မသိပါဘူး ဆိုတာမျိုး၊ ဖုတ်ဖက်ခါထသွားလည်လိုက်ရပါတယ် ဆိုတာမျိုးတွေနဲ့ ကင်းလွှတ်အောင် နဲနဲရှင်း
ပြရအုံးမယ်။ ဒီနေရာလေးတခုကိုတော့ မယ်ငီးတကယ်ဘဲ recommend ပေးပါတယ်။ လေ့လာပြီးသွားမှ
အဆင်ပြေမဲ့ခရီးတခုပါရှင်...။
ဒီ Magic Kingdom မှာအဓိက အပိုင်းကြီး ၆ပိုင်းခွဲထားပါတယ်။ တပိုင်းစီမှာ နံပါတ်လိုက် နေရာတွေနဲ့ မှတ်
ရလွယ်အောင်မြေပုံတွေထားပေးပါတယ်။ နံပါတ် ၁ ကနေ ၇၈ အထိဆိုတော့ စားသောက်ဆိုင်အပါအဝင်
စုစုပေါင်း ၇၈ နေရာရှိတယ် ဆိုပါတော့။ ကဲ..တရက်ထဲနဲ့ ဘယ်လိုဝင်ကြမှာလည်း...။
- 1.Main street 1-13
- 2.Adventure land 14-24
- 3.Frontier land 25-33
- 4.Liberty square 34-41
- 5.Fantasy land 42-66
- 6.Tomorrow land 67-78
ဘေးဖက်ကိုမျှော်ကြည့်ရင်တော့ Theater နဲ့ဈေးဆိုင်တွေရှိပါသေးတယ်။(ပုံထဲမှာ လမ်းဘေးမီးတိုင်ရဲ့ အပေါ်လုံးကပ်ရပ် ကောင်မလေးတယောက်ကို မြင်ရမှာပါ) အဲလို စလွယ်သိုင်းနဲ့ ခေါင်းပေါ်မှာ Crown နဲ့၊ အလှပြင်သေတ္တာငယ်လေး ဆွဲလို့၊ အလှမယ်လိုလို ဘာလိုလို ဒီလိုပြင်ဆင်လာတာ ဆယ်ကျော်သက်
ကောင်မလေး ရာနဲ့ချီပြီးမြင်ရလိမ့်မယ်။ တော်တော်များများပါဘဲ ခလေးရော လူကြီး လူအိုတွေပါမကျန်
အနဲဆုံးတော့ Micky Mouse ခေါင်းစီးလေးကိုယ်စီနဲ့ပါ၊ ပျော်စရာလာရှာကြတာဆိုတော့ ပျော်ပျော်ပါးပါး
ပြင်ဆင်လာကြတယ်။ ခလေးတွေကို အမေတွေက ကွင်းထဲလည်းရောက်ရော အတင်းအင်္ကျီတွေလှဲပေး ကြတယ်။ ပြင်ဆင်ပြီးယူလာတဲ့ဆင်ဒရဲလား ဝတ်စုံတွေပေါ့ ကောင်လေးတွေကိုလည်း Micky Mouse
အင်္ကျီတွေဝတ်ကြ၊ တချို့ခလေးတွေက အော်ငိုကြနဲ့၊ ရီလည်းရီရပါတယ်..။
ကောင်မလေး ရာနဲ့ချီပြီးမြင်ရလိမ့်မယ်။ တော်တော်များများပါဘဲ ခလေးရော လူကြီး လူအိုတွေပါမကျန်
အနဲဆုံးတော့ Micky Mouse ခေါင်းစီးလေးကိုယ်စီနဲ့ပါ၊ ပျော်စရာလာရှာကြတာဆိုတော့ ပျော်ပျော်ပါးပါး
ပြင်ဆင်လာကြတယ်။ ခလေးတွေကို အမေတွေက ကွင်းထဲလည်းရောက်ရော အတင်းအင်္ကျီတွေလှဲပေး ကြတယ်။ ပြင်ဆင်ပြီးယူလာတဲ့ဆင်ဒရဲလား ဝတ်စုံတွေပေါ့ ကောင်လေးတွေကိုလည်း Micky Mouse
အင်္ကျီတွေဝတ်ကြ၊ တချို့ခလေးတွေက အော်ငိုကြနဲ့၊ ရီလည်းရီရပါတယ်..။
ကျမက ဝင်ဝင်ချင်းအပေါ်ကနေတက်ပြီးကွင်းကိုခြုံငုံကြည့်တာပါ..ဒါကတော့ အပြင်ဖက်က ဂိတ်ဝနေရာ..
ဓါတ်ပုံတွေရိုက်ကြတဲ့နေရာပေါ့..အဝင်ဝကနေရာ အရင်ဆုံး ရထားနဲ့ပတ် ကြည့်မယ်ဆိုပြီး ရထားပေါ် တက်ကြပါတယ်။
ဓါတ်ပုံတွေရိုက်ကြတဲ့နေရာပေါ့..အဝင်ဝကနေရာ အရင်ဆုံး ရထားနဲ့ပတ် ကြည့်မယ်ဆိုပြီး ရထားပေါ် တက်ကြပါတယ်။
(သူရွှေးထားပေးတာလည်းမနဲမနောဘဲ..လေ)
Micky လား ဟိုဘဲရုပ်ကြီးနဲ့လားပေါ့..အူကြောင်ကြောင်နဲ့ဘာဖြေလိုက်မှန်းတောင်မသိဘူး..။အထဲရောက်မှ
သူတို့ အရုပ်လူတွေနဲ့ဓါတ်ပုံရိုက်ဖို့ တန်းစီနေကြတာတွေ့ရတယ်..။ ကျမတို့ကဖြတ်ထွက်လာတယ်..။ ဓါတ်ပုံမရိုက်တော့ပါဘူး။
လို့ပြောခံထိနေအုံးမှာ...ဖြစ်ဘူး..လစ်မှ...^_^
မုန့်တွေတောင် Micky ဖြစ်လို့...
ဘွတ်ကင်တင်ထားပြီး ဝင်စားကြပါတယ်..နို့မို့ရင် လည်းတန်းစီရတာပေါ့ရှင်။
(အဖေလုပ်သူက သမီး၂ယောက်ကို ဓါတ်ပုံလေးရိုက်ပေးနေတာချစ်စရာလေး)
ကော်ဖီပုဂံလုံးတွေထဲထိုင်ပြီးပတ်ချာလည်လည်တဲ့နေရာလေ...ကျမတော့ ပြင်ဆင်ထားတာလေးချစ်လို့..
ဓါတ်ပုံလေးရိုက်ခဲ့ပါတယ်။
ဓါတ်ပုံလေးရိုက်ခဲ့ပါတယ်။
ထဲဝင်ခဲ့ကြပါတယ်။ တန်းကနဲနဲရှည်ပြီး မြွေလိမ်မြွေကောက်ပုံစံနဲ့ တော်တော်နဲ့ လှေထဲမထိုင်ရဘူး...
ကြည်နူးလိုက်တာ....
ဒီသီချင်းလေးပါ..တကယ့်ကို ပျော်စရာကောင်းပြီးခလေးဘဝပြန်ရောက်သွားတဲ့အတိုင်းပါဘဲရှင်...
အပေါ်ဆုံးတန်းကလူတန်းကြီးက အဝင်အတွက်တန်းစီတာ ..အောက်ကလူတွေတော့ ပြီးလို့ပြန် ထွက်ကြတာ...
ကျမတို့တော့ ချစ်(စ်)ဗီဇာ ကြက်ကြော်နဲ့ အာလူး...ဒါလောက်ဆို ၂ယောက်လုံလောက်ပါပြီလေ...
ကဲ...ဟိုးဖက်မှာ စင်တင်ပြပွဲရှိတယ်..ဒါလည်းသူ့အချိန်နဲ့သူပြတာပါ..ကိုယ်တို့ကမှတ်ထားရတာပေါ့...
ဒါတောင်ပြေးပြေးလွှားလွှားနဲ့ ခဏလေးဘဲမှီလိုက်ပါတယ်...
ဒါတောင်ပြေးပြေးလွှားလွှားနဲ့ ခဏလေးဘဲမှီလိုက်ပါတယ်...
နောက်ကျန်သေးတဲ့အပိုင်းတွေကိုတော့ ဆက်ရန်လေးပေါ့ရှင်....တန်းစီစရာမလိုတဲ့အမြန်လမ်း အကြောင်း ကိုနောက်မှ အာလူးလာဖုတ်တော့မယ်ဗျို့.....
"အမှတ်တရဆိုင်ကတော့မြင်ဘူးသမျှဆိုင်ထဲမှာအကြီးဆုံးပါဘဲ..."
ReplyDeleteဈေး ကြီး တာ လား အ မ
၂ ခုစလုံးပါဘဲ..
Deleteအဲဒီမြို့ထဲမှာ အမှတ်တရရောင်းတဲ့ဆိုင်တွေ၊
အရမ်းလှတပတလေးဆင်ထားတယ်..
တွေ့ရင်ဝယ်လိုက်ပါ၊
ဆိုင်ပုံစံတွေကို Orlando souvenir shops
လို့ ဂူးဂဲမှာရှာကြည့်တွေ့ရမယ်..
အထဲကဆိုင်နဲ့ဈေးအများကြီးကွာတယ်..။
ပျော်စရာကြီးနော် တီတီမီး နောင် ၄ နှစ်လောက် သမီးကလေး ၅၊၆ နှစ်ရောက်ရင် သူ့ ကိုပို့ ပေးမယ်
ReplyDeleteကလေးတိုင်းအရမ်းကြိုက်တဲ့နေရာပေါ့..
Deleteခေါ်သွားပါ..သူတို့ငယ်ဘဝမှာပြောစရာတခုအဖြစ်
အမြဲရှိနေမဲ့အမှတ်တရ.. နေရာလေးပါ
ခလေးတွေတော့တော်တော်ပျော်မယ်နော်။
ReplyDeleteအိုင်အိုရာ
ခလေးတွေသာမက..
Deleteခလေးကြီးဖြစ်တဲ့၊
ကိုယ်တို့လည်းအတော်ပျော်ဘဲ..
း))))
သွားလည်ချင်လိုက်တာ မမီးရယ်..စောင့်ဖတ်နေပါတယ်ရှင့်
ReplyDeleteသွားတာသွား...
Deleteစိတ်လွတ်ကိုယ်လွတ်ပျော်ရတယ်..
ပေါ့ပါးလန်းဆန်းသွားတာတော့အမှန်....