အဖေ့ကိုဒီအချိန်မှာတကယ်အောင့်မေ့တမ်းတမိတယ်။
အဖေသာရှိနေသေးရင် အဖေ့သမီးလည်း ပူပင်ဗျာပါဒနဲ့  ပြေးလွှားခရီးသွားနေစရာတောင်
မလိုတော့ဘူး..။ အဖေ့ကိုသတိရတော့ အဖေ့ငါးဟင်းကိုလည်းလွှမ်းတယ်။ တနေ့ ကကိုးရီးယားဆိုင်မှာ၊
ငါးကြင်းအကောင်ကြီးကြီးရခဲ့တော့ အဖေ့အင်းသားစတိုင်ဟင်းချက်နည်းနဲ့ ချက်ထားတာ ပြောပြအုံးမယ်။
(အချိန်နဲနဲရလို့  ဟင်းချက်တာလေး နဲနဲပြောပြတာနော့်...း)))
အဖေ့အင်းသားငါးဟင်းပေါ့...အငွေ့ တထောင်းထောင်းထလို့ ...
အဖေက ဟင်းချက်အင်မတန်ကောင်းတဲ့ အင်းသားတယောက်ပေါ့ဗျာ....။
သူငါးဟင်းချက်တာလည်း ဘာမှထွေထွေထူးထူး မပါပါဘူး။
ကြက်သွန်ဖြူနီနဲနဲ၊ ဂျင်း၊စပ်တဲ့ငရုတ်သီးစိမ်းအကြီးတထောင့်၊နံနံပင်..ဒီလောက်ပါဘဲ။
ငါးကို အရေခွံတင်းယုံကြော်တာ ဟုတ်ဘူး။ ခပ်ကြွပ်ကြွပ်လေးဖြစ်အောင်ကြော်လိုက်တာ။
ကျမက ၂၁ ရာစုနှစ်ရဲ့  အိမ်ထောင်ရှင်မဆိုတော့ ဟင်းစချက်တာနဲ့ ကွန်ပြူတာလေးလှပ်ရသေးတယ်လေ။
သူများတွေဘာကိုဘယ်လိုချက်သနည်း..ဆိုတာလိုက်ရှာကြည့်တာက နေ့ စဉ်အလုပ်ပေါ့။
နောက်ဆုံး ၂တုံးက နဲနဲမဲတူးသွားတယ်လေ..းP
အဖေက အရိုးထွင်ပြီး အတုံးခပ်သေးသေးဖြစ်အောင် ပြန်ဖဲ့ထားတတ်တယ်။
ကိုးရီးယားအရောင်တင်မှုန့်  သုံးတာအရမ်းကြီးကိုနီတာပါဘဲ..ဆီများတယ်လို့ ထင်ရတယ်။
သိပ္ပံနည်းအရ ဘယ်လိုဓါတ်ပေါင်းတွေပြုနိုင်တာတွေတော့ သိဘူး...။ စားလိုက်တာဘဲ..း)))
ဓါတ်ပုံတောင် မရိုက်အားတော့ပါဘူး..းD
ကိုယ့်ဖာသာကိုယ် အချိန်မရှိဘူးပြောပေမဲ့ ဒီလိုလေးတော့ အချိန်လုပြီး ရေးတတ်နေပြီ...။
ကဲ.....ဝေဟင်ခရီးနှင်တော့မယ်....။
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ...
မီးမီး
Look so good!!!!!Ma Mee Nage,
ReplyDeleteKhine
ငါးဆို ဘယ်လိုချက်ချက်ကြိုက်ပြီးသားပဲ :D :D
ReplyDeleteဟိုကိုရောက်ရင် စားချိုတဲ့ငါးတွေ များများစားခဲ့နော....:D
ReplyDeleteဓာတ်ပုံလည်း များများရိုက်ခဲ့ပေါ့...
ငါးကိုအဲလိုချက်တာကြိုက်တယ်။
ReplyDeleteဟုတ်တယ် ငါးကသိပ်ကြီးရင်ဗိုက်သားတွေကများပြီးကြော်ရတာသိပ်မကောင်းဘူးနော်။
မသွားခင်စားစရာလေးထားခဲ့တော့ပိုလွမ်းနေရမှာပေါ့။း)
အိုင်အိုရာ
မီးမီးငယ်ရေ..ငါးကြော်နပ်..အင်းလေးငါးပေါင်းလာစားတယ်နော်..အရမ်းကြိုက်တယ်...ကောင်းမှကောင်း..ဟီးးးးးးးးးးးးးးး
ReplyDeleteခင်မင်စွာဖြင့်..
ရွှေဝန်းရတနာ...
အိမ်မှာတော့ ငါးဟင်းချက်စားခဲတယ်...။ မမီးငါးဟင်းလေးက လွယ်တယ် ချက်စားကြည့်ဦးမယ်..။ ခရီးလမ်းဖြောင့်ဖြူးပါစေ...း) ပြန်ရောက်ရင် ပို့စ်အသစ်တင်ဦးနော်..။
ReplyDeleteငါးတွေ ချက်ရင် ညှီတာ..ဒီလို ကြော်ပြီးချက်မှ ကောင်းမယ်ထင်တယ်..ဟင်းချက်ဖို့  တမယ်တိုးပြီ မမီးရေ
ReplyDelete:)dear all my friends..
ReplyDeleteI am so sorry that I have no chance to reply you.
Now I am in Bangkok.
I m busy with eating and eating..:P
My Samsung tablet cannot type in Myanmar font.
I want to share my experience in vegetable festival food in BKK.
I have many home work to do:)))
When I can come I will come with very nice food for you all:D
အလည်ေ၇ာက်ပါတယ်ငါးဟင်းကိုသဘောကျတယ်
ReplyDeleteအမြဲတမ်းစာတွေဆက်လက်ေ၇းနိုင်ပါစေဗျာ။
ma mee, miss you alot..still in BKK or back to MM...
ReplyDeletehappy to read your message on your block that you are fine....su
sry .. *blog*
Delete