မင်္ဂလာပါရှင်~~~~
မနှစ်ကဆောင်းရာသီကာလ ၄ လတာအချိန် ကတော့ကျမအတွက်တသက်မမေ့နိုင်တဲ့ အမှတ်တရ၊
အချိန်ကာလတွေပါဘဲရှင်...။
ရောက်ကတဲက ခေါင်းမဖော်နိုင်၊လည်လည်မသွားနိုင်၊..ဟင်းဟင်း..သူများတွေပြောသလို..
အို...ယားလို့ တောင်ကုတ်အားဘူး..ရှင့်..ဆိုတဲ့အတိုင်းပါဘဲ...:P
နှစ်ပေါင်း ၂၄ နှစ် တောင်ဝေးနေခဲ့ရတာ..။ သူများတွေလိုလည်းလူရာဝင်ချင်သေးတယ်လေ..။
သွားချင်လာချင်တာပေါ့။ဒီမှာက အလှူအဒါန်းတွေအန်မတန်မှပေါများပါတယ်...။
အလှူဆိုတာ လှူတဲ့နေ့ မှာဘဲစားရတာဟုတ်ဘူးလေ...။
အကူနေ့ ဆိုတာရှိသေးပါတယ်။ ကြက်သွန်လေးခွါ(ဓါးတိုလေးတွေကို ကိုယ့်အိမ်ကနေကိုယ်
ခါးညားလေးညှပ်လို့ ယူသွားတတ်ကြတယ်)ကူလိုက်၊ ခရမ်းချဉ်သီးဆေးကူ၊ပုဂံလေးဆေး..ဘာညာညာပေါ့။
တပတ်မှာ အလှူတွေအနဲဆုံး ၂ ခုလောက်တော့ အိမ်မှာဖိတ်စာရောက်တယ်။
နာမည်တပ်ထားတာအရင်ကြည့်လိုက်တယ်...။
အမေ့နံမည်၊အမနံမည်၊တူမလေးနံမည်..ဒါတွေဘဲ...။မယ်ငီး နံမည်တလုံးမှမပါ...:((
အေးလေ..သူများတွေလည်းကိုယ့်ကိုသိမှမသိကြတာ...။
အဲဒါနဲ့ ..ကျမလေ..သိလား..အမျိုးတွေတွေ့ ရင်..နင်တို့ အလှူမလုပ်ဘူးလား..။
ငါ့ဖိတ်ပါဟယ်...အတင်းလိုက်ပြောထားရတယ်...။
အဲဒီအချိန်မှာ ဝမ်းကွဲ မောင်(အင်း..ရက်ပိုင်းခြားတယ်လို့ ပြောကြတယ်၊သူကကြီးလားကျမကအကြီးလား
ဆိုတာတောင်မေ့နေတယ်) ...မိန်းမခလေးမွေးတယ်။
ဒီမှာလေ..မီးနေချိန်မှာ သွားမကြည့်၊မလည်ထားဖူးဆိုရင်၊ ကင်ပွန်းတပ်မဖိတ်ဘူးတဲ့ဆရာ...။
ဒီမှာလေ..မီးနေချိန်မှာ သွားမကြည့်၊မလည်ထားဖူးဆိုရင်၊ ကင်ပွန်းတပ်မဖိတ်ဘူးတဲ့ဆရာ...။
အဲဒါ ဆေးရုံကဆင်းပြီး ကင်ပွန်းတပ်ခါနီးမှာ ကမန်းကတန်း(တနင်္ဂနွေနေ့ )မှာ သွားလည်ရသေးတယ်..။
ကိုင်း...ကင်ပွန်းတပ်ပွဲ..သွားတာပေါ့။မနက်ရနာရီခွဲဆိုရင် အိမ်မှာအလုပ်သမားတွေရောက်ပြီလေ...။
စောစောသွားရမယ်...။ကြာကြာအာလူးဖုတ်နေလို့ မရဘူး...။
ဒီကပွဲတွေဆိုတာလည်းအစောကြီးလုပ်လေ့ရှိတယ်။ ဘုန်းကြီးကိုအာရုံဆွမ်းဘဲကပ်တာများတယ်။
ဆောင်းချမ်းချမ်း ဆိုင်ကယ်တဝှီးဝှီးနဲ့ လေတိုးလိုက်တာ..။
ရောက်တာနဲ့ တိုးခွေ့ ပြီးတန်းထိုင်စားတော့တာဘဲ..။အားလုံးက ဝိုင်းပြီးနှုတ်ဆက်တာ ပေါ့။
ခပ်မှောင်မှောင်...မှာဖုံးနဲ့ ဘဲကမန်းကတန်းရိုက်ရတာ...။သူတို့ ကအော်ဟစ်နေကြတယ်။
ဒီကလည်းမြန်မြန်စားနေရတယ်လေ...။ထုံးစံက ဧည့်သည်တွေအရင်စားတာ..:))
ကျမက ဆွေမျိုးရင်းဖြစ်ပြီး ဝင်တီးနေလို့ ..အဟဲ..။
တွေ့ လား..မဲမဲကြီးက နမ့်ပူ(လယ်ဂဏန်းထောင်း)၊သူ့ နဘေးက ကောင်းကောင်းမသဲကွဲဘူး..၊
အဲဒါက ခရမ်းချဉ်သီးထောင်း..။ခပ်နီနီလေးက ခိ့ပါ(ငါးအစိမ်းကိုတကောင်လုံးတောက်တောက်စင်းပြီး၊
ရှမ်းအမွှေးအကြိုင်အရွှက်ပေါင်းစုံနဲ့ အချဉ်တည်၊ပြီး ပြန်ကြော်ထားတာ)၊ဆားငံဘဲဥ၊ကြက်သားကင်..၊
နောက်..ခေါက်ဆိန့် ပေါ့....
နောက်..ခေါက်ဆိန့် ပေါ့....
ကျမရဲ့ ခေါက်ဆိန့် ပန်းကန်...ကောက်ညှင်းလေးနဲ့ ခိ့ပါတို့ ၊တချက်လောက်ဝါးပြီး ခေါက်ဆိန့် တကော်
လောက်၊ပါးစပ်ထဲရှလွတ်...ဟား...ဟိုက..မယ်ငီး၊ဒီက ဘယ်တုံးကရောက်လဲ၊ဘာလဲညာလဲပြောနေကြတာ.။
လောက်၊ပါးစပ်ထဲရှလွတ်...ဟား...ဟိုက..မယ်ငီး၊ဒီက ဘယ်တုံးကရောက်လဲ၊ဘာလဲညာလဲပြောနေကြတာ.။
ကျမလည်း ပါးစပ်ကပလုတ်ပလောင်းနဲ့ ..ဟီးဟီး..။
ကူတဲ့နေ့ ကဘာလို့ မလာလဲ..ဆိုပြီးပေါင်တွင်းကြောလာလိမ်တဲ့ ကြီးဒေါ်လည်းရှိသေးဗျား...။
မအားလို့ ပါ..အခါတသောင်းလောက်ရှင်းပြပေးပြီး၊ အားနာပါးနာနဲ့ ခလေးကိုတချက်ဓါတ်ပုံရှိက်ခဲ့ပါတယ်။
အောက်ထပ်အပြင်ဖက်မှာ ပြင်ဆင်နေတာဓါတ်ပုံရိုက်မလို့ ၊ကင်မရာထုတ်ချိန်တောင်မရှိဘူး..ဝိုင်းအော်
နေကြတာနဲ့ ၊ တာတာ...ဆိုပြီးဆွေမျိုးတသိုက်ကြားထဲကနေလွားကနဲလွားကနဲ..ထွက်ပြေးရတာပေါ့..။
ဟူး...စားထားတာလေးတွေတောင် ထမင်းလုံးစီရသေးဘူး...၊အိမ်မှာကြားကြားယားယား..လုပ်ရပြီလေ။
ရှမ်းလို စေ့ပ်ဂျိုင်းတာ..ဆိုတော့ ဇာတာဆက်တာပေါ့..ကဲ..ဒီလိုဘဲမှတ်ထားလိုက်ပါ..။
ဒီက ခဏခဏ စေ့ပ်ဂျိုင်းတာ လုပ်ကြတယ်..။ လန်းနားရှမ်း၊ဂုံရှမ်းထုံးစံပေါ့..။
ဘုန်းကြီးက ပရိတ်ချည်ကြိုးကို စေ့ပ်ဂျိုင်းတာလုပ်တဲ့သူထိုင်တဲ့အပေါ်မှာ( ညောင်ထောက်တဲ့တိုင်၎ တိုင်ကို အလယ်မှာစုထားတဲ့ပုံစံ လုပ်ထားပြီး၊အဲဒီမှာကြိုးကိုအရစ်ရစ်ပတ်ထားတယ်) အားလုံး ပတ်ထားပြီး၊
အဲဒါကိုဝိုင်းကိုင် ပြီးဘုရားစာတွေရွှတ်ဖတ်ကြတာလေ...။
ကျမရောက်တော့ နဲနဲနောက်ကျသွားတယ်..။ဘုန်းကြီးတောင်အာရုံဆွမ်းဘုန်းပေးပြီးပြန်ခါနီးပါပြီ...။
ဓါတ်ပုံနဲ့ တကွမရှင်းပြရတော့ ဘူးပေါ့ရှင်...။ နောက်တခါနော့်...:)
ကဲ..ကျမအဒေါ်တွေကြီးကြီးတွေက စားနေပြီ...။ခေါက်ဆိန့် နဲ့ ကောက်ညှင်းပေါင်း နမ့်ဖစ်ပေါ့...။
ရောက်အောင်သွားပြီး (ဖုံးနဲ့ ပါဘဲ) မှတ်တမ်းလေးတင်ခဲ့ပါတယ်...။
ငယ်သူငယ်ချင်းက ရွှေပဲရွှက်ထဲ့တာဝန်ယူပါတယ်...။
ခေါက်ဆိန့် တောင်းတွေနဲ့ ရွှေပဲရွှက်....လင်ပန်းတချပ်ကို ၃ စီပန်းကန်ထဲ့ပါတယ်။
မုန့် ဖတ်ကအေးနေတော့ ဟင်းရည်နဲ့ နွေးပြီးပျော့အောင်လုပ်တဲ့သဘောပါ..။
ငါတို့ ကိုကျတော့ ဓါတ်ပုံမရိုက်ပေးဘူးလား..တဲ့...။ကဲ...ကြည့်ကြပါအုံးရှင်..ဟင်းရည်အိုးကြီးနဲ့ 
အန်တီကြီးတွေ..။
(စကားမစပ်..အဲ့ဒီအိမ်ကိုကျိုင်းတုံမှာတာဝန်ကျဖူးတဲ့အစိုးရ ဝန်ထမ်းတော်တော်များများသိကြတယ်။
အထူးသဖြင့်စစ်တပ်ကလူတွေပေါ့...ဟောင်ကောင်သားရောင်းတယ်လေ...ဟောင်တဲ့အကောင်လေ..:)))
စားရင်ဌက်ဖျားကာကွယ်တယ်ဆိုလား....) လူတွေတရုန်းရုန်းနဲ့ ပေါ့....
အပေါ်က ကိုရင်လေးတွေကိုကပ်မဲ့ဆွမ်းပွဲ....
ရေစက်ချတာ..ကြေးသွန်းရေစက်ချခွက်နဲ့ က ကျမအဒေါ်...။
နောက်တခုကျတော့ အမေ့ဓမ္မမိတ်ဆွေ..ရဲ့ သားမင်္ဂလာဆောင်။
အိမ်လာဖိတ်တော့ခပ်တည်တည်နဲ့ မေးလိုက်တယ်..သမီးလည်းလာလို့ ရလား..ပေါ့...။
စားပွဲဝိုင်းတခုကို ၁ဝယောက်ထိုင်ရတဲ့ တရုတ်ထုံးစံစားပွဲဆိုတော့ ကျမတို့ ကဆွေမျိုးတသိုက်နဲ့  ချိန်းပြီးသွားတာပေါ့။တူမလေးနဲ့ ညီမ အမတွေက ကျမဓါတ်ပုံရိုက်တာကိုရှက်လို့ တဲ့..အတင်းဆွဲကြတယ်..။
ဝက်စတူးဟင်း...တဲ့...။
မြို့ သစ်ကလိရှမ်းခန်းမကြီးမှာ...ပါ...။
ကဲ...ယူနန်တရုတ်ဟင်းခေါ်မလားဘဲ....ရောက်လာပါပြီ...။
ဆိုင်ကယ်တဝှီး..ဆိုပြန်လှန်နေတာဘဲ...အဟဲ..ဆံပင်ပုံစံပြောတာပါ...။
ခရစ်မမတ်ရောက်တော့ အမဝမ်းကွဲက စားကြောတခုကနေပြန်လာပြီးပြောပါတယ်။
ကျမရဲ့ ဆရာမတယောက် အပြင်ရောက်တာ ၂ရ နှစ်လောက်ရှိပါပြီ.။ထိုင်းမှာ ကျမနဲ့ တခါဆုံဖူးတယ်။
အဲဒါပြန်ရောက်ပြီး ကျမငီးငီး..ကိုမေးနေတယ်တဲ့...။
မဖိတ်ပေမဲ့သူ့ ကိုချစ်ရင် ဒီကောင်မလေး လာရမယ်ဆိုဘဲ....။
ဟား..အပြေးကလေး..ပေါက်ချသွားတာပေါ့...။ဆရာမအိမ်နဲ့ ကျမတို့ က..နဲနဲဝေးတယ်။
ရောက်တာနဲ့ ခေါက်ဆိန့် ဇလုံကြီးကိုလည်းကြည့်ပါအုံး..အယ်စတုံ...:))
ဟော..တပုဂံလုံးကုန်ခဲ့ပါတယ်....ရှလွှတ်...ကောင်းမှကောင်း...။
ဆရာမဒေါ်ခင်တင့်ဟိန်း...ကိုလည်း...ချစ်မှချစ်...။
ဟော....နောက်တူမလေးတယောက် မောင်ဂလာဆင်..မင်္ဂလာဆောင်ပြန်ရော.....ဝါးတီး....ဟီးဟီး..။
ကောင်မလေးက အော်စီမှာကျောင်းတက်ရင်း..မြို့ ကပါဘဲတရုတ်ကောင်လေးနဲ့ တွေ့ ...တာတဲ့...။
ဒီတော့တရုတ်ဟင်း...ပေါ့..တရုတ်ဘုံကျောင်းမှာလေ...။
ဘာဟင်းတွေမှန်းတောင်မသိပါဘူး...။
ခြေမြန်လက်မြန်အသင်းဝင်တွေဆိုတော့ (ဆွေတော်မျိုးတော်တသိုက်လေ)..အလျင်မှီအောင်ဆွဲရတယ်။
ထိုဖူးဟင်းက တမျိုးလေးဘဲ...စုံအောင်မရိုက်နိုင်ပါဘူး...ခပ်သွက်သွက်လေးဝါးခဲ့တာပေါ့...:)
နောက်တခါ..ကျမဆရာမလည်းဟုတ်၊အမျိုးလည်းတော်တဲ့ ဆရာမတာမွန်း ဆီလည်လည်သွား၊
ရှမ်းဖြေဆေးတွေတောင်း၊ခေါပုတ်၊ရေညှိ၊ရှမ်းမုန့် ကြွတ်တွေ..အများကြီးမလာခဲ့သေးတယ်။
ရှမ်းဖြေဆေးတွေတောင်း၊ခေါပုတ်၊ရေညှိ၊ရှမ်းမုန့် ကြွတ်တွေ..အများကြီးမလာခဲ့သေးတယ်။
ခြေတော်ရာစေတီမှာဘဲ..ရှမ်းဘုန်းကြီး..အာပတ်ဖြေ..ပွဲ..အယ်..ဒီလိုဟုတ်သေးဘူး..။
ဒီလို တနှစ်တခါ ကျိုင်းတုံမြို့ နယ်တခုလုံးမှာရှိတဲ့ ဘုန်းကြီးကျောင်းက ပွဲကျင်းပမဲ့သတ်မှတ်ထားတဲ့နေရာမှာ
တဲထိုးနေပြီးစုပေါင်းတရားစာတွေရွှတ်ဖတ်နာကြား၊တရားတော်တွေဆွေးနွေးကြတာလေ...။
တဲထိုးနေပြီးစုပေါင်းတရားစာတွေရွှတ်ဖတ်နာကြား၊တရားတော်တွေဆွေးနွေးကြတာလေ...။
တမြို့ လုံးလာသမျှလူတွေကို ထမင်း ကျွေးတယ်..။
အယုတ်အလတ်အမြတ်မရွှေး၊အထူးသဖြင့် တောင်းရမ်းစားသောက်တဲ့သူတွေရောဝင်ထိုင်စားလို့ ရပါတယ်။
ဟင်းတွေကအစုံဘဲ...ကျမတို့ ရောက်တော့နောက်ကျနေပြီ၊အိမ်ကအလုပ်သမား ထမင်းစားနားချိန်မှာပြေးသွားရတာလေ..။ဟင်းအိုးထဲမှာ..ဟင်းတွေမရှိတော့ဘူး..။
ကျမခပ်တည်တည်နဲ့ သူများစားနေတဲ့စားပွဲတွေကိုလှည့်ပတ်ကြည့်ပါတယ်။
တချို့ ကဟင်း ၂ပွဲယူထားတယ်လေ...။စားတော့ ၂ယောက်လောက်ဘဲ...။
သွားတောင်းပါတယ်(အရှက်ကိုမရှိ ပါဘူး...:P) နဲနဲလောက်မျှပါလား ကျမလည်းစားချင်လို့ ပါလေ၊ ဆိုပြီးတော့ပေါ့..။ညီမလေးဝမ်းကွဲက အတင်းလိုက်ဆွဲတယ်...ဘာရမလဲ..မယ်ငီးကွ..။
ပြည့်စုံတဲ့ထမင်းဟင်းဝိုင်းလေးနော်...။
နောက်တော့ ကျမကိုတွေ့ တာနဲ့ သူများတွေ ဟင်းလာပို့ ပါတယ်..။
အဟီး...မျက်နှာပြဲမျိုးကွ..အဲ..မျက်နှာကြီးမျိုး...ဗျ....
ဘုန်းကြီးကျောင်းအရည်အတွက်လိုက်ပြီး အလှူခံခွက်ထဲ အလှူငွေထဲ့...။
ကျမတို့ ဆီကဘုန်းကြီးကျောင်းတွေသွားရင် ထမိန်၊လုံချည်ဝတ်ကိုဝတ်ရတယ်။
ရန်ကုန်မှာ..အင်း..ဒီမှာလည်းတွေ့ ဖူးတယ်..။
ဘုန်းကြီးကျောင်းလာတာ..လက်ပြတ်၊ဂျိုင်းပြတ်နဲ့ ညအိပ်ဝတ်လိုပုံစံဂါဝန်ကြီးနဲ့ ၊စိတ်ပျက်စရာ...။
ဟိုမှာဆိုအသေကဲ့ရဲ့ ကြမှာ..မိဘကမသွန်သင်ဘူးလားလို့ ပြောမှာဘဲ...။
ယဉ်ကျေးမှု့ မတူတာများလားမသိပါဘူး...လေ..။
ကျမတူမလေးက ဝက်သားချဉ်မစားရလို့ စိတ်ကောက်တာ..ဝယ်ပေးရတယ်လေ...။
ကိုင်းဒေါ်ကြီးတွေလည်းပြန်ပြီ...။
သုံးဘီးပေါ်တက်..အိမ်ပြန်မယ်...။
ကျမလည်း ဒီတခါတော်တော်လေရှည်သွားပါတယ်...။
ကျမရေးမယ်ပြောမယ်နဲ့ ...ဂတိတွေပေးထားပြီး ကြောင်တောင်ကြီးနဲ့ မေ့နေတာလေ...:)
ဆက်လက်ကြိုးစားအားထုတ်ပြီး...အာလူးတွေတလှေကြီိးုပေးအုံးမယ်နော်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~~
မီးမီး
အဲ့အိမ်က ခေါက်ဆင့်က ဟောင်ကောင်သားနဲ့လား မမီးငယ်... ဟိ..
ReplyDeleteကျိုင်းတုံ အစားအစာတွေ ကြိုက်တယ်
ဟောင်ကောင်သားချက်တတ်တဲ့ဦးလေးကအရမ်းအိုသွားပြီ၊
Deleteသူတို့ အဲ့စီးပွားရေးမလုပ်တာကြာပေါ့...တဲ့
:)))
တပွဲလောက်တော့မီးမီးနဲ့ ကပ်လိုက်ပြီးနွှဲလိုက်ချင်ပါဘိ....း)
ReplyDeleteအိုင်အိုရာ
နောက်တခါသာလိုက်လာဖို့ အဆင်သင့်ပြင်၊
Deleteစားကြောတွေတထောကြီးဆင်ထားတယ်..:P
စုံပလုံစိနေတာပဲ မမီးရေ...အကုန်လုံးကိုဖတ်သွားကြည့်သွားသရေကျသွားပါတယ်...မစားရတာကခက်တယ် တကယ်ပဲ ..။
ReplyDeleteနေ့ လည်ခင်းအိမ်မက်ထဲမှာဘဲစားလိုက်ပေါ့ကွယ်...
Deleteဒါနဲ့ မိုးငွေ့ ကျိုင်းတုံဘုန်းကြီးကျောင်း(ရန်ကုန်မှာရှိတယ်)၊
လပြည့်လကွယ်နေ့ တွေမှာသွား...
သေချာတယ်..စားစရာတွေတပုံတပင်ကြီး..
ဘာရွှေးစားရမှန်းတောင်သိတော့ဘူး..
အဲကွန်းအခန်းထမင်းစားဆောင်မှာဒူးလေးနန့် ပြီးတီးလို့ ရတယ်။
:))))
ကွယ် သည်တစ်နွေတော့ ရှမ်းပြည်ဘက်ကို သွားဖြစ်အောင် သွားဦးမှပါပဲ...ပုံတွေကြည့်ရတာနဲ့တင် မရိုးမရွဖြစ်လာပြီ...သူရို့မင်္ဂလာဆောင်ကလည်း အနိပ်သား...စားစရာတွေ တပုံတပင်နဲ့...သည်ပြည်နယ်မှာဖြင့် မင်္ဂလာဆောင်လိုက်တိုင်း ရေခဲမုန့်နဲ့ ကိတ်...မစားဘဲနဲ့ ပြန်လာခဲ့ရတာချည်း...
ReplyDeleteဦးဟန်ကြည်ရေ့ ...
Deleteတကယ်လာခဲ့ပါ..ကျမရှိနေရင်(ထွက်ပြေးပြီးပုန်းနေမှာ..အဲ..:P...)
အော်..ပိုကောင်းတာပေါ့နော့်..အစုံလိုက်ပို့ မှာပါ...
မင်္ဂလာဆောင်တွေကဟင်းပွဲအနဲဆုံး ၅မျိုး ကနေ ၇မျိုး ၉မျိုး၊
ဒီလိုကျွေးကြတယ်..။ အရင်ကဆို ၁ဝ မျိုးဗျ....။
တောင်ကြီးမှာ တခါကြုံဖူးတယ်။
သူငယ်ချင်းမင်္ဂလာဆောင်သွားတာ..
အိမ်ကိုထမင်းပိုမချက်နဲ့ ပြောပြီးသွားတာ၊
ဟိုကျ..မုန့် နဲ့ ကာဖီတဲ့၊မုန့် ကလည်းခွဲတမ်းရှိသေးတယ်..။
ပထမဦးဆုံးအတွေ့ အကြုံပါဘဲ..အိမ်ပြန်တော့၊ ညဈေးကရှမ်းဆိုင်မှာထမင်းဝင်စားပြီးပြန်ရတယ်....
ဟားဟား.....ဓလေ့ထုံးစံ...မတူကြတာတွေနော်...
ဂလု..ဂလု..မမီးနဲ့  အတူ အပြေးအလွှားလိုက်ပြီး စားရတာ မောလိုက်တာ..း) ရှမ်းအစားအစာတွေက ကောင်းမှကောင်းပဲ ...ဒီတခေါက် မြန်မာပြည်ပြန်ရင် ကျိုင်းတုံဖက် သွားလည်ဦးမှ..ရှမ်းတွေက ဘာသာတရား ကိုင်းရှိုင်းတယ်..များများရေး မမီး..ဒါမှ ရှမ်းစာ၊ ရှမ်းဓလေ့တွေ သိရမှာ..းP
ReplyDeleteနဲနဲပါးပါးသိတာလေးတွေကို...၊
Deleteအရာကြီးလုပ်ပြီးပြောပြကြည့်တာလေ..အဟဲ..။
လာခဲ့..မိတ်ဆွေတွေအားလုံးကို အလည်ခေါ်ချင်တယ်။
ကျွေးချင်တယ်..ပျော်စရာကောင်းတဲ့ မွှေးရပ်မြေကိုပြချင်တယ်..
တကယ်ပါ..
း))
ReplyDeleteအိုင်အိုရာ
တကယ့်တကယ်ကြီးကို...
Deleteပြောတာနော့်...
;P
Daw Mee Yae!
ReplyDeleteI'm really interested about your ခေါက်ဆိန့် ဂျိန်း(မ်).
You used to say that"ကျမရဲ့ ခေါက်ဆိန့် ပန်းကန်...ကောက်ညှင်းလေးနဲ့ ခိ့ပါတို့ ၊တချက်လောက်ဝါးပြီး ခေါက်ဆိန့် တကော်လောက်၊ပါးစပ်ထဲရှလွတ်..."...woh.......I really love that taste and planning to try to cook but I don't know how to.
Can you tell me how to or can you reference some other link......
By the way you should be a presenter who perform Shan
Traditional Food Program...
With Love..
Hi dear....
ReplyDeleteကျိုင်းတုံမုန့် တီချက်တဲ့သူတွေအများကြီးတွေ့ တယ်။
တချို့ အဲဒီဇာတိမဟုတ်ပေမဲ့လည်း၊
အရမ်းကြီးကောင်းအောင်ချက်နိုင်တယ်။
(ကျမထက်သာတာတော့အမှန်ဘဲ..ဟီး)
အဲဒီအထဲမှာမှ..ကျိုင်းတုံသားတယောက်ချက်ပြတာ၊
အဆင့်ဆင့်..စားချင်စရာလေး...။
ကျမကတော့ချက်တာထက်စားပြတာအန်မတန်တော်တာပေါ့ရှင်...:P
ကဲ...သူ့ နည်းလေးဘဲယူထားလိုက်ပါအုံး...
နောက်မှကျမချက်ထားတာတွေမွှေနှောက်ရှာပြီးအာလူးလာဖုတ်ပါအုံးမယ်..
http://chenaddy.blogspot.com/2011/04/blog-post_28.html
Thanks...:)
Deleteရေညှိပဲပုတ်ချတ်ကြော်လေး စားချင်လိုက်တာ
ReplyDeleteကိုရီးယားရေညှိပြားများ ဘာဟုတ်လဲ.. ကိုယ့်ဆီမှာ ရိုးရာအစာတွေ ဒီလောက်များတာ
ရေညှိကိုကျမတို့ ဖက်ကအမျိုးမျိုးလုပ်စားတယ်။
Deleteအစိမ်းလိုက်သုတ်တာရော၊ကြော်တာရောဘဲ..။
ရေညှိပြားခြောက်ကိုကင်ပြီး၊
ကောက်ညှင်းပေါင်းနဲ့ စားရင်၊အန်မတန်ကောင်းပေါ့ရှင်..:)
MeeNage
ReplyDeleteI am sure you are No.1 eating machine who got unbelievable appetite. Gee... keep eating.
Haha...KKT...
Deleteyou are the only one who know me in real world.
I want to ignore outside world,so I create my own place here and I am happy to share all my happy events sure including eating.
The other topic are away from my skill :P
you better give your time to visit my blog ...ok
Take care my friend....