Wednesday, June 19, 2013

အိမ်စဆောက်ကြမယ်ဆိုရင်....

မင်္ဂလာပါရှင်~~~~

ကျမတို့မြို့ကဆောက်ကြတဲ့ပုံစံ နဲ့အတွေ့အကြုံ့ကိုအာလူးပေးရအုံးမယ်လေ...:)
ကဲ..အိမ်ဆောက်တော့မယ်ဆိုရင် ပထမဆုံးလုပ်ရမဲ့အလုပ်က၊မြေစာရင်းရုံးမှာ
ပုံစံ ၅ ဆိုတာထုတ်ရပါတယ်။ ပြီးအိမ်ကပ်ရပ် တောင်မြောက်ပေါ့ဗျာ၊
သူတို့ကကန့်ကွက်ခြင်းတစုံတရာမရှိပါဘူးဆိုတဲ့
ဆိုင်းထိုးပေးထားတဲ့စာကိုယူ
မြို့နယ်စည်ပင်ရုံးမှာ၊အိမ်ဂရန်ရယ် တခြားစာရွှက်စာတမ်းတပုံတပင်
နဲ့အိမ်ဆောက်ဖို့စာတင်ရပါတယ်။စည်ပင်ရုံးမှာ တင်ထားတာဘယ်တော့ကျမလဲဆိုတာ
အဓိကမကျပါဘူး..။တချို့လည်းစာကျမှဆောက်တယ်။တချို့လည်းစာမကျလည်းဆောက်တယ်။
လာစစ်ရင်ဒဏ်ဆောင်ရုံပါဘဲ။အိမ်ပုံစံက ကိုယ်ဘယ်လောက်ဘဲ မိုးပျံနေအောင်ဆွဲထား၊
ဘယ်အင်ဂျင်နီယာနဲ့ဆွဲဆွဲ၊ စည်ပင်ရုံးက ဆွဲပေးတဲ့ဟာနဲ့ဘဲတင်ရပါတယ်။
ပုံဆွဲခက တော့ သိန်းဂဏန်းပေးရပါလိမ့်မယ်။စာတင်တဲ့အချိန်မှာပုံစံမပြီးလည်း ဆောက်မဲ့၊
အတိုင်းအတာအလျားအနံကို ပြောလိုက်လည်းရပါတယ်။ ကိုယ်တော့ ခပ်တည်တည်နဲ့40x80 ၂ထပ် ပတ်ကား...ဟင်းဟင်း...တပြားမှမလျော့ခဲ့ပါဘူး။(အဲဒီအတိုင်းတွက်ပြီး ကျမကို စည်ပင်ခွန်လာတောင်းတာ၊
နှာတောင်နှပ်ယူရမလောက်ပါဘဲ..အဟိ သိန်း ၃ဝနီးပါး...ဆရာရေ့..)
၃ ထပ်နဲ့အထက်ကိုတော့ နေပြည်တော်မှာတင်ရပြီး စာကျမှစဆောက်ကြတာများပါတယ်။
တချို့က ၂ နှစ်နီးပါးတောင်စောင့်ရတယ်လို့ပြောပါတယ်။

ကျမတို့အိမ်ဂရံရဲ့မူရင်းအစ ကတော့ စော်ဘွားကအဖိုးကိုပေးတဲ့အတွက်၊ရုံရှမ်းဘာသာစာနဲ့စော်ဘွားရုံး
တံဆိပ်တုံးနဲ့ဘာနဲ့ဒီလိုစာရွှက်လေးပါ..။ပြီးမှ ဒီအစိုးရရဲ့အိမ်ဂရန်ပုံစံပြန်ထုတ်ထားပေးတာပါ။
အိမ်က အရင်စော်ဘွားဟော်အသေးတခုရဲ့အိမ်ပေါက်ဝတည့်တည့်နေရာလေးပေါ့။
ရှေ့ပေ ၄၀ နဲ့အရှည် ပေ၁ဝဝ ရှိပါတယ်၊ရှေ့ကနေခပ်စောင်းစောင်းကြီးကျယ်သွားလိုက်တာ၊
အနောက်မှာ ပေ ၅ဝကျယ်ပါတယ်..။ပေစောင်းစောင်းပုံစံ(မယ်ငီးလိုနေမှာပေါ့ဗျာ...) အိမ်လေးပါ။
ကျမကဆောက်မယ်ဆိုတော့ စိတ်ကူးယဉ်ပြီး အခန်းတွေဖွဲ့၊ပုံစံတွေဆွဲ....ကျကျနနပေါ့ရှင်..ယူသွားတယ်။
မြေအလွှတ်ကိုမရှိသလောက် စိတ်ကူးနဲ့ဆောက်ထားပြီးသား...။
ဟိုရောက်တော့ တောင်မေးမြောက်မေးနဲ့စာရွှက်ကို ကမန်းကတန်းချောင်ထိုးထားလိုက်ရပါတယ်။
ဘတ်ဂျက်က ရှိသေးတယ်လေ..။အချိန်ကော..အိုး..အများကြီးပါ..၊ဒါပေမဲ့ မယ်ငီးဆိုတော့
plan A,B,C,D...ဒါတွေအဆင်သင့်ပြင်ထားရတယ်လေ...။


ဆရာများစွာခေါ်ပြီးသကာလ ခြေတိုလူပန်းလောက်မှ ကျမ  plan C လောက်မှာ ကီးကိုက်သွားပါတယ်..။
A ကသိန်းထောင်ကျော်တယ်..ပယ်..။(ကျမအတွက်ရှင်းရှင်းလေးဆိုပေမဲ့ပေါ့) B ကသူတို့ခေါင်းသိပ်စား
တယ်.ပယ်ပေါ့..။ဒီတော့ C တယ်ကွာ...ဘာဖြစ်လည်း..နော့်..။
နည်းပေါင်းမြောက်များစွာရှိတဲ့အထဲက သူဌေးကန်ထရိုက်လို့လည်းခေါ်ကြတဲ့ပစ္စည်းဝယ်ပေး၊
လက်ခကို ကျင်းနဲ့ရှင်း ...ဆိုတဲ့နည်းကို လက်ကိုင်ထားပြီး နယ်ခံအလုပ်သမားအများဆုံးရှိတဲ့၊
အာခါလူမျိုး
ဆရာတယောက်ကို တာဝန်ပေးလို့လုပ်ငန်းစလိုက်ပါတယ်။

ဒီနေရာမှာကျမတခုပြောပြချင်ပါတယ်...။
ကျမတို့အခေါ် ဗမာ(ပြည်မကလာတဲ့သူကို ကျမတို့ဒီလိုဘဲခေါ်ကြပါတယ်) ကန်ထရိုက်တာတွေ၊
ပြီးအောင်မဆောက်ဘဲနဲ့ပိုက်ဆံအားလုံးထုတ်ပြီးလစ်သွားတာ အများကြီးရှိပါတယ်။
ဒါကြောင့် ဒီကလူတွေ မန့်ဆိုတဲ့ဗမာတွေကိုကြောက်ကြပါတယ်။
ဒီဆောက်လုပ်ရေးလုပ်ငန်းကြီးဘယ်လောက်တောင်ကြီးမားလာသလဲဆိုတော့...၊
ကျိုင်းတုံမှာ အလုပ်သမားရွှာဆိုပြီးတောင် မြို့ပြင်ဖက်မှာ ကျုးကျော်ရွှာတွေရှိတယ်။
ပြည်မကလာတဲ့သူတွေပေါ့..။ရွှာထိပ်မှာမနက်ဆိုထမင်းထုတ်လေးတွေကိုင်ပြီး ထိုင်စောင့်နေကြတာ၊
ကားတစင်းဝင်လာရင် အလုပ်သမား ဘယ်လောက်လိုတယ်အော်လိုက် ကားပေါ်ခုန်တက်ကြတာပေါ့...။
ပြီးမှ မြို့ထဲကိုလိုက်လာကြတယ်လေ...။ငယ်ငယ်ကကြည့်ဖူးတဲ့ဟောင်ကောင်ဇာတ်ကားတွေလိုပါဘဲ..။
အခြေခံအလုပ်ကြမ်းသမားတယောက်ရဲ့နေ့တွက်ခ ၅ဝဝဝ ရှိတယ်၊ ခလေးတွေမိန်းခလေးတွေဆိုရင်
၄ဝဝဝ ရတယ်တဲ့။ပန်းရံ၊လက်သမားတွေကတော့များပါတယ်၊တနေ့ကို ၁ဝဝဝဝ နီးပါးရကြတယ်။
(ဒါက ကျမစဆောက်တဲ့ ၂၀၁၂ အောက်တိုဘာလ ဈေးနူန်းနော်..ခုတော့ဘယ်လောက်လဲမသိဘူး..)
 
ဒါကြောင့်ပြည်မကလူတွေ နယ်စပ်ကိုတအားဆင်းလာကြတာပေါ့ရှင်...။
လူလာတာ အရေးမကြီးပါဘူး၊အကျင့်ဆိုးတွေဘယ်လာတာကတော့တကယ်စိတ်ပျက်မိပါတယ်။
သူတို့တွေအလုပ်လုပ်ရင်းတယောက်နဲ့တယောက်အော်ပြောနေကြတာ၊ပုဆိုးအောက်စကားကနေ၊
မတက်ပါဘူး :(  (မှန်မမှန် အဖေ့ဘုတ်အုတ်ဆိုတာ ခဏသွားကြည့်တာနဲ့တွေ့ရပါလိမ့်မယ် :P )
နောက်ပိုင်းကျမဆီမှာအလုပ်လုပ်ကြတဲ့ အလုပ်သမားတွေပြောပြတာတွေ သူတို့ခံစားချက်တွေ၊
ဆက်ရေးပါအုံးမယ်။ ကျမက အတန်းပညာထက်အတွေ့အကြုံနဲ့ဆောက်ပြီး ရိုးသားတဲ့
အာခါလူမျိုးဆရာတယောက် နဲ့စကားပြောတော့ သူကတကယ်ရိုးရိုးအတိုင်းပါဘဲ။
သူမသိရင်မသိသလိုသူမတတ်ရင်မတတ်တာဘဲပြောပါတယ်။နောက်တော့ကျမသူ့နဲ့ဆောက်တာပါ။




မမနဲ့တူမလေး အမေ့ကိုခေါ်ပြီးရေချိုးမလို့သွားတာအဲဒီအချိန်ကဒုက္ခရောက်လိုက်တာမပြောပါနဲ့

မိုးလေးရွှာလိုက်တာနဲ့နောက်ဖက်တခါသွားရင် ဒီလို ပြဲစိ..:P
သူ့အရင် ဆရာကြီးများတွေနဲ့စကားပြောတာ ကိုယ်ဆောက်ထားတဲ့အိမ်အကြောင်းထက်၊
သူများဆိုရင်ဘယ်လို ဘယ်ဝါပြောတတ်တဲ့သူတွေချည်းချည်းဘဲတိုးတယ်။ကျမက ဖေါက်သည်လေ..
အဲဒါကို ပိုက်ဆံဘယ်လောက်တတ်နိုင်လဲ၊ အဲဒီလောက်ဆိုရင်  မဆောက်နိုင်ပါဘူး..ဆိုပြီးသူများကို
အထင်သေးတဲ့ကျောင်းပြီးခါစလူငယ်အုပ်စုနဲ့လည်းတွေ့ခဲ့ပါသေးတယ်။သူတို့ဘယ်လိုဖေါက်သည်
ရှာမလဲဆိုတာ ၊ကျမစဉ်းစားနေတာ.. ကျမကစိတ်မဆိုးတဲ့အပြင်သနားနေမိသေးတာ။
မန့်တယောက်ကတော့ ကျမအတိုင်းအတာကိုမှတ်သွားပြီး ပုံစံကြမ်းထုတ်လာတယ်။
ကျမသူ့နဲ့ဆောက်မယ်လို့လည်းဘာမှမပြောရသေးဘူး...။၃၅ဝဝဝ အတင်းတောင်းတာပါဘဲ...။
ကဲ...မန့်လေ တနပ်စားဉာဏ်နဲ့ဘယ်လိုကြီးပွားမလဲ.။
အိမ်၂ ထပ်ဆောက်တာ အောက်ခြေ(Foundation )တူးရင်
အိမ်ရဲ့အလျားအနံအတိုင်း ၁ထပ်တွက် ယူတယ်တဲ့..။ ကဲ..ထုံးစံတဲ့..
ကျမဒီထုံးစံကိုမကြိုက်လို ့တာတာ လုပ်ခဲ့တဲ့သူလည်းရှိပါတယ်။
လမ်းမှာတွေ့ရင် မျက်စောငိးထိုးတယ်ဗျို့..:P
ကမ္မဌာန်းကျောင်းကဆရာတော်မိတ်ဆက်ပေးတဲ့ လူလည်းကောင်းပါတယ်၊
ကွမ်းဝါးလွန်းလို့မကြိုက်ဘူး၊
သူကျမအိမ်မှာ တဖြစ်ဖြစ်နဲ့ထွေးထုတ်မှာသေချာတယ်လေ...။ 
လူရွှေးတဲ့နေရာမှာ အကျင့်စရိုက်က လိုသေးတယ်။
ကိုယ်က သူတို့နဲ့အနဲဆုံး ၆လတနှစ်ဆက်ဆံရမှာလေ။
 
မီးဖိုခန်းနေရာဟောင်းလေးပေါ့...

ကျမရဲ့ဆရာလည်း၊ မယ်ငီးလိုဘဲစိတ်မြန်ပါတယ်။ ညနေ အိုကေလို့အဖြေပေးလိုက်တာနဲ့မနက် ရနာရီခွဲ၊
သူ့လူတွေအိမ်လာပြီး၊ဖျက်ပါတယ်။ အိမ်ဖျက်ခက သပ်သပ်ပါ။ ကျမတို့အိမ်က ၃ ဆောင်ရှိပါတယ်။
အိမ်နောက်ဖေးဆောင်ဖျက်ပြီး ထွက်လာတဲ့သစ်၊သွပ် နဲ့မီးဖိုဆောင် တခုအရင်ဆုံးလုပ်ခိုင်းပါတယ်။
ဘာဖြစ်လဲဆိုတော့ ကျမတို့အဲဒီနေရာမှာ ၆လလောက်နေဖို့လေ..အိမ်မဌားတော့ဘူးပေါ့..။
တွက်ရေးချက်ရေးနော်...။ ကိုယ့်အထွာနဲ့ကိုယ်တွက်ချက်ရတာပေါ့ရှင်...။
ရေတွင်းနဲ့အိမ်သာကြားထဲမှာမီးဖိုချောင်ဆောက်မလို့လေ...
နေရာကျဉ်းတယ်ထင်လို့ဟိုလုပ်ဒီလုပ်နဲ့ဒီလို ပုံကြီးဖြစ်သွားရော...။
ရေတွင်းကိုလည်းငုံပြီးမိုးလိုက်တယ်။
သွပ်၊သစ်၊အုတ်..အားလုံးနီးပါး..အိမ်ဟောင်းကဟာတွေနဲ့ပြန်သုံးထားပါတယ်။
အရင်ကသွပ်တွေက အရမ်းထူပြီး လွှတ်ကောင်းဘဲ...ခုခေတ်နဲ့တခြားဆီ...။

မီးဖိုချောင်လည်းတော်တော်ကျယ်သွားပါတယ်။
(ကျမမိတ်ဆွေများမတော်တဆလာလည်ခဲ့ရင် ကျမကျကျနနချက်ကျွေးလို့ရတာပေါ့နော့်...:P)
အဲဒီအထဲမှာ ကျမတို့မိသားစု အမေ့ကိုကုတင်သေးတခုခင်းထားပေးပြီး၊ကျမတို့ကကွပ်ပြစ်ပေါ်မှာ၊
(ဘုရားစဉ်ရှေ့ကဘုရားရှိခိုးဖို့အဖေလုပ်ထားတဲ့ဟာ) အရမ်းလေးလွန်းလို့၂ပိုင်းပိုင်းပြီးဘယ်ရတယ်လေ..။
အဲဒီအပေါ်မှာ ငါးသေတ္တာဗူးထဲက ငါးတွေလို စီတန်းပြီး တိုးခွေ့အိပ်ကြပါတယ်။


အရင်တုံးကရှေးလူကြီးတွေပြောဖူးတာ၊ကြားဖူးခဲ့တယ်။
ငါတို့ခေတ်က ရွှေတကျပ်သားဘယ်လောက်တုံးက ပေါ့...ဘာညာနဲ့လေ..။
ခေတ်ကာလကို ရွှေတန်ဖိုးနဲ့အချိန်ကိုတိုင်းကြတာ..။
ဒီမှာအိမ်ဆောက်ရင် ကျွန်တော်တို့ဆောက်တာ ဘိလပ်မြေတအိတ်
ဘယ်ဈေးကပေါ့...ဒီလိုလေး..:P

ကျမလည်း ပြောလို့ရပြီ..အဲဒီတုံးက ဘိလပ်မြေတအိတ် ၄၃ဝဝ ဈေး....ပေါ့ရှင်...။
အလုပ်ကြမ်းသမားတယောက် အတွေ့အကြုံမရှိ တနေ့လုပ်ခ ၄ဝဝဝ၊
အတွေ့အကြုံရှိရင် ၅ဝဝဝ-၆ဝဝဝ၊
လက်သမား ၉ဝဝဝ၊
ပန်းရံ ၇၅ဝဝ-၈ဝဝဝ။
အဲဒါကိုတွက်ချက်ပြီးသကာလ တကျင်းဆိုတဲ့ ၁စတုရမ်းပေကို ၃၅ဝဝ ကျပ်နဲ့သဘောတူခဲ့ပါတယ်။
ပစ္စည်းဝယ်ပေးပေါ့..လက်ခဘဲနော်...။
(တချို့က ၄ဝဝဝ တောင်းပါတယ်။ ပစ္စည်းရောလက်ခအပြီးပေါ့ အပြီးအစီးကို
တကျင်း ၆၅ဝဝ ကနေ ၈ဝဝဝ အထိရှိပါတယ်)။

ကိုင်း....ဒါလည်းအစနိဒါန်းလေးဘဲရှိသေးတယ်နော်..... 
လာပါအုံးမယ်လေ...။
ခုထိအိမ်က ပြီးသေးဘူးရှင့်....:P

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~~
မီးမီး

8 comments:

  1. မန့် တယောက်ကတော့ ကျမအတိုင်းအတာကိုမှတ်သွားပြီး ပုံစံကြမ်းထုတ်လာတယ်။
    ကဲ...မန့် လေ တနပ်စားဥာဏ်နဲ့ ဘယ်လိုကြီးပွားမလဲ.။

    Gosh.. What did you do to him?

    ReplyDelete
    Replies
    1. ဟွန့် ...ဘာရမလဲ...
      နောက်ဆုံးတော့ထုတ်ပေးလိုက်ရတယ်လေ..ဟီး :P
      ပြောပါကောလား...
      ဘာမှမသိတဲ့ အူကြောင်ကြားနဲ့ နယ်ပယ်သစ်တခုထဲဝင်လာရင်..
      they ဖုတ်မယ် they ကင်တယ် they ပြုတ်ကြတာပေါ့ကွာ...


      Delete
    2. really? I will call the cop and scare him away. hope this strategy works in Burma.

      Delete
    3. TTW..
      I understand your mind,
      but in our country especially my region
      we are ethic people never ever know that the police can help us :)
      All the people don't want to make connect with police station or army.
      Yes, that is true for us.
      We believe and think until now they all are မန့်  :(((
      May be you stay away from HOMELAND for so long,
      So now you think like other people in the world think "cop" are hero and can help us:)))
      Change is only in word,not in my hometown....:P

      Delete
  2. "၊ရှေ့ ကနေခပ်စောင်းစောင်းကြီးကျယ်သွားလိုက်တာ၊

    May Be....(hote mar par lay....) :) .I prefer your posts which said about all of your native town,traditional foods and your earliest life time...(let's say your adventure part 1 & 2)..so funny...Thanks for new post.....

    ReplyDelete
    Replies
    1. I see...
      You like my adventure!!!
      Thank you very much,I have many many experience want to tell.
      But sometime I feel like may be people don't want to know my အူကြောင်ကျား story ^_^
      Ha ha..OK..Now I am happy,I really want to share my life in Thailand too.I will try to post 2/3 post per week.
      Instead of one post per week.....:)

      Delete
  3. စာရေးကောင်းလို့ တိတ်တိတ်လေးအမြဲအားပေးနေခဲ့တာပါ .. ဒီပိုစ့်လေးမှာတော့ ကော်မန့်လေး ရေးချင်တယ် မမီးရေ ... ပြည်မကလူတွေလာလို့ အကျင့်ဆိုးတွေသယ်လာတယ်တို့ .. မန့်တွေကို ကြောက်ကြတယ်ဆိုတာတွေကတော့ ၀ါးလုံးရှည်နဲ့သိမ်းမရိုက်စေချင်ပါဘူးးး ဘယ်နေရာမှာပဲ ဖြစ် ဖြစ် ကောင်းတဲ့လူနဲ့မကောင်းတဲ့လူဆိုတာဒွန်တွဲနေတာပါပဲအမရယ် ... အဲလိုတွေ ပြည်နယ် ပြည်မ ခွဲခြားပီးစိတ်ထားနေရင်တော့ ဒီပြည်ထောင်စုကြီးလည်း တသက်လုံးဒီလိုပဲဖြစ်နေမယ်ထင်ပါတယ်

    ReplyDelete
  4. ညီမလေး..ရေ
    ကိုယ်တို့ ဆီက ၉၉.၉၉% က ဘယ်သူလာအုပ်ချုပ်ဘာမှမပြောဆိုကြပါဘူး။
    ကိုယ်တို့ နဲ့ အုပ်ချုပ်သူတွေနဲ့ ဘာမှမသက်ဆိုင်သလိုဘဲနေတတ်ကြတယ်။
    ညီမလေး..သိလား..အဓိက ကဘာသာစကားလည်းနားမလည်တော့။ ဘာပြောလို့ ဘာနေမှန်းလဲမသိကြဘူးလေ..။
    လက်ရှိမြို့ မှာအဓိက ရှမ်းဘာသာဆိုပေမဲ့၊တခြား အာခါ၊လားဟူ..ဘာညာ..
    ဒီလိုတိုင်းရင်းသားအုပ်စုငယ်တွေနာက်ထပ်မြောက်များစွာရှိသေးတယ်လေ...။
    (အုပ်ချုပ်သူ)သူတို့ ကောင်းကောင်းလုပ်ပေးခဲ့တာတွေ၊ ရှိကောင်းရှိခဲ့ပါလိမ့်မယ်။
    များသောအားဖြင့်ညစ်စားခံရတော့၊ သူတို့ တွေရင်ထဲမှာ အစွဲကြီးစွဲနေတဲ့အယူအဆ၊
    ကိုတော့ ဖျောက်ပေးနိုင်ဖို့ တော်တော်ကြိုးစားရပါလိမ့်မယ်။
    မန့်  မှမဟုတ်ပါဘူး...။ဟိုး..မိုးကောင်းကင်ထိပ်နီးပါး၊
    ပိုက်ဆံတွေထားစရာမရှိလောက်အောင်...
    ကြွယ်ဝချမ်းသာလာတဲ့ လူတွေလည်းအများကြီးပါ...။
    ဘယ်နေရာကလာတဲ့လူတန်းစားတွေလည်းမသိ၊
    ဗမာစကားလည်းမတတ်၊ရှမ်းလည်းမသိတဲ့လူတွေ၊ကတော့
    မြို့ လည်ခေါင်နေရာမှာသိန်းထောင်သောင်းချီပြီး လုပ်ကိုင်နေထိုင်နေကြတာ...
    ဒါတွေ ဘယ်လိုလုပ်ပြီး တရားဝင်နေထိုင်ကြသလဲ...။
    သူတိုမှာလည်း တရားဝင်လက်မှတ်တွေနဲ့ ဘာနဲ့ ၊
    လုပ်စားသွားတဲ့သူတွေတော့ ပြန်သွားကြပြီလေ..။
    ကျန်ခဲ့တဲ့မြို့ ခံနဲ့ မိုးပျံပူပေါင်းလိုထိပ်ဖျားကလူတွေ၊ဘယ်လိုမှယဉ်လို့ မရဘူး..။
    အကျဉ်းချုပ်တော့ ညီမလေးရေ..ကုန်ဈေးနူန်းတွေ ထိုးတက်သွားတယပေါ့..။
    နောက်ပြီး ကျမဆိုလိုတဲ့ အကျင့်ဆိုးဆိုတာ..အပြောအဆိုပက်စက်တာပါ...။
    နောက်ပြီး..ခိုးမှု့ အိမ်ဖောက် ဓါးပြတိုက် ရာဇဝတ်မှု့ တွေများလာတယ်။
    ဖမ်းမိရင်..မန့် အလုပ်သမားရွှာက..ဘယ်က..ဘာညာ...။
    လိမ်ခံထိရင်...ဇာစ်မြစ်ရှာ.ဒါတွေထဲကဆိုတော့..
    ဒီလိုလေးတွေရှိတယ်...ညီမလေးရေ...

    ပြည်နယ်ပြည်မ ခွဲခြားတဲ့စိတ်ဆိုတာက ကျမတို့ ဆီမှာထက်..၊
    အုပ်ချုပ်သူလူတန်းစားတွေက ပိုခွဲထားတယ်လို့ ဘဲထင်ပါတယ်....။
    အဟဲ..ရေးရင်းနဲ့ လက်ကနဲနဲရှည်သွားပါတယ်...
    အားပေးတာကျေးဇူးတင်ပါတယ်...
    ကျမတို့ ဆီက လှုပ်ရှားရုန်းကန်နေထိုင်ကြတဲ့အတွေ့ အကြုံ တစုံတခု၊
    နဲနဲသိသွားတာပေါ့နော်...
    ပြည်မကလာတဲ့အလုပ်သမားတွေနဲ့ ကျမ အတူတူလုပ်ကိုင်ရင်း၊
    ရင်းနှီးသွားတော့ သူတို့ ပြောပြတဲ့ အတွေ့ အကြုံကိုနားထောင်ပြီး..၊
    ကျမမျက်ရည်လည်ခဲ့တာတွေလည်း..ကြုံရင်ရေးပါအုံးမယ်ရှင်...

    ReplyDelete