Tuesday, July 9, 2013
သူတို့အခေါ်...တာထေးမ :P
မင်္ဂလာပါရှင်~~~~
ဒီတခါတော့ အလုပ်သမားတွေနဲ့ကျမ ၄ လ အတူတူအလုပ်လုပ်ရင်း သူတို့အကြောင်း၊ 
ကျမတွေ့ခဲ့၊သိလာခဲ့တဲ့အကြောင်းလေးတွေ နဲနဲအာလူးပေးအုံးမယ်လေ....။ 
သံတိုင်တွေကိုင်ထားတဲ့ကောင်လေးက ကန်ထရိုက်တာရဲ့သားလေး.... အလုပ်မှာအောက်ခြေသိမ်းလုပ်ရတယ်
အိမ်လာဆောက်ပေးတဲ့အလုပ်သမားတွေက အာခါ လူမျိုးတွေဆိုတော့၊ အာခါစကားအဓိကပြောတာပေါ့။
လက်သမားကြီးတွေကတော့ ပြည်မက မြန်မာတွေပါ။သူတို့လည်း အာခါအမျိုးသမီးတွေနဲ့
အိမ်ထောင်ကျပြီး၊ ကလေးရလာတော့လည်း အာခါစကားနဲ့ဗမာစကားဘဲပြောတယ်...။
ရှမ်းပြည်မှာနေကြပေမဲ့ရှမ်းစကားမတတ်ကြပါဘူး..။ ဒီတော့ ကျမနဲ့ဗမာစကားဘဲပြောပါတယ်။
ဗမာစကားမပီတဲ့ရှမ်းမနဲ့ အာခါသံဝဲနေတဲ့ ဗမာစကားပြော အာခါလူငယ်လေးတွေ ရဲ့အသံ...
ကျမတို့အိမ်မှာတော့ ဆူညံနေတာပေါ့ ...။သူတို့ကျမကိုခေါ်တာလည်း..တရုတ်တွေလိုဆိုရင်..
လောပန်း အမျိုးသမီးဆိုရင် လောပန်းညန်..ဆိုပါတော့။ ရှမ်းလို ပေါလိန့်မယ်လိန့်...လေ...။
ဗမာလို သူဌေး၊သူဌေးမ...။ ဒါပေမဲ့ ..တိုင်းရင်းသားတွေက တ နဲ့သ မကွဲဘူးလေ...။
ဒီတော့..တခါလေလည်း တေထေးမ..တခါတခါ တာထေးမ...ဒီလိုဘဲကြားတာဘဲ...:P
သူတို့ခေါင်းဆောင် ကန်ထရိုက်တာကြီး က သူ့ကိုအလုပ်အပ်တဲ့ ကျမကို ခေါ်လို့သူတို့လည်း
လိုက်ခေါ်တာပေါ့။ နယ်မှာက ဒီလိုပါဘဲ...အလုပ်ရှင်ကိုသူဌေးလို့ခေါ်တာထက်  လောပန်း..လောပန်း..
နဲ့ခေါ်ကြတယ်။ ကျမလည်း တခါခါခေါ်ခံရတာ နဲနဲဘဝင်လေဟပ်ချင်ပေမဲ့ တေထေးမ..ဆိုတာကြီးတော့၊
ဆန့်တငင်ငင်နဲ့ဘဝင်လေက မဟပ်တဟပ်...အဟီး.... :P
 ဒါက ကျမရဲ့ကန်ထရိုက်တာကြီးပေါ့...။တကယ်ကိုစိတ်နှလုံးဘဘောထားပြည့်ဝတဲ့ လူတော်တယောက်ပါ။
 သူ့စတိုင်က ဘောင်းဘီစိမ်း( ဗကဗ ဘောင်းဘီခေါ်မလားဝတပ်ဖွဲ့ဘောင်းဘီခေါ်မလား..ဒီပုံစံဘဲ..
အမြဲတမ်းဝတ်ပါတယ်)။ သူ့အနောက်က ကျမရဲ့အမ ပါ...။ သူက ကျမတို့မြို့လွန်ခဲ့တဲ့နှစ်ပေါင်း ၂ဝကျော်
အချိန် ပထမဦးဆုံး ၃ ထပ်တိုက်ကြီးဆောက်တော့ (အဲဒီအချိန် ကမြို့မှာရိုးရိုးမိရိုးဖလာ
အိမ်ဆောက်
တာတွေဘဲရှိတယ်လေ..) အလုပ်သမား တော်တော်များများကို လက်သမား၊ပန်းရံ ဆရာတွေ 
ပေါ့..အားလုံးတောင်ကြီးကနေခေါ်လာရတယ်။ ကျမအိမ်နဲ့တအိမ်ကျော် မှာရှိတဲ့ ၃ထပ်တိုက်ကြီးပေါ့...။ 
ကျန်တဲ့အလုပ်ကြမ်းသမားတွေက မြို့က လူတွေပါ...။ အဒီတုံးက သူက ပန်းရံ လက်သင်ပေါက် စ လေး 
တဲ့...။ သူ ကြိုးစားလုပ်ရင်း...(သူ့ဆရာတွေလည်းကျိုုင်းတုံ မြို့မှာဘဲ အခြေချနေထိုင်ကြတယ်လေ) တဖြေးဖြေးနဲ့တိုးတက်လာလိုက်တာ..လောလောဆယ်တော့ မြို့မှာ နံမည်ကျော် ကန်ထရိုက်တာ 
ဆရာကြီးတဆူဖြစ်နေပြီလေ...။လက်ရှိဆောက်ရင်းတန်းလန်း ဆိုက်တွေအိမ်တွေ၊၁ဝ ဂဏန်းလောက်ရှိ တယ်...။အရမ်းသပ်ရပ်ပြီး လျင်မြန်တယ်။ သူ့မှာအလုပ်သမား(အာခါတွေချည်းဘဲ
ရာဂဏန်းနီးပါးရှိတယ်လေ၊ သား၊အကို၊ခဲအို၊ယောက်ဖ၊တူ၊တူမ...အိုး...ဆွေတော်မျိုးတော် တသိုက်
လုံးပါဘဲ...) ကိုယ့်ငါးချဉ်ကိုယ်ချဉ်၊ အဲလေ....ကိုယ့်ပေါင်ကိုလှန်ထောင်းပြောရမယ်ဆိုရင် ရှမ်းတွေက
သူတို့လောက်လုံ့လဝိရိယအားထုတ်မှု့မယဉ်နိုင်ဘူး..။သူတို့ကအကြမ်းခံတယ်။ ဟိုးတချိန်တုံးက
မြို့အုပ်ချုပ်သူဂုံရှမ်းတွေ သူတို့ကိုတခြားနံမည်တမျိုးနဲ့ခေါ်ပြီး လူတန်းစားခွဲခြားမှု့တွေရှိခဲ့တယ်။
ဒီအချိန်မှာတော့ နံမည်ကြီး တေထေးအုပ်စုတွေမှာ သူတို့လူမျိုးတွေတန်းစီနေတာဘဲ...။
ပြည်မကလာတဲ့ လက်သမားဆရာကြီး ၃ယောက်..အိမ်ရှေ့ကွပ်ပြစ် ကိုရွှေ့ဖို့လုပ်တော့ လေးလွန်းလို့၊
၂ ခြမ်းခြမ်းလိုက်ရတယ်...။ အဝါရောင်အင်္ကျ ီနဲ့ဦးလေးကြီးရဲ့သား၊ လွှတိုက်နေတဲ့လူရဲ့သမီးလည်း၊
ဒီအလုပ်ထဲမှာဘဲ..။
ဒီအတွဲကတော့ ယောက်ကျားက လက်သမား..မိန်းမကအထွေထွေအလုပ်ကြမ်းသမား...
ရွှာဦးကျောင်းက ဘုန်းကြီးကျိုင်းတုံမှာ ရောက်လာတော့ သူ့တကာရင်းတွေကိုလှမ်းခေါ်တာတဲ့.။
ဒီမှာလုပ်စားရတာ အဆင်ပြေတယ်ဆိုလို့  လင်မယား ခလေးငယ်လေး၂ယောက်နဲ့လာခဲ့တယ်။
အကြီးဆုံးတယောက်ကိုတော့ ရွာမှာဘဲထားခဲ့တယ်တဲ့။ရောက်တာ ၄နှစ်ကျော်၅ နှစ်၊ဟိုတလောက ခဏ
ပြန်တာ မနေတတ်တော့ဘူး...ဒီမှာဘဲအခြေချပြီးလုပ်ကိုင်စားသောက်ဖို့ဆုံးဖြတ်ထားတယ်တဲ့...။
သာစည်နားက ရွာလေး..ကလို့ပြောပါတယ်...။ တနေ့ကို လင်မယား ၂ယောက်ပေါင်း ၁သောင်းကျော်
ဝင်ငွေဟာ.သူတို့ဆီမှာ ကောက်စိုက်လို့ဘယ်လိုမှမရနိုင်ဘူးတဲ့..။အိမ်မှာကျန်ခဲ့တဲ့ခလေးတွေစားဖို့
တခါလေကျမမုန့်ပေးလိုက်တတ်တယ်..ကျေးဇူးတင်လွန်းလို့
ထမင်းစားချိန်နားရင် အဝတ်လေးလျော်
ပေးပါရစေတဲ့....။
ကန်တရိုက်တာကြီးယောက်ဖ နဲ့တခြားပန်းရံဆရာ...
 ပြည်မကလာတဲ့ ပန်းရံ ဆရာ....သူ့အမျိုးသမီးက အာခါရွှာမှာ ခေါက်လန်ဖွန်း ရောင်းတယ်တဲ့...။
လက်သမား၊ပန်းရံ ဆရာတွေကကိုယ်ပိုင်ဆိုင်ကယ်နဲ့လာကြပြီး...၊ကျန်တဲ့အလုပ်သမားတွေက ကန်ထရိုက်တာသားမောင်းတဲ့သုံးဘီးကားလေးနဲ့လာကြပါတယ်...။အဲဒီနေ့က ကျမရှမ်းနှစ်ကူးဖွင့်ပွဲ  အခန်းအနား သွားနေတုံး..အောက်ခြေဘိလပ်မြေခင်းတာနေ့တဝက်နဲ့ပြီးသွား့စောစောပြန် ကြတာလေ..။
နေ့လည်ထမင်းစားပြီးရင် ဖဲကစားဖို့ကျမက ဖဲထုတ်ဝယ်ပေးရတယ်....😁
လူကြီးတွေကတရေးတမောအိပ်..။လူငယ်တွေက အပန်းဖြေကစားကြတယ်...။
အဲဒါမီးဖိုဆောင်နေရောလေ..။အပြင်ထွက်နေတဲ့ နေရာကျဉ်းကျဉ်းလေးကို
ဟင်းချက်တဲ့မီးဖိုခုံထားမလို့..။
လောလောဆယ်..အဲဒီနေရာမှာ
ကုတင်လေးခင်းပြီးအမေ့ကိုနေရာပေးထားတယ်လေ..။
သူလေးကတော့ ဗုဒ္ဓဘာသာဝင်အာခါပါ ဘုန်းကြီးကျောင်းသားဟောင်းတဲ့...။
တရုတ်အမေနဲ့ရတဲ့သူ့အမကဈေးထဲမှာအထည်ရောင်းပြီး ပိုက်ဆံပေါတဲ့ တရုတ်မကြီးရယ်....။
သူ့အမေက အာခါဖြစ်ပြီး သူ့ဘဝအကြောင်းကိုပြောပြရင်းမျက်ရည်လေးတွေကျနေပါတယ်...။
သူ့မိန်းမက ရခိုင်၊ ကလေး၂ယောက်အမေပါ ..:))
အိမ်ရောက်ရင် ထမင်းအိုးတည်၊ ကလေးအဝတ်ဖွတ်၊ အိမ်သိမ်းတာဝန်ပါထမ်းဆောင်ရပါတယ်တဲ့...။
သူ့ကို တခြားလူတွေက ခွေးပုလို့ခေါ်တယ်..မင်းကြောင့်ငါတို့ယောက်ကျားနံမည်ပျက်တယ်ဆိုပြီး၊
ဝိုင်းဘေကြတာတွေ့ ၇တယ်...အော်..အချစ်မှာ မျက်စိ မရှိဘူးတဲ့..ဟုတ်လား..။
မျက်နှာတအားချိုပြီးဖင်ပေါ့ပါတယ်...။ဒါပေမဲ့ လုပ်သမျှ တလွဲတွေပါ....^_^
ဒီကောင်မလေးက တကယ်ချစ်စရာကောင်းတယ်...။ရိုးသားတယ်...။
သျှားခြစ်တယ်ဆိုတာ ကြားဖူးကြမှပေါ့..။ သူခေါင်းကိုက်လို့တဲ့...သျှားခြစ်ထားတယ်။
အဲဒီလိုလုပ်ထားရင် ရေမထိရဘူး..တဲ့...။
ကောင်မလေးက အားချိန်မှာ အထည်ချုပ်ပါတယ်...။
တပိုင်းကို ၅ဝဝဝ ကျပ်နဲ့ရောင်းလို့ရတယ်ဆိုပါတယ်...။
သူ့ကောင်လေးကိုသင်ပေးနေတာ..လေ..။ကောင်လေးလည်းသူပါထိုးတတ်တယ်လို့ပြောတယ်။
ကျမတောင်းဝယ်ပါတယ်..သူတို့မပြီးသေးလို့တဲ့...။
အဲဒီကောင်လေးနဲ့ကန်ထရိုက်တာရဲ့သားက အတော်ဆုံးဘဲ...။
အလုပ်လုပ်တာ သပ်ရပ်တယ်..။စေတနာကောင်းရှိတယ်...။
ဒီကောင်လေးက လက်သမားအဖိုးကြီးရဲ့သား..အင်္ဂလိပ်မေဂျာ ဒုတိယနှစ်တဲ့...သီချင်းဆိုတာကို...
အရမ်းခုံမင်နှစ်သက်တယ်။အလုပ်ဘယ်လောက်မောမောသီချင်းတကြော်ကြော်နဲ့အသံလည်းကောင်းတယ်။
ကျမရေဒီယိုလေး တခုထားပေးရတယ်။ FM ချယ်ရီဆိုတာအလုပ်ထဲသူတို့ရောက်တာနဲ့နေ့တိုင်း ဖွင့်တယ်
ညနေ၅နာရီပြန်တဲ့အထိ..ဓါတ်ခဲ ၂ရက်တခါလောက်လှဲှဲးရတယ်...။
ဒီကောင်လေးက ဆပ်တောက်တောက်နဲ့အားအားရှိ လ...ဆိုတဲ့စကားကနေစပြောတော့တာဘဲ...။
သူ့ကိုကောင်းကောင်းမွန်မွန်လေး ပြောဆိုဆက်ဆံ၊ပြီး နဲနဲပါးပါး တနေ့နဲနဲပညာပြတာတော့မဟုတ်ပါဘူး..။
ဆုံးမတဲ့သဘောပါ...သူတော်တော်လေးပြောင်းလဲသွားတာတွေ့ရတယ်..။
ဆံပင်ကောက်ထားတာတွန့်လိမ်နေလို့..မာမာ့ခေါက်ဆွဲလို့ကျမသူ့ကိုအမည်ပေးထားတယ်..။
သူတို့အားလုံးလည်း သူတို့ဘဝအကြောင်းလေးတွေနဲ့သနားစရာလေးတွေ....။
ကျောင်းနေချင်ပေမဲ့ မတတ်နိုင်လို့ထွက်ရတာ..ချည်းဘဲ....။
အဲဒီအထဲမှာ စက်မှု့တက္ကသိုလ်ကျောင်းသား ၃ယောက်လောက်ရှိတယ်...။
သူတို့ဓါတ်ပုံတွေပြန်ရှာတာ မတွေ့လို့...။
ဒီကချင်ကောင်လေးက မိုင်းခွန်ရွာက...အဲဒီရွာက ကချင်ရွာလေးပေါ့...။
ဟိုးအရင် စော်ဘွားတွေလက်ထက်ကတဲက စော်ဘွားတွေကချင်ပြည်သွားရင်း
ကချင်တွေကိုခေါ်လာခဲ့ပြီး ရွာတည်ထားပေးခဲ့တာလေ...။ကောင်လေးတို့မိသားစုက
ဆင်းရဲတယ်..။တောင်ယာခုတ်တယ်။ 
ကျမအမရဲ့ကျောင်းသားဟောင်းပါ။
ကျမအမက မတတ်နိုင်တဲ့ခလေးတွေဆိုရင် အလကားစာသင်ပေးတတ်တယ်..။
အိမ်ကိုခေါ်ပြီး ကျုရှင်သဘောမျိုးအချိန်ပိုသင်ပေးတယ်...။
သူတို့မိသားစုက အာခါရွာကိုပြောင်းလာတယ်...။သူလည်းအိမ်ဆောက်နေတယ်...။
သူ့အဖေနဲ့သူ့ညီ၂ယောက်နဲ့ကိုယ်တိုင်ချတာလေ...။
လိုတဲ့ သစ်ဟောင်း ပရိဘောဂ တံခါး..ဘာညာတွေကို ကျမက သူ့ကိုပေးတာ..။
ည ၁၂ နာရီဖုံးဆက်ခေါ်လည်း သူတို့က ဆရာမအတွက်အဆင်သင့်ဘဲ....။
အရမ်းချစ်စရာကောင်းတယ်...။
ဒီကောင်လေးက ထော်လဂျီဆရာသမားလေ..မမရဲ့တပည့်ပါဘဲ...
ဆရာမခေါ်ရင် ဘယ်အလုပ်ဖြစ်ဖြစ်ပစ်ထားပြီး၊ ဆရာမဆီအရင်လာတတ်တယ်...။
ကျမရဲ ့လက်စွဲတော် ကားဆရာလေ...သူ့သွားဖြူဖြူလေးပေါ်အောင်အမြဲတမ်းဟီးနေတတ်တယ်...။
ရူးရူးရှဲရှဲနဲ့ခဏအတွင်းပြောင်သွားတာဘဲ... ။
သူတို့ထမင်းစားရင် သနားစရာကောင်းတယ်..။ ကျမတခါခါ မုန်ညှင်းရွက်တို့ချဉ်ပေါင်ရွက်တို့ချက်ရင်၊
အိုးအကြီးကြီးနဲ့ချက်ပြီး တခွက်အလယ်မှာချပေးလိုက်ပါတယ်...။
နေ့လည် ၃ နာရီဆိုရင် နားချိန် လက်ဖက်သုပ်၊ ခေါက်လန်ဖွန်း၊ ထိုဖူးကြော်၊အချဉ်တခုခု၊
တခါလေလည်းလက်ဖက်ရည်..။အကြော်လည်းတခါကြော်ပြီးကျွေးဖူးတယ်..။
သူတို့က ခေါက်လန်ဖွန်း..ဘာဘဲစားစားအဓိက ငရုတ်သီးမုန့်အသေကြိုက်ပါတယ်...။
အချိုမုန့်လာလာတောင်းတတ်လို့ဝယ်ထားပေးရတယ်...။
ခေါက်ဖွန်းပုဂံနီရဲထွတ်နေတာဘဲ...တွေ့လား...။
အိမ်သာကျင်းနောက်တကျင်းတူးတော့ မုန့်ပုဂံကိုလည်း အောက်ချပေးရတယ်...။
ငရုတ်သီးထောင်း
ကျမတို့မြို့ထုံးစံလား...တော့မသိပါဘူး...။သူတို့အခေါ် စလက်လောင်း..ဆိုလား...
စလစ်လောင်းဆိုလား...။ဘိလပ်မြေလောင်းတဲ့နေ့ဆိုရင် ထမင်းကျွေးရတယ်တဲ့...။
သူများတွေတော့ အသားဟင်းအိုးတအိုးချက်ပြီးချထားပေးလိုက်ပါ...တဲ့။
သူတို့ထမင်းသူတို့ဖာသာဘယ်လာပြီးစားကြတယ်လို့ပြောတယ်...။
ဒါပေမဲ့ ကျမကကျွေးမှတော့ အစုံဘဲကျွေးလိုက်တာကောင်းတယ်လေ....။
ဟုတ်တယ်နော်...သူများကိုကျွေးတာ စေတနာကောင်းကောင်းနဲ့ကျွေးရင် 
ကိုယ်လည်း စိတ်ချမ်းသာ ကုသိုလ်လည်းရပါတယ်။ ဘုန်းကြီးလှုမှမဟုတ်ပါဘူး...။
ဒါကကျမခံယူချက်ပါ..။
ဒါနဲ့ ပထမထပ်ဘိလပ်မြေလောင်းတော့ ဝက်သားဟင်း၊ငရုပ်သီးထောင်း၊အစိမ်းကြော်၊မုန်ညှင်းဟင်းရည်၊
နဲ့ကျွေးပါတယ်...။
ကောင်မလေးတွေတသိုက်...။
ခေါင်းလေးမော့နေတဲ့ကောင်မလေးက ကန်တရိုက်တာသားနဲ့ရီးစားဖြစ်ပြီး 
ကျမပြန်လာတော့ မင်္ဂလာဆောင်တယ်လို့ပြောပါတယ်...။ကောင်မလေး တော်တော်လှတယ်...။
ဒီကင်မရာဖက်ကိုလှမ်းကြည့်နေတဲ့ကောင်မလေးက လက်သမားဆရာတယောက်ရဲ့သမီးလေးပါ...။
သူလည်း တလောက ယောက်ကျားယူသွားပြီလို့ပြောတယ်..။
ဆရာကြီးများအဖွဲ့...နောက်ကျောက မြင်ရတဲ့အမည်းရောင်စပို့ရှပ်နဲ့က ကန်ထရိုက်တာရဲ့တူ၊ သူ့ကပ်ရပ်က သူ့အဖေ ကန်တရိုက်တာရဲ့ယောက်ဖ၊ ဒီပန်းရံ ဆရာလေးက အလုပ်လုပ်တာ.. အရမ်းသပ်ရပ်တယ်...။ တနေ့ကြီးပွားမှာ...။ စိတ်ရှည်တယ်...မဖြစ်ဖြစ်အောင်လုပ်တတ်တယ်။
ကောင်လေးတွေရဲ့ထမင်းဝိုင်း...။ဖြစ်သလိုနေဖြစ်သလိုစားပေမဲ့..အလုပ်လုပ်ရင် 
တကယ်ပါ..ဖြစ်သလိုမလုပ်တတ်ကြဘူး..။
ကျမမချက်နိုင်လို့အမေတို့ရဲ့လက်စွဲတော် (အရင်တုံးကဆေးလိပ်ခုံလုပ်တုံးကပေါ့၊
သူတို့သားအမိတွေအိမ်မှာဆေးလိပ်လိပ်ကြတယ်လေ..။
နောက်တော့ဒီမှာဘဲအခြေချနေထိုင်ပြီး 
အမေလည်းသူတို့အမျိုးလုံးရဲ့အဖွားဖြစ်သွားရော 😁
သူတို့ချက်ပြုတ်ပြီး အိုးခွက်ပုဂံကအစ စီစဉ်ပေးရတယ်။
အလုပ်သမားတွေအမြင်မှာ သူတို့ပြောတာပါ...ကျမကထူးဆန်းတဲ့တေထေးမ..တယောက်တဲ့..:P
သဲကျုံး၊သံကောက်၊မြောင်းရှင်း၊အိမ်သာဆေး၊ထမင်းဟင်းချက်၊အုတ်ပုံရှင်း၊သစ်ပုံရှင်း၊အမှိုက်ကျုံး....
တစက်လေးမှငြိမ်မနေနိုင်တဲ့...လူထူးဆန်းကြီးပေါ့.....၊
ဒီအလုပ်သမားကတော့ ညနေသူများပြန်တဲ့အချိန်မနက်မိုးလင်းတဲ့အချိန် တနင်္ဂနွေနေ့ဆိုရင် တကုတ်တကုတ်နဲ့လုပ်နေရတာပေါ့...။
အဟီး....အာလူးမယ်ငီးလေ....(အမကသူ့ဖုံးနဲ့ရိုက်ထားတာ မသိလိုက်ဘူး..)
ကဲ...နောက် ပထမအထပ်ဘိလပ်မြေလောင်းတာတွေ..ဘာညာတွေ..ဆက်ပြောအုံးမယ်လေ...နော်
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~~
မီးမီး
အရင်က ရေးခဲ့တဲ့ အိမ်ဆောက်နဲ့ပတ်သက်တာလေးတွေ...
အပိုင်း ၁
အပိုင်း ၂ 
အပိုင်း ၃ 
16 comments:
  1. That Baby Potato is so Sweet P Mee Nage!!!
    Khine
    ReplyDelete
    Replies
    1. Sweet Potato is good for health.
      You should take at least once a day.
      :))
      So come and join with sweet potato everyday ...
      OK!!!!
      :P
      Delete
  2. မမီးရယ်.....အိမ်ဆောက်တာနဲ့တစ်ခါမှမကြုံဖူးတော့မသိဘူးရယ်...ဟဲဟဲ..ရခိုင်တွေတိုင်းယောက်ျားနိုင်တာမဟုတ်ရပါဘူးဗျား) ခွိခွိ ဗဟုသုတလေးတွေဝေမျှပေးတဲ့အတွက်ကျေးဇူးပါနော်.. ။ စကားမစပ် အဲဒီငရုတ်သီးထောင်းခွက်ကို တအားမျက်စိကျတာပဲ စားချင်လိုက်တာ
    ReplyDelete
    Replies
    1. အဲ...ဆုမြတ်လေးက..ရခိုင်ကိုး...
      ဟဟ...သူတို့ ပြောကြတာကို တဆင့်ပြန်ကြားရတာပါ..
      ဒါပေမဲ့...ကောင်းသားနော် :P
      အဲ့..ငရုတ်သီးအသေစပ်ပါ့...
      သံပုရာသီး ညစ်ပြီး ရူးရှဲနဲ့ တီးကြတယ်လေ...
      Delete
  3. ဟုတ်ပါ့။ ဒီကလည်းအဲဒီငရုတ်သီးထောင်းအိုးကြီးမျက်စိကျနေတာ။
    ငရုတ်ဆုံနဲ့ ထောင်းတာဆိုတော်တော်ထောင်းယူရမယ်နော်။
    မျက်စိထဲဝင်လောက်တယ်။ ဒီလောက်များတာ။
    စိတ်ထားကောင်းတဲ့သူဆိုတော့စိတ်ထားကောင်းတဲ့သူတွေနဲ့ ကြုံရတာပေါ့နော်။
    အပေါ်ထပ်လောင်းတော့ကောထမင်းကျွေးရသေးလား။း)
    အိုင်အိုရာ
    ReplyDelete
    Replies
    1. ငရုတ်သီးထောင်းက နံနံပင်နဲ့ ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ ...
      ဒါပါဘဲ..နံမည်ကိုက နမ့်ဖစ်အီကော ..တဲ့
      အရင်က အာခါတွေကို အီကောလို့ ခေါ်တယ်..
      ခုတော့မခေါ်တော့ဘူး..သူတို့ မကြိုက်ဘူး..
      ဟင်းဟင်း...ဘားမားကနေ မြန်မာ..ဆိုတာမျိုးနေမှာ...
      ဘာဘဲဖြစ်ဖြစ် သူတို့ နဲ့ လုပ်ရတာ..
      ပျော်စရာကောင်းတယ်...
      အပေါ်ထပ်(ပထမထပ်ရဲ့ ခေါင်မိုး)ကို
      ဘိလပ်မြေလောင်းတော့ ထပ်ကျွေးကြတယ်။
      အဲဒီအချိန်..ကျမဒီပြန်ရောက်နေပြီ..။
      ကြက်သားဆိုတော့..ပေါ့တယ်မစားချင်ကြဘူးတဲ့...။
      ဝက်သားနဲ့ မုန်ညှင်းစော ငရုတ်သီးထောင်း၊အသုပ်တခုခု..ဘဲ
      ကျမအိမ်က အိမ်ခေါင်မိုးမပါဘူး..
      အင်္ဂတေနဲ့ ခင်းပြီးအပေါ်ဆုံးထပ်ကို ဆိုလာပြားတွေ ရေတိုင်ဂီတွ..
      ထားဖို့ လုပ်ထားတယ်...။
      အဲ..ဘာဘီကျုးပါတီလည်းလုပ်လို့ ရအောင်လို့ ...:P
      Delete
  4. အော်မေ့လို့ ...
    တာထေးမကသဘောကောင်းတော့လူကောင်းတွေနဲ့ တွေ့ တာပေါ့လို့ .....း))
    အိုင်အိုရာ
    ReplyDelete
    Replies
    1. ဟင်းချက်ကောင်းပြီး
      သဘောကောင်းမနှောကောင်းတဲ့
      မအိုင်အိုရာလိုလူတွေလည်း..တွေ့ ရတယ်လေ...
      ပုံ....
      တာထေးမပုတုတု :)))
      Delete
  5. အောက်ဆုံး က အလုပ်သမား က အတော်ဆုံးပဲပေါ့နော့ အလုပ်သမား aka မယ်လိန့် 
    ReplyDelete
    Replies
    1. မယ်လိန့် က မုန့် သည်လာရင်..
      ထွက်ပြေးတာတန်းနေတာဘဲ...
      အဟီး....
      ခုတော့ ဒီမှာအလုပ်သမားကြီး ဖြစ်နေတယ်
      Delete
  6. တခြားတော့မသိဘူး မမီးပုံထဲက ခလန်ဖွန်းနီနီရဲရဲပန်းကန်ကိုပဲ သရေကျတော့တာ..
    ReplyDelete
    Replies
    1. ခလန်ဖွန်းထဲထည့်ဖို့ ငရုတ်သီးမှုန့် 
      သပ်သပ်ဝယ်ပြီး နို့ မှုန့် ဗှုးကြီးနဲ့ ချထားပေးရတယ်..
      :((((
      သူတို့ ဗိုက်နာကြတာလည်းမတွေ့ မိဘူး..
      Delete
    အရမ်းကောင်းတဲခံယူချက်ပါ။
    အမကိုနောက်တွေ့ရင်တာထေးမ လို့ခေါ်ရမလား? လောပန်းလို့ခေါ်ရမလား? lol
    ReplyDelete
    Replies
    1. လောပန်းညန်..လေဗျာ...
      ဟဟ..အိမ်ပြောင်းသေးဘူးလား...
      မြန်မြန်ပြောင်းလာလေ...
      အိမ်သစ်တက်လုပ်...
      စားချင်နေပြီ...
      သူများကြွေးရင်လည်း အလှုအထမြောက်အောင်..
      အားပါးတရစားပြီးအိမ်ထဲ့ပြန်တတ်ပါတယ်...
      အဟီး...
      Delete
  8. နမ့်ဖစ်အီကော စားမယ် မမီး... သျှားခြစ်မယ်... :P တချို့တွေများ ကျောပြင်တွေပါခြစ်တာနော် ရဲပတောင်းထနေတာပဲ
    ReplyDelete
    Replies
    1. အရမ်းကောင်းဘဲ...
      စမ်းထောင်းကြည့်ပါ..
      တရုတ်ခလေးတယောက်သျှားခြစ်လို့ ဒီမှာ၊
      သူ့ မိဘတွေတရားစွဲခံရတယ်တဲ့..။
      ခလေးညှင်းပမ်းမှု့ နဲ့ ..အဟီး
      ဟုတ်တယ်..ကိုယ်တော့မခံနိုင်ဘူး..
      Delete