင် ဒါတ်ဒါတ်တွေရှယ်ပေးမယ်နော်..။
အောင်မငှီး ဓာတ်ပုံကြည့်တာနဲ့ တင် ချမ်းလိုက်တာ..ကင်မရာ တော်တော်ကောင်းတာပဲ အဲလေ ရိုက်တဲ့သူ တော်ပေတာပဲ..ပျော်ရွှင်တဲ့ ခရီးလေး ဖြစ်ပါစေ မမီးရေ..
ReplyDeleteစန်းထွန်းရေ..ဒါတ်ဒါတ်တွေအရိုက်ကောင်းလို့ လားသိဘူး။
Deleteရှိစုမဲ့စုကိုဒတ်ကင်မရာလေးဂန့် သွားပြီ။
အရင်ကဂန့် နေတာတလုံး၊ခုနောက်တလုံး။
ရန်ကန်မှာဂန့် သွားတာတလုံး။
ပြင်ထားတာ ၃ပတ်လောက်ကြာမယ်တဲ့။
အပြန်ခရီးဘယ်လိုလုပ်မလဲနော့်.။
ဒါတ်ဒါတ်ရောဂါလဲသေးဘူး..ဟီး။
မမီး
ReplyDeleteဇာတ်လမ်းလေးလိုပဲနော် :D
ဒီတခါဂျပန်ပေါ်ဖြတ်ရင်ဖုံးဆက်လိုက်နော်
:P
လေယာဉ်ကွင်းထဲမှာ သတိရနေတာ။
Deleteမနှင်းဆီကော..။
ဂျပန်ရဲ့ ဘယ်ဖက်လောက်မှာနေတာလဲ။
အဲလိုအေးချမ်းခဲတဲ့နေရာမှာဘဲလား..။
ဟုတ်ပ။ အစ်မပြောမှကြည့်လိုက်တာ အကုန်လုံးအုပ်ထားကြတာပဲ။ စတိုင်လ်နေမယ်။ :P
ReplyDeleteလေယဉ်ပေါ်မှာ ၃ခေါက်တောင်ကျွေးတယ်လား? ပုံကတော့ စားကောင်းမယ့်ပဲ။ အရသာမရှိတာနေမယ်နော်။ :)
ရွှေချစ်ချစ်ကြီးက အားကျမခံ။
Deleteအဲဒီအုပ်ထားတဲ့ဟာကိုတထုပ်ဝယ်လာပြီး။
ရန်ကုန်မှာသုံးလေရဲ့ ..။
ယန်း၂၀၀ တဲ့။မိတ်အင်ချိုင်းနားပါဘဲ...အဟဲ။
လေယာဉ်ပေါ်ကအစာတွေက..။
ကျမကဘိုစာတွေသိပ်မကြိုက်တာလဲပါမယ်နဲ့ တူတယ်။
ရေခဲတောင်ကြီးတွေ ကို ကြည့်ရတာ ချမ်းလိုက်တာ ဟယ်
ReplyDeleteချမ်းပါနဲ့ ဟယ်။
Deleteမီးလှုံပြီးကြည့်ပေါ့ကွယ်..:P
လာလည်သွားပါတယ်။ လိပ်စာပြောင်းဖို. လုပ်ရင်းနဲ. မမီးမီးရဲ. ဘလော.လင်. လဲ ယူသွားခွင်.ပြုပါ....
ReplyDeleteကျေးဇူးတင်ပါတယ်။
Deleteကြုံရင်လည်းလာလည်ပါ။
ပေါက်ပေါက်တွေဖောက်ကြတာပေါ့နော့်။