Tuesday, July 10, 2012

ဘာသာပြန်ခဲ့တုံးကပေါ့...

မင်္ဂလာပါရှင်~~~

ကျမ ဖြတ်သန်းခဲ့တဲ့ ပတ်ဝန်းကျင်မှာကြုံခဲ့တဲ့ တကယ့်အဖြစ်အပျက် အမှတ်တရလေးတွေပါ။
အချိန်ကတော့ကြာခဲ့ပါပြီလေ..။
၁၉၉၉ ပတ်ဝန်းကျင်လောက်ကဖြစ်ပါတယ်။(တိတိကျကျလည်းသိပ်မမှတ်မိတော့၊
ဒီထက်စောရင်လည်း ၁၉၉၈ နှစ်ကုန်လောက် ဖြစ်နိုင်ပါတယ်)
ရပ်ထဲရွာထဲကပြောရတဲ့အတိုင်းဆို မင်းမွေးတုံးက လမ်းထိပ်ကညောင်ပင်ကိုမိုးကြိုးပစ်တဲ့နှစ်ကလေ..။
ဆိုတာမျိုးပေါ့နော်..။အဲဒီအချိန်က မှတ်မှတ်ရရပြောရရင်တော့ ရန်ကုန်ကြီး မီးစပြတ်တဲ့အချိန်ကာလပေါ့။

ကျမလည်းပြန်ရောက်ခါစ (ဝေးဝေးလံလံသွားတာဟုတ်ပါဘူး။ဇင်းမယ်ဆိုတဲ့ ကျိုင်းမိုင်မှာ ၉နှစ်ကျော်လောက် သွားလည်ရင်းနဲ့ ကြာခဲ့တာလေ)  ...။
အလုပ်ကလည်းဟိုဟာလုပ်ရနိုး ဒီဟာလေးလုပ်ရကောင်း နဲ့ ယောင်စစ်တင်းဖြစ်ပြီး 
ထိုင်းကုမ္မဏီ၊(ဦးပိုင်နဲ့ ပေါင်းပြီးကျောက်သွေးစက်ရုံလုပ်တယ်)တခုက စကားပြန်လိုတယ်ဆိုပြီး ခေါ်လို့ ဝင်လုပ်နေတဲ့အချိန်ပေါ့။
ပြောတော့စကားပြန် သူကစကော့ဈေးမှာ စိန်ရောင်းဆိုင်ဖွင့်ခါစမို့ ၊စိန်ဆိုင်မှာခဏကူပေးပါတဲ့။
နောက်တော့ ကျမလည်းအူကြောင်ကြားနဲ့ ဘဲ စကော့ဈေးမယ် ၂လလောက်လုပ်လိုက်ရပါတယ်။

စကော့ဈေးဆိုတာ ရန်ကုန်မှာအင်မတန်မှရူပ်တဲ့နေရာပါ။
လူပေါင်းစုံသွားလာကျင်လည်ကျက်စားနေကြတာလေ။ရက်ပိုင်းလောက်ဘဲ ဆိုင်ထိုင်ရသေးတယ်၊
ဇာတိမြို့ က လူတော်တော်များများပြန်တွေ့ မိပါတယ်။ အဲဒီအထဲမှာ တဝမ်းကွဲအကိုရဲ့ သူငယ်ချင်း၊
တယောက်က အကူအညီလာတောင်းပါတယ်။ ထိုင်းစာတော်တော် ဖတ်တတ်ပါသလားတဲ့။
အဲ...ကျမတတ်ပါတယ်လို့ လည်းပြောရအောင်၊ဟိုဖက်မှာ ၆ တန်းစတက်ခါစဘဲရှိသေးတာ။
(ကျမ ထိုင်းညကျောင်းတက်ခဲ့တယ်လေ)။ဒီတော့ နဲနဲပါးပါးပါလို့ ဘဲဖြေရတာပေါ့။
သူက ထိုင်းစာအစောင်ပေါင်း ၆၀ လောက်ရှိမယ်။ဘာသာပြန်ပေးပါလားတဲ့။
မုန့် ဖိုးပေးမယ်ပေါ့..။အား..ဒါတော့စိတ်ဝင်စားတယ်။ပိုက်ပိုက် ရတာကိုး။

ကျမကြည့်မယ်လေ ဖတ်လို့ တတ်ရင် ဘာသာပြန်ပေးမယ်ဆိုတော့၊ဟုတ်ဘူး တဲ့။
ပြန်မယ်လို့ ပြောမှပြနိုင်မယ်..ဆိုဘဲ။ကဲ..ရူပ်တယ် အိုကေ ယူလာ ပြန်မယ် ဒါဘဲ။
သြော်..ဂလိုဂလိုတွေ...။ကျမ အကိုလာပြောမှ သိရတယ်။သူက ဟိုထောက်လှမ်းရေး ဆိုလား၊
စုံစမ်းစစ်ဆေးရေးဆိုလား အဲဒီမှာလုပ်တာတဲ့။(ခုတော့ ဆုံးသွားပြီလို့ ပြောတယ်)။
စာတွေကလည်း မြန်မာဖက်ကဖမ်းထားတဲ့ထိုင်းငါးဖမ်းသမားတွေ သူတို့ မိသားစုတွေဆီရေးတဲ့စာ။
စာမှာဘာတွေ (နိုင်ငံရေးပါမပါသိချင်တာပါ) ညာတွေ ပါနေမှာစိုးလို့ ။ သူတို့ ကိုစီမံချက်နဲ့ နောက်လကျရင် အားလုံးလွှတ်ပေးမှာမို့ လို့ တဲ့။ဇာတ်လမ်းက အဲဒီအထိ စိတ်ဝင်စားစရာက မကောင်းသေးဘူး။

နောက်နေ့ ကျမကိုစာတွေတထပ်ကြီးယူလာပေးပါတယ်။မူလစာတော့ ဟုတ်ဘူးပေါ့။
အေဖိုး နဲ့ ကော်ပီကူးထားတာ..။ဟား..လာပြီလေ..။
(ကျအအကိုကပြောပြီးလို့ သိနေတာ လူတော်တော်များများပြပြီးသား။
ဘယ်သူမှ ကောင်းကောင်းမဖတ်တတ်ဘူးလေ။)
ငါးဖမ်းသမားပါဆို ဘယ်က အတန်းပညာကောင်းကောင်းသင်ဖူးခဲ့ကြမှာလဲ။
ကကြီးခခွေးလောက်ဘဲပေါ့။ စာရွက်တွေကလည်း( ကျောင်းသားသုံးဗလာစာအုပ်ထဲက)ဆုပ် ဖြဲ ထားတဲ့စာရွက်ပေါ့။ ဆိုက်ပေါင်းစုံ ။တချို့ ကတည့်တည့်ရေးပါလိမ့်မယ်စာက တကြောင်း ၂ကြောင်းထဲ။
ဒါပေမဲ့ ကော်ပီကူးတဲ့ ကိုကိုဘီရိုမာ ကအဲဒီတကြောင်း ၂ကြောင်းစာတွေကို ပေါင်းကူးပေးလိုက်တယ်လေ။
ဘီရုမာက ထိုင်းစာမတတ်တော့ စောက်ထိုးမိုးမျော် တွေဖြစ်ကုန်ရော။
စာစောင်ထဲမှာ ဘေးတိုက်က နောက်တစောင်။အောက်နားမှာ စောက်ထိုးနဲ့ နောက်တမျိုး...။
ဟူးးးးးယူလာပေးတဲ့အကိုလေးကပြောပါတယ်။
ဒီစာတွေကိုအားလုံးဘာသာမပြန်ဘဲနဲ့  သူတို့ ကိုလွှတ်ပေးလို့ ရဘူးတဲ့။
အချိန်ကကပ်နေပြီ ကူညီပေးပါနော်..တဲ့။
ကျမက ညညမီးမလာလို့ ပိတ်ရက်မှပြန်ပေးမယ်ဆိုတာမပြောလိုက်တော့ပါဘူး။

ညကတော့ ဖယောင်းတိုင်မီး ထိန်ထိန်ကြီး နဲ့ ပေါ့။စဖတ်ပါတယ်။
ဖတ်ရင်း ခဲတံနဲ့ ပြန်ပြန်ဝိုင်းထားရတယ်။:P
မောင်အောင်ရဲ့ စာနောက်ဆုံးတန်းက မောင်ဦးစာရဲ့ ရှေ့ ဆုံးမှာလည်းရှိနေတဲ့သဘောပေါ့..။
တကယ်တန်းကျတော့ အစောင် ၆၀ မကပါဘူး ။၁ စောင်ထဲမှာ ၃စောင်လောက်ပူးထားတယ်လေ။
စာကိုပြန်စီရတာက တရက်ကြာပါတယ်။လက်ရေးကလည်းချာတူးလန်ပေါ့။ 
အော်...ကျမလည်းထိုင်းစာရေးရင် ဒီထက်ညံ့ပါတယ်လေ..ဒီလိုသဘောထားပေးရတယ်။
စာလုံးပေါင်းလည်းမှားတယ်။တချို့ ကလည်းရေးပါတယ် ငါ မောင်နီနဲ့ ဒီစာကိုရေးခိုင်းတာပါ၊
မင်းလည်း လမ်းထိပ်ကကုန်စုံဆိုင်မှာသွားဖတ်ပါ..ဆိုတာမျိုး..။
ကျန်ခဲတဲ့မိန်းမကို နောက်ဘယ်လောက်ကြာမယ်မှန်းမသိလို့ နောက်လင်ထပ်ယူလိုက်ပါတဲ့။

ဖတ်ရင်းဖတ်ရင်းနဲ့  ကျမလေ စိတ်ထဲမှာဘယ်လိုခံစားမှု့ တွေဖြစ်လာသလဲဆိုတာတောင်၊
ပြောမပြနိုင်တော့ပါဘူး။မျက်ရည်တွေကျတော့ အဖေကမေးတယ်ဘာလဲငါ့သမီး..တဲ့။
ကျမလိမ်ပြောလိုက်ပါတယ်။ဖယောင်းတိုင်နဲ့ ဆိုတော့မျက်စိနာလို့ ဆိုပြီးလေ..။
လူမျိုးရေး နိုင်ငံရေး ဘာသာရေး ဘာမှမခွဲခြားဘဲလူသားအချင်းချင်းအနေနဲ့ ကြည့်ရင် ၊
တကယ့်သနားစရာပါ။ တိုင်းတပါးမှာ လာပြီးအချုပ်အနှောင်ခံရ၊ကျန်ခဲ့တဲ့ ဇနီး သားသမီးမိသားစု မိဘ ညီအကိုမောင်နှမ၊အပေါ် သူတို့ သဘောထား၊ သူတို့ ခံစားချက် အားလုံးက တကယ့်လူ့ ဘဝရဲ့ 
သရုပ်မှန်တွေပါဘဲ။စိတ်ကူးယဉ်ဝတ္တုမဟုတ်ဘူး။ကျမတို့ ဆီက စိတ်ပူသလို ဘာနိုင်ငံရေးမှ မပါပါဘူး။ သူတို့ တဝမ်းတခါးအတွက်အသက်စွန့် ပြီးအလုပ်လုပ်ခဲ့ကြတာ။

အင်းးးအားလုံးနီးပါးရဲ့ စာမှာပါတာကတော့ ခြင်မကိုက်အောင်လူတဲ့ဆေး၊ဌက်ဖျားပျောက်ဆေး၊
မားမားခေါက်ဆွဲထုပ်၊ ဒါတွေဘဲမှာကြပါတယ်။
သူတို့ ရေးတဲ့စာတွေ ကျမနဲနဲပါးပါးမှတ်မိသလောက် ပြန်ပြောရရင်တော့ အခန်းဆက်ဇတ်လမ်းတွဲဘဲ
ဖြစ်သွားတော့မှာဘဲ..။
ကျမ ၃ ရက်နဲ့ ပြီးသွားလို့ သူကအံသြနေပါတယ်။
ပိုက်ဆံ ၄သောင်းလားသိဘူးရတယ်။နောက်မုန့် တွေအများကြီး အဖေ့အတွက်ဝယ်ပေးလိုက်သေးတယ်။
ကျမအတွက်တော့ ညညအိမ်မက်ထဲမှာတောင် ထဲ့မက်တယ်။
လူတွေရဲ့ ဘဝအတွက်ရုန်းကန်လှုပ်ရှားခြင်းတွေ....။

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ..
မီးမီး

12 comments:

  1. မိသားစုနဲ့ ဝေးကွာနေကြတော့..ထိုင်းတွေလည်း..လွမ်းတာတွေ..ဘာတွေ.ရှိတာပေါ့..ဒါပေမဲ့..သူတို့ က..ခိုးဝင်လာကြတော့.ဖမ်းထားရတာပေါ့..

    ReplyDelete
    Replies
    1. ဒါကြောင့် နိုင်ငံရေးလူမျိုးရေး မပါဘဲ၊
      လူသားအချင်းချင်းအမြင်နဲ့ ကြည့်ပြီး၊
      ခံစားခဲ့တာပါကွာ..ဝိဝိကောင်လေးသေးသေးရာ;P
      ကိုယ်လည်းသူတို့ ဆီမှာ ၉နှစ်နေခဲ့ဖူးပါတယ်။
      ကောင်းတဲ့သူလည်းရှိသလိုဆိုးတဲ့လူလည်းတွေ့ ခဲ့ဖူးတယ်။
      ဝိဝိဆိုတာ ဘာအဓိပ္ပါယ်မျိုးရှိတဲ့ နာမည်လေးလဲ။
      ထူးဆန်းလို့ မေးကြည့်တာ..ခလေးလေးရယ်။
      :)))

      Delete
  2. ဟင်းးးးးးးးးးးးးးးးးး
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟူး....
      မောခဲ့ဖူးတယ်...။

      Delete
  3. အင်းလေ.... မမီးခံစားခဲ့ရသလို ဒီစာလေးဖတ်ပြီး ခံစားမိနေတယ်...။

    ReplyDelete
    Replies
    1. အေးဟယ်..။
      တကယ်စိတ်မကောင်းဘူးဖြစ်မိတယ်။

      Delete
  4. စိတ်မကောင်းဘူးဖတ်ပြီးတော့မမရေး((

    ReplyDelete
    Replies
    1. ဒန်အိုးလေးရေ..
      သားမိုက်တွေ အမေ့ကိုစာရေးတောင်းပန်ကန်တော့ကြတယ်လေ။
      အဖွားနဲ့ နေတဲ့တယောက်ဆို၊
      အဖွားရှိသေးလားမရှိဘူးလားလဲမသိဘူး။
      စာဖတ်မိတဲ့သူရှိရင် ရှာပေးပါလို့ ပြောတာရှိသေးတယ်။
      :(((

      Delete
  5. :(:( သနားပါတယ်နော်...မမ

    ReplyDelete
    Replies
    1. ဟုတ်တယ်။
      မြန်မာတွေဟိုမှာအဖမ်းခံရရင်လည်းဒီလိုမျိုးတွေဖြစ်မှာဘဲ။
      ဘယ်လိုဆက်သွယ်ရမှန်းမသိ။
ူပူပင်သောကတွေရောက်ကြရရှာတယ်။

      Delete
  6. အခြေခံလူတန်းစားတွေရဲ့  ဘဝကတော့ ဘယ်နေရာ၊ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ် သနားဖို့ ကောင်းတယ်နော်..သူတို့ ဘဝတွေကို ဘယ်လိုနည်းနဲ့ မြှင့်တင်ပေးနိုင်ပါမှာလိမ့်..ဟူး မောတယ်..

    ReplyDelete
    Replies
    1. ဘဝရဲ့ မညီမျှခြင်းတွေလေ...
      ပိုလျှံနေတဲ့လူတွေလည်း..
      ဟိုတယ်စားသောက်ဆိုင်မှာတခါစားရင်..
      အဲ..လူတွေတနှစ်ရှာတဲ့ငွေနဲ့ ညီမျှတယ်တဲ့..

      Delete