ညနေရာသီဥတုကောင်းတဲ့အချိန်၊ကျောင်းမတက်ရတဲ့အချိန်၊အားလုံးကအားလပ်နေတဲ့အချိန်ဆိုတာ..၊
တော်တော်နဲ့အခွင့်မသင့်ခဲ့ပါဘူး..။တနေ့ညနေခင်းမှာတော့ ကလေးများအားလုံးရဲ့ဆရာမကလည်း၊
တိုက်တွန်းတယ်..။ခလေးတွေစက်ဘီးစီးထွက်ချင်နေကြတယ်.ခေါင်းဆောင်လေးဘာလေးလုပ်ပေးလေတဲ့။
အထက်ကပုဂ္ဂိုလ်ကိစ္စ သူတာဝန်ယူမယ်တဲ့..။အော်...ခွင့်ပြုမိန့်တင်ပြရအုံးမယ်လေ...။
ခလေးတွေလည်း ငယ်သေးတယ်။သူများနေရာမှာ သိပ်ပြီးလပ်လျားလပ်လျားနဲ့
လမ်းမပေါ်တက်ကစားနေလို့မဖြစ်ဘူးလေ...။
ခလေးအားလုံးကလည်း သွားဖို့အဆင်သင့် ဒေါ်မီးအားချိန်ကိုချောင်းနေကြရှာတာ..။
Mအမက စည်းကမ်းကြီးတယ်။ လူတအုပ်လုံး သူများနိုင်ငံမှာကျွေးထားရတယ်ဆိုတာကလည်း၊
တကယ် မလွှယ်တဲ့ကိစ္စပါဘဲ။သူမပြန်လာခင် သူ့အမေ(ခလေးတွေရဲ့အဖွား)ကို
နားလည်မှု့ယူပြီးသွားကြမှာလေ..။အမကဘာဘဲဖြစ်ဖြစ်ပြသာနာမဖြစ်စေချင်ဘူး..။
ဒါကြောင့်သူပြန်လာမဲ့အချိန်ကိုမှန်းပြီး အရောက်ပြန်လာ ပါ့မယ်ဆိုတဲ့၊ဂတိတွေတလှေကြီးပေးပြီး
သကာလ ဒေါ်မီးတယောက်ခလေးတသိုက်နဲ့စက်ဘီးစီးထွက်ကြပါတယ်...။
အိမ်နှဘေးကလမ်းသွယ်လေးကနေထွက်ပြီး လမ်းကြိုလမ်းကြား၊လမ်းမြောင်
(ထိုင်းမှာနေဖူး တဲ့သူတွေဆိုရင်သိကြမှာ၊အဲ့မှာတကယ် လမ်းသွယ် လမ်းကြား လမ်းမြောင်
အတန်မတန်ပါတယ်ဗျား..) ကနေဖြတ် သွားကြမယ်။ လမ်းမကြီးပေါ်လုံးဝမတက်ပါဘူး ဆိုတဲ့
ဂတိကလည်းရှိသေးတယ်လေ...။
အိမ်ကလမ်းမတန်းဖက်မျက်နှာမူထားတာ...။ဒေါ်မီးလည်းသိပ်နယ်မြေကျွမ်းကျင်တာမဟုတ်..။
ခလေးဗိုလ်ဆိုတော့သိပ်မလိုဘူးလေ..စက်ဘီးစီးရင်း..လမ်းကဆုံးသွားတာလည်းရှိတယ်။ ပြန်လှည့်ပြီး
ဟိုဟို ဒီဒီသွားရင်းနဲ့ဘူတာရုံဖက်ကိုရောက်သွားပါရောလား...။ ဘူတာရုံဆိုတာကလည်း ကျမတို့ဆီကလို
ခြံစည်းရိုးတွေဘာတွေကာပြီး ဝင်ကြေးကောက် အိပ်ကပ်ထဲထည့်..အဲလိုမပြောပါဘူးလေ...အဟဲ...အော်..
ခြံစည်းရိုးမရှိဘူးပြောမလို့ပါ..ဒီအတိုင်း ကူးလူးသွားလို့ရတယ်..။လမ်းပေါ်ကနေလှမ်းမြင်နိုင်တယ်..။
ဒီတခါတော့ ခါတိုင်းနဲ့မတူ..လူတွေနဲနဲများနေသလိုဘဲ...ရထားလည်းမဆိုက်ဘဲနဲ့ ဘာလို့လူတွေများ သလဲလို့စဉ်းစားမိသား..။နောက်တော့ အဲနားမှာ ခဏရပ်ပြီး ဘုစုခရုတွေကိုစောင့်ရင်းနဲ့ ဟိုဟိုဒီဒီ ကြည့်လိုက်တော့ လားလား..ဆိုင်းဘုတ်က မန္တလေးဘူတာရုံ ဆိုပြီးရေးထားတာ..(ယာယီခဏပုံစံ)
အဲ..နောက်ထပ်ပြီးသေသေချာချာကြည့်မိမှ ဓါတ်ရှင်တွေရိုက်နေပါကောလား...။ စိတ်ဝင်စားစရာ..။
ဘိုကားဗျ...ဘိုထီး ဘိုမတွေနဲ့...ရှေးဟောင်းကားပုံစံ၊အဝတ်အစားက စစ်ဝတ်စုံတွေလည်းပါတယ်.။
ကိုယ့်အုပ်စုတဲမှာခလေးအကြီးဆုံးက ၁၃ နှစ်ပတ်ဝန်းကျင်လောက်ရှိတယ် သူတို့ ကျမကိုစကားပြော ရင်
ဗမာလိုပြောတယ်။အောက်က အသေးလေးတွေကျတော့ ထိုင်းလိုပြောတယ် ..။ အချင်းချင်းကျတော့
ကချင်လိုမှုတ်ကြတယ်...။ဟေ့..ဒီမှာရေးထားတာ မန္တလေးကွ..လို့ပြောတော့၊ ဟား..ကျမ တို့တသိုက် ရဲ့
ကွီကွ၊အီးအား ပွစိ အသံမျိုးစုံ ကိုကြားတဲ့ဘိုကြီးတွေ ထိုင်းတွေ ဘာလူမျိုးမှန်း မခန့်မှန်း တတ်တော့ ဘူး..။
ပြူးပြီးကြည့်ကြတယ်..သူတို့ကိုကျမတို့စပ်စုတာထက် သူတို့ကကိုယ်တို့ကိုပြန်စပ်စုနေတာနဲ့
မနေပြန်ပြေးထွက်လာရတယ်လေ..။အချိန်ကလည်းမရတော့ဘူး...ဟင်း..နို့မို့ရင်..မယ်ငီးတို့တသိုက်
ဟောလိဝုဒ်ဓါတ်ရှင်ထဲမှာ တခန်းမပါလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်မလဲ...( လွဲချက်ကယ်နာ :P )
သူတို့ဆီကိုရောက်လာတဲ့သူတို့အမျိုးတွေဆိုရင်လည်းတကယ်စိတ်ဝင်စားစရာကောင်းတယ်..။ကျမသိခဲ့တဲ့
ညီအကို ၂ယောက် သီချင်းဆိုတာအရမ်းကောင်းတယ်။ အဲ့ညီအကိုက ဂျပန်သွားဖို့လုပ်နေတာတဲ့.....။
ထုံးစံကတော့ကြာတာပေါ့.လူကြုံရှိလို့သူတို့အိမ်ကစာပါးလိုက်တယ်။အဲဒါစာလာယူရင်း စကားတွေပြောမိ ကြတယ်လေ.။သူ့အမေကစာထဲမှာရေးထားတာ..သားရေသွားစရာရှိတာလည်းအမြန်လုပ်ပါ၊အိမ်ကနွားနဲ့
အိမ်ခေါင်မိုးသွပ်တွေလည်းကုန်တော့မယ်တဲ့...:)) အဲဒါတွေပြောပြီး တဟီးဟီးနဲ့အော်ရီနေကြတယ်..@_@
နောက်အမျိုးတယောက်လာမယ် ထမင်းစားမယ်ဆိုတော့ မယ်ငီးတို့ဝင်ပြီးကူညီချက်ပြုတ်ရတယ်လေ...။
ရောက်လာတော့..ဟယ်..နင့်တို့ကချင်အမျိုးကလည်း ကုလားရုပ်ကြီး..လို့ပြောမိတယ်..။တကယ်ပါ..
အဲလူကပြောပါတယ်..သူ့ကိုသိလားတဲ့..။ဒီကလည်းအန်မတန်မှတောကျတာ..သိဘူးပေါ့..:)))
မြန်မာပြည်မှာ နံမည်ကြီးတဲ့ အဆိုတော်တဲ့...ဟင်းဟင်း...ဒေါ်မီးတော့ ကိုယ့်အလုပ်နဲ့လုံးချာလိုက်နေတာ
ဓါတ်ရှင်တွေ ဘုတ်အုပ်(ဝတ္တု) တွေဆိုတာ ဘယ်မှာအချိန်ပေးနိုင်လို့လဲ...။ထမင်းစားပြီးတော့ ဂစ်တာတီးပြီး
သီချင်းဆိုပြမှ အော်..သူ့အသံကောင်းမှန်းသိတော့တယ်..။အဟဲ...ဘဲဒီးဆော်ဒီး..အဆိုတော်ကြီးရေ..။
(တလောက နော်ဝေသတင်းတခုမှာတွေ့ရတယ်.သူနော်ဝေမှာရောက်နေတယ်တဲ့။သတင်းထဲမှာ..
သီချင်းဆိုလို့...သိကြလိမ့်မယ်နဲ့တူတယ်..)
နားနားပြီးပြောမယ်...မောမောနေမှာစိုးလို့ဟယ်....:D
ဒေါ်မီး ရဲ့အတွေ့အကြုံတွေ(သူများအကြာင်းတွေရေးချင်ပေမဲ့ ကိုယ့်အကြောင်းဘဲသိလို့..အဟီး) တစုထဲထားကြည့်လိုက်တော့ အတော်များတာဘဲ...
ဟွန့်...ပြာဂလောင်စိန်အတ္တုပတိ..ဘုတ်အုပ်ကြီးထုတ်အုံးမှ ^_^
စကားပြန်ကျမ
အိမ်စာကူးမလားပေးငါးပြား
တခါကစွန့်စားခန်း
တခါကစွန့် စားခန်း၂
လုပ်ငန်းခွင်သို့ ပထမခြေလှမ်း
စာကျက်ဝိုင်းကဆရာမငယ်ဘဝ
အဖေ့သမီးရဲ့ ဘဝခရီးအစခြေလှမ်း
သူစိမ်းနယ်ကြားထဲမှာမျက်စိသူငယ်နားသူငယ်နဲ့ 
ယိုးဒယားတောထဲကကိုယ်တို့ ရွှေနိုင်ငံသားများ
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
ဟား...ဟား...ေဟာလိဝုဒ္ဓါတ္ရွင္နဲ ့ လွဲချက်..း)
ReplyDeleteနားနားပြီးပြော...မောနေမှာစိုးလို့ 
နားနားပြီးဖတ်မယ်..မောနေမှာစိုးလို့  :D
အဟဲ...
Deleteမောသွားရင် နောက်တခါ၊
အမောပြေလေးတွေ ပြောပြရအုံးမယ်လေ..
ပုံ...
ဓါတ်ရှင်မင်းသမီးဘဝမျော်မှန်းဖူးခဲ့သူ :P
မောချင်မောမနားတမ်းဖတ်သွားတယ်မီးမီးရေ။
ReplyDeleteဆက်ရန်တာဝန်ကတော့မီးမီးတာဝန်ဘဲနော်။း)
အိုင်အိုရာ
တာဝန်တွေကျေပြွန်စေပါ့မယ်...
Deleteအားပေးဖို့ သာပြင်ထားပေးနော် :D
အားပါး တယ်ဟုတ်ပါလား...ဓာတ်ရှင် နာမည်လေးလည်း လုပ်စမ်းပါဦး...တစ်ကွက်တလေမှာ ဒေါ်မီးပုံ ပါချင်ပါနေဦးမှာ...တော်ကြာ purple plain ထဲက ၀င်းမင်းသန်းလို နာမည်မကြီးဘူးလို့ ဘယ်သူပြောနိုင်လိမ့်လဲဗျား)
ReplyDeleteနောက်တစ်ပိုင်းမဖတ်ခင် မဖတ်ရသေးတာလေးတွေ မွှေလိုက်ဦးမယ်...လင့်ခ်ကလေးတွေကလည်း ရေကန်အသင့် ကြာအသင့်း)
မေးခွန်းတွေမြောက်များစွာထုတ်ခြင်းခံရလို့ သာ၊
Deleteပြေးထွက်လာကြတာ..၊
သူတို့ ကိုဘာမှပြန်မစပ်စုလိုက်ရပါဘူး..။
ဘာဓါတ်ရှင်မှန်းမသိလိုက်ရပါဘူး..ဦးဟန်ကြည်ရာ..။
စာတွေလာဖတ်တာ ကျေးဇူးတင်ပါတယ်...။
မြန်မြန်လေးနဲ့ များများလေးတင်ပါ အစ်မရဲ့ 
ReplyDeleteရေးမလို့ ကြံရွှယ်ခါမှ၊
Deleteနေ့ တိုင်းအပြင်ဘဲထွက်နေရတယ်...၊
ခုတလောခြေရှည်နေပါတယ်...။
တနေ့ နဲနဲတော့တို့ ထားပြီးပြီနော်:)
Make a Quick!!! Write a Quick!!!!!
ReplyDeleteMa Mee Nage ; How are you?
Khine
ု့Khine,
DeleteGreat,I have chance to visit this weekend :)