Monday, February 17, 2014

ငါးနီတူခြောက်နဲ့မြေပဲဆံအစပ်ကြော်..

မင်္ဂလာပါရှင်~~~
ကျမရဲ့ ချစ်လှစွာသော မိတ်ဆွေကြီးတယောက်က ဘာလို့ဟင်းတွေမချက်ပြတာလဲ..တဲ့။ ခက်ပြီ..
ဒီကလည်း ဟင်းချက်ခပ်ညံ့ညံ့။ ဒါနဲ့ ဒီနေ့ ငါးနီတူခြောက်လေးတွေ နဲနဲကျန်နေတာကို ဘယ်လိုချက်စား ရပါမလဲ ဆိုပြီး စဉ်းစားခန်းဖွင့်လိုက်တာ၊ ၁၆နှစ်တရက်လျှော့အရွှယ်က အမေဟင်းဗူးတွေ အမြဲလုပ်ပို့ပေး ခဲ့တဲ့ ပဲပုပ်နဲ့မြေပဲဆံကြော်ကို သတိရပြီး ကြော်လိုက်တယ်။ 


လက်ဝင်တယ်လို့ပြောရမှာဘဲ။ ဒါပေမဲ့ တကယ်ကောင်းတယ်ဗျား...ကျမနည်းလေးပြောပြမယ်..။
ငါးနီတူခြောက်တွေကို ပထမဦးဆုံး လှော်ပါတယ် နှမ်းဆီနဲနဲလေးဖြန်းပြီး မီးအေးအေးနဲ့ပေါ့။ အားလုံးက
စိတ်ရှည်ရတဲ့အဆင့်တွေချည်းပါဘဲ။ ကြွတ်လာရင်ဆယ်ထားပြီး ဆီထဲ့ ကြက်သွန်နီကြော်.. ဒါလည်းဘဲ ပြီးရင်ပုဂံလေးတခုထဲခပ်ထား နောက်မှ ကြက်သွန်ဖြူ နုတ်နုတ်စင်းထားတာလေး ထဲ့ငရုတ်သီးတွေထဲ့
ကျမက ငါးနီတူခြောက်ကို ကကြီးဆိုင်မှာဝယ်စားတုံးက သူတို့အညွှန်းအတိုင်းဆို ပဲငံပြာရည်လေးနဲနဲထဲ့
ပါတယ် နောက်နှမ်းဆီနဲနဲ ဆားနဲနဲ..ဒါဆို အိုကေပြီ၊ ကြက်သားမူန့်တို့ ဟင်းချိုမူန့်တို့ဆိုတာအလကား ဟင်းအရသာပျက်တယ်မထဲ့နဲ့ ၊(ဟီး..ကျမဆီမှာမရှိလို့လေ) ကြိုက်တတ်ရင်ဖြင့်ထဲ့ကြပေါ့။ငါးနီ
တူခြောက် နဲ့ လှော်ထားတဲ့ မြေပဲဆံ တခါထဲ ထည့်လိုက်တာဘဲ...ဟော..မြင်တဲ့အတိုင်းဘဲ...မွှေးကြိုင်လိုင်နေတဲ့ ဟင်းကပ်တခွက်ရပြီ။ မနက်ထမင်းကြော်နဲ့ ကပ်စားလည်းရတယ်။ ပေါင်မုန့်ကြားထဲညှပ်ပြီး ဆန်းဝှစ် လုပ်မလား ပဲဟင်းရည်လေးနဲ့သောက်ပြီးကပ်မလား..အားလုံးရပါပြီ...
ကဲ...ဒေါ်ကြီးခိုင်...ချက်ပြပြီနော်...

အားလုံးဘဲရွှင်လန်းခြမ်းမြေ့ကြပါစေရှင်~~~
မီးမီး

9 comments:

  1. ဒီလိုဟင်းမျိုးစုံအိုင်အိုရာတို့ ကကြိုက်ပြီးသား။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဆောရီး..ဒီလိုဟင်းမျိုးဆို...လို့ ပြောတာ။

      Delete
    2. မအိုင်အိုရေ့..
      ပုလင်းထဲထည့်သိမ်းထားတယ်။
      မနက်စာတို့၊ပဲဟင်းအချဉ်ရည်စင်းတို့ချက်တဲ့အခါ၊
      ထုတ်စားတယ်၊ နဲနဲစပ်သွားတာတခုဘဲ၊
      ရူးရှဲနေတာဘဲ... :))))

      Delete
  2. သာမီးလည်း ငါးနီတူခြောက် ကြိုက်တယ်..စိတ်မရှည်ဘဲ မီးအမြင့်ဆုံးနဲ့ ကြော်လို့  တဝက်က တူးသွားတာက လွဲရင်...စားကောင်းမဲ့ပုံလေး...း)

    ReplyDelete
    Replies
    1. ကကြီးဆိုင်မှာဆိုက်မျိုးစုံရှိတယ်နော်..
      သေးသေးမွှားမွှားလေးတွေကပိုဈေးကြီးတယ်။
      နံလည်းမနံဘူး..။
      ကျုတီ..ချက်ပြတဲ့အတိုင်းလုပ်စားရအုံးမယ်..

      Delete
  3. မမီးပြောသလိုပဲ အနံ့ကလေးတောင်ရလိုက်သလိုလို စားကောင်းမယ့်ဖြစ်ခြင်း...

    ReplyDelete
    Replies
    1. မိုးငွေ့ရေ..
      စားလို့တအားကောင်းတယ်။
      အနံလုံးဝမနံဘူး၊
      ပဲငံပြာရည်နဲ့နှမ်းဆီ ကကြီးတွေအတိုင်းထဲ့တာ၊
      ကောင်းတယ်..သူတို့ကသကြားပါထဲ့သေးတယ်။

      Delete
  4. Thanks! Ma Mee Nage:
    Khine

    ReplyDelete