Friday, October 3, 2014

တမိုးအောက်ထဲကလူသားများ..

မင်္ဂလာပါရှင်~~~
မယ်ငီးရဲ့ခေတ္တခဏအလုပ်နေရာဆိုပါတော့ @_@
အင်းး ပြောစရာရေးစရာလည်း ဘေးကြည့်တောင်ကြည့်မြောက်ကြည့် ဘယ်နားကြည့်ကြည့် ကိုယ်လို သူလိုလူတွေရုန်းကန်လူပ်ရှားနေကြတာဘဲမြင်မိနေတယ်။ နေရာဒေသကွာခြားသွားလို့ အစားသောက် ကွာခြားသွားကြတယ်။ကိုးကွယ်ရာဘာသာခြားနားသွားကြတယ်။ဓလေ့ထုံးစံကွဲပြားခြားနားသွားတာနဲ့
ကိုယ့်လူမှ ကိုယ့်ဒေသမှ ကမ္ဘာမှာ အကောင်းဆုံး အတော်ဆုံး အမြင့်မြတ်ဆုံးတွေထင်နေကြတာဘဲ။ အားလုံးကတော့ မိုးကောင်းကင်တခုထဲအာက်က အတူတူ လူသားအချင်းချင်းပါဘဲ။ မွေးဖွါးလာရာ ဇာတိ
တွေနဲ့ မိဘတွေ ကိုယ်စီရှိကြတာပါဘဲ။ မိသားစုတခုအတွင်းမှာတောင် ပြသာနာပေါင်းသောင်းခြောက်

ထောင်နဲ့ ညီညွတ်မူ့ရှိလိုက် ကွဲလိုက် ရန်ဖြစ်လိုက် ပြန်တည့်လိုက်ရှိသေးတာဘဲနော့်။ ကမ္ဘာကြီးထဲမှာရန်
တွေဖြစ် စစ်တွေဖြစ်ကြတာ ဘာများထူးဆန်းလို့လဲ..ဗျာ...။ တမိုးအောက်ထဲကတွေဘဲလို့ အမြင်ကလေး
နဲ့ပေါင်းသင်းဆက်ဆံကြည့်လိုက်ရင် အားလုံးအေးဆေးပါဗျာ..။


အဟား..စကားကြီးကြီးနဲ့အစချီပြီး..ဘာများလေကန်ဝေဖန်ရေးလုပ်မယ်လို့ ထင်ကြပါသလဲ..ဟင်းဟင်း..
အလုပ်ထဲက ကြုံတွေ့ရတဲ့ လူမျိုးပေါင်းစုံက မြင်တွေ့တာတွေပေါ့..။ ကုန်တိုက်တွေ စတိုးဆိုင်ကြီးတွေ ဆိုတာလည်း လိုအပ်တာဝယ်ဖို့ ခြမ်းဖို့ လမ်းသလားဖို့ လာကြတာလေ...။ နိုင်ငံနံမည်ကိုက United State

တဲ့။ ပြည်နယ်ပေါင်း ၅ဝနဲ့ဖွဲ့စည်းထားတဲ့နိုင်ငံကြီး၊ ကမ္ဘာအရပ်ရပ်ကလာရောက်ခိုလူံကြတဲ့နေရာဋ္ဌာနဆို
တော့ တကဲ့လူပေါင်းစုံစကားပေါင်းစုံ အကျင့်စရိုက်ပေါင်းစုံပါဘဲ..။ အဲ..လျှော့မတွက်နဲ့နော်..စူ့ထက်စူ
လူစွမ်းကောင်းတွေချည်းပါဘဲ..ငါကွ..ဘာမှတ်လဲဆိုတဲ့ အချိုးက ဋ္ဌာနေလူတွေထက် နောက်မှလာရောက် ခိုလူံလာသူတွေက ပိုမာန်မာနတက်ပြီး စည်းကမ်းမဲ့ချက်..တော့..ကဲ..ပြောလက်စနဲ့မထူးတော့ပါဘူး..
ပြောပါရစေရှင်..။

ကျမအလုပ်လုပ်တဲ့ စတိုးဆိုင်က တနိုင်ငံလုံးမှာ ဆိုင်ခွဲပေါင်း ၁ဝဝဝ ကျော်ရှိပါတယ်တဲ့။ စဖွင့်တုံးကတော့
ကုန်စုံဆိုင်ပါ။ နောက်တော့မှ စတိုးဆိုင်ဖြစ်သွားတာ ကိုယ်တို့တောင်မမွေးခင်ကတဲက ဆိုပါတော့။ ဒီနိုင်ငံ
ရဲ့ဒုတိယအကြီးဆုံး လက်လီရောင်းတဲ့လုပ်ငန်းစုတခုဖြစ်ပါတယ်တဲ့။ Macy's ဆိုင်ကပစ္စည်းတွေတော့ ထိပ်
တန်းနံမည်ကြီးတံဆိပ်တွေများတယ်။ Khol's ကတော့ အလယ်အလတ်နဲ့ ဈေးကအသင့်သင့်ဆိုတော့ ပိုပြီး
ရောင်းအားကောင်းတယ်။ လူမျိုးတန်းစားမရွှေးသုံးနိုင်တယ်ဆိုပါတော့။ စာရင်းချုပ်လိုက်ရင်တော့ မိတ်အင်
ချိုင်းနားပါဘဲလေ။ ဈေးဝယ်သူလူအများစုကလည်း လူကြီးပိုင်းတွေများတယ်။ ဗုဒ္ဓဟူးနေ့ဆိုရင် စီနီယာဒေး ဆိုပြီး ၆၂ နှစ်အထက်ဆိုရင် ၁၅% လျှော့ပေးပါတယ်။လူအိုရုံကဆို တပတ်တခါလောက် ဘတ်စ်ကား
နဲ့ လာတတ်ကြပါတယ်။ သူတို့တွေလာရင် စိတ်ရှည်ရှည်သာထားပေတော့ဘဲ..။ ရီလည်း ရီရတယ်။ တချို့ များလက်တွန်းလှည်းပေါ်ထိုင်နေရပြီ နောက်ကနေသူများတွန်းပေးပြီးလာတာလည်းရှိတယ်။ ကိုယ့်ဖာသာ
ကိုယ်လက်တွန်းလှည်းစက်မောင်းပြီးလာတာလည်းရှိတယ်။ အားလုံးက ၈ဝ နီးပါးဘဲ။ ခုထိ မိတ်ကပ်နူတ် ခမ်းနီနဲ့ မာဖလာလည်စည်းရောင်စုံတွေရွှေးနေတုံး..ဒေါက်မြင့်ခပ်ပါးပါးလေး လိုချင်နေတုံး..ဘဲ။

အိုး..ကိုယ်တို့ဆီမှာတော့ ဘုရားသွားကျောင်းတက်နေတဲ့အရွယ် သူတို့ကတော့..ဆိုပြီး အပြစ်မမြင်သေး ပါနဲ့အုံး..လေ။ ဘုရားသွားကျောင်းတက်ပြီး စိတ်ထဲက မနာလိုဝန်တိုစိတ်တွေ လောဘဒေါသမောဟလောင်
မြိုက်နေတာထက် စာရင် ခုလိုအးအေးဆေးဆေးနဲ့ ဘဝနောက်ဆုံးအချိန်လေးကို ဖြတ်သန်းနေကြတာက ပိုပြီးအဓိပ္ပါယ်ရှိပါတယ်လေ။ ကိုယ်တို့နိုင်ငံထဲမှာတင်မကပါဘူး နိုင်ငံခြားရောက်နေတဲ့ ကိုယ်တို့နိုင်ငံသား

တွေလူကြီးပိုင်းတွေဆိုပါတော့ ဘုရားဦးချကန်တော့ပြီးရင်..လာလူတဲ့လူဖွယ်ပစ္စည်းကစလို့ စီးတော်ယာဉ် မကျန် အိမ်က ဘုစုခရုအကြောင်းတန်းစီပြီးပြောနေကြတာ နားထောင်မဲ့သူမရှိ၊ ၃ယောက်ရှိရင် ၃ယောက် လုံးလုပြီးပြောတကယ်မြင်ဖူးခဲ့တာပါ..ဟီး..။ နားထောင်ကြည့်တော့ မိုးမြင့်အာကာထိပ်တက်နေကြသလား
ထင်ရတယ်..အော်..အဆင့်တွေမြင့်လွန်းနေကြလို့ပါ။ ဘယ်နိုင်ငံမှာ ဘာကြီးတွေသင်နေတာ။ ရာထူးကကြီး
တာရော..နေရာကောင်းရတာရောပေါ့(အဲ..နေရာကောင်းဆိုတော့ ခိုးလွယ်တဲ့နေရာများလား..ဖရားဖရား)

ကဲပါလေ..ဒီကအကြောင်းကိုပြောရင်း..တောရောက်တောင်ရောက်တွေဖြစ်ကုန်ပြီ.. ^_^

ကိုယ်တိုင်ကားမောင်းလာတဲ့အသက်ကြီးစုံတွဲတွေကြတော့ တမျိုး..။ သူတို့လမ်းလျှောက်တုတ်က ထိုင်ခုံ
လည်းပါတာလေ..နဲနဲလောက်ခြေလှမ်းပြီးရင် ထိုင်ရပြန်ရော။ ခုဘဲဈေးမေး အရောင်မေး ခုဘဲပြန်မေ့သွား
ရော..ဘယ်လိုများကားမောင်းလာလဲ စဉ်းစားပေးလို့ကိုမရဘူး။ စကားပြောစရာလူလိုနေကြတာနဲ့တူတယ်။
ပြောလို့ကိုမပြီးတော့ဘူး..။တယောက်ကိုပြောမိလိုက်ရင် နောက်တယောက်က ဝိုင်းလာကြတာနဲ့ တနေ့အ လုပ်ချိန်ဟာ သူတို့နဲ့ လေပေးနေတာနဲ့တင်ပြီးရောဘဲ..။ဒီနေ့လည်း အဖိုးကြီးတယောက် လေးချောင်းတုတ် (အလူမီနီယံနဲ့လုပ်ထားတာမျိုးလေ အောက်ခြေကထိုင်ခုံပုံစံမျိုးလေးပေါ့) တုန်တုန်ရီရီနဲ့..အရမ်းကို သက်
တောင့်သက်သာရှိမဲ့ဖိနပ်တရံလောက်ရှာပေးပါလား..တဲ့။ လူကလည်းဝပြီးကြီးမားလှတဲ့ခန္ဓာကိုယ်နဲ့ပေါ့။ ဖိနပ်ရပြီး ထိုင်စရာနေရာရှာပေးရတယ်။ ဒါပေမဲ့ကုန်းပြီး ခြေထောက်ကိုမစွပ်နိုင်ဘူး။ ဖိနပ်ချွတ်ပြီး သူ့ခြေ

ထောက်နဲ့ စမ်းပြီးထိုးထဲ့နေတာဘဲ။ သူတို့ဆီကလူတွေက တမျိုးပါ။ အလကားနေရင်း သူများတွေကို အကူ အညီတောင်းဆိုရတာကိုဝန်လေးကြတယ်။ ကိုယ့်ဖာသာကိုယ်ကြိုးစားကြတာဘဲ။ ကိုယ်အားကိုယ်ကိုးတယ်
ဆိုပါတော့။ သူတို့ အိုးနင်းခွက်နင်းဖြစ်နေရင် ခင်ဗျားအကူအညီလိုလားလို့ အမြဲတမ်းစပြီးမေးရတယ်။ ရပါတယ် အဆင်ပြေပါတယ်လို့ဘဲ ပြန်ဖြေကြတာချည်းပါဘဲ။ မနေနိုင်လို့သာဝင်ကူညီပေးရတာပါ။ဒီအဖိုး ကြီးကိုတော့ သနားတာနဲ့သူ့ကိုဖိနပ်စွပ်ပေးလိုက်ပါတယ်..တကဲ့ကိုခက်ခက်ခဲခဲနဲ့စွပ်ရတာပါ။ ခြေထောက် ကယောင်ကိုင်းနေတာလားမသိဘူး..ကြီးလိုက်တာ။ စာရင်းချုပ်တော့ စွပ်မရပါဘူး။shoe horn လို့ခေါ်တဲ့
ဖိနပ်ကလော်ထဲ့ အတံချောင်းနဲ့ ဖိနပ်ကိုအတင်းကလော်ပြီး သူ့ခြေထောက်ထိုးထဲ့တာ နာလိုက်တာတဲ့ အဲ..မယ်ငီးတော့ စေသနာထားပြီးလုပ်တာ ဝေဒနာတွေဖြစ်သွားရော့..ဟီး ။ သူက သူ့အတွက်မရလည်း
ကိစ္စမရှိဘူး။ သူ့မိန်းမအတွက်ဆိုပြီး အိမ်ထဲစီးဖို့ဆောင်းတွင်းဖိနပ်တရံဝယ်သွားတယ်။ တနေ့ ဆေးအလုံး
၂၆လုံးတိတိသောက်ရတယ်တဲ့။ စာရွက်တွေထုတ်ပြတယ်။ နော်ကတခါထပ်လာရင် မယ်ငီးကိုလာရှာမယ် မယ်တဲ့..အဲ..အမွေတွေလာပေးတော့မယ်နဲ့တူတယ်..ဟီး..။


ဒီလိုအဖိုးကြီးအဖွားကြီး မိတ်ဆွေဖေါက်သည်တွေမယ်ငီးနဲ့ ဘော်ဘော်ဖြစ်နေကြတာမှ အများကြီးဘဲ..။
တနေ့က ကားသော့ပျောက်သွားတဲ့အဖွားကြီးဆို ပိုဆိုးတယ်..။ သူဘယ်ကတဲက ဘယ်နေရာပျောက်မှန်း
မသိ။ အနားကပ်လာပြီး ငိုမဲ့မဲ့ဖြစ်နေတာကို သနားမိတာအမှန်ဘဲ.။ ခင်ဗျားကားအရင်သွားကြည့်ထားအုံး
လို့ပြောပြီး အားလုံးသွားရှာပေးတာဘဲ..မတွေ့မိပါဘူး။ သူလည်း သူ့ဟာသူရှာနေတာနဲ့ မယ်ငီးတို့လည်း
ကိုယ့်အလုပ်ကိုယ်ဆက်လုပ်နေကြတာ တော်တော်ကြာတော့ လုပ်ဖော်ကိုင်ဖက်တယောက်က( သူက
အရပ်လည်းအမြင့်ကြီးကိုယ်လုံးကိုယ်ပေါက်လည်းထွားထွားကြီးရယ်) အဲ့အဖွားကြီးအိမ်က မယ်ငီးအိမ်
နဲ့နီးတယ် အပြန်ခေါ်သွားပေးပါ..တဲ့..အန်မတန်လျှာရှည်သော ကိုယ်တော်ပါ။ ခေါ်တာကဟုတ်ပြီ သူ့ကား

ကောဘယ်လိုလုပ်မလဲ..နော့်။ အပိုသော့အိမ်မှာရှိတယ်တဲ့။ အပိုသော့ယူပြီးပြန်လာယုံပေါ့..။ ဒါဆိုငီးငီး
အလုပ်ပြီးတဲ့အချိန်စောင့်..ညနေ၅နာရီထိလေ။ အဲဒီတုံးက ၃နာရီခွဲ ၄နာရီပတ်ဝန်းကျင်လောက်ဘဲရှိသေး
တာ။ စောင့်မယ်တဲ့..ဆရာ့..ကဲပါလေ..စောင့်ရင်းနဲ့ အဖွားကြီးအားနာလာလားမသိဘူး။ ကားကုမ္မဏီဖုံး
ဆက်ခေါ်လိုက်တယ်တဲ့။ ပိုက်ဆံတော့ကုန်မှာပေါ့။ အိမ်ကလူခေါ်လေ..ဆိုတော့ တိုးတိုးလေးပြောပြ ရှာ တယ်..တယောက်ထဲနေတာတဲ့...။အသက် ရဝကျော် တယောက်ထဲနေတာ ဒီမှာတော့ မဆန်းတော့ပါ ဘူးလေ..။ ကိုယ်တို့ထက် သတ္တိအများကြီးရှိတယ်လို့ပြောရမှာဘဲ..။


အရမ်းဂျီးများပြီး အနားကပ်လို့ ဟိုဟာတောင်းလိုက်ဒီဟာမေးလိုက်နဲ့ အဖွားသေးသေးကုန်းကုန်းတယောက်
တော့လိုချင်တဲ့ဖိနပ်ရသွားပြီး စီးခါနီးမှ အူယားဖားယားပြေးလာပြီး ဒီဖိနပ်ကို ဘယ်လိုလုပ်စီးရမလဲတဲ့။ ဘယ်ညာဖိနပ်တစုံကို ညာနဲ့ဘယ်ဖက်ပြောင်းပြန်ထားပြီး လာပြနေတာလေ... အဖွားရယ်ဒီလိုလေးဆိုပြီး
ဟိုဖက်ဒီဖက် ပြောင်းပြီးပေးလိုက်တော့ အော်...ဟီးဟီး..တဲ့။ ဒီအဖိုးအဖွားအားလုံးက သူတို့ဘိုးဘေးဘီ ဘင်အစပြန်ကောက်ရင် ဒီမှာမွေးတာဟုတ်လောက်ဘူး..။ တခြားနယ်မြေကနေလာကြတာများပါတယ်။
ဒါပေမဲ့ အကျင့်ကောင်းတယ်။ ယဉ်ကျေးသိမ်မွေ့နူးညံ့ကြတယ်။ မယ်ငီးကတကယ်တော့ သက်ကြီးရွှယ်အို
တွေကို တကယ်စိတ်ဝင်စားတယ်။ သူတို့မှာ အတွေ့အကြုံပေါင်းသောင်းခြောက်ထောင်လောက်ရှိတယ်။
သူတို့ခေတ်ကာလ ဖြတ်သန်းလာရတာက ကိုယ်တို့လိုမဟုတ်ဘူး..ပိုပြီးရိုးသားကြတယ်လို့မြင်မိတယ်။
သူတို့ကို စကားပြောကြည့် သူတို့ပြန်ပြောလာတာကို နားထောင်ရတာ စိတ်ကူးယဉ်ဝတ္တုတွေဖတ်ရတာ
ထက်ပိုပြီး အရသာရှိတယ်။


အရှေ့ဖက်က shopping mall နေရာ
လာတီးနိုလို့ခေါ်တဲ့ လက်တင်အမေရိကနိုင်ငံတွေကလာတဲ့လူတွေ၊ အားချားဟဲနဲ့ အာရပ်ကလူတွေ နောက်
ဂျုးတွေ ဒီ လူတွေကိုတော့ တကယ်ဘဲ ဆလံတင်ပါတယ်..။ ယဉ်ကျေးမူ့နဲပါးပြီး ကိုယ်ချင်းစာနာတရားသိပ်
မရှိဘူး..။ သူများကိုနားမလည်ပေးတတ်ဘူး..။ ဒါကတော့ မယ်ငီးကြုံတွေ့တဲ့ အတွေ့အကြုံအရပြောတာပါ။
ဒီအမေရိကားမှာ ဆိုင်တွေဆိုတာကလည်း တစုတဝေးတည်း နေရာကျယ်ကြီးထဲမှာ စုဖွင့်တတ်တာကိုး..။
ခုလည်း ကိုယ်တို့ဆိုင်နေရာက မျက်နှာချင်းဆိုင်မှာလည်း shipping mall တခုရှိတယ်။ ဟိုဖက်ဒီဖက်ကို
အပေါ်ကကုန်းကျော်တံတားတခုသွယ်ထားတာပေါ့..။ ဒီဖက်ကလူတွေတော့ ခပ်ပျင်းပျင်းလေ..အဲ..ဟုတ်ပါ ဘူး။ သူတို့က မသန်မစွမ်းတွေ သက်ကြီးရွှယ်အိုတွေကို သွားလာရေးအခက်အခဲမရှိအောင်ဖန်တီးပေးရတာ
ကိုး..။လှေခါးထစ်လေး ဆယ်ဂဏန်းလောက်တက်ရတာကိုလည်း ဓါတ်လှေခါးတပ်ပေးရတာဘဲ။ ကိုယ်တို့
ဝင်းထဲမှာလည်း တခြားဆိုင်ကြီးတွေရှိသေးတာ..ဒီတော့ စာရင်းချုပ်လိုက်ရင်..အဲနားတဝိုက်က ဈေးဝယ်
လက်တွန်းလှည်းတွေဟာ..နေရာတကာရောက်ပြီပေါ့..စည်းကမ်းမှမရှိတာ။ အရှေ့ဖက်ခြမ်းက Mall ထဲက
လက်တွန်းလှည်းတွေလည်း ကိုယ်တို့ထဲတွန်းချင်ရင်လည်း တွန်းလာကြတာပါဘဲ။ အဝတ်အစားတွေ အိမ်
အသုံးအဆောင်လေးတွေဘဲရောင်းတဲ့ ကိုယ်တို့ဆီကတွန်းလှည်းအရွှယ်နဲ့ ကိုယ်တို့ခင်းကျင်းထားတဲ့ ပစ္စည်း
တန်းကြားလမ်းလေးတွေက အံကိုက်ဖြစ်ပေမဲ့ သူများဆိုင်ကတွန်းလှည်းအကြီးကြီးတွေကတော့ ဘယ်ပြော
ကောင်းလိမ့်ပါ့မလဲ..။ များသောအားဖြင့်လာတီးနိုမတွေ ခလေးတပုံတခေါင်းကြီးနဲ့ ပစ္စည်းတွေလည်းအပြည့်
ဘဲ။ ဆိုင်ထဲဝင်လာရင် တံခါးကအစ တွန်းတိုက်ပြီး ဒုန်းဂွမ်းဝင်ချလာတာဘဲ။ စကားကိုလည်းအော်ဟစ်ပြော
ဆိုတတ်ကြတယ်။ ပစ္စည်းတွေတန်းစီထားတဲ့စင်တွေကြားထဲဝင်သွားပြီး အားလုံးကိုတိုက်ချသွားတာဘဲ။
တစက်လေးမှ အားမနာ ကိုယ်ချင်းမစာဘူး အားလုံးပြုတ်ကျကုန်တာပေါ့။ ခင်မွေးလွန်းတဲ့ဂျူးမိသားစုတွေက
လည်းဒီလိုပါဘဲ..။ အမွှာတွေ ၃မွှာတွေ မွေးဘဲမွှေးနိုင်လွန်းတယ်။ လာလိုက်ရင်ကလေး ၄ယောက်လောက်

ကအနဲဆုံးဘဲ..။ ကလေးလက်တွန်းလှည်းကတဖက် လက်တွဲထားရတဲ့ ကလေးတွေကတဖက်၊ ကကျိုး ကကြောင်နဲ့ ဂျီးထူပြီး မေးမြန်းလွန်းလို့စိတ်ပိန်တာအမှန်ဘဲ။ သူတို့ယောက်ကျားတွေ အဖေတွေပါလာရင် ပိုဆိုးရောဘဲ..။ ဦးထုတ်အမဲရောင်လေးနဲ့နှားဘယ်စမှာဆံပင်လေးခွေချထားတာလေမြင်ဖူးကြမှာပေါ့..။
သူတို့အနားကပ်လာရင် မယ်ငီးအသက်အောင့်ထားတယ်။ စိတ်ထဲမှာ နံသလိုဖြစ်နေတာ..။ဟဟ..ဒါလည်း
ရောဂါတမျိုးပါဘဲ..။ အာရပ်မိသားစုတွေကိုတကယ်ကို စီးစီးပိုးပိုးဆက်ဆံချင်တာ။ အတူတူအလုပ်လုပ်တဲ့
ကောင်မလေးက အေးတယ် ပြန်မပြောရဲဘူး..မယ်ငီးနဲ့တွေ့တော့ ဘာရမလဲကွ..ဟင်းး ခပ်မာမာဘဲ..ရှိဘူး
ဒါဗြဲ..အွန်လိုင်းမှာသွားမှာ..မလုပ်တတ်ရင် ငါ့လာပြောလုပ်ပေးမယ် ဌဲဌဲ @_@ နဲနဲအမြင်ကပ်နေတာလည်း ပါပါလိမ့်မယ်လေ..ဟီး..တခါတလေစိတ်မကြည်ရင်တော့ ဒီလိုဘဲလုပ်လွှတ်လိုက်တယ်လေ။ ဒါပေမဲ့ စာရင်း
ချုပ်လိုက်ရင် မယ်ငီးကနံမည်ကောင်းရတယ်နော့..သူများတွေအီးမေးပို့လာပေးကြတယ်..မယ်ငီးတကယ်ကူ
ညီလို့ဝမ်းသာပါတယ်ဆိုတဲ့အကြောင်း..ဆိုင်ကိုအီးမေးပို့တာပါ..ဒီတော့ကိုယ်ကအမှတ်တက်သွားတာပေါ့..
(ကပ်ကြွားခြင်းဆိုပါတော့ဗျာ..ဟဲ)..

အားလူးဖုတ်ရရင်တော့ တထောင့်တညတောင်မကပါဘူးအချိန်တိုင်းမိနစ်တိုင်းကအကြောင်းတွေချည်းပါဘဲ။
ခဏတဖြိုတ်လုပ်နေရင်းက ပျော်နေလို့လေ..။ မောလည်းမောတယ် ပျော်လည်းပျော်ပါတယ်ဆို..။
ကဲ..ဒီတခါတော့ ဂလောက်နဲ့ဘဲပေါ့..။နောက်မှ အလုပ်ခွင်ထဲကရီစရာတွေ လာပြောပြအုံးမယ်လေ။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

10 comments:

  1. အတွေ့အကြုံ အမျိုးမျိုးနဲ့ ပျော်နေတာ ဖတ်ရလို့ ဖတ်ရတဲ့သူလည်း ပျော်မိတယ်။

    ReplyDelete
    Replies
    1. ခု၃ရက်လောက်ရှိပြီ
      မြေခွေးမီးလျှံကြီး
      ဘာဖြစ်နေလဲမသိပါဘူး
      အကောင့်ထဲဝင်လို့မရဖြစ်နေပါတယ်..

      Delete
  2. ပျော်လည်းပျော်ရ
    မောလည်းမောရပေါ့နော်။
    ပျော်ရတယ်ဆိုတော်သေးတာပေါ့ကွယ်။
    လူဆိုတာပျော်ဘို့ အရေးကြီးတယ်လေ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ပျော်ပျော်ဘဲနေတော့မယ်လေ..
      သိပ်စဉ်းစားရင်
      ခေါင်းပူလာလို့..ဟီး

      Delete
  3. ဖတ်ရင်းနဲ့ တဖြေးဖြေးချင်း စိတ်ဝင်စားစရာကောင်းလာတယ် ပြုံးမိတာလေးတွေလဲပါရဲ့နော်-
    ပျော်ရွှင်စွာစာတွေရေးနိုင်ပါစေလို့

    ReplyDelete
    Replies
    1. မကြာမကြာလာလည်ပေါ့နော်..
      နောက်လေတွေဆက်ပေါသွားအုံးမယ်လေ..
      :P

      Delete
  4. စူ့ထက်စူ
    လူစွမ်းကောင်းတွေချည်း ဟဟဟ မမမီးငယ်ပြောတာ သဘောတွေကိုကျလို့ :P

    ReplyDelete
    Replies
    1. စူ့ထက်စူဖြစ်ချင်တဲ့မယ်ငီးတော့၊
      မြေခွေးမီးလျှံကြီးကဖွင့်မရတာနဲ့၊
      တန်းလန်းကြီးဂန့်နေတာ..
      ဟင်း..အခုပြန်ရပြီ..
      အာလူးတွေဆက်ဖုတ်အုံးမယ်လေ..နော့် :P

      Delete
  5. Replies
    1. တွေ့သမျှကိုလူပေါက်ကရရှစ်သောင်း
      ပြောတတ်နေပြီ..
      ဟိုင်း..ဆိုတာပါးစပ်ကမချရတော့ဘူးလေ..ဟီး

      Delete