သေချာပြန်စစ်မှ လွန်ခဲ့တဲ့၂နှစ်ကကျိုင်းတုံသင်္ကြန်ကျခဲ့တာ မရေးဖြစ်တာသိရ..အိုး!!!လာလား ဘယ်လိုများ
ကျော်လွှားသွားမိပါလိမ့်...2011ကာလက နွေရာသီပြန်တုံးသင်္ကြန်ကျခဲ့သေးတယ် အကိုကြီး(ကိုကို) နဲ့ အတူတူသွားကြပါ အဲ့ဒီအချိန်ကျိုင်းတုံသင်္ကြန်နှစ် (၆ဝဝ )ပြည့်ဆိုတော့ခါတိုင်းထက်ပိုပြီးစည်ကားခန်းခန်းနားးနားကျင်းပကြတယ်..အဲ့အချိန်မှာတော့ ရှေ့တန်းထိုင်ခုံမှာ အစိမ်းရောင်တွေဘာတွေချည်းဘဲမြင်ရပါလိမ့်မယ်😁 နောက်နေ့စည်ပို့တော့ ကိုယ်တို့ရဲ့လေယာဉ်လက်မှတ်ကအဲ့နေ့ဘဲရလို့ပြန်လာလိုက်ရတယ်..တဝက်တပျက်ကျိုင်းတုံသင်္ကြန်ကျခဲ့ရတာပါ..။ လေယာဉ်ကမြို့ပတ်..တာချီလိတ်-ကျိုင်းတုံ-ဟဲဟိုး-ရန်ကုန်ဒီလိုသွားတာ..
ကိုကိုကဟဲဟိုးမှာဆင်းတော့ လေယာဉ်ပေါ်မှာဘဲတာတာလုပ်ရ။အဲ့တာက မောင်နှမ၂ယောက်နောက်ဆုံး
တွေ့ဆုံခြင်းပါဘဲလေ.နောက်သိပ်မကြာ ကိုကိုစက်တင်ဘာလမှာဘဲဆုံးသွားတာ။ ကဲပါလေ.တွေ့ဆုံကြုံကွဲ
ဖြစ်မြဲဓမ္မတာပါ💔....။ ခုတော့ လွန်ခဲ့တဲ့၂နှစ်ကသင်္ကြန်ကိုဘဲစမြုံပြန်ပါရစေ..။
ပထမဆုံး (ဖားစည်တီးတဲ့နေ့) "ကင်န်ကောင်"..သင်္ကြန်ကျပြီဆိုတာ ကိုယ်တို့လမ်းထိပ်က စည်သံနားထောင်
"တိ့တက်တိန်တိုင်" (အီဖေငီးရဲ့နားထဲ ဒီလိုဘဲကြားမိ 😜😍😉) အိုကေ...ဒါဆိုသင်္ကြန်ကျပြီလေ...။
ဖားစည် ဆိုတာ..ဖားနဲ့လုပ်တဲ့စည်မဟုတ်ဘူးနော်😆.. စည်တော်ယွန်းပြီး မိုးခေါ်တဲ့ဖားကို ပူဇော်တာပါ..။
မိုးကောင်းမှ လယ်ယာလုပ်ငန်းတွေကောင်းမှာလေ မင်္ဂလာဆုတောင်းတာပေါ့..ပထမစစချင်း စည်တော်ထိပ်ကထိုင်နေတဲ့ ခေါင်းပေါင်းနဲ့ အဖိုးကြီးတွေ ကဗျာလကာၤရွှတ်ဖတ်( မှန်တာပြော ထီပေါက်ပါစေ တခါခါ
လည်းနားလည်တခါခါလည်း နယ်မလားပါ..ရှင်..ခင်ခင်ငီး..အင်းသားရှမ်းဂုံရှမ်းကပြားပါလေ.. 😎😘)

၂၀၁၇တုံးကသိကြားမင်းကြီးက နွားကြီးစီးပြီးလူ့ပြည်ဆင်းလာတယ်တဲ့။ သင်္ကြန်ရေပက်ကြတာက တကယ်
တော့ ဟိန္ဒူဘာသာအယူအဆကနေဆင်းသက်လာတာပါ..။

အာရှတလွှားမှာ ဟိန္ဒူအယူဝါဒလွှမ်းမိုးတော့ရေပက်ကြတဲ့ထုံးစံတွေတွေ့ရတာပေါ့။အရှေ့တောင်အာရှနိုင်ငံ
ဖက်မှာတော့ လူမျိုးပေါင်းစုံဘဲ ဒီရေပက်တဲ့သင်္ကြန်ပွဲကို ကိုယ့်လူမျိုးစရိုက်ပေါင်းထည့်ဖြည့်စွပ်ကျင်းပကြတာနဲ့ ကိုယ်တို့တွေ သင်္ကြန်ပွဲကို ပုံစံမျိုးစုံမြင်ရတာပေါ့...(အီဖေငီးရဲ့ ကောက်နုတ်ချက် 😎😉😁)
![]() |
သိကြားမင်းကပက်ချံခါးကြားထိုးလို့ဗျ..၆ထောင်..ကြီးများတောင်😂 |
တိုင်းပြည်နဲ့ယှဉ်ပြောရင် ကျိုင်းတုံသင်္ကြန်က မြန်မာပြည်မကကျင်းပပုံနဲ့ကွာတဲ့အတွက်..လူမျိုးနဲ့ယှဉ်ပြော
မှရမယ်..ဒါကြောင့်ဒီတခါတော့ ရှမ်းလူမျိုးတွေကျင်းပတဲ့ သင်္ကြန်လေး အာလူးဖုတ်ကြရအောင်လေ.....။
ရှမ်းဆိုတာက..ခုခေတ်မှာ တိုင်းပြည်နယ်နမိတ်သတ်မှတ်ချက်နဲ့တိုင်းပြည်သာခြားသွားကြရတာ..လူမျိုး
ကြီးတော့ အရင်ကဒေသကြီးတခုမှာတိုင်းပြည်တခုနိုင်ငံအနေနေခဲ့သလားဆိုတာလည်း..knowledge limit
မယ်ငီးမသိသေးပါလေ😀။ ခုတော့ ၆နိုင်ငံလောက်မှာကွဲပြီးနေထိုင်ကြတယ်လို့ပြောရမယ်..။
![]() |
သိကြားမင်းဒီတခါစင်္ကြာလက်နက်ကိုင်ဆင်းလာပုံရ.. |
"Dai တိုင်း"ဆိုတာ"ရှမ်း"လူမျိုးပါဂုံရှမ်း လိရှမ်း လောရှမ်း ယွန်းရှမ်း တိုင်းနေ တိုင်းလုံ တိုင်းလမ် တိုင်းမောဝ်
Dai ထဲမှာလည်း များလိုက်တဲ့အမျိုးကွဲတွေ....။ တူတူလို့ထင်ရပေမဲ့တချို့နေရာတွေမှာ ကွဲပြားတယ်။ ဥပမာ
ရှမ်းစာနဲ့ ဂုံရှမ်းစာ အများကြီးကွဲပြားပါတယ်..။ ဒီလိုပါဘဲ..သင်္ကြန်လကိုတွက်ပုံလည်းကွဲပါတယ်..ဂုံရှမ်းတွေ
ခုနှစ်တွက်တာ တရုတ်ကလိရှမ်း လောအိုက လောရှမ်းတွေနဲ့တူတယ်..။ ရှမ်းသီချင်းတွေထဲမှာ "ပွဲလိန်ဟာ"
၅လမြောက်တန်ခူးလ ဆိုတဲ့သီချင်းသံကြားဖူးကြမှာပေါ့..။ ဂုံရှမ်းတွေကြတော့ လိန်ဟုတ်တဲ့။ သီတင်းကျွတ်
ဆိုရင်လည်း မြန်မာပြည်နဲ့မတူတတ်တခါတလေ..တရက်စောနေတတ်။ အော်..ရှမ်းစောပါ..ဆိုနေမှ 😁
![]() |
လုံးဟောင်ခမ်းစည်တော်ရွှန်းပြီးဖွင့်ပေး... |
သင်္ကြန်နီးရင်ဈေးထဲမှာလွှတ်စည်ကားပေါ့...အတာအိုးတွေ မိုက်ကမ့်(ညောင်ထောက်) တံခွန်ကုက္ကားတွေ
ရွှေရောင် ငွေရောင်စက္ကူတွေနဲ့လုပ်ထားတဲ့ပန်းတွေ သင်္ကြန်ပန်းတွေ တိုးခွှေ့ပြီးမနဲလုဝယ်ရပါတယ်..။
အတာအိုးဆိုတာ မြေအိုးအသစ်ကိုပိတ်အဖြူစနဲ့ပိတ်ပိတ်ထားပြီး နေ့နံအကောင်တွေကိုရွှေရောင်စက္ကူညှပ်
ကပ်ထား..အရမ်းလှတဲ့အတာအိုးပါ...။ မြန်မာအတာအိုးကနေ့နံပန်းတွေထည့်တာလားမသိ..။


အိမ်တွေမှာ သင်္ကြန်ကြိုတဲ့စင်လေးတွေဆောက်လို့..တချို့လည်းခုံတွေစားပွဲငယ်လေးနဲ့ဘဲတင်ကြတာပါ..။ ဖယောင်းပန်းဆိုလား..ဗမာအခေါ် သစ်ခွတမျိုးဘဲ သင်္ကြန်ဆိုရင်ပွင့်ပြီ..ပန်းဝါဝါလေးပါ။ အဲ့ဒီပန်းလေးနဲ့
တခြားပန်းတွေရောလို့ သိကြားမင်းကြိုတဲ့ပန်းအိုးထိုးပြီး သင်္ကြန်ကြိုကြပါတယ်။ ကျိုင်းတုံမှာတော့ 😎
ပိတောက်ပန်းရှာရခက်ပါလိမ့်မယ်လေ..။








စည်တော်ကို သတ်မှတ်ထားတဲ့ လွယ်လနဲ့ ဝလူမျိုးတို့ရွာက အစဉ်အဆက်တီးရပါတယ်..တဲ့။ သူတို့ရဲ့အနီ
ရောင်ဝတ်စုံနဲ့ပေါ့။ (ဟော်နန်းမှာဆိုရင် အောက်ခြေသိမ်းဆိုပါတော့ အမူထမ်းတဲ့သူတွေ များသောအားဖြင့် လွှိုင်လနဲ့ဝလူမျိုးများတယ်တဲ့..။ ဒါကြောင့်မြို့ရိုးတို့ နောင်တုံကန်တို့ ဆောက်တော့ သူတို့ပါဝင်ဆောက်ကြတာပေါ့..။မြို့ရိုးအုတ်တွေမှာ သူတို့စာတွေရေး သူတို့ရတနာတွေမြုပ်ထားတယ်ဆိုပြီး...အထောက်အထားရှိ
တယ် ကျိုင်းတုံမြို့ကို ဝလူမျိုးတွေစတည်ထောင်တယ်ဆိုပြီး..လုပ်နေကြတာတဲ့။ အော်.သူများပြောတာပြန်
ဖေါက်ညည်ချပြတာပါ။ဟုတ်မဟုတ် စာပြန်ဖတ်သမိုင်းပြန်တူးဆွရပါအုံးမယ်လေ) အချိန်နဲနဲပေးနော့်😎😉


ကံကြမ္မာများဆန်းကျယ်ချက်..ခုတော့ မြို့တည်ပြီးနှစ်ပေါင်း ၆ဝဝ နောက်ပိုင်းကျိုင်းတုံမြို့ထိပ်ထိပ်ကြဲကြဲပက်ချံရှိလာသူများစရင်းထဲမှာ သူတို့ လူမျိုးစု ၂ခုထဲကများလာတာအမှန်...🙊😁😜😘 ဈေးထဲမှာ စည်မတီး
ခင်နေ့ကတဲက ဖလားကြီးနဲ့ ပိုက်ဆံအလှုခံကြတယ်။ ဒီစည်တီးတဲ့ပွဲကို သူတို့တွေတီးတာ..ဒီအတိုင်းစည်ကို
ဒုတ်တံနဲ့တီးတာမဟုတ်ဘဲ သိုင်းကွက်နဲ့လှလှလေးကလို့ အရမ်းကြည့်လို့ကောင်းပါတယ်...ကြုံရင်အလည်လာကြပါဗျာ..ဖိတ်ခေါ်ပါတယ်...။ ကိုယ်တို့တွေ အာရှနိုင်ငံတော်တော်များများ အိုလံပစ်ပွဲတို့ အားကစားဖွင့်ပွဲတို့မှာ ဆိုင်ရာနိုင်ငံတွေက စည်ကိုဦးစားပေးပြီး ထွင့်တာအမြဲတွေ့ရတယ်..။ တရုတ် ထိုင်း ဂျပန်...။ တီးတာလည်းအားရတယ်တက်ကြွတယ်။ အားမာန်ပါတယ်။ ကိုယ်တို့ဆီကလည်း ကိုယ်တို့အနုပညာနဲ့ကိုယ့်ဓလေ့နဲ့ပေါဗျာ..။






မနေ့ နေ့လည်၁နာရီသာသာကတဲက စတီးတဲ့စည်ဟာ မနက်ဖန်နေ့လည်မွန်းတည့်ချိန် စည်တော်ပို့ချိန် လမ်း
တလျောက် လောင်ကုတ် နောင်ဖာဖက်က သဲချောင်းအထိဆက်မပြတ်တီးရပါတယ်..။ ညအချိန်လူတိတ်ချိန်
ဆိုရင် "တိ့တက်တုန်တိုင်" ဆိုတဲ့အသံကို အိမ်ကနေ အတိုင်းသားကြားရတာပေါ့..။ လူတွေကစည်ကိုလည်း
လောင်း တီးတဲ့လူကိုလည်းလောင်း..သူတို့တွေရွဲှရွဲှစိုလို့ အရက်မပြတ်သောက်ထားရတယ်။ တယောက်တ
လှည့်ပြောင်းပြီးတီးရတာပေါ့..။

ဖားစည်လာလောင်းတဲ့ရေဆိုတာလည်း ရေမွှေးနံ့သာနဲ့ပန်းခက်နဲ့ တမြို့လုံးတောရွာပါမကျန် အားလုံးလာကြတာပေါ့..။ တနှစ်ပတ်လုံးရဲ့အညစ်ကြေးမကောင်းတာတွေပပျောက်သွားပါစေ...အေးချမ်းပါစေ..ဆုတောင်း
ကြတာပေါ့..။ မယ်ငီးလည်း..အိပ်ချင်မူးတူးနဲ့ သွားလောင်းပါတယ်...


စည်တော်ထားတဲ့ ဝင်းထိပ်မှာ အမ၂ဝမ်းကွဲရဲ့မြေးမလေး ဈေးရောင်းနေတာ..ကိုယ်တို့ဆီမှာတော့ ဈေးရောင်း
တာကိုအရမ်းပျော်ကြတယ်။ ဘာပွဲရှိမလဲ လာခဲ့...အပျိုမလေးတွေစုပေါင်းဈေးရောင်းလေ့ရှိကြတယ်။


အမေကအိမ်ပေါ်ကနေမျှော်ကြည့်ရင်း သဘောတွေကျနေတယ်..မြင်တာလေးတွေ သူ့ကိုပြန်ပြောပြရင်
အရမ်းသဘောကျတာဘဲ..ဘယ်သူနဲ့တွေ့ခဲ့တာ..ဘယ်သူကဘာရောင်းတာ..လူတွေစည်ကားတယ်....ပြီး
ဟော်ဒီမှာ..မနက်စာလည်းဝယ်ခဲ့တယ်..ဆိုရင်...အိုကေပြီလေ....
ဒါကဖားစည်တီးတဲ့နေ့နဲ့ ဖားစည်လောင်းတဲ့မနက်ပေါ့..နောက်တခါ..ဖားစည်ပို့တာနဲ့ သဲပုံစေတီ ညောင်
ထောက်တာတွေ..အာလူးလာဖုတ်မယ်နော့်...မကြာစေရပါဘူး..😝😍😘
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~~
#meemeenage
စကားမစပ်.."ဝလူမျိုး" အကြောင်း အနောက်နိုင်ငံကလူတယောက်ရေးထားတာကို မြန်မာဘာသာပြန်ထားတဲ့စာအုပ်တအုပ်ကို မိတ်ဆွေတယောက်ကြောင့်နဲနဲအမြည်းလေးသိရတယ်..ကြုံမှသေချာဖတ်ကြည့်ပါအုံး
မယ်လေ

0 comments:
Post a Comment