Thursday, December 25, 2014

ကြုံဖူးခဲ့တဲ့ customer တွေရဲ့အကြောင်း ၂

မင်္ဂလာပါရှင်~~~
ထိုင်းမှာနေခဲ့ဖူးပေမဲ့ ထိုင်းရဲ့ပညာရေးစနစ် သေသေချာချာမသိခဲ့တာကတော့ အမှန်ပါဘဲရှင်။ အလုပ်လုပ်စဉ် ကာလတလျောက်မှာတော့ အလုပ်ခွင်ထဲ ထရိန်းနင်သဘောမျိုးနဲ့ တက္ကသိုလ် ကောလိပ်ကျောင်းသူကျောင်း
သားတွေအုပ်စုလိုက် ၂ပတ်ကနေ တခါတလေလည်း၂လနီးပါးလောက် အလုပ်ဆင်းကြတာတော့ မြင်တွေ့
ခဲ့ရပါတယ်။ အဟဲ..အဲဒီအချိန်မှာ အီကိုယ်တို့က ဆြာမကြီးဝင်လုပ်ရတယ်လေ။ သူတို့တွေနဲ့စကားပြောဖြစ်
ပြီး ခင်မင်သွားကြတယ် ဆိုပါတော့။ ပိတ်ရက်ဆို သူတို့အိမ်ကို အလည်ခေါ်တာပေါ့။ ဒီကလည်းလမ်းကြော
ရှည်တယ်ရှင့်။ ခါးထောင်းကျိုက်ခါ ဆိုက်ဆိုက်ပါအောင်လိုက်ပါတယ်လေ..း)))

သူတို့အိမ်သားဆွေမျိုးသားချင်းတွေမကျန် အသိအကျွမ်းတွေဖြစ်လို့ တချို့ကလည် တောသူဋ္ဌေးဆိုပါတော့။
ဒီလိုနဲ့ မယ်ငီးလည်း ကျောက်တွေရောင်းချစရာနေရာတိုးလာတာပါ..။ အဲဒီအထဲမှာ အမဲသားလုံးစက်ရုံပိုင်
ရှင်၊ longan fruit{(ရှမ်းလို မာ့ခ်လမ်းယိုင်း) ထိုင်းတွေလည်း လမ်းယိုင်းဘဲခေါ်ပါတယ်} ခြံပိုင်ရှင်၊ အထည် ချုပ်( ကိုယ်တို့ဆီက သိမ်ကြီးဈေးအထည်တွေလိုလေ တောအကြိုက်ချုပ်ပြီး ဈေးထဲပြန်သွင်းတာ) ပန်းတိမ်
ဆရာ ဒီလိုမိသားစုတွေကကနေ ပေါက်ဖွားလာတဲ့ ကောလိပ်ကျောင်းသူလေးတသိုက်နဲ့တော်တော်ခင်မင်
မိပါတယ်။ နောက်တော့လည်း သူတို့မိသားစုတွေက ကိုယ်ရဲ့ ဖေါက်သည်ကြီးဖြစ်လို့ပေါ့..။

ကျိုင်းတုံမှာတော့ အမဲသားလုံးခေါက်ဆွဲဆိုင်တွေဆိုရင် ကိုယ့်ဖာသာကိုယ်ဘဲ အမဲသားလုံးလုပ်ကြတာပါ။
ထိုင်းမှာတော့ အသင့်လုပ်ထားတဲ့အထုတ် ကွာလတီအဆင့်အတန်းရွှေးပြီး ဝယ်ယုံပါဘဲ။ အကြောအရွှတ်
တွေချည်းနဲ့လည်းရတယ်လေ။ အသားချည်းချည်းဘဲဆိုရင် ဂွတ်ရှယ်ပါ့။ နောက်တော့မှ ဂျုံရာခိုင်နူန်းအရော
များများတွေက ရာဘာပြားဝါးရသလိုပေါ့လေ။ ဈေးလည်းအတော်ချိုတာပေါ့။ ထိုင်းမှာက အမဲသားလုံးကြော်
တွေ ကွေ့သယိုခေါက်ဆွဲဆိုင်တွေပေါသကိုး..။တချို့ဆိုင်က အမဲသားလုံးများလက်သီးဆုပ်လောက်ကိုကြီး ပါတယ်။ သံလုံးတွေနဲ့ အမဲသားလုံးရိုက်တဲ့ ပုံစံနဲ့ဘဲမြင်ခဲ့ဖူးတဲ့ ကျိုင်းတုံတောသားကတော့ စက်ကြီးတွေ
ဂျုံးဂျုံးဂျက်ဂျက်နဲ့ နောက်ဆုံးအလုံးလေးတွေ ပလပ်စတိတ်ထဲရောက်တဲ့အထိ အဆင့်ဆင့်လုပ်နေကြတာကို ပါးစပ်လေး ဟောင်းလောင်းဟလို့ငေးမော အံသြကြည့်လာခဲ့တာပေါ့။ (အဲ့..အချိန်ခါကလည်း ဒါတ်ပုံရိုက်

ခြင်းရောဂါသိပ်မထသေးလို့ နော့..နို့မို့ရင် ဒီအချိန်ပြခွင့်ရပြီး..ဟင်းဟင်း)
ကျိုင်းတုံဈေးထဲကအမဲသားလုံးကိုသံလုံးနဲ့ရိုက်နေတဲ့ပုံ
နဲ့အသားကိုရေနွေးပွက်ထဲထည့်နေတဲ့ပုံ..
စကားမစပ် ပြောရရင် ထိုင်းတွေကျိုင်းတုံရောက်ရင် မလုပ်မဖြစ်တဲ့ အရာတခုက ကျိုင်းတုံအမဲသားလုံး
ခေါက်ဆွဲ စားကိုစားကြတယ်။ လတ်လတ်ဆတ်ဆတ်အသားနဲ့ ဆိုင်ရှေ့မှာဘဲ သံလုံးတွေနဲ့ရိုက်ပြီး အမဲသား လုံးတာလေ။ သူတို့တွေဆီမှာက ဒါမျိုးတွေ မရှိတော့ဘူးလေ။လောလောဆယ် ကျမတို့ဆီက ရှေးရိုးအတိုင်း သွားလာစားသောက်နေတာကိုက ကမ္ဘာလှည့်ခရီးသည်တွေကိုဆွဲဆောင်တဲ့ အရာတခုဖြစ်နေတယ်လေ။ ကျမသူငယ်ချင်းမလေး အမဲလုံးစက်ရုံပိုင်ရှင် သမီးလေးတော့ အမဲလုံး လုံးဝမစားပါဘူးတဲ့..။နေ့တိုင်းမြင်ပြီး
အနံ့ရူနေရလို့ သေချင်စော်နံ့နေပါသတဲ့...။ အဟဲ...သွားတိုင်းကျွေးယုံတင်မကဘူး။ အိမ်အပြန်တောင်အ ထုပ်လေးနဲ့ပေးလိုက်လေရဲ့... ။


နောက်တယောက်ကတော့ မာလမ်းယိုင်း..(ဗမာလိုအခေါ်မသိဘူး..တချို့ကတော့ ကနစိုသီးဆိုလားဘဲ)
ခြံ..သူ့ခြံတွေကအများကြီး လမ်းပန်းဖက်မှာလည်းရှိတယ်။ ခြံအကျယ်ကြီး တမျော်ခေါ်ပါဘဲ။ သူတို့ခြံကို
အတင်းခေါ်တယ်။ ပြီးလမ်းပန်းဖက်ကခြံတွေလည်းရောက်သွားတယ်။ အသီးသီးချိန်ဆိုရင် အပြန် ပစ်ကပ် ကားအနောက်ဖက်မှာအပြည့်ချိုင်ထည့်လာတာ..ကိုယ်ကတော့မသိဘူး။ အိမ်ရှေ့ရောက်တော့ အတင်းဘဲ
အားလုံးချထားခဲ့လိုက်တယ်..မှတ်ကရောဘဲ..တရွှာလုံးကူစားရမဲ့ပုံ..။ ကိုယ့်ကို ပစ္စည်းကြည့်ချင်လို့ဆိုပြီး ညှာခေါ်တာလေ..။ စိန်သေးသေးလေး ကျောက်စိမ်းသေးသေးလေးတလုံးလောက်ဝယ်ပြီး မနက်မိုးလင်း ကနေမိုးချုပ် တနေကုန် သူတို့လိုက်ပြတဲ့နေရာတွေကို လှည့်ပတ်ကြည့်ရူခဲ့တာပေါ့။ အင်း..သူတို့က မယ်ငီး
တောသားကို ခင်ကြတာလေ..ဒီကလည်း အဖိုးက ယွန်းရှမ်းဆိုတဲ့ ပုံပြင်ပြောပြတော့ အမျိုးတွေဆိုဘဲ.. သူတို့ကယွန်းတွေလေ..။ ရှိသမျှ ဆွေ ၇ ဆက်မျိုး ၇ဆက်နဲ့ကို မိတ်ဆက်ပေးတော့တာဘဲ..။အဲတုံးကတော့
ထိုင်းမြောက်ပိုင်းလန်းနားစကား (ခွမ်းမိန်း) ကိုတော်တော်ပြောနိုင်ခဲ့သေးတယ်။ အဲဒီစကားနဲ့ သူတို့ကိုပြော
ရင်အရမ်းသဘောကျတာဘဲ။ သူတို့ထဲကတယောက်က မွေးနေ့တဲ့ ပါလာတဲ့ ကျောက်စိမ်းသေးသေးတလုံး ကို ကဲ..မွေးနေ့လက်ဆောင်လို့ပေးလိုက်တော့ ဘယ်ပြောကောင်းမလဲ..မယ်ငီး စူပါစတားကြီးဖြစ်လို့ မွေး
နေ့တိုင်း မင်္ဂလာဆောင် အိမ်သစ်တက် အားလုံးအမြဲလာလာဖိတ်နေလို့ မနဲလှည့်ပတ်ပြေးခဲ့ရဖူးသေးတယ်
လေ။ အဟီး...။

အထည်ချုပ်တဲ့အိမ်ကတော့ အထည်တွေတောင်ပုံရာပုံ..။ဆယ်ထည်ဈေးချုပ်တာပေါ့..။အကြမ်းထည်တွေပါ။
တအိမ်လုံးလုပ်ရတယ်။ ကြက်သီးတပ် ချည်စဖြတ် အထည်ခေါက်နဲ့ တအိမ်လုံး ပွထနေတာမယ်ငီးနှာခေါင်း
ရောဂါကလည်း ဟပ်ချိုးတာပေါ့...အိမ်ထဲစဝင်တာနဲ့ ဟပ်ဟပ်ကနေ...ချိုးလို့အသံဟိန်းကနဲထွက်ရတာဘဲ..။
သူတို့ကြည့်ချင်တဲ့ပစ္စည်းတောင် သိပ်မထုတ်ပြနိုင်ဘူး..အသက်ရူရခက်နေလို့ အပြင်ထွက်ပြီး အသက်ပြန်ရူ
နေရတာ..။ နှာရောဂါလေ..အမူန့်အမွှားတွေနဲ့တွေ့လို့တော့ မယ်ငီးရုပ်ပျက်တာဘဲ..ဟွန့် :((

ဒီတယောက်ရဲ့ အဖွားကတော့ ထိုင်းလမ်..လို့ခေါ်တဲ့ ရှမ်းနက်လူမျိုးတဲ့..။ တချို့အသုံးအနူန်းတွေက ကျိုင်းတုံ
ဂုံရှမ်းနဲ့တော်တော်ဆင်တယ်။ ဥပမာ ဖိနပ်ကို လန်းနားရှမ်းတွေက ကေအ(အ်) လို့ခေါ်ပေမဲ့ သူတို့က ကိုယ်တို့လို ခတ်(ပ်)တင်း..တဲ့။ သူတို့က ပန်းတိမ်ဖိုအလုပ် နဲ့ လန်းနားအစားအစာတွေကို ချက်ပြုတ်ပြီး
ဈေးမှာရောင်းတာပါ။ ဒီမှာလည်း စကားမစပ်ပြောချင်ပါသေးတယ်(အဟီး..ခဏခဏ စကားစပ်နေတာဘဲ
နော်..) ရွှေထည် ငွေထည် အဲဒီအကြောင်း ရေးထားတဲ့ စာအုပ်တခုမှာ (စာရေးသူက အနောက်နိုင်ငံသား ပါ) ရွှေထည်တွေကိုအနုစိပ် လက်ရာမြောက်စွာစတင်လုပ်ကိုင်တာက ယွန်းရှမ်းလူမျိုးလို့ဆိုပါတယ်။ ယွန်း ထည်လည်း သူတို့ဘဲလုပ်ခဲ့တာလေ။ ဗမာမင်းတွေ ထိုင်းကိုသိမ်းပြီး ပညာရှင်တွေ ဖမ်းခေါ်သွားတော့ယွန်း
ထည်ပညာလည်း ပါသွားပြီး မြန်မာပြည်မှာ ယွန်းတွေလုပ်တဲ့ ပစ္စည်းမို့ ယွန်းထည်လို့ ခေါ်တယ်လို့သိခဲ့တာ
ဘဲ။ ထိုင်းတွေကျတော့ "ခလိမ့်ခင်"เครื่องเขิน Kherụ̄̀xngk̄hein လို့ခေါ်ကြပါတယ်။ "ခင်" ဆိုတာ ဂုံရှမ်း
ကိုဆိုလိုတာပါ။ ရှမ်းမျိုးနွယ်ဆိုတာကလည်း တရုတ်ယူနန်ပြည်နယ်မှာ ဖြစ်ဖျားခံပြီး ဆင်းသက်လာကြတော့
တရုတ်ပြည်က ယွန်းထည်တွေကို အဲ ရှမ်းတွေကဘဲ စတင်လုပ်ခဲ့သလားဆိုတာကိုတော့ မယ်ငီးလည်း မသိသေးပါဘူးလေ။ ထပ်လေ့လာကြည့်ုရပါအုံးမယ်။ ရှေးအကျဆုံးယွန်းထည်တွေကတော့ တရုတ်ပြည် မှာလုပ်ခဲ့တာပါ။ အော်..ဟိုစာအုပ်ကတော့ တခါက မယ်ငီးပိုင်ဆိုင်ခဲ့ဖူးတာပေါ့။ ဟိုပြောင်းဒီရွှေ့နဲ့ ဘယ်
ရောက်လို့ ဘယ်ပျောက်သွားခဲ့မှန်းတောင်မသိတော့ဘူး..။

သွားလည်ပြီး အဝတီး စီးပွားရေးဈေးကွက်ဖွင့်ခဲ့တဲ့နေရာတွေထဲမှာတော့ အဲဒီနောက်ဆုံးက ပန်းတိမ်ဖိုအိမ်
ကအမိုက်ဆုံးပေါ့..။သူတို့ဝယ်မဝယ်လည်း မယ်ငီး စိတ်မပူဘူး..သူများတွေချက်ပြုတ်တာတချက်ကြည့်လိုက်
ပန်းတိမ်ဆရာတွေနဲ့ လေပေးလိုက်။ ချပေးတာတွေစားလိုက်နဲ့ အရမ်းပျော်ခဲ့တာဘဲ...။

ပျော်ရွှင်စရာ ခရစ်စမတ်ကာလများဖြစ်ပါစေနော်...
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
(တခါတုံးက ကျိုင်းတုံအမဲလုံးခေါက်ဆွဲအကြောင်းရေးဖူးပါသေးတယ်။ ဒီနေရာမှာ ဖတ်နိုင်ပါတယ်ရှင်)

4 comments:

  1. ဒေါ်မီးရေ...
    ဝင်မမန့်ရတာကြာပေါ့..
    ခုမှရေးလို့ရတယ်..
    ကော်မန့်ရေးရဖို့အရေးဗျာ...
    ဆက်တင်ပြောင်းလိုက်တာ၊
    ကျေးဇူးတင်တယ်..
    ထိုင်းကအကြောင်းတွေစိတ်ဝင်စားစွာနဲ့ဖတ်သွားပါတယ်..
    ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ..
    km

    ReplyDelete
    Replies
    1. အဟီး..
      ဘလော့ကရေးပြီးတပတ်လောက်တောင်
      ပစ်ထားတာ တချက်မှမလှည့်ကြည့်ပေးနိုင်ခဲ့ဘူး..
      ပျော်စရာနှစ်သစ်ဖြစ်အောင်ကြိုးစားအုံးမယ်လေ..

      Delete
  2. ယွန်းထည်ရဲ့ အော်ရဂျင် ကိုသိလိုက်ရတာကျေးဇူး။
    စိတ်ဝင်စားစရာဘဲ။
    ကိုယ်လည်းရှာဖတ်ကြည့်လိုက်အုန်းမယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မရေ..
      အချိန်တွေကကုန်မြန်လိုက်တာ..
      စာတွေဖတ်ပြီးစာရေးဖို့မေ့နေတာလေ..
      Happy New year နော့် :D

      Delete