Wednesday, July 17, 2013

သူစိမ်းနယ်ကြားထဲမှာမျက်စိသူငယ်နားသူငယ်...

မင်္ဂလာပါရှင်~~
အခန်းဆက်ရုပ်သံဆက်လမ်းတွဲတွေအတိုင်းပေါ့..နောက်ဇာတ်လမ်းတွဲလာရင် အရှေ့ ကအခန်းနဲနဲလေး
ပြန်ပြတယ်လေ...။ထိုနည်းလည်းကောင်း.....နယ်စပ်မြို့ လေးကနေ လူ့ လောကရောက်လာပြီး မယ်ငီး
တယောက် မြို့ ငယ်လေးမှာမူလတန်းပညာသင်၊အူကြောင်ကြားနဲ့ တောင်ကြီးမှာ အလယ်တန်းပညာဆည်း ပူး...၊ဟော..အထက်တန်းရောက်တော့ ရန်ကုန်မှာ ကျောင်းအိပ်ကျောင်းစားဘဝရောက်၊ကြောင်တောင်

တောင်နဲ့ ဒေသကောလိပ်၂ ဆိုတာတက်ရသေးတယ်လေ...။
နောက်ပြီး ရာဇူးကမမ လုပ်တာပေါ့....။ပညာစုံတော့ တောပြန်ရတယ်.။ဆက်တက်လို့ လည်းရဘူး..လေ။
နောက်ဆုံးနှစ်ရမှတ်ကလည်းဂုဏ်ထူးတန်းဆိုတာလည်းမမှီပါဘူး...။ နောက်ဆုံးတော့ မြို့ လေးမှာကျူ ရှင်
ဆရာမလုပ်လိုက်၊သိုးမွှေးထိုးဆရာမလုပ်လိုက်၊ယောင်ဆစ်တင်းနဲ့ နေနေတာပေါ့။

တိန်း..တိန့် ..တိန်း...(နောက်ခံတီးလုံးသံလေ..အမြန်ပြကွက်နဲ့ ပြသွားတယ်လို့ သဘောထားပေးပါရှင်:))
အဟီး...အခုပြောတဲ့အကြာင်းအရာတွေ အောက်ကခေါင်းစဉ်ထဲကအကြောင်းအရာမှာ မပါခဲ့ရင်၊
ဖြည့်စွက်ပြီးသာမှတ်ပေးလိုက်ပါနော်...^_^ အခု မယ်ငီး ကျိုင်းမယ်ခေါ်သွားမလို့ ..။.

စကားပြန်ကျမ
အိမ်စာကူးမလားပေးငါးပြား
တခါကစွန့်စားခန်း 
တခါကစွန့် စားခန်း၂ 
လုပ်ငန်းခွင်သို့ ပထမခြေလှမ်း
စာကျက်ဝိုင်းကဆရာမငယ်ဘဝ
အဖေ့သမီးဘဝခရီးအစခြေလှမ်း


ကျိုင်းမယ်ကိုရောက်ပြီ ဆိုတာကနေ....စာရေးသူသည်ထူးဆန်းစွာ၊အချိန်အကြာကြီးငုတ်တုတ်အိပ်ပျော်
သွားပါသဖြင့်၊ယခုမှပြန်လည်တင်ဆက်ရပါသည်။ချစ်လှစွာသော မိတ်ဆွေများအားလုံး...တွေ့ ပုချိ sorry ပါ။




ကဲ....ဒီဇာတ်လမ်းကိုဒီကနေစမယ်လေ..။

ကျိုင်းမယ်ရောက်ရောက်ချင်း၊ဘန်ကောက်သွား၊ပင်လယ်ကမ်းခြေသွားလည်တာနဲ့ ပျော်လို့ ..။ကျမနဲ့ 
သွားတဲ့အမကြီးတွေပြန်မယ်ဆိုတော့ တည်းတဲ့အိမ်က အမကြီးနဲ့ သူတို့ ဆွေမျိုးတသိုက်၊ဝိုင်းပြီးနားချကြ
ပါတယ်..။ဟိုမှာဘာရှိလို့ လည်း...၊အားလုံးကထိုင်းဘဲလာလုပ်ကြတာတဲ့..။ဘာညာဘာညာပြောကြတယ်။
(အချိန်ကလည်း မြန်မာပြည်ရှစ်လေးလုံးပြီးခါစ လပိုင်းဘဲရှိသေးတာ)။

လူကလည်း နဲနဲမပြောနဲ့ ခေါင်းကတန်းငြိမ့်တာဘဲ...အိုကေ..ဒါပေမဲ့ မယ်ငီးရှမ်းဆိုပေမဲ့..ဆဝါဒီခ့ါ ကလွဲလို့ ၊
ထိုင်းစာဘာမှမတတ်ဘူးနော်...လို့ ပြောရတာပေါ့..။ကိစန မရှိပါဘူးကျောင်းနေရမှာတဲ့...။ အားလုံးစီစဉ်
ပေးမယ်ဆိုဘဲ...( ဟောတွေ့ လား...အပ်ချလောင်းဆိုပြီး လူလုပ်ရင် ဘာမဆိုဖြစ်တယ်)သူတို့ကဟိုးအဝေး
ကြီးကချင်ပြည်နယ်ကနေလာပေမဲ့၊ထိုင်းမှာဘယ်လိုလုပ်ရင်ဖြစ်တယ်ဆိုတာ ကျမထက်တောင်ပိုနားလည်
သေးတယ်..။
 

ချွင်းချက်တော့ သူတို့ ဆီကမှာခလေးတွေအများကြီးဘဲ...အော်..အားလုံးကကျမတို့ ဆီကနေလာကြတာ
ရောက်ခါစလေးတွေ၊ အဲဒီခလေးတွေကိုညညစာပြခိုင်းပါတယ်။နေ့ လည် သူတို့ အလုပ်မိတ္တူကူးတာ၊
ရေခဲချောင်း၊အချိုရည်ဗှုးတွေလည်းရောင်းတယ်။အဲဒါ လုပ်နေတဲ့သူ့ သမီးလေးက ဘာမှမတတ်ဘူး...။

ကူလုပ်ခိုင်းတာပေါ့...။မင်းကပညာလည်းရမယ်၊ပိုက်ဆံမှမလိုတာတို့ စားသလိုစားကြတာပေါ့...တဲ့။
ကောင်မလေးကလည်း ငယ်သေးတယ်။အားအားရှိ ဆိုင်ကယ်နဲ့ ဝူးနေတာဘဲ...။ဖုံးလာလူလာရင် ကျမ
တယောက်ထဲ..ဘာလုပ်ရမှန်းမသိဘူး...။ တခါခါရီရတယ် copy ကူးတာကို ကူးတဲ့စက်နံမည်က xerox
လေ..။ဒီတော့တချို့ က စီလော့ လုပ်တယ်ပေါ့ ဒီလိုပြောကြတယ်..။အဲဒီမှာရှိနေတဲ့ကချင်ကောင်လေး
ကောင်မလေးတွေက သူတို့ ဘိုဆန်တယ်ပေါ့ စီလော့လုပ်ပါ...စီလော့လုပ်ပါ..နဲ့ ဒီလိုပြောတယ်..။
ကျမကတော့ တောသား ဘာနားလည်မလဲ copy လည်းမသိ xerox လည်းနားမလည်...ဟားဟား...။
ငုတ်တုတ်ထိုင်နေတာပေါ့...။ မသိရင်သင်ပေးပြောပေးပေါ့..ဟုတ်လား။


တကယ်ဆို သူတို့ ကကျမကိုအတင်းခေါ်ထားတဲ့သူတို့ အမေအဒေါ်တွေကို၊စိတ်ခုတာလေ..။
သူတို့ တွေရှိရက်နဲ့ တခြားလူကိုခေါ်ခိုင်းတယ်ပေါ့...။သူတို့ တွေလာကြတာပညာရေး၊
တပိုင်းတစနဲ့ အလယ်တန်းအထက်တန်း မရောက်တရောက်လေးတွေပါ...။
သူတို့ အချင်းချင်း သူတို့ စကားနဲ့ ဘဲပြောကြတယ်..။ကျမနားမလည်ပါဘူးဆိုတာ သိရဲ့ သားနဲ့ 
ထမင်းစားဖို့ ခေါ်လည်း ကချင်လိုပြောတယ်။အီးရော...အီးရော...ဒါဘဲ..တနေ့ နေ့ ....အီး..အီး..နဲ့ ၊
အချိန်တိုအတွင်းမှာ ကျမကချင်လိုတော်တော်နား လည်လာတယ်..။ငတုံးမှ မဟုတ်တာနော့်...။
ထမင်းစားပြီး ..မာကြတ်ကိုင်း...ကြတ်စပ်အီးယော....ဆိုလား...တခွန်းပြောထဲ့လိုက်တယ်
ဟားဟား...မျက်လုံးပြူးမျက်စံပြူးလို့ ..သိလား.။(ငရုပ်သီးတကယ်စပ်တယ်လို့ သူတို့ ဘာသာနဲ့ ပြောတာ:)
ကျမကိုခေါ်တဲ့အမလည်းတချက်ခုတ်၂ချက်ပြတ် ကျမအကြွးကိုလည်းမဆပ်နိုင်သေးတော့၊

သူတို့ နဲ့ နေပြီး ကူညီလုပ်ကိုင်တဖက်ကလည်း ကျမကိုဘဝရှေ့ ရေးအတွက်ကူညီပေးတယ် ဆိုပြီး...
အဖေ့ကိုပြောလိုက်တယ်လေ..။အဖေကမေးပါတယ်။နေခဲ့ချင်တဲ့ဆန္ဒရှိလားဆိုတော့၊ဒီကလည်းမြို့ လေးနဲ့ 
ကွာခြားတဲ့အတွေ့ အကြုံတွေမြင်ရကြားရတော့ နေချင်တာပေါ့လို့ ....။ခဏနေမယ်ဆိုပြီးနေတာပါ။

အမနဲ့ ခလေးတွေတော့ ကျမကိုတကယ်သံယောဇဉ်ရှိတယ်..။သူ့ သမီးလေးကပြသာနာရှာတတ်တယ်..။
နောက်တော့လည်း အဆင်ပြေသွားပါတယ်။အဲဒီအမကိုတကယ်ကျေးဇူးလည်းတင်ပါတယ်...။
ဘဝအကြောင်းလူအကြောင်းအားလုံးပါဘဲ...အဲဒီကမှ ကျမစသိလာခဲ့ရပါတယ်။

ရောက်ပြီး ၂ပတ်လောက်မှာ ညကျောင်းဖွင့်တဲ့အချိန်ပေါ့ ထိုင်းညကျောင်းသွားတက်ပါတယ်။အမ(အော်
သူ့ နာမည်က M)စာရွှက်လေးတပိုင်းပေးပြီးသူ့ သမီးလေးက ကျမကိုကျောင်းဝတ်စုံဆင်ပြီး၊ကျောင်းသား
ရေးရာမှာသွားအပ်ပေးပါတယ်။ ပြီးတာနဲ့ အတန်းပြီးရင်ကျောင်းပေါက်ဝမှာစောင့်နေမယ်နော်ဆိုပြီး..
တာတာ လုပ်သွားပါတယ်..။ကျမက တကယ့်အူကြောင်ကြားကြီး...ဘာမှလည်းမပြောတတ်ဘူး...။ဘာလုပ်
ရမှန်းလည်းမသိဘူး..။တကယ့်ငုတ်တုတ်ကြီးနဲ့ ဒီအတိုင်းရပ်နေတာပေါ့။ဆရာမတယောက်လာပြီးဘာတွေ
ပြောမှန်းလည်းမသိ လူကိုဆွဲခေါ်သွားပါတယ်..။အတန်းတခုထဲဝင်သွားပြီး... ကျန်တဲ့ကျောင်းသားတွေနဲ့ 
မိတ်ဆက်ပေးတာပေါ့..။ ခုံလွတ်တခုမှာဝင်ထိုင်ပြီး ယောင်တောင်ပေါင်တောင်လုပ်နေတယ်။ခဏကြတော့
ဆရာမက ကျမကိုခေါ်ပါတယ်(စာရွှက်ထဲကနံမည်က  တောင်ပေါ်သားနံမည်တခု နဆီးလအူးဆိုလား...
တော်တော်ထူးဆန်းတဲ့နာမည်...)ဘယ်ကနေလာလည်းလို့ မေးပါတယ်။ကျမသူ့ ကိုကြည့်ပြီးပြုံး ပြပါတယ်။
သူကဟုတ်လားလို့ မေးတယ်..။ဘာဟုတ်လားတော့မသိဘူး.။ခေါင်းညိတ်ပြမိတယ်...။ခဏခဏဟုတ်လား၊
ထိုင်းလို ချိုက်မိုင် ချိုက်မိုင်..နဲ့ မေးတာလေ...။၃ ခါလောက်ခေါင်းညိတ်ပေးပြီး၊စဉ်းစားမိတယ်၊ဒီတခါ ခေါင်း
ခေါပေးအုံးမှဘဲ...။တချိန်လုံးညိတ်နေရင်မှားမယ်လို့ ထင်တာနဲ့ ...။နောက်ဆုံးခါလိုက်မှ ထိုင်ခိုင်းတော့တယ်။


နောက်မှသိတဲ့သူငယ်ချင်းတယောက်ကပြန်ပြောပြမှသိရတယ်...။ကျမကိုလီရှောတရုတ်အဆက်မှတ်လို့ တဲ့ ကျိုင်းရိုင်းဖက်မှာရှိတဲ့တောင်တန်းဖက် ကလာလားလို့ မေးတာတဲ့...။ကျမခေါင်းခါတဲ့အခန်းက မိဘရှိသေးလားလို့ မေးတာ..ဆိုဘဲ...သေရာ။ သွားပြီ........@_@


နေ့ လည်ဆိုလည်း အူတူတူဇတ်လမ်းတွေရှိတယ်။၊ ဖုံးဝင်လာရင် ဆဝါဒီခါ...ဆိုပြီး ဆက်မှမပြောတတ်
တာ...။ဟား..အတော်လေရှည်တဲ့ထိုင်းတွေ အထီးရောအမရော အီးညောင်အိညောင်နဲ့ မပြီးဘူး...။

အိမ်က ကျောက်စီမ်းသူဌေးတသိုက်ကလည်း..အီးရော့..အီးရော့....ရှီ..ရှီ...ရှီ..ဒါဘဲ...၂ ရက်လောက်နေ တာနဲ့  သိတယ်...ရှီ ...ဆိုတာ "သူ "ကျမကိုညွှန်းတာပေါ့...ဟင့်...:((  (နောက်တော့ သူတို့ ရဲ့ ဦးလေး
ဆိုလားအကိုဆိုလား အကိုကြီးတယောက်နဲ့ တွေ့ မှသိတာ.. သူပြောပါ တယ်။အီးတလုံးတတ်ရင် ကချင်စကားတတ်ပြီတဲ့...:P ) ခုထိ နဲနဲပါးပါး မှုတ်တတ်နေသေးတယ်နော့်..။


တခါထိုင်းတယောက်ဝင်လာပြီးကျမကိုစာရွှက်တရွှက်လာထိုးပေးတယ်..။ကိုယ်လည်းခပ်တည်တည်နဲ့ 
ကော်ပီ စီလော့ပေးလိုက်တာပေါ့...သူက မိုက်ချိုက် မိုက်ချိုက်မဟုတ်ဘူးမဟုတ်ဘူးလို့ ပြောတာ..။

အော်...မှင်ကမွဲနေလို့ လား ဆိုပြီးနောက်တခေါက်ပြန်ကူးပေးလိုက်ပါတယ်..။အဲဒါလည်း မိုက်ချိုက်ဆိုဘဲ။
နောက်..သူပြောတာကို...ကြောင်ပြီးကြည့်နေမှ စာရွှက်ကို သူက သိမ်းထား ခိုင်းတဲ့ ပုံစံ လုပ်ပြတယ်..။
သူပြန်ထွက်သွားမဲ့ပုံစံလုပ်ပြတယ်..ပြီးနောက်နေ့ မှ ပိုက်ဆံလာကောက်မယ်။ထိုင်းလို ဝှမ်းဘီး ( bill )
တဲ့သူတို့ ရေခဲချောင်းကုမ္မဏီဘောက်ချာလာပေးတာ...။နောက်...လကုန်မှပိုက်ဆံကောက်တာလေ...။
အဟီး...ဒီကတော့ ၂စောင်ကူးပေးလိုက်တယ်.....:P  သိမှမသိဘဲကိုး...။


ရေခဲချောင်းလာဝယ်ရင်လည်းအမျိုးအစားကိုပြောပြီးယူခိုင်းတယ်လေ...ဘာကိုဘယ်လိုခေါ်မှန်းမှမသိတာ။
ရေခဲချောင်းရေခဲမှုန့် တွေထဲ့တဲ့ သေတ္တာပုံးကြီးလှပ်ပေးလိုက်တယ်..ပြီး လက်လေးညွှန်ပြလိုက်တယ်...။
စိတ်တိုင်းကျပါရှင်.ပေါ့..။ဒီလိုလူလည်လုပ်ရတယ်..ဟီး.လူတွေရဲ့ မျက်နှာရိပ်ကြည့်အကဲခတ်ခြင်းပညာပေါ့။
 M အမရဲ့ အမေကပိုဆိုးတယ်..သူလည်းပြသာနာကို၊မီးခွက်ထွန်းရှာတတ်တဲ့နေရာမှာပြိုင်စံရှားပါတယ်။
ကျမတို့ တလတလမီတာခတွေဘယ်လောက်ကျသလဲလို့ လာမေးပြီးတညမှာရေခဲသေတ္တာပုံးကြီးကို
ဆက်သွယ်တဲ့မီးကြိုးကို ပလပ်ဆွဲနှုတ်ထားတယ်။ မနက်ဆိုင်ဖွင့်တော့တခန်းလုံးရေတွေစီးကပ်စီးကပ်နဲ့    ရွှဲပြဲနေတာပေါ့.။ရေခဲချောင်းတွေအရည်ပျော်ကုန်တယ်အားလုံးဝဲပစ်ထုတ်လိုက်ရတယ်လေ..။အိမ်က ကျိုင်းမယ်ဘူတာရုံနဲ့ နီးတယ် လမ်းမတန်းပေါ်မှာ။ ကပ်ရပ်တိုက်တန်းတွေမှာလည်း ကားရောင်းတဲ့
ကုမ္မဏီ၊အပေါင်ဆိုင်၊ခလေးထိန်းကျောင်း ရုံး ဒါတွေပတ်ပတ်လည်ဘဲ...။ဒီတော့ ဆိုင်လေးကအမြဲ အလုပ် ရှုပ်တယ်။စီလော့ကလည်း လုပ်ရသလားမပြောနဲ့ .။တယောက်ထဲမနိုင်ဘူး။ သူတို့ အိမ်မှာအစစ အရာစီမံ ခန့်ခွဲဖို့ ထိုင်းကရင်မလေးတယောက်ကိုဌားထားတယ်။ သူကမြန်မာပြည် ကရင်မဟုတ်ဘူး..။ အဖေ အမေ
ရော ထိုင်းမှာမွှေးတဲ့ ကရင်မလေး..။ချစ်စရာလေး။ထိုင်း အထက်တန်းအောင်တယ်...။ကရင်မလေးက ကျမထက်ငယ်တော့ နောင့်ဖော၊ခလေးတွေ အတွက် Sunday school ဆရာမတယောက်နဲ့ သူ့ မောင်လေး
ကိုလည်း ထပ်ခေါ်တော့ ကျမမှာလက်ထောက် ကောင်လေးတယောက်ရလာတယ်။ညနေဆိုရင်ဆိုင်ကိုသူ့ 
နဲ့ ထားခဲ့ ကျောင်းပြေးတက်ရတယ်လေ။ဟိုသွားဒီသွားကြတော့ နောင့်ဖောရှိတယ်၊ကျောင်းသွားရင် ကောင်
မလေးရှိတယ်။ ကဲ.....ကျမအတွက်အားလုံး အဆင်ကိုပြေလို့  ...။



ကျောင်းပိတ်ရက်ဆိုရင်  Mအမက ကွန်ပြူတာဆရာဂျာမာန်တယောက်ကိုအိမ်ခေါ်လာပြီးသင်ခိုင်းတယ်။
အဲဒီတုံးက မော့စ်ဆိုတာတောင်မပေါ်သေးဘူး..။ဆရာကအင်္ဂလိပ်လိုပြော၊ထိုင်းလိုပြောနဲ့ ...တောသား
ငကြောင်လေးကလည်း သူ့ ကိုကြည့်ပြီး စဉ်းစားနေတယ် ဘာကြောင့်ဒီလောက်အရပ်မြင့်ပြီးနှာခေါင်းကြီးက
တတောင်လောက်ရှည်နေပါလိမ့်!!!! ဘာမှနားမလည်တာကိုး...အီးပြောလည်း နိုး...၊ထိုင်းပြောလည်း...
မိုက်လု့ ...ဟိ..အမတော့တော်တော်ပိုက်ဆံပေးရတယ်လို့ ပြောတာဘဲ...။ခုမှပြန်စဉ်းစားမိတာ သူ့ English
က German ဝဲနေတာကိုး....:))))) ပြီးရင် မင်းကောင်းကောင်းတတ်ရင် ခလေးတွေကိုသင်ပေးနော်တဲ့...။
မယ်ငီးတော့ကွန်ပြူတာအခြေခံဆိုတာသင်ပြီးသာသွားတယ် ...စက်ကိုဘယ်လိုစဖွင့်ရမှန်းတောင်သိဘူး။ ဂလိုပြောင်မြောက်စွာလေ့လာဆည်းပူးခဲ့တာလေ...။



ကိုယ့်ဘဝမှာ အမေတယောက်ဘဲ အတင်းအကျပ်ဟိုမရောက်ဒီမရောက်တဲ့ သမီးကညာလေးကို၊လူတော
ထဲတိုးနိုင်အောင်လို့ ငယ်ငယ်ကတဲက အမေ့ဗီဒိုအာဏာနဲ့ မျိုးစုံသင်ကြားခြင်းခံ ခဲ့ရတာ...။ရှမ်းစာ၊
ဂုံစာ၊ဘုန်းကြီးကျောင်းမှာ ဘုရားစာ၊ အကျီ င်္ချုပ်၊ဆွယ်တာစက်ထိုး၊တချောင်းထိုး.နွေကျောင်းပိတ်လို့ ၊မြို့ 
လေးပြန်ရင်တခါမှမနားရဘူး...အရမ်းကြီးစိတ်ပိန်ခဲ့ဖူးတယ်။M အမက ဒုတိယလိုက်တာဘဲ...ကွန်ပြူတာ အင်္ဂလိပ်ကျောင်း ထိုင်းကျောင်း ထမင်းချက် စီလော့ကအစကချင်အကတောင်ပါသေးတယ် Sunday school ဆိုတာ ၁နှစ်ကျော်လောက်တက်ရသေးတယ်။နောက်ဆုံးတော့ ရတနာလုပ်ငန်းထဲ ရောက်အောင် တွန်းပို့ 

ပေးခဲ့ပါတယ်လေ..။ 

အိမ်က ၂ဆောင်အကြီးကြီး အနောက်ဖက်ဆောင်မှာအိပ်ခန်း၁၂ခန်းရှိတယ်။ရေချိုးခန်းအိမ်သာတွဲရပ်။
အဲဒါကို သိတဲ့လူတွေကိုမိုတယ်သဘောမျိုးဌား သေးတယ်..။အဲဒီမှာ လာတည်းတဲ့လူတွေနဲ့ အူကြောင်ကျား
မယ်ငီးဇာတ်လမ်းတွေ ခလေးတွေတအုပ်နဲ့ စက်ဘီးပေါင်း ၉စီး ဆိုက်မျိုးစုံ ခလေးကလည်း ဘုစုခရု ၊

ဘူတာရုံပတ်လည်စက်ဘီးစီးထွက်ကြတယ်။ မြန်မာလိုအော်ဟစ်လိုက်..အီးရော့..အီးရော့နဲ့ ...တလမ်းလုံး
ဆူညံပြီး သူများတိုင်းပြည်မှာလူပါးဝခဲ့တာတွေ....လာအုံးမယ်လေ.....။


အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေ~~~~
မီးမီး
When I google  I just saw all cartoon pictures that I love,so I copy it :P

12 comments:

  1. Hello mee!!!
    I love to read it,want to read more.
    keep going...
    KM

    ReplyDelete
  2. စိတ်ဝင်စားစရာကောင်းတယ်မီးမီးရေ။
    မြန်မြန်ဆက်နော်။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. တောသားမြို့ ရောက်...အကြောင်းတွေ
      ပြန်စဉ်းစားရင် တခါခါတယောက်ထဲရီချင်နေလို့ ...
      ပြန်လည်မျှဝေတာလေ...မအိုင်အိုရေ..
      :P

      Delete
  3. မမီးရယ်..မျှော်နေပါတယ်း)

    ReplyDelete
    Replies
    1. ဆုမြတ်လေးရဲ့ ဘလော့ကိုဝင်တာနဲ့ ..
      ကိုယ့်စက်ပေါ်ကဗမာစာတွေချက်ချင်းလေးထောင့်ကွက်တွေ၊
      ပြောင်းပြောင်းသွားတယ်..
      IE နဲ့ ပြန်ဖွင့်ပြီးဖတ်ရတယ်..
      ဘာဖြစ်လို့ လဲမသိဘူး...
      အရင်ကတည်းကရေးမယ်ဆိုပြီး၊မေ့နေလို့ ...
      တွေ့ ပူ့ ချိ့ ..နော့်

      Delete
  4. မျက်စိသူငယ်နားသူငယ်မို့ ပေပဲ...:P
    မမီး ဇာတ်လမ်းက ဝထ္ထုထက် ပိုစိတ်ဝင်စားဖို့ ကောင်းတယ်..
    ဆက်ရန် မျှော်နေပါတယ် ခင်ညာ..

    ReplyDelete
    Replies
    1. ထိုင်းလည်းနားမလည်၊
      (ကျိုင်းမယ်မှာဒေသခံတွေပြောတဲ့၊
      ထိုင်းစကားက နောက်တမျိုး)
      ခွမ်းမိုင်း(သူတို့ အသံထွက်) ဘာသာစကားလည်းမသိ၊
      ကချင်စကားလည်း..(အင့်ဂဂျာ)..
      ကချင်လိုပြောတာ မတတ်ဘူး..တဲ့
      ကဲ..ဒီတော့ မျက်စိသူငယ်ဖြစ်ပြီပေါ့ကွယ်
      :P..မျှော်ပါ..မကြာမှီ..လာပြီ..

      Delete
  5. စိတ်ဝင်စားစရာတွေပဲအမ သိပ်မကြာနဲ့နော် မျှော်နေမယ် (^_^)

    ReplyDelete
    Replies
    1. အဟဲ...
      ဂတိတွေလှေကြီးပေးမိပြီ..
      ကြိုးစားရေးချွတ်ရတော့မယ်..
      ;P

      Delete
  6. အစ်မ ' တခါကစွန့်စားခန်း' ကို နှိပ်လိုက်တာ 'အဖေ့သမီးရဲ့ ဘဝခရီးအစခြေလှမ်း...' ကိုရောက်သွားတယ် link မှားနေတာလားဟင်

    ReplyDelete
    Replies
    1. AMK..ဟုတ်တယ်
      ပြန်စစ်ကြည့်တာမှားနေတယ်။
      ပြန်ပြင်လိုက်ပြီ.".ကျေးဇူးကမ္မာဆိုင်အီးရော့"
      လင့်အရောင်ကိုမတူအောင်ရွှေးတာဘဲ..
      နောက်ဆုံးက အရောင်မွဲမွဲဘဲရတယ်..
      ကွန်..သိပ်မကျွမ်းကျင်တဲ့..ဒေါ်ကြီးကို..
      ခွှင့်လွှတ်နော့်...
      :))

      Delete