Saturday, June 29, 2013

အဆောက်အဦဟောင်းဖျက်သိမ်းပြီးအခြေခံအုတ်မြစ်ပြန်ချခြင်း..

မင်္ဂလာပါရှင်~~~~
အဟွန့်..ခေါင်းစဉ်ဖတ်ပြီးမယ်ငီးတယောက်နိုင်ငံရေးစလုပ်ပြီလို့ထင်ကြမယ်...။
တိုင်းသူပြည်သားအားလုံးနေ့စဉ်လုပ်ဆောင်နေတာတွေဟာနိုင်ငံရေးတဲ့...။
စာစောင်တခုထဲမှာဖတ်မိသလိုပါဘဲ..။
ဒီတော့ ကျမတို့နေ့စဉ်ရုန်းကန်စားသောက်နေတာတွေဟာနိုင်ငံရေးတခုဘဲပေါ့နော်...။
လိုရာဆွဲတွေးပြီး အတင်းဆွဲစေ့လိုက်ပါတယ်...(အဟဲ)
ကျမပြောပြခဲ့တာတွေ၊အာလူးဖုတ်ခဲ့တာတွေဟာမြန်မာနိုင်ငံကလူမျိုးပေါင်း ၁၃၅ မျိုးရှိတဲ့အထဲမှာ ၊ 
အကြီးဆုံးပြည်နယ်တခုက လူမျိုးစုငယ်များစွာ နေထိုင်လုပ်ကိုင်စားသောက်ပုံတွေ ...ဆိုပါတော့..။
ကဲ...မသိဖူးတာတွေ မမြင်ဖူးတာတွေ တွေ့ရတယ်..။
ကိုယ့်နိုင်ငံက လူမျိုးအကြောင်းတွေ ပိုသိလာတယ်...ဒီတော့ မယ်ငီးက နိုင်ငံရေးလုပ်နေတယ်..
လို့သဘောထားပေးလိုက်ပေါ့နော်.....
ဟားဟား....သူများတွေ ပြောကြဆိုကြလွန်းလို့၊လူတတ်ကြီးလုပ်ပြီး ပြောကြည့်တာပါ...။
တကယ်ဆို ဒီမယ်ငီး ငချွတ်လေး ဘာသိမှာတုံး...ဘာမှမသိ၊ ကိုယ့်သွားနေတဲ့လမ်းရဲ့တမိုက်လောက်ဘဲ၊
ကြည့်ရှောက်တတ်တဲ့လူသားတယောက်ပါ...^_^

ဟင်းဟင်း....လာပါ...အိမ်ဆောက်ကြရအောင်....။
ကျမဒီတခါ ပြန်ရင် အိမ်ဆောက်ကန်ထရိုက်တာကြီးလုပ်မလို့....။
သူများတွေလည်း..ဒီလိုဘဲ ရှာစားနေကြတာ...ဖြစ်တာဘဲ...။
အလုပ်မရှိမှာစိုးလို့မပြန်နိုင်သူတွေပူနဲ့နော်...။
ကဲ..အတွေ့အကြုံလေးတွေမျှအုံးမယ်လေ...။


ရန်ကုန်မှာ အိမ်ဖျက်၊တိုက်ဖျက်ရင် ဘယ်လိုလုပ်ကြလဲ မသိဘူး...။
ကျမတို့ဆီမှာ အိမ်ရဲ့ခိုင်မာမှု့ရှိမရှိအုတ်၊ကိုကြည့်တယ်။တူနဲ့ထုရမှာလေ...။
ပြီးတော့ဈေးဖြတ်တာပေါ့..။အင်း..ဘယ်လောက်လဲဟုတ်လား.
ရမ်းတုတ်ပြီးတွက်ချက်ပေးလိုက်တယ်လေ။
machine ဆိုတာမှ မရှိတာ manual လေဗျာ..လျှပ်စစ်မီးဆိုတာ ဘာလဲဗျ...။
အော်...ခရမ်းချဉ်သီးလေးလို နီဖန့်ဖန့်လေးနဲ့ည ၁၂ နာရီလောက်မှာ
အိမ်လည်ခေါင်ထိပ်က ဟာလေး
ကိုပြောတာလား.။ဘုရားမီးအဖြစ်ပူဇော်လို့တောင်မဖြစ်ပါဘူး..။
ဖယောင်းတိုင်ကသူ့ထက်ပိုလင်းပါတယ်..။
လူဘယ်နှစ်ယောက်သုံးပြီးဘယ်နှစ်ရက်လုပ်ရမလဲဆိုတာမူတည်ပြီး ဈေးဖြတ်ပါတယ်..။

အိမ်ဖျက်ပြီးထွက်လာတဲ့ အကျိုးအပျက်တွေကိုပစ်ဖို့ဘယ်ဖို့
ကား ၂ စင်းလောက် အဆင်သင့်ဌားထားရတယ်။ တခါ ၅ဝဝဝ တဲ့...။
ကျမအမရဲ့တပည့်လေး..မို့လို့ဒီဈေးနဲ့ရတယ်..။
ဘယ်တာတော့ဟုတ်ပြီ..ဘယ်မှာသွားပစ်မလဲ..။
မြို့ပြင်က ချိုင့်ခွက်နေရာကြည့်ပြီးသာ သွန်လိုက်ပါ..ပေါ့..။
တနေ့ကို အခေါက်ပေါင်း ၂ဝကျော်တယ်...။မြေတူးပြီးလည်းပစ်ရတယ်လေ...။
ကံကောင်းထောက်မစွာနဲ့ မြေကို ရောင်းလို့ရပါတယ် ကားတစင်းကို ၃ဝဝဝ...။
မြေဖိုး အခေါက် ၂ဝကျော်လောက်ပြန်ရတယ်...။ အခေါက်ရေပေါင်း ၄ဝ  ကျော်ဘယ်ရတယ်...။
အုတ်ကလည်းရှေးအုတ်ပိုကြီးပြီးထူတယ်..။အားလုံးနီးပါးပြန်သုံးလို့ရတယ်...။
အုတ်စိမ်းတွေတော့ ဝဲထုတ်ရတာပေါ့...။ မြေကြီးဘဝအဖြစ် အသွင်ပြောင်းသွားတယ်လေ...။
သွပ် နဲ့သစ်လည်း..အားလုံးပြန်သုံးတယ်...။ ဖျက်တဲ့အချိန်မှာတော့ နဲနဲကြည့်ရတယ်..။ 
အလုပ်သမားတွေနဲ့ရင်းနှီးမှု့ယူထားရတာပေါ့...။
နို့မို့ရင် ပစ်စလက်ခတ်လုပ်လိုက်ရင်လည်း ပြန်သုံးလို့မရဘူးလေ...။


ဒီလိုပြောင်သလင်းခါနေအောင်ရှင်းရပါတယ်...။
ပြီးမြေတိုင်းမယ်ပေါ့...ဘာစက်မှမလိုပါဘူး...။ရေပိုက်လေး ရေဖြည့်၊ ရေချိန်ညှိတာတဲ့...။
ဟိုထိပ်ကလူက တဖူးဖူးမှုတ်လို့...။ဒီအလုပ်က ပြည်မကလာတဲ့လက်သမားဆရာကြီးတွေလုပ်တာ။
သူတို့က ဟိုး..နှစ်ပေါင်း ၂ဝနီးပါး ကျိုင်းတုံကိုရောက်နေကြတာတဲ့..။
ဒီက အာခါလူမျိူးတွေနဲ့အိမ်ထောင်ကြလို့၊ခလေးတွေဘာတွေနဲ့၊ရှမ်းစကားသာမတတ်တာ..။
အာခါစကားကိုမွတ်နေတာဘဲ...။ ကျမကိုရေနွေးကြမ်းလာတောင်းသောက်တယ်..။
သူတို့ဆရာက ရေနွေးအိုးမတည်ပေးပါနဲ့၊ထမင်းစားမှသာပေးပါလို့ပြောထားတယ်လေ..။
ကွမ်းလည်းမဝါးခိုင်းဘူး..။အလုပ်ပျက်တယ်တဲ့...။စည်းကမ်းကြီးတယ်..။

ကျမတော့ ရေနွေးဓါတ်ဗူးလိုက်ချပေးပြီး သူတို့ဆရာလာရင် ဖွက်ပေးရတာအမော..ရှင့်...။
အိမ်ဖျက်တော့လည်း အလုပ်ကြမ်းသမားတွေနဲ့မဖျက်ဘူး..။လက်သမားဆရာတွေနဲ့ဖျက်တယ်..။
သူတို့ကနားလည်တယ်လေ..သစ်တွေဘယ်နေရာပြန်သုံးလို့ရမရ..။စုပုံပြီးထားတာကိုက စနစ်တကျပါ။
အိမ်နံရံအုတ်ဖြိုမှ အလုပ်ကြမ်းသမားတွေနဲ့..ကောင်လေးတွေ..ငယ်ငယ်လေးတွေပါ...။ 

တိုင်းထွာပြီးမြေအရာပေးလို့ အခြေခံအုတ်မြစ်ချဖို့ကျင်းတူးရပါတယ်...။
အိမ်က ၂ထပ်ဆောက်မှာမို့လို့ ၈ပေ အနက်တူးရတယ်တဲ့...။
တမြို့လုံးဒီလိုတွက်ကြတယ်တဲ့။တထပ်ဆို ၄ပေ...။
၃ထပ်ဆို ၁ဝပေကျော် တူးပေးရတယ်တဲ့..။



ကျမဦးလေးက လမ်းဝန်ထောက်အငြိမ်းစားပါ သူပြောတာက
ဒီလို နိယာမ သူလည်းမကြားဖူး...ပါတဲ့..။
ကျိုင်းတုံနိယာမတရပ်..ဆိုပါတော့...။


ပြီးရင် ဟော..ကျောက်ကြီးတွေ ကား ၄ စင်းဝယ်ရပါတယ်...။
အဲ့..ကျောက်တွေကျင်းထဲထဲ့ရပါတယ်...။

ပြီးဘိလပ်မြေတထပ်လောင်းပါတယ် ။

 
 နောက်သူတို့အခေါ်အုတ်ဖိနပ်ထဲ့ပါတယ်...။


နောက်ဘိလပ်မြေထပ်လောင်းပါတယ်...။
 ဘိလပ်မြေတွေ ကုန်သလားမပြောနဲ့...။


တညလောက်သိပ်ပြီး...

 


အုတ်နဲ့တိုင်ပတ်ပတ်လည်ကို ပြန်စီတယ်။ အထဲဖက်ကိုတော့ ဘိလပ်မြေထပ်လောင်းပြီး၊
အပြင်ဖက်ကြတော့ အုတ်ကျိုးတွေပြန်ထဲ့ပါတယ်...။


အားလုံးပြီးသွားပြီဆိုမှ ကျမက အိမ်ကိုနောက်တပေခွဲထပ်မြင့်လိုက်တဲ့အတွက်၊ သံချောင်းတွေနဲ့ဘောင်ခပ်၊
ပြီးမြေကိုမြင့်အောင်လုပ်ရပါတယ်.... ။ကျမတို့အိမ်က ကုန်းအတက်မှာဆိုတော့မြေမျက်နှာပြင်မညီပါဘူး..။
ရေချိုးခန်းအိမ်သာက..ဟိုးနောက်ဆုံးမှာ ပြီးတောင်ပေါ်လို မြင့်တက်နေတာပေါ့...။
ဒါကြောင့်အိမ်အရှေ့ကိုမြင့်လိုက်တယ်လေ..။
အိမ်ပြင်နီယာမကြီးလေ...အဟဲ..အင်ဂျင်နီယာဟုတ်ဘူးဗျ..:P
ကိုယ့်ဖာသာကိုယ်တတ်သလောက်မှတ်သလောက်နဲ့ဝါးချလိုက်တာပါဘဲ...။


အဲဒီအထဲကို သဲတွေအများကြီးထဲ့ရတယ်...။ ရေလောင်းဆိုတော့..၊ရေတွင်းခန်းအောင်
တညလုံးကျမလောင်းပါတယ်..။ကျမမပစ်ရသေးတဲ့မြေတွေနဲ့လည်းပြန်ဖို့ပါတယ်...။
မနက်ဆိုရင် မြူနှင်းတွေကျပြီး အရမ်းအေးနေတဲ့အချိန် မှာတွေပေါ့..ကျမကရေပိုက်ကြီးဆွဲပြီး အလုပ်လုပ်နေပြီ..။သူတို့လာနေကျမနက်ရနာရီခွဲမတိုင်မှီ..လုပ်စရာရှိတာတွေလုပ်ထားရတယ်...။
အလယ်ကတိုင်တွေကိုပါ တခါထဲလောင်းလိုက်တယ်...။

မြေဖို့၊သဲဖို့...။
ဘိလပ်မြေလောင်း...။
ဟောသူတို့တောင် နေ့လည် ၃နာရီနားတဲ့အချိန် မှာထိုင်နေလို့ရပြီ....
ကျမက ညနေ ၃ နာရီ ဆိုရင် သူတို့ကို အမြဲတခုခုကျွေးတယ်...လေ..။
ထုံးစံရယ်လို့မရှိပေမဲ့ ကိုယ်စားနေတာကို ကြည့်နေတဲ့မျက်လုံးလေးတွေက သနားစရာကောင်းတယ်..။
နောက်မှသူတို့ရဲ့အစားအသောက်တွေအကြောင်းပြောမယ်..အာလူးဖုတ်မယ်လေ...။
ကဲ...ခုတော့ မယ်ငီး အခြေခံကောင်းသွားပြီနော်....။
ခိုင်ခိုင်မာမာ အုတ်မြစ်ချလိုက်ပါပြီ...။
မိတ်ဆွေ...အိမ်တွေများဆောက်ချင်တဲ့စိတ်ဆန္ဒရှိခဲ့ရင်လည်း...ခေါ်ပါနော်...။
ကန်ထရိုက်တာကြီး....လုပ်မှာဗျ....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~~
မီးမီး

12 comments:

  1. WOW!!
    Are you Busy?
    Khine

    ReplyDelete
  2. အုတ်မြစ်ချတာပွဲတွေဘာတွေမတင်ရဘူးလား။
    လွတ်များသွားသလားလို့ အရင်ပို့ စ်ပါပြန်သွားဖတ်လိုက်သေးတယ်။
    တဆင့်ပြီးတဆင့်သပ်သပ်ယပ်ယပ်ပြီးသွားတာလေးမြင်ရတဲ့အချိန်ပျော်မှာဘဲနော်။
    ကြည့်ရတဲ့သူတောင်ပျော်မိတယ်လေ။
    ခုဆို..အမေကအိမ်သစ်လေးမှာနေနေတယ်ဆိုပြီး
    ကိုယ်လုပ်ပေးခဲ့တဲ့အလုပ်ပေါ်မှာကျေနပ်နေမှာဘဲနော်။
    အဆက်တွေမြန်မြန်တင်နိုင်ပါစေ..
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မရေ...
      မြေကြီးကိုပေါက်တူးနဲ့ စပေါက်တဲ့နေ့ မှပွဲတင်ရတာတဲ့..
      တခါကအဲဒီပုံကြီးတင်ထားပြီးမို့ လို့ ထဲ့မရေးလိုက်တာ..
      ခုထိပြီးသေးဘူး...အချောကိုင်အဆင့်၊
      ကြွေပြားကပ်တဲ့အဆင့်၊အဲ့နားဘဲရောက်သေးတယ်..။
      မီး၊ရေ၊ဆေးသုတ်..ဘာညာတွေရှိသေးတာ..တဲ့။
      ခုတော့လည်း..skype ကနေကြည့်ပြီး..
      ဟိုနားက ဘာလဲ..ဒီနားက
      ဟိုဟာလုပ်ပါလားလို့ ..
      အဝေးကနေယောင်တောင်ပေါင်တောင်ဘဲ၊
      လုပ်နေရတယ်လေ..ဟီး..။
      အမေကပြောပါတယ်..၂ထပ်လုပ်ထားပြီး၊
      ငါ့ကိုအပေါ်တင်ထားလိုက်တာလား..။
      (သူ့ ကိုသူများတွေအမြဲတမ်းမကြည့်မှာစိုးရိမ်နေတာလေ..)
      လာအုံးမယ်လေ..
      ရွှေပြည်ကြီးက မွှေးရပ်မြေအကြောင်းတွေ..
      ဒါဘဲ..လှည့်ပတ်အာလူးဖုတ်စရာရှိတာ..
      မအိုင်အိုရာ..ရေ့ .. :)))

      Delete
  3. အိမ်အောက်မှာ မြေတိုက်ခန်း ထည့်မဆောက်လိုက်ဘူးလား မမီးငယ်... ကျိုင်းတုံမှာ မိုးမများရင် ထည့်ဆောက်လို့ရမယ်ထင်တယ်နော်... ဒီမှာအိမ်အားလုံးက မြေတိုက်ပါ ပါပြီး ပစ္စည်းထားရုံမဟုတ်ဘဲ အထပ်တထပ်လို အတိုင်းလုပ်ထားကြတာ သိပ်သဘောကျတာပဲ.. ကိုယ်လည်း ဗမာပြည်မှာအိမ်ဆောက်ဖြစ်ရင် မြေတိုက်ထည့်ချင်နေမိတယ်...

    ReplyDelete
    Replies
    1. စူးနွယ်ရေ...
      ကိုယ်ရဲ့ Plan A မှာပါတာပေါ့...။
      ဒါပေမဲ့..ဘတ်ဂျက်ကရှိသေးတယ်လေ..။
      ဘတ်ဂျက်မခိုင်ဘူးဗျ..။
      ဟုတ်တယ်၊မြေအောက်ခန်းတွေ၊
      ဒီဖက်မှာအများကြီးတွေ့ ရတယ်.။
      ကျမတို့ ဆီမှာလည်းတောင်ကုန်းလျောလေးဆင်းနားက၊
      အဲ့လိုနေရာက အိမ်တွေဆို၊
      မြေအာက်ထပ်ပုံစံမျိုးတွေပေါ့၊
      ဆောက်ကြပါတယ်..။
      တောင်ကြီးမှာလည်းအများကြီးရှိတယ်ကော!!!..။
      ရှမ်းပြည်မှာလာဆောက်ပြီးနေနော်.. :)))

      Delete
  4. ဆက်ရေးပါအုံးနော် အစ်မရေ. စောင့်ဖတ်နေပါတယ်

    ReplyDelete
    Replies
    1. ဆက်ရေးပါအုံးမယ်..စိတ်ချ..:)
      တခြားအကြောင်းတွေလည်းရေးအုံးမယ်နော်..
      အားပေးတာကျေးဇူးတင်ပါတယ်.. :)))

      Delete
  5. interesting topic....
    KM

    ReplyDelete
  6. မမီးရေ အခုမှပြန်ရောက်လို့ဝင်ဖတ်သွားတယ်...ကောင်းတယ်..သပ်သပ်ရပ်ရပ်လေးရယ်..ဆက်ရေးပါအုံး..စုတော့ ရန်ကုန်မှာအိမ်ပြန်ပြင်တာ တော်တော်လေးကုန်သွားတယ်လေ...မကောင်းလဲမကောင်းဘူး..ကြည့်ပေးမဲ့လူကလဲမရှိ မသိတာတွေကလဲများဆိုတော့...စု

    ReplyDelete
    Replies
    1. ဟုတ်လား...
      ရန်ကုန်မှာအိမ်ပြင်ရင်တော့
      အများကြီးကုန်မှာဘဲ...
      ကိုယ်ဆိုလည်းနားလည်မှာမဟုတ်ဘူး...
      ခုတော့တောမှာဆောက်တယ်ဆိုတော့ ...
      ရန်ကုန်လို သိပ်မရှုပ်ရဘူးလို့ ထင်တာဘဲလေ...
      အားရင်စကားပြောရအောင်လေ...
      Skype နဲ့ ဖြစ်ဖြစ်ခေါ်လိုက်..စုရေ...

      Delete