Sunday, February 26, 2012

နယူးယောက်နောက်ဆက်တွဲ...

မင်္ဂလာပါရှင်~~~

အချိန်တွေကြာညောင်းခေတ်တွေတောင်ပြောင်းကုန်ပြီလားမသိပါတော့ပါဘူးရှင်။
ကျမတော့ဒီနယူးယောက်ကနေမတက်နိုင်သေးပါဘူးရှင်။
တနေ့ ၂၄ နာရီကိုကောင်းကောင်းအသုံးမချတတ်တာလား..။
စရင်းဇယားလေးမဆွဲတတ်တာလား..။လိပ်လိုပက်ကျိလိုသွားနေတာလား...။
တခုခုတော့ တခုခုပေါ့နော်...။
ကဲလေ...စာများများမရေးဘဲ ဒါတ်ဒါတ်လေးတွေဘဲပြတော့မယ်။
များသောအားဖြင့် နယူးယောက်ဆိုလူတော်တော်များများရောက်ဖူးမြင်ဖူးကြမှာပါ။
ဒါပေမဲ့ တခါတလေ မြင်ခဲ့ရတာတွေတော့ တူချင်မှတူကြမှာပါ

ဘူတာရုံကြီးထဲက မော်နီတာခရစ်မတ်သစ်ပင်

ဘူတာရုံကြီးနားက လမ်းပလက်ဖောင်းပေါ်(ခြေချခဲ့တဲ့သဘောပေါ့နော်:P)

လူတွေအားလုံးကြိုက်ကြတဲ့ ပန်းသီးဆိုင်..

ဆိုင်အ၀င်ဝ...

မြို့ တော်ရဲ့ ပန်းခြံ Central Park ကိုသွားလည်တာ၊
ပတ်ပတ်လည်နှင်းတွေပါဘဲ။လမ်းလျောက်ရင်ချော်လှဲတတ်လို့ သတိထားပြီးလျောက်ရတယ်...။


အေးလွန်းလို့ တရုတ်ဆိုင်မှာခေါက်ဆွဲပြုတ်စားတယ်။ကောင်းဘူး.:(((
 လေဘာတီရုပ်ထုသွားတော့ ဒီအဆောက်အဦကိုတွေ့ တာနဲ့ သဘောကျလို့ ....လှမ်းရိုက်လိုက်တာ။

တခါတလေလည်းမျက်နှာပြပါတယ်..ဟီး
သဘောင်္ပေါ်တက်ဖို့  တန်းစီစောင့်ရတာ က ၂နာရီကြာတယ်။
ရုံးပိတ်ရက်လေ...။ရေခဲပြင်ပေါ်မှာချမ်းချမ်းအေးအေးလေးပေါ့။
လေကလည်းတိုက်၊အေးကလည်းအေးနဲ့ လေယာဉ်ပျံပေါ်တက်သလိုသေအချာစစ်တာ။
လူအုပ်ကြီးကလည်းစိတ်ရှည်ရှည်နဲ့ စောင့်ကြတာဘဲ
အဲတာစစ်ဖို့ တန်းစီစောင့်နေရတာလေ..။ 

ဆိပ်ခံနားကကြေးရုပ်တု
ဆိုင်းဘုတ်တွေ့ ရင်ဖတ်တာဘဲ..နားလည်တာမလည်တာတော့.ပြန်မေးကြည့်ဘာမှမသိဘူးးးးဟီး
ပင်လယ်ဝဖက်ပေါ့
လေဘာတီရုပ်တုကနေနယူးယောက်မြို့ ကိုလှမ်းမြင်ရတာ
ရေညှိတက်နေတဲ့ရုပ်တုပါဘဲလေ..နော်

အပြန်သင်္ဘောပေါ်ကနေမြို့ ထဲကိုလှမ်း မြင်ရတာ..။


Ellis island  ကိုဝင်တယ်။
အဲဒီကျွန်းကစိတ်ဝင်စားစရာကောင်းတယ်။
ကျွန်းကိုသင်္ဘောပေါ်ကနေလှန်းမြင်ရတာ
သင်္ဘောပေါ်တက်ဖို့ ပြန်တန်းစီရတယ်လေ..။

ဒီလိုတောင်းတွေပလုံးတွေနဲ့ အမေရိကားကို ကမ္ဘာအရပ်ရပ်ကနယ်ပယ်သစ်ခိုလှုံဖို့ လာကြတယ်။ 

လှေကြီးတွေဝမ်းပိုက်ထဲမှာလူတွေအပြည့်ဘဲ..။ 

ဘိုးသွားဘီဘင်တွေရှာဖို့ မှတ်တမ်းတွေအပြည့်ပါဘဲ။
ဒါပေမဲ့အဲဒီအချိန်တုံးက အာရှကသိပ်မ၀င်လာကြသေးဘူးတဲ့။

ဆေးစစ်တယ်။ဦနှောက် ကောင်းမကောင်းလည်းစစ်တယ်။
သူတို့ မှတ်တမ်းတင်ထားတာအရမ်းစနစ်ကျတာဘဲ။

ရာသီဥတုကမိုးအုံနေသလိုဖြစ်တော့ ဓါတ်ပုံရိုက်ရတာသိပ်မကောင်းဘူး..။
နောက်နေ့ ကျတော့ ဂျုးတသိုက်နဲ့ ဝါရှင်တန် ကိုထွက်ခဲ့ပါတယ်။
ဒီတော့နောက်တခါကျရင် ဂျုးများနှင့်ခရီးထွက်ခြင်းလို့ ၊ (ဝတ္တုလိုလိုဘာညာလိုလိုပေါ့)ခေါင်းစဉ်လေးနဲ့ အာလူးလာဖုတ်အုံးမယ်လေ။

မတ်လဆန်းမှာ ရွှာပြန်လိုက်အုံးမယ်။ဟိုမှာကိုးနတ်ရှင်မကောင်းဘူးတဲ့...။
ပြန်လာရင် ရှမ်းဟင်းတွေ ဒါတ်ဒါတ်လေးတွေနဲ့ လာကြွားရအုံးမယ်။ အဟီးးးးး။

မိတ်ဆွေအများ အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေ။
မီးမီး

10 comments:

  1. တို့များလဲပြန်မှာပါနော် အေပရယ်ပါကွယ် ဟဲဟဲ

    ချစ်တဲ့


    ဒိုးကန်

    ReplyDelete
    Replies
    1. နဲနဲလေးလွဲသွားတာပေါ့နော်။
      နို့ မို့ ရင်တွေ့ ကြရမှာ..။
      သင်္ကြန်လည်ဖို့ လား...။

      Delete
  2. တခါတလေလည်းမျက်နှာပြပါတယ်..ဟီး << ချစ်ဖို့ကောင်း :) ရှမ်းဟင်း ဓာတ်ပုံတွေ ချပ်ချပ်ချပ်နဲ့ အများကြီးရိုက်ခဲ့နော် အစ်မ။ ဒက်ဒက်ဒက်နဲ့ လာကြည့်မယ်။ :D

    ReplyDelete
    Replies
    1. ဟင်းချက်နည်းတွေလည်းမေးခဲ့၊
      သင်ခဲ့ရအုံးမယ်။
      တကယ်လာလည်နော်..။

      Delete
  3. ယခင်အာလူးယခုအာလူးနောင်လာမည့်အာလူးများအားလုံးကြိုက်ပါသည်။
    ရှမ်းဟင်းတွေအများကြီးရိုက်ခဲ့သင်ခဲ့နော်။
    ရှမ်းဟင်းတွေသိပ်ကြိုက်တယ်။ချက်တတ်ချင်တယ်။
    အိုင်အိုရာ

    ReplyDelete
  4. တကယ်လားမအိုင်အိုရာ..
    တကယ့်တောရှမ်းတွေချက်တာမြေအိုးလေးနဲ့ ၊
    မုန်ညှင်းဟင်းရည်တွေဆိုတကယ်ကောင်းတာ။
    မုန်ညှင်းဟင်းရည်တောင်ပုံစံများစွာနဲ့ ချက်တာ။
    သေသေချာချာမေးပြီးပြန်ပြောပြမယ်လေ..။
    ကျမကလူတတ်ကြီးလာလုပ်ပြီးဘာမှလည်းသိပ်မတတ်ဘူး..။
    ဟီး...။

    ReplyDelete
  5. ကြွားမယ့် ရှမ်းဟင်း ဒါတ်ဒါတ်လေးတွေ စောင့်နေတယ်နော့

    ReplyDelete
    Replies
    1. စန်းထွန်းလေးရေ..
      ခုထိတော့ ယားဒီးယိုးမှာဘဲရှိနေတုံး..။
      စားပြီးမှဒါတ်ဒါတ်ရိုက်ဖို့ သတိရတတ်နေတယ်။
      ဟီး...ငတ်ကြီးကြတာလေ။

      Delete
  6. ဓာတ်ပုံလေးတွေလာကြည့်သွားပါတယ်

    ReplyDelete
    Replies
    1. ချစ်စံအိမ်..
      လည်လည်လာတာကျေးဇူးတင်ပါတယ်။
      ကြိုဆိုပါတယ်..အမြဲလာနော့်။

      Delete