RC 2 ထဲက theater စာသင်ခန်းတခု အင်တာနက်ထဲဒီလိုဘဲဖြတ်ညှပ်ကူးယူတတ်ပါကြောင်း
ခုတလောရေးစရာတော့အများသား..အဲ့ဒီအထဲမှာမှ ရေးသင့်သာလေးရွှေးထုတ်လိုက်ရင်လည်း များနေတုံး
ဘဲလေ.. အဟဲ..😁ဒီတော့ ထိုင်းခရီးစဉ်ကိုခဏနားလို့ သူတို့တွေ ခေတ်စားနေကြတဲ့ လိမ္မော်ရောင်
၁၆နှစ် ၁ဝတန်းအောင်လို့ ကောလိပ်ဆိုတာကြီး တက်ခဲ့ဖူးတဲ့ ၁၇ နှစ်မမလေးတွေအတွက်တော့ တကဲ့ကို
ရင်ခုန်စရာကောင်း...။ ကျောင်းစတက်ကတဲက အတန်းဘယ်နားမှန်းမသိ အတန်းဖော် ဘယ်လိုရှာရမှန်း
မသိ..။ လူတွေများ ရုန်းရုန်းနဲ့ ကိုယ်တို့တက်တုံးက တတိယနှစ်တွေတောင် အနဲအကျဉ်းရှိတယ်တဲ့။ တနေ့
၂ချိန် စာသင်ချိန်ခွဲထားရတာဘဲ စဉ်းစားကြည့်တော့ ဒေသကောလိပ် ၂ ဆိုတာကြီး ဘယ်လောက်ရူပ်နေ မလဲ ဆိုတာ။ ခင်ခင်ကြောင်တို့ကတော့ ရှင်းတယ် အစကတဲက ကြောင်ပါတယ်ဆို...။ တပတ်လောက် အထိ အခန်းမှားဝင်သေး.. လှည့်ပတ်ကြည့်လို့လုံးဝမမြင်ဖူးသူပါရင် သေချာတယ်..ပြန်ထွက်ပေါ့..ဟီး
အခန်းထဲမှာ လူများလွန်းလို့၊ တချို့စာသင်ချိန်ဆိုရင် ခုံနံပါတ်နဲ့ခွဲပြီး လူကန့်သတ်လိုက်တယ်။ ဒီကခင်ခင်
လည်း နံမည်က "အ" အက္ခရာပါတယ်လေ..။ဒီတော့ နောက်ဆုံးမှာ လူခွဲတော့ ကိုယ့်နံမည်ကမပါ။ နောက်
တခန်းသွားတက်ရ။ အဲ့လိုမျိုးခံရတာ ၂ ဘာသာလောက်ရှိတယ် စာသင်ချိန်ပြောင်းရင် ပြေးပေါ့ နောက် တခန်းကို။ theater တို့ တဲဆောင်တို့ တိုက်ခန်းထဲက စာသင်ဆောင်တို့ဆိုတာ မယ်ငီးတို့ စာအုပ်တပုံကြီး လွယ်အိပ်တဖက် ထမိန်ဆွဲလို့ပြေးလွှားလို့ နေရာတကာလှည့်တက်ခဲ့ရတာပေါ့။ ပြေးလွှားရတဲ့ စာသင်ဖော် ကြီးတွေကလည်း တချိန်နဲ့တချိန်မတူပါ။ တခါခါ ၅ ယောက်ထဲ၊ တခါတလေလည်း ၁ဝယောက်လောက်ရှိ။
သူတို့ကမှကံကောင်းလို့ မူရင်းနေရာထိုင်ဖို့ကံကပါသေး ကိုယ့်မှာက တခါမှမပါ တချိန်လုံးပြောင်း..။
အဲ့လိုသူများတွေ စာသင်ခန်းထဲ အိန္ဒြေိကြီးတခွဲသားနဲ့ပဲများချိန် ကိုယ်တို့ကပြေးလွှားနေတာကို အမြဲမြင်တဲ့
သကောင့်သား အုပ်စုတခုက မယ်ငီးလွယ်အိတ်(အဲ့ဒီအချိန်တုံးကလားဟူလွယ်အိတ်ဆိုပြီးနံမည်ကြီး သိုးမွှေးတွေနဲ့ ယက်ထားတဲ့ လွယ်အိတ် ကိုယ်တို့အမကြီးက ရှမ်းအလံတွေထွင်ထည့်ပြီး စပယ်ရှယ်မှာ ယက်ထားတာ လူကြားထဲထင်းကနဲပေါ့ ကြီးမားလှပခံညားပုံ..) အဲ့ထဲကို ခဲလုံးတွေ နေ့တိုင်းထဲ့ပေးတတ်။
တနေ့မရဘူးဆိုရင် ၅လုံးကအနဲဆုံး ဘယ်အချိန်ထဲ့လည်း မသိ..။ စာအုပ်ကလေး ခဲလုံးကလေးနဲ့ မြင်
ယောင်ကြည့်ပေါ့။ ချွေးကပြန် ယပ်တောင်ကပါသေး ထီးကလည်းပါသတော့😂😝။ နောက်တော့ လူတွေ
တန်းစီပြီး ဝိုင်းကြည့်နေတယ်ဆိုရင် မယ်ငီးလက်နဲ့အိတ်ကိုဖိထားရတာ..အမော..။
အကို ၂ယောက်က တောင်ကြီးဒေသကာလိပ်ကနေပြောင်းလာတော့ သူတို့ သူငယ်ချင်းတွေရ။ သူတို့ သူငယ်ချင်းတွေကလည်း ကိုယ့်ကိုတွေ့တော့ သွားပြောတာ မင်းညီမတချိန်လုံးအပြင်မှာချည်းဘဲ အတန်း မတက်ဘူးလား..ဆိုဘဲ...။ အဲ့လို..ပါဆို။ လူတွေမြင်တိုင်းကိုယ်က ကိုယ့်အိတ်ကိုဘဲ ဂရုစိုက်တာ တခါက လူတွေဒီတခါဝိုင်းကြည့်တာ ထူးဆန်းလေစွ များလှချည့်လားထင်နေတာ လားလား ယောက်ကျား နားနေ
ဆောင်တည့်တည့်မှာ ခွေး၂ကောင် ဟိုဒင်းဟိုဟွာပြုနေတာ ဒီကမမြင် တည့်တည့်သွားတိုးပစ်တယ် မှတ် ကရောဘဲ..။ သတိမမူဂူမမမြင်ဆိုတာ တကယ်ကြီးပါ..မောင်..ဟားဟား...😅😛😂😝
နောက်တော့ တနေ့မှာ ကိုယ့်ထက်ကြီးပါတယ် တတိယနှစ်ဆိုလား ဒုတိယနှစ်ဆိုလား ၄-၅ ယောက် လူ
ကိုလမ်းပိတ်ပြီး စကားလာပြောတယ်။ အဟီး..ရည်းစားစကားမဟုတ်ရ..သူတို့ စစ်တက္ကသိုလ်ဆိုလား..
တက်ရလို့ပြောင်းတော့မယ်။ သူတို့ခဲလုံးတွေထည့်တာ ညီမလေးလိုချစ်လို့စတာပါတဲ့..။ ဟွန့်..ပါးစပ်က
ကလှော်တုပ်ချင်တာ မြန်မာလိုပြောမထွက်..အူကြောင်ကြောင်နဲ့..ဟုတ်ကဲ့..ပြောပြီးလစ်ထွက်လာတာ..။
ငယ်တုံးကဆို အရမ်းကြီးကျယ်ပေါ့..အသားမဲမဲ ဆံပင်ရှည်ရှည် ဖို့ယိုဖားယားဆိုရင် ဟေးဟေး..စကားပြော ဖို့ဝေးစွ ကြည့်တောင်လှည့်မကြည့်...လူကသာ အဖေ့စကားနဲ့ဆို ခွေးပစ်ဒုတ်လောက်ပေါ့ 😉 မောင်မင်း
ကြီးသားများလည်း ရှေ့တန်းမှာဘဲကြွသွားသလား ချုပ်ချုပ်ကြီးတွေဘဲဖြစ်နေလား..မသိပါဘူး။နံမည်လည်း
မသိ လူလည်းမမှတ်မိပါ..။
မမဘွဲ့ယူတော့ ကိုယ်ကဒုတိယနှစ်လားမသိမောင်နှမ ၄ယောက် ညီညီကအမြင့်ဆုံး
ကောလိပ် တက္ကသိုလ်ဆိုရင် ကိုယ့်အကို ၂ယောက်မပါမပြီးပေါ့..။ တောင်ကြီးက ကိုကို ညီညီဆိုရင် လူသိ
များတယ်။ ကျိုင်းတုံဇာတိဖြစ်ပေမဲ့ တောင်ကြီးကနေပြောင်းလာတော့ တောင်ကြီးသားအဖြစ်လူသိများ တာလေ။ ကိုယ်က အူကြောင်ကြားသလောက် အကို ၂ယောက်လည်းမခေပါဘူး..။ အင်း..ပြောရရင် ရိုးတယ်လို့ဆိုရမှာပေါ့လေ..။ သူတို့ရောက်ခါစ မယ်ငီးဆီလာလည်ရင် (ကိုယ့်အဆောင်က ကျောင်းနဲ့လမ်းထိပ်လောက်ဘဲဝေးတာ) သူတို့သူငယ်ချင်းတွေပါလာတတ်တယ်။ ကိုယ်ကပြောထားတာ အရမ်းခေါ်မလာနဲ့ ရူပ်တယ်ဆိုတော့ သူတို့လည်း တယောက်စီဘဲခေါ်လာတတ်ပါတယ်။ အကိုအငယ် ညီညီကအပေါင်းအသင်းဆန့်တယ်။ သူ့အခန်းထဲကချင်းလူမျိုးတယောက်နဲ့ အပေါင်းအသင်းဖြစ်တယ်လို့ပြောပြီး၊တရက်ကျတော့ ခေါ်လာပါတယ်။ ကိုယ်တော်ကလည်း ခပ်နွမ်းနွမ်းလေးပါဘဲ။ သူ့ကြက်ပေါင်ဖိနပ်ပြတ်လိုညီညီက တွယ်ချိတ်လာယူတာလေ။ ကိုယ့်မှာ တဆောင်လုံးပတ်ရှာပြီး ပေးရတယ်။ ညီညီပြောပြတယ်။သူ့ခမျာသနားပါတယ် မုန့်ဟင်းခါးစားဖို့ တကျပ်တောင်ပိုက်ဆံကမပြည့်တတ်ဘူးတဲ့။ အမြဲကျွေးရတာတဲ့။ သူ့အဖေကကလူကြီးအိမ်က ကားမောင်းဆိုဘဲ..။ သူကကားနက်ကြီး( လူကြီးတွေစီးတဲ့ကားပေါ့) အမြဲ စီးပြီးလာတာတွေ့တော့ ညီညီကမေးတာ မင်းအဖေကကားမောင်းလားတဲ့။ ဟိုကလည်းဖြေရှာပါတယ်။ ဟုတ်တယ်တဲ့။ကိုယ့်ကိုလည်း မုန့်ဟင်းခါးစားနည်းသင်ပေးသေး..ပထမ ဆိုင်ရှေ့မှာ ငရုပ်သီးလေး ငံပြာ ရည်လေးထဲ့ပြီး၃ဇွန်းလောက်ခပ်မြန်မြန်စား ပြီးရင် အမရေ..ငံသွားလို့စပ်သွားလို့ဟင်းရည်နဲနဲလောက် တောင်း။ စားပြီး ရင်လည်း ဟင်းရည်ထပ်တောင်း..တကျပ်ထဲနဲ့ဗိုက်ကားအောင်စားနည်း..တဲ့။ နောက်၂လ-၃လပြည့် နီးမှ သူ့အဖေကလူကြီး(နိုင်ငံတော်ကောင်စီဝင်) ဆိုတာ
သိရတာ..။အဲ့လိုအကိုပါဆို😄
သိရတာ..။အဲ့လိုအကိုပါဆို😄
တချို့ကသူတို့ပုံတွေပါရင်မကြိုက်ဆိုလို့ကြိုးစားပမ်းစားဖျက်ရတာအမော
အလယ်ကလူစကားဝဲ၏...အော်..ချင်းလူမျိုးပါဆို
သူ့ကိုသူငယ်ချင်းတွေက လိမ္မော်ရောင်အာစရိယပွဲမှာပြန်တွေ့ကြသတဲ့..။ ဆုံးသွားတဲ့အကို့ တွေရဲ့ သူငယ်ချင်းတွေပြန်တွေ့ရင် မျက်ရည်က အလိုလိုကျကျလာတတ်တယ်။ ညီညီ့သူငယ်ချင်းတယောက်ကဆို နံမည် ကြီးဘဲတဲ့။ နယူးယောက်မှာနေတာ။ ရှပ်ရုင်မင်းသားကျော်သူတို့ရဲ့သူငယ်ချင်း ပန်းချီဆရာကြီးပေါ့။ မယ်ငီး
ဆီဖုံးဆက်ပြီး ညီညီ့သတင်းမေးရှာတယ်။ ညီညီကျောင်းတက်တုံးက တီးဝိုင်းတခုရဲ့ ဂီတာသမားတယောက်
ဆုံးသွားတယ်။ ညီညီ့သူငယ်ချင်းပေါ့။ ညဈေး(ခုတော့မဟုတ်တော့ပါဘူး)ရန်ကုန်ဆေးရုံကြီးရင်ခွဲရုံဘေး ကဈေးတန်းမှာ တခြားသူငယ်ချင်းနဲ့ လမ်းလျောက်နေတုံးခေါ်သံကြားလို့ လိုက်ရှာတာ ရှာမတွေ့ဘူး..
ဟေ့ကောင်ညီညီ ဟေ့ကောင်ညီညီ..ဒီလိုခေါ်တာတဲ့။ နောက်တော့ ဘယ်ကောင်ငါ့ကိုခေါ်လည်းကွ..လို့
အော်မေးလိုက်တော့..ငါမိုးကျော်ပါလို့..ပြောတာ..သူတို့တွေ လန့်ပြီးထွက်ပြေးကြတယ်တဲ့။ ဆုံးသွားပြီးသူ
လေ..။ နောက်တော့ မဟုတ်ပါဘူးဆိုပြီး လက်ဖက်ရည်ဆိုင်မှာထိုင်ပြီး အော်မေးတာ အခုဘယ်မှာလဲ
ပြောတာ သူက ရင်ခွဲရုံနားမှာ သူ့ကိုဆေးလိပ်တိုက်ပါပြောသတဲ့။ ဆေးလိပ်ဘယ်လိုတိုက်ရမလဲ ဆိုတာ လည်းမေးလိုက်သေးတယ်ဆိုဘဲ။ ဒီအတိုင်းမီးညှိပြီးချထားပေးပါဆိုတော့ သူတို့လည်း ဒီအတိုင်းမီးညှိပြီး
ပန်းကန်ပြားမှာ ချထားပေးတာငွေ့ငွေ့လောင်သွားတယ်တဲ့။ လက်ဖက်ရည်ဆိုင်က အလုပ်သမားရော သူ့ပါလာတဲ့သူငယ်ချင်းတွေရော တွေ့ကြတာလေ။ အားလုံးသတင်းပြန့်သွားတော့ သူ့(ကိုမိုးကျော်)ဆီကို လာရှာကြတယ်။တခြားလူဆိုရင် သူက စကားပြန်မပြောဘူးတဲ့။ ညီညီ့တယောက်ထဲစကားပြော တယ်ဆို လားဘဲ..။ နောက်ညီညီလည်း သူ့သူငယ်ချင်းအတွက် ဘုန်းကြီးကျောင်းမှာ အလူလုပ်ပေးလိုက်တယ်။ အဲ့ဒီအကိုပေးထားတဲ့မာစတာခွေရှိတယ် အဲ့ခွေကို ပြန်ရှာတာ မတွေလို့။ သူတို့အဖွဲ့ထဲက အဆိုတော်က နံမည်ကြီးခိုင်ထူးလေ...။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
ချစ်စရာစူပုတ်လေး မမမယ်ငီး
ReplyDeleteဟီး...
Deleteမမဘွဲ့ယူတဲ့နေ့
အဝတ်အစားဝယ်ဖို့
အဖေပေးတဲ့ပိုက်ဆံ
ဗိုလ်ချုပ်ဈေးထဲ
ခါးပိုက်နိုက်ခံထိ
အသစ်မဝတ်ရလို့
စိတ်ကောက်
း))))
ခါးပိုက်နိုက်ခံထိတဲ့အကြောင်း ရေးထားလားဟင်။ ရှာဖတ်အုံးမယ်။
Deleteမရေးဖူးပါ...
Deleteခင်ခင်အတိအကျပြန်မပြောတတ်
ဒါပေမဲ့လေဖမ်းဒန်းစီးပြီး
ပုံပြင်ဆင်ယင်တင်ပြရရင်တော့
ဖြစ်လာတန်ကောင်းပါရဲ့..
ဟီး...
ရှမ်းဝတ်စုံလေးနဲ့ မမီးက ချစ်စရာလေး...။ ငယ်ဘ၀ကိုပြန်ရေးရတာ အရသာရှိမှရှိပေါ့..။
ReplyDeleteမိုးငွေ့
ရှမ်းပြည်နယ်နေ့ကတာလေ
Deleteကိုယ်တို့တုံးက
လိပ်ခုံးမှာကရတာ
စိုင်းထီးဆိုင်က
ဆိုပေါ့...
ကိုယ်က မိန်းမှာတက်ရတာ
ReplyDeleteသူငယ်ချင်းတွေက အာစီတူး တက်ရလို့ ကိုယ်က ၂ကျောင်းခွတက်လာတာ ဟဟ
မီးမီးရေးတာတွေဖတ်ရင်းငယ်ဘ၀ပြန်သတိရမိ
အိုင်အိုရာ
အာစီတူးမတက်ဖူးဘူးလား...
Deleteအာစီတူးမတက်ဖူးရင်
ကျမထက်အရမ်းငယ်ရင်လည်း
ငယ်ပါလိမ့်မယ်
နောက်ပိုင်းတော့
စနစ်ကဖျက်လိုက်တယ်လေ
နို့မို့ရင်လည်း
အများကြီး
အသက်ကွာတာလည်း
ဖြစ်ချင်ဖြစ်မယ်
ကျမအမကစပြီး
ဒေသကောလိပ်ခေတ်
ကိုမှီတာဆိုတော့...
အဟဲ..မအိုင်အိုရာကို
ဦးစံရှားလုပ်...
မမကဒီနှစ် ၆ဝပြည့်ရင်
ပင်စင်ယူတော့မှာလေ...
း))))