Thursday, April 18, 2019

ဖားစည်ပို့နဲ့သဲပုံစေတီ

မင်္ဂလာပါရှင်~~~


ဒါက၂၀၁၁ခုနှစ်လွန်ခဲ့တဲ့ကျိုင်းတုံနှစ်၆၀၀ပြည့်သင်္ကြန်တုံးကပုံပါ
စည်တော်ကိုဘုရားကြီးမှာချထားတာတွေ့လို့..
စည်ပေါ်မှာပျားဖယောင်းပေါက်ပေါက်ဆုပ်နဲ့
တံခွန်ကုက္ကားတွေတွေ့ရတယ်
အလှုလုပ်ဆုတောင်းတဲ့အခါ
ရှမ်းထုံးစံမပါမဖြစ်ပစ္စည်းပါ
သင်္ကြန်မပြီးသေးပါလေ..ဧပြီလဘဲရှိနေတုံး😉
တက်သုတ်နှင်လေးနဲ့အမြန်ရေးမှဘဲ...😀💨


ကိုယ်တို့ကတော့မနေ့ကသွားမလောင်းနိုင်။ မနက်မှဖားစည်ရေလောင်းပြီး နေ့လည်ဘုရားကြီးထိပ်ကနေ
ဖားစည်ပို့တဲ့အချိန်မှာသွားစောင့်ပြီး ပို့လောင်းအုံးမှာ..။

လွှိုင်လလူမျိုးစု(လ)ဆိုတာလက်ဖက်ကိုခေါ်တာသူတို့လူမျိုးကလက်ဖက်ရောင်းတယ်လက်ဖက်ကိုအစောဆုံးစတွေ့တဲ့လူမျိုးထဲကတစုပါ..(အနောက်နိုင်ငံသားတယောက်ရေးတဲ့လက်ဖက်မှတ်တမ်းတခုမှာဖတ်ဖူးခဲ့)

နောက်တရက်သဲချောင်းမှာသဲယူ၊(အိမ်မှာလုပ်တဲ့ခေါက်အပ်(ဗမာအခေါ်မုန့်ဖက်ထုပ်)နဲ့ ပျားဖယောင်းတစုံ
တံခွန်ကုက္ကားတို့ဘာတို့နဲ့သေချာခွင့်ပန်ပြီးမှသဲချောင်းကသဲကိုယူလာရတာပါ..။ ဘုန်းကြီးကျောင်းမှာသဲပုံစေတီလုပ်ဖို့သဲသွားလှု..။ နောက်တရက်တော့ ဘုန်းကြီးကျောင်းတက်ကြတာပေါ့..။
 အဝေးကနေအဒေါ်ကိုတွေ့လို့ချိန်ပြီးဓါတ်ပုံရိုက်ထား..သူသိတောင်မသိဘူး..😁
လမ်းထိပ်က(ခုတော့လည်းဈေးတန်းကြီးထိပ်မှာပါဘဲ😜) အရင်ကရုပ်ရှင်ရုံထိပ်မှာနေတဲ့သူငယ်ချင်းမိသားစု..😎😉 သူတို့ကိုလည်းအဝေးကနေချောင်း...မှတ်တမ်းတင်
 ဗုံသံစည်သံကြားနေရတယ်..ရဲကားကြီးကအရင်လာတာ....
ပြီးမှ ရှေ့ကမြင်းစီးတာ( ရှေ့ဆုံးကမြင်းစီးတဲ့သူ အရင်ဓါးထမ်းလာရတယ်လို့ထင်တာဘဲ သိပ်မမှတ်မိချင်ဘူး)
ဒါလည်းမျိုးရိုးစဉ်ဆက် စော်ဘွားလက်ထက်ကတဲက ရွှေးချယ်သတ်မှတ်ထားတဲ့ မိသားစုဝင်ထဲကဘဲ လုပ်ရတာ။ တွေ့ကရာလူကိုလုပ်ခိုင်းလို့မရဘူး..တဲ့..။

လွန်ခဲ့တဲ့နှစ်၂၀၁၇က သိကြားမင်းကနွားကြီးစီးလို့ပေါ့..နှစ်စဉ်စီးတော်ယဉ်ကမတူပါဘူး..အဲ့တုံးကနွားကြီး
လေ။ ဒီနှစ်က နဂါးလားမသိ...။
သိကြားမင်းနောက်ကမှ စည်တော်ကလိုက်ရတာ။ စည်တော်ကိုအိမ်ကယူလာတဲ့ရေမွှေးနံ့သာနဲ့ပက်ဖြန်းကြ
တာပေါ့။ အဟဲ..စကားလှတပတပြောတာ..လူတွေတအားများတော့ အနားကပ်လို့မရ မရဲတရဲနဲ့အနီးဆုံး
ရောက်အောင်သွား မျက်စိမှိတ် ရေပုံးနဲ့လှမ်းပက်လိုက်ရတာပါဘဲလေ...😆
ပြီးကမန်းကတန်း လှေခါးပေါ်ပြန်ပြေးတက် ဗီဒီအိုလေးဆွဲရိုက်..စည်နောက်ကနေလမ်းလျောက်လိုက်သူ
အုပ်စုလိုက် ပြီးမှဆိုင်ကယ်ကိုယ်တော်တွေ အုပ်စုပြီးမှ ကားတန်းကြီး..အော်ဟစ်ဆူညံကခုန်ပျော်ပါး...
ကြည့်လို့ကောင်းတာ...
သဲချောင်းအထိမလိုက်တော့ဘဲ အိမ်တန်းပြန်လာ။လမ်းမှာသရဲတောင်ခြောက်တော့မယ်။လူမရှိဘူးတမြို့လုံး 
သဲချောင်း(လောက်ဝ်ကုပ်)ရောက်နေကြတဲ့ပုံ..ခလေးဘဝကဘဲသွားတာ။အပျိုအရွှယ်ရောက်ကတဲကကာလသားများရေပက်တာခံရမှာကြောက်လို့..😁😆 မသွားဖြစ်တော့ဘူး..

စည်တော်က မြို့ပြင်ရောက်ချိန်လောက်ဆိုရင် စည်တီးတဲ့နေရာက ပစ္စည်းတွေသိမ်းပြီး ကျန်တဲ့သူတွေလည်း
ပြန်ကြပြီ...သဲဖားရုပ်ရှိတဲ့ချောင်းမှာ စည်တော်ကိုမျှောပြီး..အခန်းအနားပြီးဆုံးချိန်စည်ကိုကျိုင်းစံဘုန်းကြီး
ကျောင်းမှာပြန်ထားရပါတယ်။ စည်တီးတဲ့လွှိုင်လတို့ဝတို့လည်း မြို့ထဲကိုလုံးဝပြန်မကြည့်ဘဲ တခါထဲမြို့ပြင်ထွက်သူတို့ရွာကိုတန်းပြန်ရတယ်တဲ့..ရှေးခေတ်ကအစဉ်အလာပါ..။ တကယ်တမ်းစေ့စေ့စပ်စပ်ရေးရပြော
ရရင်ကျိုင်းတုံသင်္ကြန်အကြောင်း အရှည်ကြီးပါ...။တရက်ခြင်း အစားအသောက်ပြင်ဆင်တာကအစ သင်္ကြန်
ကြိုပုံ အတာအိုးပြင်ပုံ မိုက်ကမ့်(ညောင်ထောက်) ဝါးပင်ကို တံခွန်ကုက္ကားတွေနဲ့ချိတ်ဆွဲတာ ခေါင်းလျှော်ချိန်
(စည်တော်မြို့ပြင်ရောက်တာနဲ့ လူကြီးတွေကခေါင်းတန်းလျှော်ကြတယ်..အပူအပုပ်တွေအညစ်အကြေးတွေ
အားလုံးထွက်အောင်လို့တဲ့...။ ကိုယ်တို့ကတော့ ရေပုံးကိုင်ပြီး ကဲနေချိန်ဘဲရှိသေး..😝😊😉
သင်္ကြန်အတက်နေ့ ကိုယ်တို့အခေါ် "ဝမ်းဖျားဝမ်းမား" မှာတော့ ကွယ်လွန်သွားတဲ့ ဘိုးဘွားဘီဘင်ဆွေမျိုး
မောင်နှမများအတွက် "ခေါက်ရပ်နမ့်" ဆွမ်းထမင်းဟင်း လင်ပန်းနဲ့ ဘုန်းကြီးကျောင်းမှာ ကပ်လှုရတာ..။
ကိုယ့်လင်ပန်းနဲ့ကိုယ်..လင်ပန်းထဲ ဆားငံဘဲဥ ကတက်ချဉ်ရွက်သုပ် မျှစ်ချဉ်ဟင်း ဝက်ခေါက် ဝက်အူချောင်း
ဟင်းတိုင်းက နှစ်သစ်အတွက်အဓိပ္ပါယ်ရှိတဲ့ဟင်းတွေပေါ့..ဥက ဆက်လက်ပေါက်ပွားလာမဲ့သဘော......
ကတက်ချဉ်က ကုံလုံခြင်း၊ လုံလောက်ခြင်း၊ မျှစ်ချဉ်က ကောင်းခြင်းတွေအစို့ပေါက်လာမဲ့သဘော....
ဟင်း!!!! အဲ့လိုတွေပါဆို..အများကြီးမှအများကြီး။ လင်ပန်းထဲဟင်းခွက်သေးလေးတွေနဲ့ ဘုန်းကြီးကျောင်းမှာတိုးခွှေ့ပြီးရေစက်ချ အလှုလုပ်ရတယ်..အစိမ်းသေတာတွေအတွက်ကြတော့ ဘုန်းကြီးကျောင်းအပြင်ဖက်မှာရေစက်ချရတယ်တဲ့...။
ငယ်ငယ်တုံးကတော့ ကိုယ်တို့ဘုန်းကြီးကျောင်း ၃ကျောင်းတက်ရတယ်..။ ပထမဆုံး ဘုရားကြီးမှာဆွမ်း
တော်တင်၊ အတာအိုးကပ်။
 အပေါ်ကပန်းရောင်ပလပ်စတိတ်နဲ့ကဆွမ်းတော်ခွက်တွေပေါ့..အောက်ကအတာအိုးတွေ
ကော်ဖီကပ်တဲ့သူတွေလည်းရှိ...ပန်းရောင်အဝါရောင်အချောင်လေးတွေကရှမ်းမုန့်လေ...ကောက်ညှင်း
ခွက်ကြော်ကိုကြံသကာအပေါ်ကနေဆမ်းထားတာ..အညိုရောင်အတန်းကြီးမြင်ရတယ်..
အတာအိုးကအထဲမှာရေနဲ့ အပေါ်ကတနင်္ဂနွေဆိုတော့ ဂဋ္ဌုန်ရုပ်နဲ့...ဖယောင်းတိုင်တချို့ကလည်း
ပိုက်ဆံထည့်...
 အီဖေကိုယ် တနင်္ဂနွေသမီးလေးတော့ ညောင်ထောက်ခဲ့ရတာပေါ့...မြို့လယ်ခေါင်ကညောင်ပင်...မှာ
ဆုတောင်း..ဆုတောင်း..ထီပေါက်ပါစေလို့( ပြောရအုံးမယ် တနေ့ကနှစ်သစ်မှာထီထိုးတာ 100$ ပေါက်တယ်တော့😎😘😍)
ဘုရားကြီးအပြန် ကောင်းမူ့ခမ်း(အရင်ကမောက်မယ်ကျောင်း)မှာ အလှူစာကပ် သဲပုံစေတီမှာ ဝါးကိုင်းတွေကပ်..၈နာရီလောက်တခါထပ်လာရသေးတယ်..ဘုန်းကြီးကျောင်းတက်ဖို့..
 ဆွမ်းချိုင့်နဲ့ အလှုစာတွေ
သဲပုံစေတီ....အရင်က ခေါက်ရပ်နမ့်ကိုဝပ်အင်းကျောင်းမှာရေစက်သွားချရတယ်..အဖိုးအဖွားတို့ကျောင်း
လေ..ကျိုင်းတုံမှာ ပြောလက်စနဲ့ပြောရအုံးမယ်..။ ဂုံကျောင်း ရှမ်းကျောင်း မြန်မာကျောင်း အိုး..များပြားလှ
တဲ့ကွဲပြားလှတဲ့ ထုံးစံတွေနဲ့ပေါ့..ပျော်စရာကောင်းပါ့...ဝပ်အင်းကဂုံဘုန်းကြီးကျောင်းလေ..အဖေတို့အမေတို့
မရှိတော့ ကိုယ်တို့လည်းမသွားဖြစ်တော့ဘူး....
အိမ်ရောက်တော့ အင်းသားဟင်းထုပ်နဲ့ ခေါက်အပ် စား....အင်းသားဟင်းထုပ်က အဖေတို့ရှိကတဲကအစဉ်အဆက်လုပ်ပြီးအိမ်နီးနားခြင်းဆွေမျိုးတွေကိုဝေတယ်..ခုတော့ အမေတို့ရဲ့ မွေးစားမိသားစု(သူတို့မိသားစု
တောင်ကြီးကနေ ကျိုင်းတုံပြောင်းလာချိန် အိမ်မှာဆေးလိပ်လာလိပ်ပြီး..အမေ့ကိုသူတို့အမေလိုချစ်ခင်လေး
စားတာ..သားသမီးမြေးမြစ်အထိ..အိမ်ကလိုအပ်ရင်စဆုံးအမြဲကူညီလုပ်ကိုင်ပေး) သူတို့က EPC  မှာနေတာ
သူ့ဆီမှာတယ်..အထုပ်၂၀၀ လောက်မှာပြီး အလှုလုပ်ပေါ့လေ...။

ကဲ...လွန်ခဲ့တဲ့၂နှစ်ကသင်္ကြန်အောင်မြင်စွာပြီးဆုံးပါပြီ.....
အားလုံးဘဲနှစ်သစ်မင်္ဂလာအပေါင်းပြည့်စုံခညောင်းကြပါစေရှင်~~~
#meemeenage

2 comments:

  1. သင်္ကြန်မလည်ဖြစ်တာ ဆယ်နှစ်ကျော်ပြီ မမီးပို့စ်ကိုဖတ်ပြီး ငယ်ငယ်တုန်းက သဲပုံစေတီတည်ဖို့ တာလေချောင်းထဲ ပလပ်စတစ်ပုံလေးနဲ့ ထမ်းပိုးနဲ့ သဲတွေသွားယူကြတာကို အမှတ်ရမိတယ်..။

    မိုးငွေ့

    ReplyDelete
    Replies
    1. အကြာကြီးနေမှပြန်ကြုံရတာ
      ၃ခါရှိပြီ...ပျော်စရာကောင်းတုံးဘဲ

      Delete