Monday, March 18, 2019

ငရဲခန်းမှာခဏနေခဲ့ဖူးပါတယ်

မင်္ဂလာပါရှင်~~~
ငယ်ငယ်ကများ တခုခုလုပ်ရင် လူကြီးတွေက ငရဲကြီးမယ်နော် ငရဲကြီးမယ်နော်နဲ့ခြောက်လန့်တတ်ကြတယ်
(ရှမ်းလိုပြောကြတာပါ) "ဖီဖာဟို" တဲ့..။ အဲ့ဒီတော့ မလုပ်ရဲဘူး "ဖီဖာဟို" မှာစိုးလို့..။ တကယ်လည်း ငရဲကြီးတယ်ဆိုတာ ဘယ်လိုနေလည်းဆိုတာကိုလည်း သေချာမသိခဲ့သလို မမေးမိခဲ့ဖူးပါဘူး။ မကောင်း တာဖြစ်မယ်ဆိုတာလောက်ဘဲသိခဲ့နားလည်ခဲ့တာပါလေ...။ အသက်လေးရလာမှ အော်...ငရဲဆိုတာ...
ဂလို..ဟိုဟာလုပ်ငရဲကြီးမယ် ဒီဟာလုပ်ငရဲကြီးမယ်နဲ့ လူတွေက သူတို့ဥပဒေစည်းကမ်းကို ငရဲနဲ့လှမ်းချိတ်
ဆွဲထားပြီး ပြောနေတာအများသား...။ 😁 တကယ်တော့ ဘာမှလည်းမဟုတ်ပါဘူး။

ဒီလိုနဲ့...လွန်ခဲ့တဲ့၂နှစ်က( FB နိုတီတက်တော့ပြန်တွေ့ 👀) ဒီအချိန်မှာပေါ့လေ မယ်ငီးတကယ်ဘဲ အရှင်လတ်လတ်ငရဲကျခဲ့ဖူးတာပြန်သတိရမိတယ်...။ ဘယ်သူ့ကိုမှ ဖွင့်မပြောခဲ့သလို ကာယံကံရှင်တွေ ကိုလည်း ပြောပြဖို့စိတ်မကူးခဲ့ပါလေ။ ကိုယ့်အပျော်တွေဘဲ သူများကိုဝေဌပေးချင်ပါတယ်။ ကိုယ့်ဝမ်းနည်း ပူဆွေးမူ့ကို ဘယ်သူ့ကိုမှမဝေမျှခံစားစေချင်ဘူး။ မှန်ကန်သောသစ္စာပါ(အလဲ့..ကပ်ပြီးအမှတ်ယူရသေး) တခါတလေတော့ ရင်ထဲမှာပြန်တွေးမိတတ်တယ်..။ တကယ်ဆို ရင်ထဲသိမ်းထားတာထက်စာရင် ဖွင့်ဟ
လိုက်တာပါ..ပေါ့ပါးသက်သာတတ်တယ်တဲ့..သူများပြောတာကြားဖူး..(လာပြီညာပြီ..စပြီလေပြောချင်လို့
စကားခင်းတာများ..😆😅)

ဒီလိုဗျ...ဇန်နာဝါရီ..ဖေဖော်ဝါရီလဆိုတာ ဒီအနောက်နိုင်ငံမှာ အအေးဒဏ်အရှိန်ပြင်းထန်နေတဲ့အချိန်ပေါ့။
ကနေဒါကရေခဲပွဲတော်ကို မိတ်ဆွေသားအမိနဲ့ မယ်ငီးတို့သွားကဲလိုက်သေးတယ်..။ အနုတ်တဆယ်ကနေ
၂ဝကျော်..တဂစ်ဂစ်နဲ့ပျော်ခဲ့ချိန်...။ ပြန်ရောက်တော့ ကျိုင်းတုံမှာအမနဲ့တူလေးက ရုတ်တရက်ဆေးရုံတက်
တူမလေးကနေ့စေ့လစေ့ကိုယ်ဝန်နဲ့ လေဖြတ်နေတဲ့အမေအိုအိမ်မှာတယောက်ထဲ..ဗျာယာခတ် 😥ဝေါ်ရီ
တွေများပြီး..လက်မှတ်ဝယ်လို့ပြန်ခဲ့တယ်။ ရန်ကုန်မှာခနနေ လက်မှတ်ရတာနဲ့ ကျိုင်းတုံရောက်။
ရန်ကုန်
ရာက်ကတဲက ခြေချောင်းလက်ချောင်းတွေယောင်နေတာဘဲ။ အရမ်းအေးတာနဲ့ အပူနဲ့ညား😎😉

မိတ်ဆွေသူငယ်ချင်းတယောက်က မြို့ကိုလိုက်လည်တော့ ညည်းစရိတ်ခံရင် ထိုင်းကိုပို့ပေးမယ်လို့ ဂတိ
ခံပြီးခေါ်လိုက်သေး..အဲ့လိုဘက်စုံကိုယ့်ဖက်ယက်တတ်ပါတယ် 😁😝KT ရောက်တော့ အခြေအနေက
အေးဆေး၊ တူမလေးလည်းမွေးတယ် နေ့မစေ့ပေမဲ့ခလေးအားလုံးပြည့်စုံ။ ဒါပေမဲ့ရဲတွတ်နေအောင်နီတာ

ခုကြီးမှ သူကအသားအရမ်းဖြူတာကိုး..ဗျ..။ အမေလည်းနေကောင်း အမလည်းအိုကေ တူတော်သမက်
လေးကလည်း ကျမ်းမာတော့.. မယ်ငီးထိုင်းဖက်ထွက်လာဖို့စီစဉ်ပေါ့လေ။ ဒါတောင်ခရီးစထွက်တဲ့နေ့မှာ
အမကဆိုင်ကယ်တိုက်သေး..ဆေးရုံပို့ပြီးဘာမှမဖြစ်လို့ အမကိုအိမ်ပြန်ဘယ်..မယ်ငီးဆက်ခရီးနှင်လာတာ

(မောချက်ကတော့ ၁ဝဝ% စိတ်မောလူမော)😏😟

ဒီလိုခရီးတွေဆက်တော့ အရင်ကအိုကေပေမဲ့ အသက်ကစကားပြောလာပြီ..ငါးဆယ်ကြီးများတောင်
ကျော်လာပြီဆိုတော့...လေ😵😉😂 နေ့နဲ့ညမှားတာက ချက်ချင်းနဲ့နေသားမကျ..ညနေစောင်းရင်
အရမ်းအိပ်ငိုက်... နိုးတဲ့အချိန်စိတ်ကြည်ပေမဲ့ ညဖက်အိပ်ရင် ကုလားသေကုလားမောပေါ့ရှင်........
ဇာတ်လမ်းအကျဉ်းချုံးရင်..တနေ့တနေရာပြောင်းအိပ်ရင်း..CM မှာ မမလေးတယောက်နဲ့အိပ်ရပါတယ်။
ထိုင်းကပိုပြီးရာသီဥတုပူပါတယ်။ တနေကုန်သွားလာထားတာ စားပြီးရေချိုးပြီး အိပ်ယာထဲဒိုင်ဗင်ထိုး
ပါတယ်။ NJ,USA မှာအပူပေးစက်နဲ့ကတနှစ်မှာ ၅လလောက်ထိမ်းမြားလက်ဆက်ထားရပေမဲ့ အာရှ
ရောက်တော့လေအေးစက်နဲ့နေ့တိုင်းညတိုင်းညားမှပြေလည်ပါတယ်လေ..😎😅😆 ဟော်တယ်ဆို
တာလည်း ကြိုတင်ဘွတ်ကင်တာမဟုတ်ဘဲ ရောက်ရာမှာကြုံရာယူတာများ.. ညဈေးနားက ရေချောင်း နှဘေးဟော်တယ်တခုဆိုပါတော့။ ဖယားယား...ခြင်တွေဆိုတာ တပ်ရင်းတပ်စိတ်တပ်ခွဲပေါင်းများစွာနဲ့
ဟော်တယ်တခုလုံးတပ်စွဲထားပါတယ်။ ကိုယ်တို့ကပင်မဟော်တယ်၇-၈ ထပ်အဆောက်အဦမဟုတ်ဘဲ တိုးချဲ့အဆောင်က ၄ထပ်သာသာလေးကအောက်ဆုံးထပ်မှာရပါတယ်။ reception ကောင်တာက မမ
လေးတွေရှိရင် သူတို့လည်း ခြင်တပ်ရန်က ကာကွယ်ဖို့လုပ်ထားကြမှာပါဘဲလေ.. ကံဆိုးရှာလေက မယ်ငီးပေါ့ သူတို့ကမှန်တံခါးနဲ့အမြဲပိတ်ထားပေမဲ့ လူတွေဝင်လိုက်ထွက်လိုက်နဲ့ ခြင်တပ်ကြီးလည်း ဝင်လိုက်ထွက်လိုက်နဲ့..ပျော်စရာကြီးပေါ့..။

အိပ်ယာပေါ်ခေါ်ဖူးခေါ်ဖူးနဲ့ နတ်မင်းစည်းစိမ်ခံစားနေတုံး...ဗြုန်းကဆို အသက်ရူကြပ် ချွေးတွေပြန်ပြီး
နိုးလာတယ်..အခန်းကြီးကလည်းမှောင်လို့..အဲယားကွန်းကြီးကတာတာ👋👋လုပ်လို့...အခန်းကျဉ်းထဲ ရုတ်တရက်တော့ဘာမှန်းမသိသေး ဘယ်ရောက်နေမှန်းတောင်မသိ...မီမိုရီ..မနဲပြန်ဆွဲစေ့မှ..အော်..
ငါဇင်းမယ်မှာလား...လို့နားလည်လာတာ။ ချက်ချင်းတံခါးဆွဲဖွင့်တော့ ဝုန်းကနဲ ဗိုလ်ပါတထောင်တပ်စိတ်
ကြီးဝှီးကနဲ ဝင်လာရော..အောင်မငီး..ဂျိုင်းကနဲပြန်ပိတ်..ဘေးကပြူတင်းပေါက်ပြေးကြည့် ခန်းစီးလှပ်မှ
အခြေအနေနားလည်လာ...ဘေးကမမလေး..သော့ကဒ်ဖြုတ်ပြီးအပြင်ထွက်..သော့ကဒ်တပ်ထားမှHotel
တော်တော်များများမီးဖွင့်လို့ရ အဲယားကွန်းကြီးလည်ပတ်နိုင်တာလောက်တော့ ဘယ်လိုပြောရမလဲ..ခလေး
တော့မဟုတ် ခွေးတော့မသိနိုင် လူတော်တော်များများနားလည်သဘောပေါက်ကြမှာပါလေ..။


၃ထောင်တထွာအခန်းကျဉ်းထဲမှာ ဝုန်းကနဲတောက်လာတဲ့ စိတ်တွေကိုမနဲစုစည်းပြီး..နာရီကြည့်တော့ မနက် ၁နာရီကျော်ဘဲရှိသေး။ အိပ်ယာဝင်တော့ ၁၂နာရီထိုးခါနီးပြီ။ ဟော်တယ်ရောက်တာဘဲ ၁၁နာရီကျော်
အော်..ခနဆိုသူပြန်လာမယ်လေ။ အသက်လေးနဲနဲရူကြပ်တာက အပြင်ကခြင်တပ်ကြီးထက်စာရင်တော်ပါ
သေးတယ်..ဆိုပြီး ပက်လက်လေး ရူမှတ် ရူရှိက်လေးလုပ်အုံးမှ😵 အရမ်းအိပ်ချင်နေတဲ့စိတ်😴 မူးနေ တဲ့ခေါင်း😨 ချွေးတောက်တောက်ကျလို့... တကယ်လို့ အာရှမှာ တလလောက်နေပြီးသွားရင် ဒီလောက် မခံရလောက်ပါဘူး။ ခုဟာက တပတ်အတွင်းဆိုတော့ ဂန့်ချင်တာအမှန်ဘဲ...။ ရေချိုးခန်းထဲမှာ ပိုအေး
လောက်တယ်ထင်ပြီး စမ်းတဝါးဝါးနဲ့သွားကြည့်ပိုဆိုး..အခန်းကကျဉ်းတာကိုး...။ ဒီလိုနဲ့ လာမှာပါလေ...
လာမှာပါလေ..နဲ့ တရားလည်းမမှတ်နိုင်၊ နာရီက တနာရီပြီးတနာရီကုန်သွား...ဒီတော့ ဘယ်လိုပြန်ဖြေသိမ့်
လည်းဆိုတော့ ခုနက ငါအေးအေးလေးနဲ့အိပ်ရတာ တနာရီလောက်တောင်ရှိတာဘဲ.. အဲ့လိုစည်းစိမ် လေးကိုမှန်းပြီး စိတ်ဖြေနေ...😌 အပြင်ထွက်ပြီးရင် တံခါးကပြန်ဖွင့်ရမှာမဟုတ်ဘူး..။ ဒီတော့အပြင်ထွက်ဖို့
စိတ်ကိုလျော့..တခြားအခန်း(ခရီးသွားဖော်)ကိုသွားခေါက်ဖို့ဆိုတာ လုံးဝမစဉ်းစားပါ။ ညဆိုတာ လူတွေရဲ့
အိပ်စက်နားယူချိန်၊ သူများရဲ့အချိန်ကို သွားနှောက်ယှက်တယ်ဆိုတာ လူ့ယဉ်ကျေးမူ့ မရှိသူတွေရဲ့စရိုက်ပါ။
ဒီလိုခံယူချက်ထားသူအတွက်....ပက်လက်အိပ်ပြီး တရားမှတ်ဖို့ကလွဲလို့ဘာမှမရှိပါ။ မှန်တာပြောရင်လည်း
ဘာမှတရားမရခဲ့ပါလေ😁😂 ၅ နာရီထိုးခါနီးမှ မမလေးစံနန်းတော်ပြန်ဝင်လာပါတယ်...။ အဲ့ဒီအချိန်မှာ
တော့ တကယ်ဘဲ ငီးငီးနှလုံးသားလေးအေးစက်သွားပါပြီ....(အလဲ့..တယ်ဆိုတဲ့စာပါလား...)

၃-၄နာရီကြာ လေမရှိအခန်းထဲ ပူလောင်မွမ်းကြပ်နေတဲ့အချိန် ကိုယ့်စိတ်ကိုယ်ပြန်ထိန်းချုပ်ရတာ အတော် ခက်ခဲပါတယ်။ ကိုယ့်အတွက်တော့ တကယ်ငရဲခန်းပါလေ...။ ဒါပေမဲ့သူ့ကို တခွန်းမှ ဘာမှမပြောပါဘူး..။
မသိသလိုနေပြီး သူရောက်ပြီးနာရီဝက်လောက်ကြာမှာထ ရေချိုးခန်းထဲဝင်ပါတယ်။ ရေပန်းဖွင့်တော့ မနေ နိုင်ပြီလေ...အားပါးတရ..အော်ဟစ်သီချင်းဆိုပေါက်ကွဲပါတယ်..။ သူက ဒီလိုသီချင်းဆိုတာကို ကြားတော့ အတော်ကြာက်သွားတယ်ဆိုပြီး...သူများကိုသွားပြောပါတယ်တဲ့...။😅😆 ဆင်ကိုးစီးစားမကုန်နိုင်သူက
ဖင်နာတယ်ခေါင်းနာတယ်နဲ့ ခုဘဲလှဲသေမလိုလို...ဒီလိုနဲ့ဘဲနောက်ထပ် တပတ်ကြာခရီးဆက်နေသေး...။
ဟီးဟီး...လူတွေကခက်တယ်ဗျာ....။ ကိုယ့်အတွက်တော့ လူတယောက်ရဲ့တန်ဖိုးက ရိုးသားမူ့ပါ။ ပွင့်လင်းပါ
ပြောရှာပါတယ်...ညကအန်ချင်လို့ အပြင်ထွက်အန်ပြီး လေကောင်းသွားရူ..ရတာတဲ့.......ဖယားဖာယား..။
ဆက်မပြောတော့ပါဘူးလေ...တခုဘဲ..သင်ခန်းစာရတာက..တကယ်ဘဲကိုယ့်ကြောင့်သူများထိခိုက်သွား
မှာကို မသိနားမလည်ရင်လည်း..ရိုးသားမူ့နဲ့ဘဝကိုတည်ဆောက်ကြပါလေ.....။ ဒီကလည်း... ဟန်ဆောင် လိမ်ညာတတ်သူများကို ဝေးဝေးကရှောင်တတ်လာပါပြီ....။ အကုသိုလ်များပါတယ်လေ။ မယ်ငီးလည်း "ဖီဖာဟို"ဖူးသွားပါပြီလေ..။


ကြားဖူးတဲ့ဗမာစကားတခုက တယောက်ထဲနေရင် အကောင်းဆုံးဆိုလားဘဲ ၂ယောက်ရှိရင် ပြသာနာသိပ် မဟုတ်ပေမဲ့ လူ၃ယောက်ရှိရင်ကို ဟိုစကားဒီပို့ ဒီစကားဟိုပို့နဲ့  တကယ်အမှန်ကြီးပြသာနာရှိတော့ပါဘဲ။
မယ်ငီးတော့ ခလေးမလေးကိုပြောလိုက်ပါတယ်။ ကိုယ်ဟာ Business woman ပါ..လို့..။ 😁😎အထင်မကြီးသေးနဲ့အုံး..စီးပွားရေးလုပ်နေတဲ့ ဘိစနက်ကြီးပြောတာမဟုတ်.. သူများကိစနကြီးကို လုံးဝ စိတ်မဝင်စားတတ်သောသူလို့ရည်ညွှန်းတာ..ဥပမာ...မနီ မောင်ဖြူ သူတို့ကိုခင်ရင် သူတို့ကိုဘဲသိတာ။
သူတို့နောက်ကြောင်းရှေ့ကြောင်းစိတ်မဝင်စားပါ။ သူ့အဖေမသိပါ သိစရာမလိုပါလေ..။သူ့ခဗျာကမသိရှာ လေတော့ နောက်တယောက်နားစကားပို့သွားပြောနေသေး ဟေးဟေး..အတော်ရီရတယ်....😂😝😅😆

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
#meemeenage
ဓါတ်ပုံတွေက Chaingmai တောင်ပေါ်ကနေ မြို့ကိုလှမ်းရိုက်ထားတာပါ....

0 comments:

Post a Comment